အခန်း (၁၁၄)
Vol. 8 Ch. 114
ထို့ကြောင့် သူမသည် မတောင့်ခံနိုင်ပဲနဲ့ သူ့အကြောင်းကို ပိုပြီးတော့ သိချင်လာခဲ့သည်။
လိန်ချင်းရွဲ့ : ရှင်အခုဘာလုပ်နေလဲ ? ။
လင်ပေ့ဖန် : ငါ ရှုခင်းလှလှလေးကို ကြည့်နေတာ။
လိန်ချင်းရွဲ့ : ဘာရှုခင်းမို့လို့လဲ ? ။
လင်ပေ့ဖန် : နေထွက်ချိန်မှာ မြစ်ကမ်းဘေးကပန်းတွေက မီးထက် ပိုပြီးတော့ နီရဲနေတယ်။နွေရာသီမှာ မြစ်ရေက အပြာရောင်လိုမျိုး စိမ်းနေတယ်။
တစ်ခြားဖုန်းတစ်ဖက်တွင် လိန်ချင်းရွဲ့သည် ထိုစာကို ဖတ်ပြီး အလွန်အံ့အားသင့်သွားခဲ့သည်။
[ နေထွက်ချိန်မှာ မြစ်ကမ်းဘေးကပန်းတွေက မီးထက် ပိုနီရဲနေတယ်။နွေရာသီမှာ မြစ်ရေက အပြာရောင်လိုမျိုး စိမ်းနေတယ်။ ]
ထိုကဗျာက အရမ်းပဲ လှပလွန်းသည်။
သူမ၏ မျက်လုံးများထဲတွင် ချက်ချင်းပဲ ပုံရိပ်တစ်ခုပေါ်ခဲ့သည်။
[ နေထွက်ချိန်မှာ တောက်ပနေတဲ့ နေအလင်းရောင်က ကမ်းခြေတစ်လျှောက်မှာရှိတဲ့ ပန်းတွေကို ရောင်ပြန်ဟပ်ပြီးတော့ ၎င်းပန်းတွေက မီးတောက်မီးလျှံထက် ပိုနီရဲနေတယ်။ ]
[ နွေရာသီရောက်တော့ မြစ်ရေက ကြည်လင်ပြီး တော့ စိမ်းနေတယ်။ ၎င်းမြစ်ရေကို ကောင်းကင်ကြီးရဲ့ အရောင်ဖြစ်တဲ့ အပြာေရာင်က ထင်ဟပ်တာကြောင့် စိမ်းပြာရောင် ထွက်ပေါ်လာခဲ့တယ် ]
အဲ့ဒီမြင်ကွင်းက ဘယ်လောက်စိတ်လှုပ်ရှားစရာကောင်းလိုက်မလဲ …?
သူမ၏ အနုပညာစိတ်ဓာတ်သည် တုန်လှုပ်သွားခဲ့ပြီး သူမသည် မနေနိုင်ပဲနဲ့ သူမကိုယ်သူမ စိတ်ကူးယဉ်မိခဲ့သည်။
သူမချစ်ရသူနှင့် လက်ချင်းတွဲပြီး မြစ်ကမ်းနားတွင် လမ်းလျှောက်ရင်း သူမသည် မီးနီရောင်ပန်းပွင့်များနှင့် စိမ်းပြာရောင်မြစ်ကြီးကို နှစ်သက်မက်မောစွာ
ကြည့်ချင်ခဲ့သည်။
လိန်ချင်းရွဲ့ : ဒါက တကယ်လှပတယ်။ ကျွန်မ အဲ့ဒီမြင်ကွင်းကို တကယ်သွားကြည့်ချင်တယ်။ကျေးဇူးပြုပြီးတော့ အဲ့နေရာက ဘယ်နေရာလဲဆိုတာ ကျွန်မကို ပြောပြပေးပါ။
လင်ပေ့ဖန် : အဲ့နေရာက အရမ်းနီးတယ်။
လိန်ချင်းရွဲ့ : ဘယ်နေရာမှာလဲ ?
လင်ပေ့ဖန် : မင်းရဲ့ဖုန်းကို ထုတ်ပြီးတော့ စတော့ဈေးကွက်ကို ဖွင့်လိုက်။ အဲ့ဒီမှာ ရှိတဲ့ အနီရောင် နဲ့ အစိမ်းရောင်က လှပတယ်မဟုတ်လား ? ။
လိန်ချင်းရွဲ့ :
သူမ၏ ယခင်ကလှပသော ပုံရိပ်လေးများက ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။
လိန်ချင်းရွဲ့ : မသာကြီး ၊ကျွန်မ ရှင့်ကို စိတ်ဆိုးတယ်။ (သူမ ပို့တဲ့ emoji နော် )
လိန်ချင်းရွဲ့ : emojiပဲပို့တာနော် ၊)
လင်ပေ့ဖန် : ဒါက ငါ့အလုပ်ပဲလေ၊()
လင်ပေ့ဖန် : တကယ်တော့ ငါက အတော်လေးသနားစရာကောင်းတယ်။ နေ့တိုင်း ဒီအရာတွေနဲ့ပဲ မျက်နှာချင်းဆိုင်နေရတာ၊ အကယ်၍ ငါ့အတွက် ရိုမန်တစ်ဆန်တဲ့ ခံစားချက်တွေကို ငါ မဖန်တီးရင် ၊ငါ ရူးသွပ်သွားနိုင်တယ်။
လိန်ချင်းရွဲ့ : ဒါဆိုရင် ရှင့်ရဲ့ ပုံမှန်အလုပ်မှာ ဘာတွေ ပါဝင်လဲ ? ။
လင်ပေ့ဖန် : သစ်ခွနဲ့တူတဲ့ ခန္ဓာကိုယ်တစ်ခုက ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိတယ်။ ပြီးတော့ ၎င်းသစ်ခွက ယင်းရဲ့အနံ့ကို ဝင့်ဝါခြင်းမရှိပဲနဲ့ ဖုံးကွယ်ထားတယ်။( ဒီနားက အစပ်အရသာကို အနံလို့ပဲသုံးလိုက်ပါတယ်ဗျ) လန်က တာအိုချင်းကို စိတ်ကြီးဝင်ပြီးတော့ သူ့ကို ကောက်ပဲ ခုတ်ခိုင်းခဲ့တယ်။
လိန်ချင်းရွဲ့သည် နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့သည်။
ထိုကဗျာက အတော်လေးကိုမှ လှပလွန်းသည်။
သူမသည် စိမ်းလန်းစိုပြေသော မြက်ခင်းပြင်ကို ကြည့်နေရသကဲ့သို့ ဘဝ၏ ခါသီးချိုမြိန်မှု အတွေ့အကြုံကို ခံစားခဲ့ရပေမဲ့လည်း သူမသည် ပြင်ပကမ္ဘာကို ဘယ်တော့မှ မကျေမနပ်မဖြစ်ခဲ့ပေ။
ခန္ဓာကိုယ်က နုနယ်သော်လည်းပဲ ခိုင်ခံ့တဲ့ ကျောရိုးတစ်ခုရှိကာ ဓား နှင့် တံစဉ်များကို ပြတ်သားသောကိုယ်နေဟန်ထားတစ်ခုဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ပြီး ထပ်ခါတလဲလဲ ခုတ်လှဲ ခံရရင်တောင် ၎င်းသည် ဆက်လက်ကြီးထွားဖို့ကို အလျော့မပေးခဲ့ပေ။
လိန်ချင်းရွဲ့သည် လင်ပေ့ဖန်၏ အရည်အချင်းကြောင့် နောက်တစ်ကြိမ် စွဲလန်းသွားခဲ့သည်။
ဒီလူက ကဗျာဆက်တက်တဲ့ ယောကျာ်းတစ်ယောက်ပဲ။အရမ်းအံ့ဩဖို့ကောင်းတယ်…..
၎င်းကို နားလည်ပြီးနောက် သူပို့လိုက်တဲ့ကဗျာက သူမ မေးခွန်းနဲ့ ဆက်စပ်မှုမရှိဘူးဆိုတာကို သူမ ရှာဖွေတွေ့ရှိခဲ့သည်။
လိန်ချင်းရွဲ့ : ကျွန်မ မေးခဲ့တာက ရှင့်ရဲ့ အလုပ်အကြောင်းလေ ၊ ရှင်က ကျွန်မကို ဘာအတွက် ကဗျာတစ်ပုဒ်ပို့ရတာလဲ ?။
လင်ပေ့ဖန် : အခုထိ နားမလည်သေးဘူးလား ?
လိန်ချင်းရွဲ့ : ????
လင်ပေ့ဖန် : ငါ စတော့ဈေးကွက်ထဲမှာ ကြက်သွန်မြိတ်တွေ ရိတ်သိမ်းနေတယ်။
လိန်ချင်းရွဲ့ : .
တစ်ခြားဖုန်းတစ်ဖက်တွင် လိန်ချင်းရွဲ့သည် မနေနိုင်ပဲနဲ့ အားရပါးရရယ်မောခဲ့သည်။
လူတစ်ဦးက ထိုကဲ့သို့ ဆန်းသစ်၍ အနုပညာ မြောက်လွန်းပြီး ကဗျာဆန်သောနည်းလမ်းဖြင့် စတော့ရှယ်ယာရောင်းဝယ်ခြင်းကို ကစားနိုင်မည်ဟု သူမသည် ဘယ်တုန်းကမှ မထင်မိခဲ့ပေ။
သူသည် ဈေးကွက်လမ်းကြောင်းကို ကြည့်ပြီး ကဗျာတစ်ပုဒ်တောင် ရေးလိုက်သေးသည်…။
ထို့ပြင် သူသည် ကြက်သွန်မြိတ်တွေကို ရိတ်သိမ်းပြီး ကဗျာတစ်ပုဒ်ဆက်ခဲ့ပြန်သည်။
အကယ်၍ ထိုအရာကိုသာ လက်လီရောင်းချတဲ့ ရင်းနှီးမြှုပ်နှံသူတွေသာ သိပါက သူတို့သည် အံ့ဩသွားလိမ့်မည်ဖြစ်သည်။
လင်ပေ့ဖန်သည် အရည်အချင်းရှိရုံသာမက တခါတရံ ရယ်စရာကောင်းတာကိုလည်း သူမ နားလည်သဘောပေါက်ခဲ့သည်။
အရည်အချင်းရှိပြီး ဟာသပြောတတ်တဲ့ လင်ပေ့ဖန်သည် သူမ၏ နှလုံးသားနေရာလပ်လေးကို လုံးဝ ထိမှန်သွားခဲ့သည်။
ထို့ပြင် လင်ပေ့ဖန်နှင့် စကားပြောရတာက အမှန်တကယ်ကို ပျော်စရာကောင်းသည်။
သူမသည် မနေနိုင်ပဲနဲ့ သူနဲ့ စကားကြာကြာပြောချင်ခဲ့သည်။(ဖုန်းနဲ့ပြောတာ )
ထိုအချိန်တွင် သူမ၏ လက်ထောက်က ပြောလိုက်သည်။
" မစ်လိန် ၊ ကျွန်မတို့ ကျန်ပေ့ရင်ပြင်ကို ရောက်နေပါပြီ။ ပွဲက စတော့ပါမယ်။ ရှင် တစ်ခုခုများ လိုအပ်တာရှိသေးလား ? ။ "
လိန်ချင်းရွဲ့သည် သူမ၏ခေါင်းကိုမလှည့်ဘဲနဲ့ ပြောခဲ့သည်။
" အခု ငါ့မှာ အချိန်မရှိဘူး။ အဲ့ဒီပွဲကို ငါ့အတွက် ဖျက်ပေးပါ။ "
လက်ထောက်သည် အံ့ဩသွားခဲ့သည်။
" ဒါပေမဲ့ ကျွန်မတို့ စာချုပ်ချုပ်ပြီးသွားပြီလေ။ ကျွန်မတို့ စာချုပ်ကို ဖျက်လိုက်ရင် ပိုက်ဆံအများကြီးဆုံးရှုံးရလိမ့်မယ်။ "
လိန်ချင်းရွဲ့က ပေါ့ပေါ့ပါးပါးပြန်ပြောခဲ့သည်။
" ပိုက်ဆံအများကြီးလျော်ပေးရရင်လည်း လျော်ပေးလိုက်။ "
" ဟုတ်ကဲ့ မစ်လိန် " ဟု လက်ထောက်က ရှိုက်ကြီးတငင်ပြုံးပြီး ပြောလိုက်သည်။
သူမလိုမျိုး ချမ်းသာတဲ့ သခင်မလေးတစ်ယောက်သာလျှင် ထိုကဲ့သို့ အရမ်းဇွတ်တရွတ်နိုင်ပြီး မဆင်မခြင် ပြုလုပ်လိမ့်မည်ဖြစ်သည်။
လိန်ချင်းရွဲ့သည် သူမ၏ လက်ထောက်နှင့် ဆက်ဆံပြီးနောက်တွင် သူမသည် လင်ပေ့ဖန်နှင့် ဆက်လက်၍ စကားပြောပြီး အကြောင်းအရာမျိုးစုံကို လွတ်လပ်စွာ ဆွေးနွေးခဲ့သည်။
သို့သော်လည်းပဲ ထိုအချိန်တွင် သူမသည် " သူငယ်ချင်းလာအပ်တဲ့ "( fb မှာ Friend အပ်သလိုပါဗျ ) စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
အစကတော့ သူမသည် ထိုဟာကို ဂရုမစိုက်ချင်ပေမဲ့လည်း စာတစ်စောင်ကို မြင်ပြီး သူမသည် ချက်ချင်းအံ့အားသင့်သွားခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ထိုစာမှာ ပါရှိတဲ့ ကဗျာတစ်ပုဒ်က သူမနှင့် အတော်လေးရင်းနှီးနေတာကြောင့်ဖြစ်သည်။
[ပထမနည်းလမ်းက တစ်ယောက်နဲ့တစ်ယောက်မတွေ့ဆုံမိရင် အကောင်းဆုံးပဲ ၊ဒါဆိုရင် မင်း ချစ်မိသွားမှာ မဟုတ်ေတာ့ဘူး ]
[ ဒုတိယနည်းလမ်းက တစ်ယောက်နှင့် တစ်ယောက် မသိရင် အကောင်းဆုံးပဲ ၊ဒါဆိုရင် တစ်ယောက်နဲ့ တစ်ယောက် လွှမ်းမိမှာမဟုတ်ဘူး။ ]
လိန်ချင်းရွဲ့သည် ထိုစာကို ဂရုတစိုက်ဖတ်ကြည့်ပြီး ယင်းစာက သူမအတွက် လင်ပေ့ဖန် ရေးပေးခဲ့တဲ့ စာနဲ့ အတိအကျတူနေတာကို တွေ့ရှိခဲ့ရသည်။
သူမသည် အရင်တုန်းက အွန်လိုင်းတွင် ရှာကြည့်ခဲ့ချိန်၌ ထိုလှပသောကဗျာကို ဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ရပေ။ထိုကဗျာကို လင်ပေ့ဖန်ကိုယ်တိုင် ရေးဆက်ထားခြင်းဖြစ်လိမ့်မည်ဖြစ်သည်။
အခုတော့ သူမသည် ထိုကဗျာကို တစ်ခြားလူပေးပို့လာသည့် စာမှာ မြင်တွေ့ခဲ့ရသည်။
အတော်လေးတော့ သံသယဖြစ်စရာကောင်းတယ်....!!
အဓိကလူက ဒီနေရာမှ ရှိနေတာကြောင့် သူမသည် မေးမြန်းဖို့ ဆုံးဖြတ်ခဲ့သည်။
လိန်ချင်းရွဲ့ : ရှင်က " မတွေ့ခဲ့ရင်အကောင်းဆုံး " ဆိုတဲ့ကဗျာကို ရေးခဲ့တဲ့ မူရင်းရေးသူလား ? ။
လင်ပေ့ဖန် : ဟုတ်တယ် ၊ငါ့က မူရင်းရေးသူပဲ။ မင်းဘာလို့မေးတာလဲ ?။
လင်ပေ့ဖန် : မင်း အဲ့ဒီကဗျာကို တခြားလူတွေဆီက မြင်ခဲ့ဖူးလို့လား ? ။
လိန်ချင်းရွဲ့ : ဟုတ်တယ်၊ လွန်ခဲ့တဲ့ တစ်လကျော်တုန်းက ကျွန်မကို ဝီချက်မှာ အပ်ဖို့ ကြိုးစားတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ် ။ သူက အတော်လေး အရည်အချင်းရှိတယ်။ သူပို့တဲ့ စာတိုင်းမှာ မတူတဲ့ကဗျာတွေရှိတယ်။ပြီးတော့ အဲ့ဒီကဗျာတွေကလည်း အရမ်းလှပတယ်။
တစ်ခြားဖုန်းတစ်ဖက်တွင် လင်ပေ့ဖန်သည် အနည်းငယ် ပြုံးခဲ့သည်။
ပဉ္စမမြောက် အဓိကဇာတ်လိုက်ကတော့ နောက်ဆုံးမှာတော့ ပေါ်လာခဲ့ပြီ.…..။
ငါအမျိုးသမီးကို ဖွန်ကြောင်ဖို့အတွက်နဲ့ ငါ့ရဲ့ ကဗျာတွေကို သုံးနေတာလား ….?
ဘယ်လိုတောင် ရဲတင်းလိုက်သလဲ …?
လိန်ချင်းရွဲ့ : ဒါပေမဲ့ တစ်ခြားလူက ဘယ်သူလဲဆိုတာတော့ ကျမ မသိဘူး။ ကျွန်မ သူ့ကို ဝီချက်မှာ မအပ်ထားခဲ့ဘူး။
လိန်ချင်းရွဲ့သည် နာမည်ကြီးဆယ်လီတစ်ယောက်သာလျှင် မဟုတ်ပဲနဲ့ သူမသည် လိန်လျှို့ဝှက်မိသားစု၏ အရေးကြီးသော လူတစ်ယောက်လည်းဖြစ်သည်။
ထို့ပြင် သူမသည် သူငယ်ချင်းများဖွဲ့ရာတွင်လည်း အတော်လေးကိုမှ သတိထားတတ်သည်။
သူမသည် အရည်အချင်းရှိသူတွေကို အသိအမှတ်ပြုပေမဲ့လည်း သူမသည် ရိုးအတဲ့ လူတစ်ယောက်မဟုတ်ပေ။
သူမသည် အခြားလူအကြောင်းဘာမှမသိရပဲနဲ့ ကဗျာစာကြောင်းအနည်းငယ်ကို အခြေခံပြီး သူ့ကို သူငယ်ချင်းအဖြစ် ဘယ်လိုလုပ် အပ်နိုင်လိမ့်မည်နည်း….. ?။
အထူးသဖြင့် ထိုလူက အမှန်တကယ် အရည်အချင်းရှိလား ၊မရှိဘူးလားဆိုတာကို မိုဘိုင်းဖုန်းကနေတစ်ဆင့် ဘယ်သူက သိနိုင်မလဲ ...?
လိန်ချင်းရွဲ့ : " မတွေ့ခဲ့ရင် အကောင်းဆုံး "ဆိုတဲ့ ရှင့်ရဲ့ ကဗျာကို သုံးပြီးတော့ သူ ကျွန်မကို အခု နောက်တစ်ကြိမ်အပ်ခဲ့တယ် ။
လင်ပေ့ဖန် : ငါ အဲ့ဒီကဗျာတွေကို ငါကိုယ်တိုင် ရေးခဲ့တာ။ဒါပေမဲ့ တစ်ကြိမ်သန့်ရှင်းရေးလုပ်တုန်းက ငါ့ရဲ့ လက်ရေးစာမူတွေ ပျောက်သွားခဲ့တယ်။ အဲ့ဒီစာမူတွေကို မကောင်းတဲ့ရည်ရွယ်ချက် ရှိသူတွေကို ကောက်သွားခဲ့တာ ဖြစ်ရမယ်။
အကယ်၍ ထိုကဗျာတွေကိုသာ လင်ပေ့ဖန်ကိုယ်တိုင် ရေးခဲ့ပါက သူ့၏ အရည်အချင်းများသည် သူမ ထင်ထားထက် ပိုကြောက်စရာကောင်းနေသည်။
လိန်ချင်းရွဲ့ : တကယ်လား ?။ ကျွန်မ ယုံရခက်နေတယ်။
လင်ပေ့ဖန် : မင်းငါ့ကို စမ်းသပ်ကြည့်လို့ ရတယ်။
လိန်ချင်းရွဲ့ : ဒါဆိုရင် ကျွန်မစမ်းသပ်မယ်။
လိန်ချင်းရွဲ့ : တစ်ချိန်တုန်းက ၊ ပင်လယ်ထဲမှာ ရေလုပ်ရတာ ခက်ခဲတယ်။ နောက်တစ်ကြောင်းက….
လင်ပေ့ဖန် : ဝူရှန်မှတစ်ပါး တစ်ခြားအရာတွေက တိမ်တိုက်တစ်ခု မဟုတ်ပေ။
လိန်ချင်းရွဲ့ : ကျယ်ပြန့်လာတဲ့ ပင်လယ်ပြင်ကြီးထဲမှာ ပုလဲလုံးတစ်လုံးလိုမျိုး တောက်ပတဲ့လရောင်က ဖြာကျနေတယ်။
လင်ပေ့ဖန် : လန်ရှင်းပြည်နယ်ရဲ့ နေရောင်က နွေးထွေးပြီးတော့ ကျောက်စိမ်းလိုမျိုး အငွေ့တွေကို ထုတ်လွှင့်နေတယ်။
လိန်ချင်းရွဲ့ : ပန်းတွေက လွင့်ပျံပြီးတော့ ရေတွေ စီးဆင်းနေတာက ချစ်ခြင်းမေတ္တာနဲ့စိုးရိမ်မှုလိုမျိုးဘဲ
လင်ပေ့ဖန် : ဒီခံစားချက်ကို ဖယ်ရှားဖို့ နည်းလမ်း မရှိခဲ့ဘူး။ မျက်ခုံးကိုပဲ ပင့်တင်ခဲ့ပေမဲ့လည်း နှလုံးသားလေးကပါ မြင့်တက်သွားခဲ့တယ်။
လိန်ချင်းရွဲ့ : အချစ်ကို ဘယ်ကစရမှန်း မသိဘူး။
လင်ပေ့ဖန် : ဒါပေမဲ့ခြေလှမ်းတိုင်းကတော့ နက်နဲလာတယ်။
လိန်ချင်းရွဲ့သည် ဘယ်လိုစာကြောင်းမျိုးကိုမဆို ဆိုခဲ့ပါစေ လင်ပေ့ဖန်က လျင်မြန်စွာ ပြန်တုံ့ပြန်ခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ လိန်ချင်းရွဲ့သည် ထိုကဗျာတွေကို လင်ပေ့ဖန်မှ အမှန်တကယ်ရေးဆက်ခဲ့ကြောင်းကိုစိတ်ချ ယုံကြည်ခဲ့သည်။
ဘာကြောင့်လဲဆိုတော့ ယခင်က သူ့မှ ဗဟုသုတမရှိပဲနဲ့ ကဗျာစာကြောင်းအားလုံးကို လိုက်ဖက်အောင်ဆက်ဆိုနိုင်လိမ့်မည် မဟုတ်တာကြောင့်ဖြစ်သည်။
အကယ်၍ အဲ့ဒီကဗျာတွေကို သူ မရေးရင် ၊ဘယ်သူရေးခဲ့တာလဲ …..?
သူမသည် လင်ပေ့ဖန်၏ အရည်အချင်းတွေကို ပိုပြီးတော့တောင်မှ အားကျနေချိန်မှာ သူမ၏ ရင်ထဲမှာလည်း တစ်ခြားလူကို ပိုပြီးတော့တောင်မှ ဒေါသထွက်လာသလို ခံစားခဲ့ရသည်။
သူမသည် လှည့်စားခံရတာကို အမုန်းတီဆုံးဖြစ်ပြီး စာပေသူခိုးတွေကို ပိုပြီးတော့တောင်မှ မုန်းတီးသည်။
အခုတော့ လူတစ်ယောက်က လင်ပေ့ဖန်၏ ကဗျာတွေကို ခိုးပြီး သူမကိုတောင် ဖွန်ကြောင်ခဲ့သေးသည်။
ဒါက အတော်လေးကို အရှက်မဲ့လွန်းတယ် …..။
မယုံနိုင်စရာပဲ …...။