← Chapters

အခန်း (၁၁၇)

Vol. 8 Ch. 117

အခန်း (၁၁၇)

Vol. 8 Ch. 117

တစ်ညလုံးရေးပြီးနောက်တွင် သူသည် နောက်ဆုံးမှာတော့ စာလုံးရေ ၅၀၀၀၀ကို ရိုက်နှိပ်ခဲ့သည်။

သူ့၏ မျက်လုံးများက နီရဲနေပေမဲ့လည်း သူသည် အရမ်းစိတ်လှုပ်ရှားနေခဲ့သည်။

" နဂါးဘုရင်ကျိုရှင်း ၊ မင်း အသက်ရှင်မှာလား ၊သေမှာလားဆိုတာကို ငါစောင့်ကြည့်နေမယ်။ "

ထို့နောက် သူသည် ထိုအတွေးဖြင့် ကောင်းကောင်းအိပ်မပျော်နိုင်တာကြောင့် ဖုန်းတစ်ခုကို ခေါ်ဆိုခဲ့သည်။

ခဏအကြာပြီးနောက် လူတစ်ယောက်ရောက်ရှိလာခဲ့သည်။

ရောက်ရှိလာတဲ့သူက လုမိုပိုင်၏ လက်ထောက်ဖြစ်ပြီး အချို့အလုပ်ကိစ္စများကို ကိုင်တွယ်ရန်အတွက် တာဝန်ရှိသည့်သူဖြစ်သည်။

" ဘော့စ်လု ၊ ဘာကိစ္စရှိလို့လဲ ? "

လုမိုပိုင်သည် သူ့လက်ထဲရှိ ယူအက်စ်ဘီကဒ်ကို ပေးပြီး ပြောလိုက်သည်။

" ဒါက ခုနက ငါရေးပြီးခဲ့တဲ့ အွန်လိုင်း ဝတ္ထုတစ်ပုဒ်ပဲ။ မင်း ဒါကို ထုတ်ဝေလိုက်။ "

လက်ထောက်က လေးနက်စွာဖြင့် မေးမြန်းခဲ့သည်။

" ဟုတ်ကဲ့ ဘော့စ် ၊ကျွန်တော်တို့ ဘယ်ဝဘ်ဆိုဒ်ပေါ်မှာ ထုတ်ဝေသင့်လဲ ?။ ကျွန်တော်တို့ အခကြေးငွေကိုရော ဘယ်လို ကောက်ခံမလို့လဲ ? "

" ဒီဟာကို ဝဘ်ဆိုဒ်ပေါင်းစုံမှာ အခမဲ့ ထုတ်ဝေလိုက်။"

ထို့နောက် လုမိုပိုင်သည် သူ့၏ ဦးခေါင်းကို ခါပြီး ပြောလိုက်သည်။

" အခကြေးငွေကောက်စရာမလိုဘူး ။ "

" ဝဘ်ဆိုဒ်ပေါင်းစုံမှာ အခမဲ့ထုတ်ဝေမလို့လား ? "

လက်ထောက်သည် စိတ်ရှုပ်သွားခဲ့သည်။

" ဒါဆိုရင် ကျွန်တော်တို့ ပိုက်ဆံမရှာပဲနဲ့ အလကားပေးဖတ်တာလား ? "

" ငါဆိုလိုချင်တာက ချန်နယ်အားလုံးရဲ့ ထုတ်လွှင့်မှုစာရင်းကို ၊ငါ့ကို ပေးပြီးတော့ မင်းတတ်နိုင်တဲ့ ဘယ်ဝဘ်ဆိုဒ်ကိုမဆို ထုတ်ဝေခိုင်းလိုက်။ပြီးတော့ စာဖတ်သူတွေကို ဆွဲဆောင်ဖို့ ကြော်ငြာတွေကိုလည်း ဖြန့်ဝေလိုက်။ ဒီဝတ္ထုကို ယန်နိုင်ငံတစ်ခုလုံးနဲ့ တစ်ကမ္ဘာလုံးကိုတောင် ငါ မြင်စေချင်တယ်။ "

လုမိုပိုင်သည် နီရဲသောမျက်လုံးများဖြင့် စိုက်ကြည့်ပြီး ပြောခဲ့သည်။

" နဂါးဘုရင်ကျိုရှင်းက တကယ်ပဲ ဘယ်လောက် မိုက်မဲတဲ့ လူတစ်ယောက်ဆိုတာကို ငါ လူတိုင်းကို သိစေချင်တယ်။ပြီးတော့ ငါ့ကို ဖျန်ကျတာရဲ့ အကျိုးဆက်ကိုလည်း အဲ့ဒီလူယုတ်မာကို ငါ သိစေချင်တယ်။ "

လက်ထောက်သည် သူ့၏ အကြည့်ကြောင့် ထိတ်လန့်သွားခဲ့ပြီး ယူအက်စ်ဘီကဒ်ဖြင့် အမြန်ပြန်ထွက်သွားခဲ့သည်။

ခဏကြာပြီးနောက် "မြို့ပြရဲ့သမက်တော်နဂါးဘုရင် " အွန်လိုင်းဝတ္ထုကို ဝဘ်ဆိုဒ်အမျိုးမျိုးတွင် တင်ခဲ့သည်။

[ သူသည် တစ်ချိန်တုန်းက စူပါလျှို့ဝှက်မိသားစုတစ်ခု၏ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်ခဲ့ဖူးသည်။

သူသည် တစ်ချိန်တုန်းက ကမ္ဘာကြီးကို ငုံ့ကြည့်ခဲ့သည့် နဂါးဘုရင်တစ်ပါးလည်း ဖြစ်ခဲ့ဖူးသည်။

သူသည် တချိန်တုန်းက ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်သည့် ယောကျာ်းတစ်ယောက်ဟု လူသိများသည်။

သူသည် တချိန်တုန်းက ကမ္ဘာပေါ်တွင် ထိပ်တန်းဖြစ်ခဲ့ဖူးသည်။

ဒါပေမဲ့လည်း အခုတော့ သူသည် သူ့မိန်းမ၏ ခြေထောက်ကို ဆေးပေးရသည့် အသုံးမကျတဲ့ သမက်တစ်ယောက်မျှသာဖြစ်သည်။

ဒါက ဝတ္ထု အစပဲ ရှိသေးတာလား …?

တချိန်တုန်းက သူသည် လျှို့ဝှက်မိသားစုတစ်ခု၏ အမွေဆက်ခံသူ ၊ ကမ္ဘာကြီးကို အုပ်စိုးခဲ့သော နဂါးဘုရင် နှင့် လူအများစု၏ နှလုံးသားကို ကြောက်ရွံ့ထိတ်လန့်စေပြီး ကမ္ဘာကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသူတစ်ဦးဖြစ်ခဲ့သည်။သို့သော်လည်းပဲ ယခုအခါတွင် သူသည် အသုံးမကျသော သားမက်တစ်ယောက် ဖြစ်လာပြီး သူ့မိန်းမ၏ ခြေထောက်ကို ဆေးနေရသည်။

ဒါက အရမ်းကြီးမားတဲ့ ခြားနားချက်ပဲ !!

လူအများစုသည် လိုက်မပေးပဲနဲ့ မနေနိုင်ခဲ့ပေ။

ထို့နောက် ကြော်ငြာအများကြီးထွက်ပေါ်လာခြင်းနှင့်အတူ ထိုဝတ္ထုကို လူအများကြီးက သတိထားမိခဲ့ကြသည်။

ထိုထဲတွင် ဝမ်ဖုန်းသည် ဒီလိုဇာတ်ကောင်မျိုးဖြစ်သည်။သူသည် အွန်လိုင်းစကားပြောခန်းများတွင် ဝတ္ထုအမျိုးအမျိုးကို ဝေဖန်ခြင်းနှင့် မကောင်းပြောခြင်းကို အထူးပြုသည့် အွန်လိုင်းဝတ္ထုသုံးသပ်သူတစ်ယောက်ဖြစ်သည်။

သူသည် ဝတ္ထုမျိုးစုံ နှင့် ဇာတ်ကွက်အမျိုးမျိုးကို မြင်ဖူးသော်လည်း ဒီလိုမျိုးဝတ္ထုမျိုးကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပေ။

သူ့ပါးစပ်ထောင့်ကအနည်းတွန့်ပြီး ပြောလိုက်သည်။

" မြို့ပြရဲ့ သမက်တော်နဂါးဘုရင်ဆိုပါလား ၊ကြည့်ရတာတော့ စိတ်ဝင်စားရာကောင်းမယ့် ပုံဘဲ။ ဝတ္ထုကို ဘယ်လိုရေးထားလဲဆိုတာကို ငါ တချက်ကြည့်ကြည့်လိုက်မယ်။အကယ်၍ ဝတ္ထုကကောင်းရင် ငါမင်းတို့အတွက် ကြော်ငြာပေးမယ်။ အကယ်၍ ဝတ္ထုက မကောင်းရင်တော့ ငါ သေတဲ့အထိ ဝေဖန်ပစ်မယ်။ "

ထို့နောက် သူသည် ဝတ္ထုကို စတင်ပြီးဖတ်ခဲ့သည်။

အခန်း (၁) - သုံးနှစ်တာကာလ ရောက်လာခဲ့ပြီ။

" ကျိုရှင်း ၊ငါ့ခြေထောက်ကို ဆေးဖို့ ရေမြန်မြန်ထည့်စမ်း "

" ရေက အရမ်းပူလွန်းတယ် ၊ နင်ငါ့ကို အပူလောင်စေချင်တာလား ? ၊ငါ့အတွက် ရေထပ်ခပ်ခဲ့စမ်း(လောင်းတာလို့ မသုံးဘူးနော်ချိဖတို့ ) "

" အသုံးမကျတဲ့ကောင် ၊ နင် ဒါလေးလုပ်တာကို မှန်အောင်မလုပ်နိုင်ဘူး။ ပြီးတော့ ခြေထောက်ဆေးတာတောင် နင် ကောင်းကောင်းမဆေးနိုင်ဘူး။ ငါ နင့်လိုအသုံးမကျတဲ့ လူကို ဘယ်လိုလုပ်ပြီးတော့ လက်ထပ်မိခဲ့တာလဲ ? "

" ငါ နင့်ကို လက်ထပ်ခဲ့တုန်းက မျက်စိကန်းနေတာဖြစ်ရမယ်။ "

" ဒီနေ့ကနေစပြီးတော့ နင့်ကို လီမိသားစုကနေ နှင်ထုတ်လိုက်ပြီ "

ထိုအရာကို မြင်ပြီး ဝမ်ဖုန်းသည် မနေနိုင်ဘဲနဲ့ ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံခဲ့သည်။

" ဒီစာရေးဆရာက တကယ့်ကိုအရည်အချင်းအချို့ရှိတယ်။ သူက ဇာတ်ဆောင်ရဲ့ ပျော့ညံ့မှုနဲ့ သူ့ မိန်းမရဲ့ ထေ့ငေါ့တဲ့စကားတွေကို စာလုံးရေတစ်ရာထဲနဲ့ ကွက်ကွက်ကွင်းကွင်းပုံဖော်ထားနိုင်တယ်။ "

" ရှေ့က မျက်နှာဖြတ်ရိုက်မဲ့အခန်းတွေကို ငါ ကြည့်ချင်နေပြီ "

ထို့ကြောင့် သူသည် ဆက်လက်ပြီး ဖတ်ခဲ့သည်။

နဂါးဘုရင်ရဲ့ အစောင့်တွေ ရောက်ရှိလာခဲ့သည်...။

" ရဲတင်းလှချည်းလား ၊နင် ဘယ်လိုလုပ်ပြီးတော့ နဂါးဘုရင်ကို စော်ကားရဲတာလဲ ? "

" ဘာနဂါးဘုရင်လဲ ?။ သူက ခြေထောက်ဆေးတာတောင် ကောင်းကောင်းမဆေးနိုင်တဲ့ ငါတို့လီမိသားစုရဲ့ အသုံးမကျတဲ့ သမက်တစ်ယောက်ပဲ။ "

သုံးနှစ်တာကာလက ရောက်လာခဲ့ပြီဖြစ်သည်။

သူ့၏ လက်အောက်ငယ်သားများက သူ့နေရာကို ပြန်လာဖို့အတွက် သူ့ကို အသနားခံနေကြသည်။

( နဂါးဘုရင်ကျိုရှင်း၏ နှုတ်ခမ်းထောင့်များက ကော့တက် သွားခဲ့သည်။ )

ထိုအရာကိုမြင်ပြီး ဝမ်ဖုန်းသည် မနေနိုင်ပဲနဲ့ လက်ခုပ်တီးပြီး အော်ပြောခဲ့သည်။

" ကောင်းတယ် ၊ စိတ်လှုပ်ရှားစရာကောင်းတယ်။ အရေးကြီးဆုံးအခိုက်အတန့်မှာမှ နဂါးဘုရင်ရဲ့ အစောင့်တွေက ရောက်လာခဲ့တယ်။ပြီးေတာ့ သူတို့က သူတို့ရဲ့ သခင်ကို သစ္စာစောင့်သိတယ်။ မျက်နှာ ဖြတ်ရိုက်တဲ့အခန်း လာတော့မယ်။ နောက်အခန်းတွေကို ငါ တကယ်ဖတ်ချင်ပြီ။ "

သူသည် အခုချိန်၌ စိတ်လှုပ်ရှားနေခဲ့သည်။

သူသည် ရာနှင့်ချီတဲ့ ဝတ္ထုတွေကို ဖတ်ဖူးသည်။ထို့ပြင် သူသည် ဇာတ်ကွက်မျိုးစုံနှင့် ဝတ္ထု ပုံစံမျိုးစုံကို ဖတ်ဖူးသည့် အိုတာကု တစ်ယောက်ဖြစ်တာကြောင့် သူ့ကို စိတ်လှုပ်ရှားစေနိုင်သည့် ဝတ္ထုအများကြီးမရှိပေ။

ဒါပေမဲ့လည်း ဒီနေ့တွင် သူသည် နောက်ဆုံးမှာတော့ ဝတ္ထုတစ်ပုဒ်ကို ရှာတွေ့ခဲ့ပြီး နှစ်ရှည်လများစွာ ပျောက်ဆုံးနေတဲ့ ခံစားချက်က တဖန် ပြန်ပေါ်လာခဲ့သည်။

" မြန်မြန်သွားပြီးတော့ သူတို့မျက်နှာကို ကြမ်းကြမ်းဖြတ်ရိုက်လိုက်။ "

" နဂါးဘုရင်ကို စော်ကားတဲ့ အကျိုးဆက်တွေကို သူတို့ကို ပေးသိလိုက်စမ်း။ "

ထိုမျှော်လင့်ချက်ဖြင့် သူသည် ဆက်လက်ပြီး ဖတ်ခဲ့သည်။

ဖြန်း ( ပါးရိုက်သံ )

" နင် ဘာလို့ စိတ်ကူးယဉ်နေတာလဲ ? ။ရေက အေး နေပြီ။ အဲ့ဒီရေတွေကို လောင်းပြီးတော့ ငါ့ ခြေထောက်ကို နောက်တစ်ကြိမ်ပြန်ဆေးပေးစမ်း။ "

" ဒါက အိမ်မက်တစ်ခုပဲလား…. ? "

" ဒါက အိမ်မက်တစ်ခုပဲ ဆိုရင်တောင် ငါ့လိုနဂါးဘုရင်က တခြားသူရဲ့ အနိုင်ကျင့်မှုကို မခံနိုင်ဘူးကွ…။ "

" သုံနှစ်တာကာလရောက်ဖို့ကလည်း ၃၆၅ရက်ကျန်နေသေးတာ် ။ ငါ နောက်ထပ် ရက်ပေါင်း၃၆၅ရက်ကို တောင့်ခံနိုင်ရမယ်။ ငါပြန်လာတဲ့အချိန်ကျရင် ငါမင်းတို့ကို သေချာပေါက် မျက်နှာခပ်ကြမ်းကြမ်းဖြတ်ရိုက်ပေးမယ်။ ပြီးတော့ ငါ့လို နဂါးဘုရင်ကို စော်ကားတာရဲ့ အကျိုးဆက်တွေကိုလည်း ငါမင်းတို့အားလုံးကို ပေးသိစေမယ်။ "

ဖြန်း (နောက်ထပ် ပါးရိုက်သံ )

" နင် အဲ့ဒီအတိုင်း ဘာလို့ရပ်နေတာလဲ ?။ဘာလို့ ထွက်မသွား သေးတာလဲ?။ "

" ဟုတ်ကဲ့ ၊ မိန်းမ"

" ဘာမှ အသုံးမကျတဲ့ကောင်၊ မရိုက်ပဲနဲ့ ဘာမှနားမလည်ဘူး "

ဝမ်ဖုန်းသည် မနေနိုင်ပဲနဲ့ အားရပါးရရယ်မောခဲ့သည်။

" ဒီလိုလှည့်ကွက်မျိုးဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ တကယ်တော့ ဒါက အိမ်မက်တစ်ခုပါပဲ "

" အားလုံးက နဂါးဘုရင်ကျိုရှင်းရဲ့ စိတ်ကူးယဉ်မှုတွေဘဲ။ "

ထို့နောက် ဝမ်ဖုန်းသည် ရယ်မောပြီး ပြောခဲ့သည်။

" အာ ၊အံဩစရာပဲ ၊အရမ်းကို အံ့ဩစရာပဲ။ ငါက မင်းပြန်လာပြီးတော့ မျက်နှာဖြတ်ရိုက်တာကို ကြည့်ဖို့ စောင့်နေတာ။ ဒါပေမဲ့ မင်းက ငါ့ကို ဒီလိုမျိုးပြန်ပေးခဲ့တာလား ?။ မင်းငါ့ကို ပေးလိုက်တာက ငါ အတွင်းဒဏ်ရာတွေ ရလုနီးပါပဲ။ "

" အာ ၊ မင်းက ကျီစယ်တတ်တဲ့ စာရေးဆရာပဲ။ မင်းက ရက်စက်တဲ့နည်းလမ်းတစ်ခုနဲ့ ငါ့ကို ထားခဲ့တာ။ "

" ငါ့မွေးရပ်မြေက သင်တုန်းဓားအချို့ကို ငါ မင်းကို ပေးပို့ချင်တယ်။ "ဟု ပြောပြီးနောက် ဝမ်ဖုန်းသည် စိတ်ခံစားမှုများကို လျော့ချရန် စီးကရက်တစ်လိပ်ကို သောက်လိုက်သည်။

ဆေးလိပ်သောက်ပြီးနောက် သူသည် အနည်းငယ်သက်သာလာသလိုခံစားခဲ့ရသည်။ထို့နောက် သူသည် သူ့၏ ဖုန်းကို ကောက်ကိုင်ခဲ့သည်။

" ဆက်ဖတ်ကြည့်တာပေါ့။ ငါ နဂါးဘုရင် မြင့်တက်လာတာကို မမြင်ရရင် ငါ မကျေနပ်နိုင်ဘူး။ "

ဒုတိယနေ့တွင် နဂါးဘုရင်သည် သူ့မိန်းမ၏ ခြေထောက်ကို နောက်တစ်ကြိမ် ဆေးပေးခဲ့သည်။

" သွား ၊ ငါ့ အချစ်ဆုံးသူငယ်ချင်း ဒီမှာ မြန်မြန်သွားပြီးတော့ သူမ ခြေထောက်ကို သွားဆေးပေးလိုက်စမ်း။ "

" ငါက ဘုန်းတန်ခိုးကြီးမားတဲ့ နဂါးဘုရင်ပဲ။ဒါကို မင်းက မင်းအချစ်ဆုံးသူငယ်ချင်းရဲ့ ခြေထောက်ကို ငါ့ကို ဆေးပေးစေချင်တာလား ? ။

ဖြန်း ( ပါးရိုက်သံ )

" နင် အခုထိ သွားမဆေးသေးဘူးလား ? "

" ငါ…."

" အကယ်၍ နင် မဆေးပေးရင် ၊နင်က အသုံးမကျတဲ့ ပေါက်ဖုံးလဒပဲ ။ "

( နဂါးဘုရင် လှောင်ပြုံးပြုံးခဲ့သည်။)

ဝမ်ဖုန်းသည် မနေနိုင်ပဲနဲ့ နောက်တစ်ကြိမ်ထပ်ပြီး အားရပါးရရယ်မောခဲ့သည်။

" ဝါး ! မင်း ဘာလို့ ခြေထောက်ဆေးနေသေးတာလဲ ?။ မင်း မိန်းမအတွက် ခြေထောက်ဆေးပေးတာက ကိစ္စမရှိဘူး။ဒါပေမဲ့ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းအတွက်တောင် မင်းက ခြေထောက်ဆေးပေးတာပဲလား ?။ နဂါးဘုရင် မင်းရဲ့ဘဝကလည်း အတော်လေးကို ရှက်စရာကောင်းတာပဲ။ ငါ ဒါကို သည်းခံနေတာ ကြာပြီ။ ထပ်ပြီးတော့ မခံနိုင်လောက်တော့ဘူး…။ "

ထို့နောက် သူသည် စိတ်ပျက်လက်ပျက်ဖြင့် ဆက်လက်ပြီး ဖတ်ခဲ့သည်။

တတိယနေ့တွင်လည်း နဂါးဘုရင်သည် သူ့မိန်းမ၏ ခြေထောက်ကို ဆေးနေတုန်းပဲဖြစ်သည်။

" သွား ၊ ငါ့ရဲ့ အတွင်းရေးမှူးက ဒီမှာ ၊ မြန်မြန်သွားပြီးတော့ သူမရဲ့ ခြေထောက်ကို ဆေးပေးလိုက်စမ်း "

" ငါက ဘုန်းတန်ခိုးကြီးမားတဲ့ နဂါးဘုရင်ပဲ ။ ဒါကို မင်းရဲ့အတွင်းရေးမှူးအတွက် ငါ့ကို ခြေထောက်ဆေးပေးစေချင်တာလား ? ။ ငါ ဒါကို သည်းမခံနိုင်ဘူး။ "

ဖြန်း ( ပါးရိုက်သံ )

" နင် အခုထိမသွားသေးဘူးလား ? "

" ဟုတ်ကဲ့ ၊သွားပါပြီ မိန်းမရယ် "

" ဒီလိုမှာပေါ့ ၊ ငါ့ အတွင်းရေးမှူးရဲ့ ခြေထောက်က နည်းနည်းနံတယ်။ ဒါကြောင့် ရေထဲမှာ ဆားနည်းနည်း ထည့်လိုက်။ "

" ငါ ဆားဘယ်လောက်များများ ထည့်ရမလဲ ? "

" နင်ကိုယ်တိုင် မြည်းကြည့်လို့မရဘူးလား ? "(ထွီး ရွံတာကွာ)

( နဂါးဘုရင်သည် လှောင်ပြုံးပြုံးခဲ့သည်။ )

ဝမ်ဖုန်း : ဟားဟားဟားဟား .

All Chapters