အခန်း (၁၁၅)
Vol. 8 Ch. 115
လိန်ချင်းရွဲ့ : ဒီလူက ဘာမှမဟုတ်ပါဘူး ၊စာပေခိုးယူတဲ့ လူလိမ်အကြီးစားတစ်ယောက်ပဲ ။ သူက ရှင့်ရဲ့ ကဗျာတွေကို ခိုးယူပြီးတော့ တစ်ခြားလူတွေကို လှည့်စားတဲ့နေရာမှာ အသုံးပြုခဲ့တယ်။သူက တော်တော်ကို ဒေါသထွက်စရာကောင်းတဲ့ လူယုတ်မာပဲ။ သူ ဘယ်သူလဲဆိုတာကို ကျွန်မ ရှာမတွေ့မိစေနဲ့ ၊ဒါမှမဟုတ်ရင် သင်ခန်းစာကောင်းကောင်းတစ်ခုကို သေချာပေါက် ကျွန်မ သူ့ကို ပေးမိလိမ့်မယ် ။
လင်ပေ့ဖန်က ရယ်မောပြီး စိတ်ထဲကနေ ပြောခဲ့သည်။
မင်းပြောတာ လုံးဝ မှန်တယ်…..
တကယ်ပဲ အဲ့ဒီလူက တစ်ခြားလူတွေကို လှည့်စားဖို့အတွက် ငါ့ရဲ့ ကဗျာတွေကို ခိုးယူခဲ့တဲ့ စာပေသူခိုးတစ်ယောက်ပဲ။ပြီးတော့ သူက တစ်ခြားလူတွေကို လှည့်စားတဲ့နေရာမှာတောင် အောင်မြင်ခဲ့တယ်…..။
လင်ပေ့ဖန် : ဒီကမ္ဘာကြီးထဲမှာ လူအမျိုးအစားအများကြီးရှိတယ်။ ဒီလိုလူကို ဒေါသထွက်ရတာက မထိုက်တန်ပါဘူး။
လိန်ချင်းရွဲ့ : ဒါပေမဲ့ ကျွန်မ အတော်လေးဒေါသထွက်နေတုန်းပဲ ။ )
လင်ပေ့ဖန် : မင်း သူ့ရဲ့ ဝီချက်အိုင်ဒီကို ငါ့ကို ပို့ပေးနိုင်မလား ?။
လိန်ချင်းရွဲ့ : ရှင်ဘာလုပ်ချင်လို့လဲ ? ။
လင်ပေ့ဖန် : ငါ့ရဲ့ ကဗျာတွေကို မဆင်မခြင် မသုံးနဲ့လို့ ငါ သူ့ကို ပြောချင်လို့ပါ။
လိန်ချင်းရွဲ့ : ဒါပဲလား ?။
လင်ပေ့ဖန် : အဲ့ဒါပဲ ။
လိန်ချင်းရွဲ့ : ကျွန်မအထင်တော့ သူ့ကို တိုင်ကြားပြီးတော့ ထောင်ထဲမှာ သူ့ကို ဆင်ခြင်သုံးသပ်ခိုင်းတာ ပိုကောင်းမယ်လို့ ထင်တယ်။
လင်ပေ့ဖန် : ဒါက နည်းနည်းများသွားပြီ မဟုတ်ဘူးလား ?။
လိန်ချင်းရွဲ့ : အဲ့လိုလုပ်ဖို့ လိုအပ်တယ်။ ဒါမှမဟုတ်ရင် ခိုးယူမှုကို အပြစ်ပေးတာက အရမ်း သက်ညာရာ ရောက်သွားလိမ့်မယ်။ ပြီးတော့ သူ ဘယ်တော့မှ သင်ခန်းစာ ရလိမ့်မှာ မဟုတ်ဘူး။
ခဏအကြာတွင် လိန်ချင်းရွဲ့သည် တစ်ခြားလူ၏ ဝီချက်အိုင်ဒီကို ပေးပို့ခဲ့သည်။
လင်ပေ့ဖန်သည် ဆင်းကဒ်အလွတ်ပါရှိသော နောက်ဖုန်းတစ်လုံးကို ယူထုတ်လိုက်ပြီး ချင်းရွဲ့ နာမည်ပြောင်း၍ ဝီချက်အကောင့်သစ်တစ်ခုကို မှတ်ပုံတင်ခဲ့သည်။
ထို့နောက် သူသည် စာစောင်ကို ချန်ထားခဲ့သည်။
[ " တစ်ယောက်နဲ့ တစ်ယောက် မတွေ့မိရင် အကောင်းဆုံး " ဆိုတဲ့ ကဗျာကို ရှင်ရေးထားတာလား ? ]
နောက်တော့ သူသည် တစ်ခြားလူ၏ ဝီချက်အိုင်ဒီကို ရှာပြီး သူငယ်ချင်းအပ်ရန် ရွေးပိုင်ခွင့်ကို နှိပ်ခဲ့သည်။
တစ်ခြားလူသည် လျင်မြန်စွာဖြင့် လင်ပေ့ဖန်၏ သူငယ်ချင်းအဖြစ် လာအပ်မှုကို လက်ခံခဲ့သည်။
မိုပိုင် : မင်း ဘယ်သူလဲ ? ။
ချင်းရွဲ့ : ကျွန်မက ခုနတုန်းက ရှင် သူငယ်ချင်းအဖြစ် အပ်ခဲ့တဲ့ သူပဲ။ လက်ခံတာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မအခုထိ အတော်လေးကို အလုပ်ရှုပ်နေတာ။ ရှင် ကဗျာတွေက လှပလွန်းတယ်။(ကဗျာကို လှပလွန်းတယ်အစား ဘာသုံးရင် ကောင်းမလဲ ?) ကျွန်မ အဲ့ဒီကဗျာတွေကို တကယ် ပဲ ကြိုက်တယ်။ [ လင်ပေ့ဖန်က ပြောနေတာပါဗျ ၊ မိန်းကလေး အကောင့်ပုံစံဆိုတော့ ကျွန်မ ပဲ အသုံးပြုပါမယ်ခင်ဗျ)
မိုပိုင် : ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်း ဘာလို့ မတူတဲ့ အကောင့်တစ်ခုကို အသုံးပြုနေရတာလဲ ?။
ချင်းရွဲ့ : ခုနက အကောင့်က အများသုံးတဲ့ အကောင့်လေ။ ခုအကောင့်က ကျွန်မရဲ့ ကိုယ်ပိုင်အကောင့်ပါ။
မိုပိုင် : ငါ သိပြီ။
ချင်းရွဲ့ : ကျွန်မမေးဦးမယ်။ကျွန်မတို့က အရင်တုန်းက တစ်ယောက်နဲ့ တစ်ယောက် မသိပုံရတယ်။ဒါမှမဟုတ် ရှင်ကျွန်မကို သိလို့လား ?။ ရှင်ဘာလို့ ကျွန်မကို သူငယ်ချင်းအဖြစ် လာအပ်ခဲ့တာလဲ ?။
မိုပိုင် : ဒါက ကံကြမ္မာကြောင့် ဖြစ်နိုင်တယ်။ငါ တစ်ယောက်တည်း ပျင်းနေတုန်းက တစ်ယောက်ယောက်နဲ့ စကားပြောချင်ခဲ့တယ်။ဒါကြောင့် ငါ ကျပန်းအကောင့်တစ်ခုကို ရွေးချယ်ပြီးတော့ သူငယ်ချင်းအဖြစ်တောင်းဆိုမှုကို ပေးပို့ခဲ့တယ်။ ပြီးတော့ ငါ ရွေးချယ်ခဲ့တဲ့ အကောင့်က မင်းရဲ့ အကောင့်ပဲဖြစ်လိမ့်မယ်။
ချင်းရွဲ့ : ခစ်ခစ် ! ကြည့်ရတာ ကျွန်မတို့နှစ်ယောက်က ရေစက်ရှိပုံရတယ်။
မိုပိုင် : ဟုတ်တယ် ၊တကယ်ပဲ ရေစက်ရှိပုံရတယ်။
ချင်းရွဲ့ : အဲ့ဒီကဗျာတွေအကုန်လုံးကို ရှင်ရေးခဲ့တာလား ?။ ဒီကဗျာတွေက အရမ်းပဲ လှပလွန်းတယ်။ ပြီးတော့ အဲ့ဒီကဗျာတွေကို ကျွန်မ လိုင်းမှာ ရှာမတွေ့ဘူး။
မိုပိုင် : အဲ့ဒီကဗျာတွေက သာမှန်ပါပဲ ၊ဘာမှ ကြီးကျယ်ခမ်းနားတာ မရှိပါဘူး။ ပြီးတော့ ကျွန်တော်က အဲ့ဒီလို ချီးကျူးတာနဲ့ မထိုက်တန်ပါဘူး။
ချင်းရွဲ့ : ရှင်က အရမ်းပဲ ကျိုးနွံလွန်းတယ်။
ထို့နောက် သူတို့နှစ်ယောက်သည် ကဗျာနှင့်စာပေအကြောင်းကို အဓိကထား၍ ဆက်လက်ပြီး ဆွေနွေးခဲ့ကြသည်။
ထို့ပြင် သူတို့မှာ တူညီတဲ့ ဝါသနာတွေရှိပြီး အတော်လေး ပနှံသင့်တာကိုလည်း တွေ့ရှိခဲ့ရသည်။
တစ်ခြားဖုန်းတစ်ဖက်တွင် လင်ပေ့ဖန်သည် ရယ်မောပြီး ပြောလိုက်သည်။
" အကယ်၍ မင်းသာ စာပေသူခိုးမဟုတ်ရင် ငါ့ရဲ့ နာမည်ကို ပြောင်းပြန်ရေးလိုက်မယ်။ မင်းက ငါ့ရဲ့ ကဗျာတွေကို သုံးပြီးတော့ ကောင်မလေးတွေကို ဖွန်ကြောင်နေတာလား ?။ ငါ မင်းကို ဘယ်လိုလုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။
ဗျူးတီးလန်းရှိ ဇိမ်မ်ခံအဆောက်အဦးတစ်ခုတွင် လူငယ်တစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေခဲ့သည်။
"ဒီအကောင့်က လိန်ချင်းရွဲ့ အပိုင်ဖြစ်ရမယ်။ သူမတစ်ယောက်မှာဘဲ ဒီလိုမျိုးစာပေအရည်အချင်းတွေရှိတယ်။ ငါ နောက်ဆုံးတော့ သူမကို သူငယ်ချင်းအဖြစ် အပ်နိုင်ခဲ့ပြီ။ ဟားဟား..."
သူ့နာမည်ကတော့ လုမိုပိုင်ဖြစ်ပြီး ပြန်လည်မွေးဖွားလာသူတစ်ယောက်ဖြစ်သည်။
သူပြန်လည်မမွေးဖွားခင်တွင် သူသည် အခြားကမ္ဘာ၏ ခမ်းနားသောယဉ်ကျေးမှုများကို ဒီကမ္ဘာထဲသို့ ယူဆောင်လာသည့် ဝိညာဉ်ဖြတ်ကျော်သူတစ်ယောက်ဖြစ်သည်။
၎င်းက ဇာတ်လိုက်ပုံစံတစ်ခုလိုမျိုး ဖြစ်သည်။
သူသည် အခြားကမ္ဘာ၏ ယဉ်ကျေးမှုဗဟုသုတဖြင့် ဒီကမ္ဘာရှိ လူများထက် ပို၍ တောက်ပပြီး စူပါဖျော်ဖြေရေးအင်ပါယာတစ်ခုကို တည်ဆောက်၍ ကြီးပွားချမ်းသာလာလိမ့်မည်ဟု အစတုန်းက တွေးထင်ခဲ့သည်။
သို့သော်လည်းပဲ သူ့၏ ထင်ပေါ်ကျော်ကြားချိန်ရောက်မှ ဒေသခံ အံ့မခန်း ပါရမီရှင် တစ်ဦးနှင့် တွေ့ဆုံရလိမ့်မယ်လို့ သူ မမျော်လင့်ထားခဲ့ပေ။
တစ်ခြားလူသည် ကဗျာ ၊စာပေနှင့် ဆောင်းပါးများ ရေးရာတွင် ထူးချွန်ထက်မြက်လွန်းသည်။
ထိုလူကတော့ လင်ပေ့ဖန်ပဲဖြစ်သည်။
သူသည် ကမ္ဘာတစ်ခုလုံး၏ ယဉ်ကျေးမှုကို ယူလာခဲ့သော်လည်း သူသည် လင်ပေ့ဖန်ကို အနိုင် မယူနိုင်ခဲ့ပေ။ အဆိုးဆုံးကတော့ သူ့၏ အချစ်ဆုံး အမျိုးသမီးလေးဖြစ်တဲ့ လိန်ချင်းရွဲ့ကိုပါ သူသည် လင်ပေ့ဖန်ထံ ဆုံးရှုံးသွားခဲ့ရသည်။
ထို့ပြင် လင်ပေ့ဖန်က သူ့အတွက် ငွေရှာပေးရန် သူ့ဘဝတစ်ခုလုံးကိုလည်း သူ့၏ လက်အောက်တွင် အလုပ်လုပ်စေပြီး သူ့ကို ပန်းချီပညာရှင်တစ်ယောက်ဖြစ်လာစေသည်။
သူ့၏ အရည်အချင်းများနှင့် စွမ်းရည်တွေအကုန်လုံးကိုလည်း လင်ပေ့ဖန်က ခမ်းခြောက်အောင်ညှစ်ထုတ်ပစ်ခဲ့သည်။
ထိုအချိန်က သူ့အတွက်တော့ မေ့မရနိုင်တဲ့ အမှောင်မိုက်ဆုံးအချိန်တစ်ခုဖြစ်ခဲ့သည်။
အခုပြန်တွေးကြည့်မိတော့ သူ့၏ ခန္ဓာကိုယ်သည် ခိုက်ခိုက်တုန်ပြီး အိမ်မက်ဆိုးတွေတောင် မကြာခဏမက်တတ်သည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ပြန်လည်မွေးဖွားခဲ့သည်။
သူပြန်လည်မွေးဖွားပြီးနောက်တွင် ပထမဆုံးလုပ်သည့်အရာက ဗျူးတီးနိုင်ငံကနေ ထွက်ပြေးပြီး ထိုနတ်ဆိုးနှင့် ဝေးဝေးနေရန်ဖြစ်သည်။
သူသည် နိုင်ငံခြားတွင် တိုးတက်ကြီးပွားအောင်လုပ်၍ စူပါဆယ်လီတစ်ယောက်ဖြစ်လာပြီး စူပါဖျော်ဖြေရေးလုပ်ငန်းတစ်ခုကို တည်ဆောက်ဖို့ အစီအစဉ်ရှိခဲ့သည်။
ထို့နောက် သူ့၏ ကျော်ကြားမှု အထွတ်အထိပ်ရောက်ရှိတာနဲ့ သူသည် သူ့၏ မိခင်နိုင်ငံသို့ ပြန်လာပြီး ရန်ငြိုးဟောင်းများကို ဖြေရှင်းလိမ့်မည်ဖြစ်သည်။
ထို့ပြင်သူသည် လင်ပေ့ဖန် သူ့အပေါ်ပေးခဲ့တဲ့ နာကျင်မှုအားလုံးအတွက်လည်း အဆတစ်ရာပြန်ပေးဆပ်ချင်ခဲ့သည်။
ဒါပေမဲ့လည်း သူ့အိမ်မက်ထဲက အမျိုးသမီးဖြစ်တဲ့ လိန်ချင်းရွဲ့ကို သူ ချန်မထားခဲ့နိုင်ပေ။
" လိန်ချင်းရွဲ့က ငါ့ဘဝနှစ်ခုစလုံးမှာ အချစ်ရဆုံးအမျိုးသမီးပဲ ။ဒါကြောင့် သူမကို ငါပိုင်ဆိုင်ရမယ်။ဒါ့အပြင် လိန်ချင်းရွဲ့ရဲ့ နောက်မှာ စွမ်းအားကြီးမားတဲ့ လျှို့ဝှက်မိသားစုတစ်ခုရှိတယ်။အကယ်၍ ငါ သူမကို ပိုင်ဆိုင်ခဲ့ရင် လင်ပေ့ဖန်နဲ့ ဆက်ဆံရတာ ပိုလွယ်ကူသွားလိမ့်မယ်။ "
ထိုစိတ်ကူးဖြင့် သူသည် လိန်ချင်းရွဲ့ကို သူငယ်ချင်းအဖြစ် အပ်ခဲ့သည်။
လိန်ချင်းရွဲ့က စာပေနှင့် အနုပညာကို လိုက်စားသော အမျိုးသမီးတစ်ဦးဖြစ်တာကို သိတာကြောင့် သူသည် သူ့ကိုယ်သူ စာပေလိုက်စားတဲ့လူငယ်ပုံစံ ပြုလုပ်ပြီး သူ့မ၏ အာရုံကို ဖမ်းစားရန် သူ့၏ အရည်အချင်းများကို တခါတရံ ပြသခဲ့သည်။
" ငါက တစ်ခြားကမ္ဘာရဲ့ ယဉ်ကျေးမှုကို သယ်ဆောင်လာပေမဲ့ ၊ကဗျာနဲ့ ပတ်သတ်ရင်တော့ လင်ပေ့ဖန်က အံ့ဩစရာအကောင်းဆုံးပဲ။ "
ထို့နောက် လုမိုပိုင်သည် မနာလိုစွာဖြင့် ပြောလိုက်သည်။
" ငါတို့ရဲ့အရင်ဘဝမှာ မင်းငါ့ကို အရမ်းသနားစရာကောင်းအောင်လို့ ဆက်ဆံခဲ့တဲ့တယ်။ဒါေကြာင့် ဒီဘဝမှာ မင်းရဲ့ ကဗျာတွေကို ခိုးတာက သိပ်မများဘူးမဟုတ်လား ? "
" ငါ မင်းရဲ့ စာပေအရည်အချင်းတွေကိုပဲ ခိုးမှာမဟုတ်ဘူး။ မင်းရဲ့ အမျိုးသမီးကိုလည်း ငါ ခိုးယူချင်တယ်။ "
" ငါ မင်းသွားမဲ့လမ်းကို လျှောက်နေတယ်။ မင်းမှာ သွားစရာနေရာမရှိတော့ဘူး။ "
ထို့ကြောင့် ထိုအတွေးဖြင့် သူသည် လင်ပေ့ဖန်၏ ကဗျာများကို ရေးသားပြီး လိန်ချင်းရွဲ့ကို ဆွဲဆောင်ရန် အသုံးပြုခဲ့သည်။
သူသည် ထိုကဲ့သို့ အသုံးပြုရတာကို အတော်လေးကို ကျွမ်းကျင်သည်။
ဒါပေမဲ့လည်း တစ်လကြာပြီးနောက် လိန်ချင်းရွဲ့ဘက်မှ တုံ့ပြန်မှုမရှိခဲ့ပေ။ထို့ေကြာင့် သူသည် လူမှားပြီး စာပို့မိသည်ဟု စတင်၍ တွေးမိလာသည်။
သို့သော်လည်းပဲ ထိုအချိန်တွင် ချင်းရွဲ့အမည်ဖြင့် လူတစ်ယောက်က သူ့ကို သူငယ်ချင်းအဖြစ်လာအပ်ခဲ့သည်။
ထို့နောက် သူသည် သူတို့စကားပြောရာကနေတစ်ဆင့် ထိုအမျိုးသမီးက ၊ သူ့အိပ်မက်ထဲက အမျိုးသမီးဖြစ်တဲ့ လိန်ချင်းရွဲ့ တကယ်ဖြစ်တယ် ဆိုတာကို သူသည် ပို ယုံကြည်လာခဲ့သည်။
" ချင်းရွဲ့သာလျှင် ကဗျာကို အမှန်တကယ်နားလည်ပြီးတော့ ငါ့ကို ကောင်းကောင်းနားလည်တယ်။ "
လုမိုပိုင်သည် ပျော်မြူးနေခဲ့သည်။
သူ့၏ အရည်အချင်းများဖြင့် သူသည် ထိုထူးချွန်ထက်မြက်သောအမျိုးသမီးကို အောင်နိုင်၍ လက်စားချေရန်အတွက် လိန်လျှို့ဝှက်မိသားစု၏ အကူအညီကိုလည်း ရရှိလိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
ထိုအချိန်တွင် သူ့နတ်ဘုရားမက သက်ပြင်းတစ်ချက်ချခဲ့သည် ။
ချင်းရွဲ့ : ဟင်း…......၊ ဒီနေ့တော့ ဒီနေရာမှာ၊ ရပ်ကြတာပေါ့။ ကျွန်မမှာ ဖြေရှင်းစရာတစ်ခုရှိနေတယ် ။
မိုပိုင် : မင်းရဲ့အသံကို နားထောင်ရတာ မင်း ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့နေရတယ် ။
ချင်းရွဲ့ : ဟုတ်တယ်၊ မကြာသေးခင်က ကျွန်မ ယောကျာ်းတစ်ယောက် နှောင့်ယှက်တာကို ခံခဲ့ရတယ်။ ဒါက ကျွန်မကို တကယ်စိတ်အနှောင့်အယှက်ဖြစ်စေတယ်။
မိုပိုင် : အဲ့ဒီအကြောင်း ငါ့ကို ပြောပြပါဦး။
ချင်းရွဲ့ : ရှင့်ကို ပြောပြရင် ဘာအသုံးဝင်လို့လဲ ?
မိုပိုင် : ပြောကြည့်ပါ၊ငါ မင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြေလျော့အောင် ကူညီနိုင်တာလည်း ဖြစ်နိုင်တာပဲလေ။
ချင်းရွဲ့ : ကောင်းပြီ ၊ ကျွန်မ ရှင့်ကိုပြောပြမယ်။
မကြာသေးခင်က ကျွန်မကို ယောကျာ်းတစ်ယောက် လိုက်ခဲ့တယ်( ဖွန်ကြောင်တာ)။ ဒါက တကယ့်ကို စိတ်တိုစရာကောင်းတယ်။