← Chapters

အခန်း (၁၁၈)

Vol. 8 Ch. 118

အခန်း (၁၁၈)

Vol. 8 Ch. 118

ဝမ်ဖုန်းသည် ဒေါသထွက်နေခဲ့သည်။

" ငါ ဒါကို မယုံနိုင်ဘူး ။ မင်း အမြဲတမ်း ခြေထောက်ဆေးမယ့်အကြောင်းကိုပဲ ပြောနေတာလား ? ။ "

စတုတ္ထနေ့တွင်လည်း နဂါးဘုရင်သည် သူ့မိန်းမ၏ ခြေထောက်ကို ဆေးနေတုန်းပဲဖြစ်သည်။

" သွား ၊ငါ့ရဲ့ ကားမောင်းသမားက ဒီမှာ ၊ မြန်မြန်သွားပြီးတော့ သူ့ခြေထောက်ကို သွားဆေးပေးလိုက်။ "

" ငါက ဘုန်းတန်ခိုးကြီးမားတဲ့ နဂါးဘုရင်ပဲ။ ငါ့ကို မင်းရဲ့ကားမောင်းသမားအတွက် ခြေဆေးပေးစေချင်တာလား ?။ ဒါက သက်သက် သိက္ခာချတာပဲ ။ "

* ဖြန်း *( ပါးရိုက်သံ )

" ငါ ဘာဆိုလိုချင်တာလဲဆိုတာကို နင် နားလည်လား ? "

" ငါ နားလည်ပါတယ် ၊ ငါ အခု ရေသွားယူလိုက်ပါ့မယ်။ "

" နေဦး ၊ နင့်မျက်နှာကို ဒီဘက်လှည့်လိုက်။ "

"မိန်းမ ၊ မင်း ငါ့ကို အနမ်းပေးချင်လို့လား ?။ ငါတို့ လက်ထပ်ခဲ့တာပဲ ကြာနေပြီ ၊ဒီအတွက် မလိုအပ်ဘူးမလား ? "

" တဖန်ပြန်စဉ်းစားစမ်း "

"ငါ့ ခြေထောက်ကို သုတ်ဖို့ နင့်မျက်နှာကို သုံးချင်တယ်။ "

ဝမ်ဖုန်း : ဖူး...

သူသည် အတော်လေးကို ဒေါသထွက်သွားခဲ့သည်။

" သေသင့်တဲ့ နဂါးဘုရင် ။ မင်း နည်းနည်းလေးမှ ယောကျာ်းသိက္ခာမထိန်းနိုင်ဘူးလား ?။ "

" မင်းက ဘုန်တန်ခိုးကြီးမားတဲ့ နဂါးဘုရင်ပဲ။ ပြီးတော့ မင်းက လျှို့ဝှက်မိသားစုတစ်ခုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပဲ။ မင်းက ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်တဲ့ ယောကျာ်းပဲ။ ဒါပေမဲ့ မင်းက မင်းရဲ့နေ့ရက်တွေကို အိမ်မှာပဲ ကုန်ဆုံးပြီးတော့ မင်းမိန်းမရဲ့ ခြေထောက်ကို ဆေးတဲ့အပြင် ၊မင်းယောက္ခမ နဲ့ တခြားသူတွေရဲ့ ခြေထောက်ကို ဆေးဖို့အတွက်ပဲ နည်းလမ်းသစ်တွေကို ရှာဖွေနေခဲ့တယ်။ မင်းက ယောကျာ်းတစ်ယောက် မဟုတ်ပုံရတယ် "

" ငါမင်းကို တောင်းဆိုပါတယ်။ မင်း ကိုယ့်ကိုယ်ကို နှိမ့်ချနေတာကို ရပ်ပြီးတော့ တော်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ပါကွာ "

ထို့နောက် ဝမ်ဖုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ဆက်ဖတ်ခဲ့သည်။

ပဉ္စမနေ့တွင်လည်း နဂါးဘုရင်သည် သူ့မိန်းမ၏ ခြေထောက်ကို နောက်တစ်ကြိမ်ထပ်ဆေးခဲ့သည်။

" သွား ၊ ငါ့ရဲ့ ကလေးလေး ရှောင်ပါ ဒီမှာ၊ မြန်မြန်သွားပြီးတော့ သူခြေထောက်ကို သွားဆေးပေးလိုက်။ "

" ဘယ်က ကလေးလေး ရှောင်ပါ လဲ ? ။ ငါ တစ်ယောက်မှကိုလည်း မတွေ့မိဘူး။ "

" ကလေးလေး ရှောင်ပါက ငါ ဝယ်ခဲ့တဲ့ အိမ်မွေးခွေးလေးပဲ။ ကြည့် ငါတို့ကိုမြင်တာနဲ့ သူ အမြှီးလှုပ်ပြနေပြီ။ ချစ်စရာကောင်းတယ်မလား ?။ "

" ငါက ဘုန်းတန်ခိုးကြီးမားတဲ့နဂါးဘုရင်ပဲ ။ ခွေးတစ်ကောင်ကို၊ မင်း ငါ့ကို ခြေဆေးခိုင်းစေချင်တာလား ?။ "

* ဖြန်း * ( ပါးရိုက်သံ )

" ရှင် အခုထိ မသွားသေးဘူးလား ? "

" ငါ မင်းကို ပြောလိုက်မယ်။ ငါ့မှာလည်း ဒေါသရှိတယ်။ အကယ်၍ မင်းငါ့ကို နောက်တစ်ကြိမ် ထပ်ရိုက်ရင် ငါ မင်းကို ပြန်လုပ်မိလိမ့်မယ်။

* ဖြန်း * ( ပါးရိုက်သံ )

" ရှောင်ပါလေးရေ ဒီကိုလှည့်ပြီး ပါးပါးကို ကြည့်ပါဦး"

" ချစ်စရာကောင်းတယ် ။ မိန်းမ ငါ ရှောင်ပါလေးကို ခြေဆေးပေးလိုက်မယ်။ "

" ရှောင်ပါလေးက အရမ်းလိမ္မာတာပဲ ။ သူ့ခြေထောက်က ခွေးချေးနင်းမိထားသလိုဘဲ ။ ရှင် သူ့ခြေထောက်ကို ကူညီပြီး သန့်ရှင်းပေးလိုက်ဦး။ "

ဝမ်ဖုန်း : ဖူးစ်……..

သူသည် လက်မခံနိုင်တာကြောင့် ဝတ္ထုကို ဆက်၍ ဖတ်ကြည့်ခဲ့သည်။

ဒါပေမဲ့လည်း ကျန်ဇာတ်လမ်းများတွင် နဂါးဘုရင်က သူ့မိန်းမအတွက် ခြေထောက်ဘယ်လိုဆေးပေးသလဲဆိုတာကိုသာ သူ ရှာဖွေတွေရှိခဲ့သည်။

သူသည် သူ့မိန်းမအတွက်သာလျှင် ခြေဆေးပေးတာ မဟုတ်ပဲနဲ့ သူ့ယောက္ခမများ ၊ သူ့မိန်းမ၏မောင်နှမများ ၊ သူ့မိန်းမ၏ အချစ်ဆုံးသူငယ်ချင်းများ ၊အိမ်မွေးတိရစ္ဆာန်များ နှင့် မစ္စည်းလာပို့တဲ့ သူတွေပတွက်တောင်မှ ခြေဆေးပေးခဲ့ရသည်။ နောက်ဆုံးမှာတော့ သူသည် အဆိပ်သင့်ပြီး သေဆုံးသွားခဲ့သည်။

* ဖူးစ်၊ဖူးစ်ဖူးစ်..*

ဝမ်ဖုန်း၏ မျက်နှာသည် ဖျော့တော့သွားခဲ့ပြီး သူသည် ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။

" အရမ်း ရက်စက်တယ် ၊ဒါက ငါ့ကို သတ်နေတာပဲ "

ဝမ်ဖုန်းသည် အင်တာနက်စာပေလောကတွင် ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းလာခဲ့တဲ့ သူ့အကြောင်းကို သူပြန်တွေးခဲ့သည်။

" ငါ ဘယ်ဝတ္ထုမျိုးကို မဖတ်ဖူးတာရှိလဲ ?။ ငါ ဖတ်ဖူးသမျှထဲမှာ ဒီဝတ္ထုက တော်တော်လေးကို အဓိပ္ပါယ်မရှိတဲ့ဝတ္ထုလဲ?။ ဒါပေမဲ့ ငါဘယ်တုန်းကမှ ဒီလိုမျိုး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ဝတ္ထုမျိုးကို မမြင်ဖူးဘူး။ "

" သေချာတာတော့ သူ့မှာ အံ့ဩစရာကောင်းတဲ့ အခြေအနေတစ်ခုရှိတယ်။ ဒါပေမဲ့ သူက အစကနေ အဆုံးထိကို ခြေထောက်ပဲ ဆေးနေတယ်။ "

" ခွေးတစ်ကောင်တောင် သူ့ကို တက်နင်းလို့ ရနိုင်တယ်။ "

" ငါ ဘယ်တုန်းကမှ ဒီလိုမျိုး အသုံးမကျတဲ့ဇာတ်လိုက်မျိုးကို မမြင်ဖူးဘူး။ "

" အဆိပ်ပြင်းတယ် "

" အရမ်း အဆိပ်ပြင်းတယ် "

" မဟုတ်ဘူး ၊ ဒီလိူအဆိပ်ပြင်းတဲ့ ဝတ္ထုတစ်ပုဒ်ကို ငါတစ်ယောက်ထဲပဲ မမြင်သင့်ဘူး။ ငါ ဒီဝတ္ထုကို တစ်ကမ္ဘာလုံး မြင်စေချင်တယ်။ " ဟု ဝမ်ဖုန်းက ကြမ်းတမ်းစွာဖြင့် ပြောခဲ့သည်။

" သူတို့ကိုလည်း ငါခံစားရတဲ့ အတွေ့အကြုံကို ခံစားစေချင်တယ်။ ဒါမှ ငါ့အတွက် ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာကို သူတို့ နားလည်သဘောပေါက်နိုင်မှာ …"

ထို့နောက် ရန်ငြိုးထားသောအသွင်ဖြင့် သူသည် တိုက်ရိုက်စကားပြောခန်းကို ဖွင့်ခဲ့သည်။

" ငါ့ရဲ့ ချစ်လှစွာသော အိုတာကူအပေါင်းသူတော်ကောင်းတို့ ၊ဒီနေ့ ငါမင်းတို့ကို အကြံပြုခြင်းတဲ့ စာအုပ်အသစ်တစ်အုပ်ရှိတယ်။ဒီစာအုပ်အသစ်က " မြို့ပြရဲ့သမက်တော်နဂါးဘုရင် " လို့ အမည်ရတယ်။ ပြီးတော့ ဒီစာအုပ်မှာ စကားလုံးရေ သောင်းဂဏန်းအနည်းငယ်ပဲ ရှိတယ်။ ဒါပေမဲ့ ဒီစာအုပ်က မယုံနိုင်လောက်အောင်ကို စိတ်ဝင်စားစရာေကာင်းတဲ့အပြင် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုနဲ့ မင်းတို့ကို ဆွဲဆောင်လိမ့်မယ်။ "

" မင်းတို့ ဒီစာအုပ်ကို ဖတ်ပြီးသွားရင် တစ်ဘဝလုံး မေ့မှာ မဟုတ်တော့ဘူး။ ဟားဟားဟား…"

ထိုအချိန်တွင် သောင်းနဲ့ချီတဲ့ လူများသည် ထိုဝတ္ထုကို မြင်သွားကြပြီး သူတို့အကုန်လုံး ဒီပရက်ရှင် ဝင်သွားကြသည်။

" ဒီဝတ္ထုက အရမ်းအဆိပ်ပြင်းတယ်။ ငါ အဆိပ်ပြင်းတဲ့ ဝတ္ထုတွေကို မရေမတွက်နိုင်ေအာင်ဖတ်ခဲ့ပြီးတော့ ငါ့ရဲ့စိတ်ခွန်အားကို ကြံ့ခိုင်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ငါဒီဝတ္ထုမှာ ကျရှုံးသွားခဲ့တယ်။ "

" ဒါအမှန်ပဲ ၊ဒီဝတ္ထုက အတော်လေးကို အဆိပ်ပြင်းတယ်။ ငါက သူတိုးတက်လာပြီးလို့ တွေးလိုက်တဲ့အချိန်တိုင်း သူက ပြန်လှည့်ပြီးတော့ နောက်တစ်ကြိမ် ခြေထောက်ဆေးခဲ့တယ်။ သူက သူ့မိန်းမအတွက်ပဲ ဆေးပေးခဲ့တာမဟုတ်ဘူး။ သူ့ယောက္ခမနဲ့ တခြားသူတွေအတွက်လည်း ဆေးပေးခဲ့သေးတယ်။ ခွေးကတောင် သူ့ထက် အဆင့်အတန်းမြင့်သေးတယ်။ ဒီလိုသနားစရာကောင်းတဲ့ ဇာတ်လိုက်မျိုးကို ငါ ဘယ်တုန်းကမှ မြင်ခဲ့ဖူးဘူး။ "

" ကျိုရှင်းရဲ့ ဘဝက အတော်လေးကို စိတ်ပျက်စရာကောင်းတယ်။ ခွေးတစ်ကောင်တောင် သူ့ထက် ပိုပြီးတော့ သိက္ခာရှိတယ်။ "

" သူက ငါမြင်ဖူးသမျှထဲမှာ အနှိမ့်ချဆုံး ဇာတ်လိုက်ဆိုတာ သံသယရှိစရာမလိုဘူး။ "

" ဒီဝတ္ထုကို ဖတ်ပြီးတဲ့နောက်မှာ ငါ ဒေါသကြီးပဲထွက်နေတယ်။ "

" ဒီအဆိပ်ပြင်းတဲ့ ဝတ္ထုက လူ့အဖွဲ့အစည်းကို စာရေးဆရာ လက်စားချေတဲ့ နည်းပဲဖြစ်ရမယ်။ စာရေးဆရာရဲ့ လိပ်စာကို ဘယ်သူထုတ်ဖော်နိုင်လဲ ?။ ပြီးတော့ သူ့ရဲ့ မွေးရပ်မြေက သင်တုန်းဓားအချို့ကိုလည်း ဘယ်သူ သူ့ကို ပေးပို့နိုင်လဲ ?

အင်တာနက်တစ်ခုလုံးတွင် ဆွေးနွေးမှုများဖြင့် သက်ဝင်လှုပ်ရှားနေခဲ့သည်။

သူတို့သည် ဝတ္ထုထဲက ဇာတ်လိုက်ကျိုရှင်းကို ရှုတ်ချပြီး ဝတ္ထုနောက်ကွယ်က စာရေးဆရာကိုလည်း တပြိုင်တည်း ရှုတ်ချခဲ့ကြသည်။ ထို့ပြင် ထိုပေါင်တွင်(taobao) သင်တုန်းဓားအကုန်လုံး ရောင်းကုန်သွားခဲ့သည်။ဘာကြောင့်လဲဆိုတော့ လူတိုင်းက သင်တုန်းဓားအကုန်လုံးကို ထိုဝတ္ထု၏နောက်ကွယ်ရှိ စာရေးဆရာထံ ပေးပို့ခဲ့တာကြောင့်ဖြစ်သည်။( ထိုပေါင်က app တစ်ခုပါဗျ)

သို့သော်လည်းပဲ လိုင်းပေါ်တွင် ဆွေးနွေးမှုများက ဆက်လက်၍ ဖြစ်ပေါ်လာသည်နှင့်အမျှ ထိုဝတ္ထုက အံ့ဩဖွယ်ကောင်းစွာဖြင့် လူသိများလာပြီး ပိုပြီးတော့တောင်မှ ကျော်ကြားလာခဲ့သည်။

ထိုဝတ္ထုကို နောက်ဆုံးမှာတော့ ကျိုမိသားစုက သတိထားမိခဲ့သည်။

" နဂါးဘုရင် ၊ ဆိုးရွားတဲ့ ကိစ္စကြီးတစ်ခုတော့ ဖြစ်နေပြီ။ " အနက်ရောင်ဝတ်လူသည် နဂါးဘုရင်၏ အိမ်ထဲသို့ ပြေးလာပြီး ပြောခဲ့သည်။

ထိုအချိန်တွင် နဂါးဘုရင်ကျိုရှင်းသည် အိမ်တွင် သူ့ ဘီလီယံနှစ်ဆယ်ကျော် ဆုံးရှုံးခဲ့သည်ကို တွေးလိုက်မိတိုင်းတွင် သူ့ရန်သူတော်ကြီးက ဘီလီယံနှစ်ဆယ်ကျော် ရှာနိုင်ခဲ့တာကို ပြန်တွေးမိပြီး ၎င်းက သူ့ကျောရိုးတစ်လျှောက်လုံးနှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အေးစက်သွားစေသည်။ ထို့ကြောင့် အခန်းတံခါး ကို ပိတ်ပြီး စောင်အောက်အောက်တွင်နေ၍ ဘယ်သူ့ကိုမှ အတွေ့မခံခဲ့ပေ။

ထိုအချိန်တွင် အနက်ရောင်ဝတ်လူသည် လျင်မြန်စွာဖြင့် ပြေးဝင်လာခဲ့သည်။

" နဂါးဘုရင် ၊ ဆိုးရွားတာ တစ်ခုခုတော့ ဖြစ်နေပြီ။ "

နဂါးဘုရင်သည် အသက်မဲ့နေသော မျက်လုံးများဖြင့် မျက်နှာကြက်ကို စိုက်ကြည့်ပြီး အားနည်းစွာဖြင့် မေးမြန်းခဲ့သည်။

" ဘာဖြစ်လို့လဲ ?။ ဘာလို့ အရမ်းပျာယာခတ်နေရတာလဲ ? "

" နဂါးဘုရင် အင်တာနက်ပေါ်မှာ မင်းရဲ့ဘဝဇာတ်ကြောင်းကို ရေးထားတဲ့ " မြို့ပြရဲ့သမက်တော်နဂါးဘုရင် "လို့ အမည်ရတဲ့ ဝတ္ထုတစ်ပုဒ် ပျံ့နေပါတယ် ။"

အနက်ရောင်ဝတ်လူက အလောတကြီးဖြင့် ပြောခဲ့သည်။

နဂါးဘုရင်၏ မျက်လုံးများတွင် ခပ်မှိန်မှိန်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

" ငါ့ဘဝရဲ့ သမိုင်းဝင်အောင်မြင်မှုတွေအကြောင်းကို ရေးထားတာလား ? "

" မဟုတ်ပါဘူး ၊ သူရေးထားတာက မင်း ခြေထောက်ဆေးတဲ့အကြောင်းပါ။ "

နဂါးဘုရင်ကျိုရှင်း : ဖူးစ်….

ထိုအရာက သူ့ဘဝ၏ မှောင်မိုက်တဲ့ သမိုင်းကြောင်းကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

နဂါးဘုရင်သည် ဒေါသထွက်သွားခဲ့သည်။

" အဲ့ဒါကို ဘယ်သူလုပ်တာလဲ ? ။ အဲ့ဝတ္ထုကို ငါ ဘယ်နေရာမှာ ဖတ်ရမလဲ ? "

" နဂါးဘုရင် ဒီမှာပါ "

ကျိုရှင်းသည် ဖုန်းကို ယူ၍ စတင်ပြီးဖတ်ရှု့ခဲ့သည်။

သူသည် ထိုဝတ္ထုကို ပိုပြီးဖတ်လေလေ၊ ပိုပြီးတော့ စိတ်လှုပ်ရှားလာပြီး၊ သူသည် ပိုပြီးတော့ ဒေါသထွက်လာခဲ့သည်။

ထို့ပြင် သူ့၏ မျက်နှာသည်လည်း အနက်ရောင်သို့ ပြောင်းသွားပြီး နောက်ဆုံးမှာတော့ သူသည် ပါးစပ်ပြည့် သွေးတစ်လုတ်ကို အန်ထုတ်ထုတ်ခဲ့သည်။

ထို့နောက်သူသည် ကြမ်းတမ်းစွာဖြင့် ဖုန်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချပြီး ဟိန်းဟောက်ခဲ့သည်။

" ဒါကို ဘယ်သူလုပ်တာလဲ ?။ ဒါကို ဘယ်ငနွားလုပ်တာလဲ ? "

သူ့၏ ဟိန်းဟောက်သံက အိပ်ခန်းတစ်ခန်းလုံးကို ပဲ့တင်သံထွက်သွားစေခဲ့သည်။

သူ့စိတ်ထဲတွင် ပထမဆုံးပေါ်လာသူကတော့ လင်ပေ့ဖန်ဖြစ်သည်။ ဒါပေမဲ့လည်း သူသည် တွေးကြည့်ပြီးသောအခါတွင် ထိုစိတ်ကူးကို ပယ်ဖျက်ခဲ့သည်။

ဘာကြောင့်လဲဆိုတော့ လက်ရှိတွင် သူတို့ရဲ့ ရပ်တည်ချက်တွေကို ရှင်းရှင်းလင်းမသိရသေးတာကြောင့် လင်ပေ့ဖန်က သူ့ကို ပစ်မှတ်ထားစရာ အကြောင်းပြချက်မရှိပေ။

ထိုကဲ့သို့ နည်းပရိယာယ်များကိုလည်း လင်ပေ့ဖန်က စက်ဆုပ်ရွံရှာပြီး အနည်းဆုံးတော့ သူ့ကို ထိုနည်းပရိယာယ်မျိုးဖြင့် ဒုက္ခပေးလိမ့်မည်မဟုတ်ပေ။

ထို့အပြင် လင်ပေ့ဖန်သည် အလွန်လိမ္မာပါးနပ်တာကြောင့် ထိုကဲ့သို့ အသုံးမဝင်တဲ့ ကြိုးစားမှုများကို မလုပ်နိုင်ပေ။

" ဘယ်သူလဲ ?။ ဒါရဲ့ နောက်ကွယ်လက်မည်းကြီးက ဘယ်သူလဲ ? ။ "

အိပ်ခန်းထဲတွင် ဒေါသတကြီး အော်ဟစ်သံများဖြင့် ပဲ့တင်သံထပ်နေခဲ့သည်။

All Chapters