အခန်း (၁၁၃)
Vol. 8 Ch. 113
လင်ပေ့ဖန်သည် ထိုဖြစ်ရပ်ကို ကြည့်ပြီး ကျောချမ်းသွားသလိုခံစားခဲ့ရသည်။
ဒီအမျိုးသမီးက အတော်လေးကို ကြမ်းတမ်းလွန်းတယ်။ သူမ ထိုးဖောက်နေတဲ့ အရုပ်က ဗိုက်တောင်ပေါက်ပြီးတော့ ခေါင်းတောင် ပြုတ်နေပြီ……။
ငါ မင်းကို ခဏလေးပဲ လျစ်လျူရှုမိခဲ့တာလေ။ဒါကို အဲ့လောက်ထိ နှလုံးသားမဲ့ဖို့ လိုလို့လား… ?
ထို့နောကိ အုတ်မြစ်ချခြင်းအခမ်းအနားက လျင်မြန်စွာဖြင့် ပြီးသွားခဲ့သည်။
လင်ပေ့ဖန်သည် ကိစ္စအချို့သွားစရာရှိလို့ဆိုပြီး အရင်ပြန်သွားခဲ့သည်။
အိမ်ရှင်ဖြစ်တဲ့ ချူရိုရွယ်သည် လိန်ချင်းရွဲ့ကို နောက်တဖန် ဖျော်ဖြေခဲ့သည်။
" ရှင့်ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် ဥက္ကဌချူ " ဟု လိန်ချင်းရွဲ့က နွေးထွေးသောအပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။
သူမအတွက် ဒီဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရတာက အတော်လေးကို ထိုက်တန်သည်။ဘာကြောင့်လဲဆိုတော့ သူမသည် စိတ်ဝင်စားစရာကောင်းတဲ့ သူတစ်ယောက် ၊ အရမ်းထက်မြက်တဲ့ သူတစ်ယောက်နှင့် သူမ၏ စိတ်ခံစားမှုကို လှုံဆော်ပေးနိုင်တဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့ဆုံခဲ့တာကြောင့် ဖြစ်သည်။
သူသည် သူမ၏ အတွေးတိုင်းကို သိနေသည့် လူယုံတစ်ယောက်လိုမျိုး ဖြစ်နေခဲ့သည်။
ထို့ပြင် သူနှင့် တစ်နေ့တာ စကားပြောရတာကလည်း သူမအတွက် အတော်လေးကိုမှ သက်တောင့်သက်သာရှိသည်။
" ပြောစရာမလိုပါဘူး ။ ကျွန်မတို့ကို စိတ်လှုပ်ရှားမှုတွေ ယူလာပေးတဲ့အတွက် ကျွန်မတို့က ရှင့်ကို ကျေးဇူးတင်သင့်တာ။ " ဟု ချူရိုရွယ်က ပြုံးပြီး ပြောခဲ့သည်။
လက်ရှိခေတ်ရဲ့ ထိပ်တန်းအမျိုးသမီးကြယ်ပွင့်တစ်ေယာက်ဖြစ်တဲ့ လိန်ချင်းရွဲ့သည် အလွန်များပြားသော ဖန်များနှင့် ကျော်ကြားမှုရှိသည်။
ထို့ကြောင့် သူမသည် လိန်ချင်းရွဲ့ကို ဖိတ်ခေါ်ရန် အတော်လေးကြိုးစားခဲ့ရသည်။
အခုတော့ သူမက နိုင်ငံတစ်ဝှမ်းလုံးတွင် လူသိများကျော်ကြားပြီး အရမ်းအောင်မြင်နေပုံရသည်။
" ဒါနဲ့ စကားမစပ် ၊ ကျွန်မ ရှင့်ကို သတိပေးဖို့ လိုအပ်တဲ့ အကြောင်းအချို့ရှိတယ်။ "ဟု ချူရိုရွယ်က ပြောလိုက်သည်။
" ဘာအကြောင်းလဲ ? "ဟု လိန်ချင်းရွဲ့က မေးမြန်းခဲ့သည်။
" ဒီနေ့ ရှင့်ရဲ့ ဘေးမှာ ထိုင်နေတဲ့ အမျိုးသားနာမည်က လင်ပေ့ဖန်လို့ ခေါ်တယ်။ သူက တကယ်တော့ ပလေးဘွိုင်းတစ်ယောက်ပဲ။ ပြီးတော့ သူက စူပါလူယုတ်မာတစ်ယောက်ပဲ။ သူ့ရဲ့ ချောမြိန်တဲ့ စကားတွေကြောင့် ရှင် အလှည့်စားမခံမိစေနဲ့။ "
လိန်ချင်းရွဲ့က အံ့အားသင့်သွားခဲ့သည်။
" သူက ပလေးဘွိုင်းတစ်ယောက်လား ? "
" ရှင် မမြင်နိုင်ဘူးမလား ? "
ထို့နောက် ချူရိုရွယ်သည် ရယ်မောပြီး ပြောခဲ့သည်။
" သူက ကျွန်မတို့ရဲ့ မိုဟိုင်မြို့မှာ အရမ်းနာမည်ကြီးတယ်။ ရှင်မေးကြည့်ရင် သိလိမ့်မယ်။ သူက ငယ်ငယ်တုန်းက နိုက်ကလက်ကို သွားပြီးတော့ အချိန်ပြည့် သောက်စားပြီး ပျော်ပါးနေတာ။ လွန်ခဲ့တဲ့ နှစ်လလောက်ကမှ သူက နည်းနည်းပိုကောင်းလာတာ။ "
" ကောင်းပြီ ၊ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် " ဟု လိန်ချင်းရွဲ့က ခေါင်းညိတ်ပြီး ပြောခဲ့သည်။
သူမသည် ထိုကဲ့သို့ အရည်အချင်းရှိပြီး ယဉ်ကျေးတဲ့ လင်ပေ့ဖန်ကို ပလေးဘွိုင်းတစ်ယောက်အနေဖြင့် ဘယ်လိုမှ ဆက်ဆက်ကြည့်လို့မရပေ။
ဒီလိုမျိုး အရည်အချင်းရှိပြီးတော့ ယဉ်ကျေးသိမ်မွေ့တဲ့ လူတစ်ယောက်က အမှောင်လောကမှာ ဘယ်လိုလုပ် နှစ်မြှုပ်သွားခဲ့တာလဲ….. ?
ဒါပေမဲ့လည်း အရမ်းယုံကြည်မှုရှိရှိနဲ့ ချူရိုရွယ် ပြောနေတဲ့ပုံစံက လိမ်ညာနေတဲ့ပုံမပေါ်ပေ။ထို့ကြောင့် သူမသည် နောက်ပိုင်းမှ အဖြစ်မှန်ကို စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။
" ကျေးဇူးတင်စရာမလိုပါဘူး။ ရှင့်ရဲ့ ဘဝကို တန်ဖိုးထားရင် အဲ့ဒီလူယုတ်မာနဲ့ ဝေးဝေးနေပါ။ " ဟု ချူရိုရွယ်က လေးနက်စွာဖြင့် ပြောခဲ့သည်။
လိန်ချင်းရွဲ့ ထွက်သွားတာကိုကြည့်ပြီး ချူရိုရွယ်သည် တိတ်တဆိတ် ပျော်ရွှင်နေခဲ့သည်။
" လင်ပေ့ဖန် ၊ လိန်ချင်းရွဲ့ကို ရှင်ဘယ်လို ဆွဲဆောင်မလဲဆိုတာ ကြည့်ကြရအောင်…..။ "
တစ်ခြားတစ်ဖက်မှာတော့ လိန်ချင်းရွဲ့သည် ပြန်ရောက်ပြီးနောက် သူမသည် ချက်ချင်းဘဲ လင်ပေ့ဖန်၏ နောက်ခံကို စုံစမ်းစစ်ဆေးရန် သူမမိသားစု၏ အရင်းအမြစ်ကို အသုံးပြုခဲ့သည်။
သူမရှာတွေ့ခဲ့တဲ့ အချက်အလက်က ချူရိုရွယ်ပြောသလိုပဲ ဖြစ်နေခဲ့သည်။
လွန်ခဲ့တဲ့ နှစ်လတုန်းက သူသည် တကယ်ပဲ ပလေးဘွိုင်းတစ်ယောက် နှင့် လူယုတ်မာ တစ်ယောက်ဖြစ်သည်။ထို့ပြင်သူသည် ညတိုင်း ဘားကို သွားပြီး မူးရူးနေသည်။ထိုအကြောင်းကိုလည်း လူတိုင်းက သိနေသည်။
ဒါပေမဲ့လည်း နှစ်လကြာပြီးနောက် သူသည် လုံးဝ ပြောင်းလဲသွားခဲ့သည်။
သူသည် ဘားကို သွားခဲပြီး သူသွားခဲ့ရင်တောင်မှ သူသည် အရက်မသောက်သလို ၊မိန်းမတွေကိုလည်း မခေါ်ပေ။
သူသည် သူ့ရဲ့စိတ်အကုန်လုံးကို သူ့ရဲ့ အလုပ်မှာသာ နစ်မြှုပ်ထားခဲ့သည်။
ထို့နောက် သူသည် နှစ်လအတွင်း လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို စနစ်တကျ စီမံခန့်ခွဲပြီး ၎င်း၏ ပိုင်ဆိုင်မှုများကို အဆပေါင်းများစွာ တိုးချဲ့ခဲ့သည်။
လက်ရှိမှာတော့ သူသည် လီချုံးဂရုနှင့် ပူးပေါင်းပြီး ကုန်းမြေတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေသည်။
သူသည် အသုံးအဖြုန်းကြီးသော သားတစ်ယောက်၏ ပြောင်းလဲခြင်းဇာတ်ညွှန်းကို အပြည့်အဝ ပြသခဲ့သည်။
ထို့ပြင် အလုပ်နှင့် ဘဝ နှစ်ခုစလုံးတွင်လည်း သူသည် သူငယ်ချင်းများနှင့် လက်အောက်ငယ်သားများကို အရမ်းကြင်နာစွာ ဆက်ဆံတတ်သည်။
ဥပမာအားဖြင့် သူစိမ်းတစ်ယောက်က ဈေးရုံတက်ရချိန်တွင် သူသည် မကြာခဏ ထိုလူဆီသို့ အလည်အပတ်သွားခဲ့သည်။
ထို့ပြင် သူ့ကုမ္ပဏီက သက်တော်စောင့်တစ်ယောက်သည် ၎င်း၏ထူးချွန်တဲ့ အရည်အချင်းကို ပြသပြီးနောက်တွင် သူသည် လျင်မြန်စွာဖြင့် ၎င်းသက်တော်စောင့်ကို ရာထူးတိုးပေးခဲ့ပြီး များပြားသော ဆုလာဒ်များကိုလည်း ထောက်ပံ့ပေးခဲ့သည်။
ထိုသက်တော်စောင့်သည် တိုက်ခိုက်မှုတစ်ခုကြောင့် ဆေးရုံတင်ထားရချိန်မှာတောင် သူသည် အလွန်စိုးရိမ်စွာဖြင့် ၎င်းသက်တော်စောင့်စီသို့ လာရောက်လည်ပတ်ခဲ့သည်။
နောက်ပြီးတော့ သူသည် သန့်ရှင်းရေးသမားတစ်ယောက်ကိုလည်း လျင်မြန်စွာဖြင့် ရာထူးတိုးပေးခဲ့ပြီး သူသည် ထိုသန့်ရှင်းရေးသမားကိုလည်း အချစ်ရှာတွေ့အောင် ကူညီပေးခဲ့သည်။
ထိုစုံစမ်းစစ်ဆေးခဲ့တဲ့ အချက်အလက်ေတွကို မြင်ပြီးနောက် လိန်ချင်းရွဲ့သည် အံ့အားသင့်သွားခဲ့သည်။
သူက ပရမ်းပတာလည်း နေထိုင်ခဲ့ဖူးတယ်….။
သူက အရမ်းလည်း စိတ်ကူးယဉ်ဆန်တယ်…။
သူက ထူးခြားတဲ့ အရည်အချင်းတွေလည်း ပိုင်ဆိုင်ထားတယ်…...။
ပြီးတော့ သူက ကူညီတတ်တဲ့ သူလည်း ဖြစ်တယ်….။
သူက သူ့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း ဂရုစိုက်တတ်တဲ့ သူလည်း ဖြစ်တယ်…..။
သူ့မှာ မျက်နှာအများကြီးလည်း ရှိပုံရတယ်။ပြီးတော့ အကုန်လုံးကလည်း သူပဲ ဖြစ်တယ်….။
" သူက တကယ်ပဲ ဘယ်လိုလူမျိုးလဲ ? ။ "
လိန်ချင်းရွဲ့သည် ပဟေဠိဖြစ်လာပြီး လင်ပေ့ဖန်အကြောင်းကို ပိုပြီးတော့တောင်မှ သိချင်လာသည်။
လူတစ်ယောက်က နှစ်လအတောအတွင်းမှာ ဘာလို့ ဒီလောက်ထိ ပြောင်းလဲသွားရတာလဲ …?
သူမသည် သူရေးတဲ့ ဝမ်းနည်းစရာ စကားလုံးေတွကို တွေးမိတိုင်း စကားလုံးတိုင်းက အရမ်းပဲ နာကျင်ရသည်။
လိန်ချင်းရွဲ့၏ နှလုံးခုန်သံက မြန်နေခဲ့သည်။
" သူအတိတ်တုန်းက နာကျင်ခဲ့တာများ ဖြစ်နိုင်မလား ? ။ ဒါကြောင့် သူ့ကိုယ်ကိုယ်သူ ဖျက်ဆီးပြီးတော့ အပျော်အပါးမှာ ပျော်မွေ့နေတာဖြစ်ရမယ်။
ဒါပေမဲ့ အခုတော့ သူ ပြောင်းလဲပြီးတော့ သူ့ကိုယ်ကိုယ်သူ တိုးတက်ဖို့ကြိုးစားနေတာလား ? ...."
" ဟုတ်တယ် ၊ အဲ့လိုပဲ ဖြစ်ရမယ်.... "
" ဒါမှမဟုတ်ရင် ဘာလို့ သူ ဒီလိုစိတ်လှုပ်ရှားစရာ စကားလုံးမျိုးကို ရေးလိမ့်မှာလဲ ?.... "
" အတွေ့အကြုံရှိတဲ့သူတွေသာ ဒီလိုမျိုးစကားလုံးတွေကို သိနိုင်မှာ.... "
" နာကျင်ဖူးတဲ့ လူတွေသာ အချစ်ရဲ့ ခါးသီးမှုကို နက်နက်ရှိုင်းရှိုင်း အမှန်တကယ် သိနိုင်မှာ….. "
လိန်ချင်းရွဲ့သည် ထိုအကြောင်းကို ပိုပြီးတော့ တွေးလေလေ ပိုပြီး စိတ်လှုပ်ရှားခဲ့ပြီး သူမ၏ မျက်နှာမှာတောင် အနည်းငယ် ရှက်သွေးဖြာလာခဲ့သည်။
အကယ်၍ သူသာ ပလေးဘွိုင်းတစ်ယောက်ပဲဆိုရင် သူသည် သူမ၏ အာရုံကို ဆွဲဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
အကယ်၍ သူသာ အရည်အချင်းရှိရုံမျှ သာ ဖြစ်တယ်ဆိုရင် သူမသည် သူ့ကို နည်းနည်းလေးပဲ သဘောကျလိမ့်မည် ဖြစ်သည်။
ဒါပေမဲ့လည်း လင်ပေ့ဖန်သည် အရည်အချင်းရှိတဲ့ ပလေးဘွိုင်းတစ်ယောက် ဖြစ်နေခဲ့သည်။
ထို့ပြင် သူသည် အစတုန်းက ပလေးဘွိုင်းတစ်ယောက် မဖြစ်ခဲ့ပေ။ သူသည် အချစ်ကြောင့် နာကျင်ခံစားရပြီး ၎င်းက သူ့ကို ပလေးဘွိုင်းတစ်ယောက်ဖြစ်လာတာအောင် ပြုလုပ်ခဲ့သည်။
နောက်ဆုံးမှာတော့ သူသည် သစ်ရွက်တစ်ရွက်ကို လှန်လိုက်သလိုမျိုး ၎င်းအခြေအနေကနေ ရုန်းထွက်နိုင်ခဲ့ပြီး ပိုပြီးတော့ ထူးချွန်လာခဲ့သည်။
အနုပညာရှင် အမျိုးသမီးငယ်လေးတစ်ယောက်အနေဖြင့် သူမသည် ထိုပုံစံ ဇာတ်လိုက်မျိုးကို အကြိုက်ဆုံးဖြစ်သည်။
သူ့ဘဝက ပုံပြင်တွေအများကြီးနဲ့ ပြည့်နေတယ်.…။
ဒါက အရမ်းပဲ ဆွဲဆောင်မှုရှိတယ်…။
သို့သော်လည်းပဲ အရာအားလုံးကို သူမ အတည်ပြုရန် လိုအပ်သေးသည်။
ထို့ကြောင့် သူမသည် မစောင့်နိုင်ဘဲနဲ့ သူမ၏ ဖုန်းကိုယူပြီး စာတစ်စောင်ကို အမြန်ပို့ခဲ့သည်။
လိန်ချင်းရွဲ့ : ရှင်က ညဘက်တွေဆို ဘားကိုခဏခဏ သွားပြီးတော့ သောက်စားပျော်ပါးတဲ့ ပလေးဘွိုင်းတစ်ယောက်လို့ ကျွန်မကြားမိတယ်၊ အဲ့ဒါက အမှန်ပဲလား …?
လင်ပေ့ဖန်သည် လျင်မြန်စွာဖြင့် အကြောင်းပြန်လာခဲ့သည်။
လင်ပေ့ဖန် : အမှန်ပဲ။
လိန်ချင်းရွဲ့သည် အံ့အားသင့်သွားခဲ့သည်။
သူမသည် သူက တိုက်ရိုက်ဖြေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ထိုသို့သောအခြေအနေမျိုးတွင် တစ်ယောက်ယောက်က အမှန်တကယ်ပဲ လူယုတ်မာတစ်ယောက်ဖြစ်နေခဲ့လျှင် သူတို့သည် အကယ်၍ ဝန်ခံခဲ့ရင်တောင်မှ သူတို့ရဲ့လုပ်ရပ်တွေကို အကြောင်းပြချက်အမျိုးမျိုးပေးလိမ့်မည်ဖြစ်သည်။သို့သော်လည်းပဲ လင်ပေ့ဖန်က သူတို့နဲ့မတူပဲ တိုက်ရိုက်ဝန်ခံခဲ့သည်။
သူမ၏ ရင်ထဲမှာတော့ သူမသည် သူ့ကို အနည်းငယ်ပို၍ သဘောကျလာသလို ခံစားခဲ့ရသည်။
လိန်ချင်းရွဲ့ : ဒါဆိုရင် ဘာလို့ အခုအဲ့လို မလုပ်တော့တာလဲ ?။
လင်ပေ့ဖန် : ငါပျင်းနေသလို ခံစားရတယ်။ ပြီးတော့ အဲ့ဒါက အချိန်ဖြုန်းနေသလိုပဲ ။ ငါ အဓိပ္ပာယ်ရှိတဲ့ အရာတစ်ခုခုကို လုပ်သင့်တယ်။
လိန်ချင်းရွဲ့ : ဘာက အဓိပ္ပာယ်ရှိတယ်လို့ ရှင်ထင်လဲ ? ။
လင်ပေ့ဖန် : အများကြီးပဲ။ ငါ့ကိုယ်ငါ ပျော်ရွှင်အောင်လုပ်ရမယ် ၊ ငါ့မိသားစုကိုလည်း စိတ်ချမ်းသာအောင် လုပ်ပေးရမယ်၊ ငါ့သူငယ်ချင်းတွေကိုလည်း ပျော်ရွှင်အောင် လုပ်ပေးရမယ်၊ပြီးေတာ့ ငါ့ရန်သူတွေကိုလည်း ခက်ခဲတဲ့ အချိန်ေလးတွေ ပိုင်ဆိုင်အောင်လုပ်ရမယ်။ အတိုချုပ်ပြောရရင်တော့ ငါ့လုပ်နေတဲ့အရာအကုန်လုံးက မှန်ကန်တဲ့ လမ်းပဲဖြစ်ရမယ်။
လိန်ချင်းရွဲ့သည် စိတ်ထဲကနေ တိတ်တဆိတ် ခေါင်းညိတ်ခဲ့သည်။သူက တကယ်ပဲ ပြောင်းလဲသွားပြီ…။
အတွေ့အကြုံရှိတဲ့လူမှသာလျှင် ပညာရှိတစ်ယောက်လိုမျိုး ရိုးရှင်းပြီး ကျိုးကြောင်းဆီလျော်တဲ့ စကားများကို ပြောနိုင်မည်ဖြစ်သည်။
လိန်ချင်းရွဲ့ : စကားမစပ် ကျွန်မမေးတာက နယ်ကျော်သွားရင် တောင်းပန်ပါတယ်။ ရှင် အရင်တုန်းက အသည်းကွဲဖူးလား ? ။
လင်ပေ့ဖန် : ဒါတွေအားလုံးက အတိတ်မှ ကျန်ခဲ့ပြီ။ ဒီအတိုင်းပဲ ထားလိုက်ကြရအောင်။
လိန်ချင်းရွဲ့ : ကျွန်မတောင်းပန်ပါတယ်။
လိန်ချင်းရွဲ့သည် သူမ၏ရင်ထဲတွင် တိတ်ဆိတ်သွားခဲ့သည်
သူ့ရဲ့ အတိတ်က စိတ်ဒဏ်ရာကနေ သူ လွတ်မြောက်ခဲ့ပြီ ။ ဒါပေမဲ့ အဲ့ဒါက သူ့ကို သက်ရောက်နေသေးတယ်။ ဒါကြောင့်မို့လို့ သူ အဲ့ဒီအကြောင်းကို ပြောဖို့ ဝန်လေးနေတာဖြစ်ရမယ်…..။
သူမလို စိတ်ကူးယဉ်ဆန်တဲ့ တစ်စုံတစ်ယောက်အတွက်တောင်မှ အတိတ်က သူမ အသည်းကွဲခဲ့တာကို ပြန်ဆွေးနွေးချင်လိမ့်မည်မဟုတ်ပေ။
ထိုအချိန်တွင် သူမ၏ ထင်မြင်ယူဆချက်များကို ယေဘုယျအားဖြင့် အတည်ပြုခဲ့ပြီးပြီ ဖြစ်သည်။
ဒါက ချောမောပြီး ချမ်းသာတဲ့ ယောက်ျားတစ်ယောက်ပဲ…။
ဒါကက အရည်အချင်း ရှိတဲ့ ယောက်ျားတစ်ယောက်ပဲ…။
ဒါက ဇာတ်လမ်းတစ်ပုဒ်ရှိတဲ့ ယောက်ျားတစ်ယောက်ပဲ…။
ဒါက အရမ်းစွဲဆောင်မှုရှိတဲ့ ယောက်ျားတစ်ယောက်ပဲ…။
ထိုလူက သူမ၏ စိတ်ကူးယဉ်မှုအကုန်လုံးနှင့် လုံးဝကိုက်ညီသည့် ယောကျာ်းတစ်ယောက်ဖြစ်သည်
ထိုအချိန်တွင် လိန်ချင်းရွဲ့၏ နှလုံးသားလေးသည် စတင်ပြီး အခုန်မြန်လာခဲ့သည်။