← Chapters

အခန်း (၁၁၉)

Vol. 8 Ch. 119

အခန်း (၁၁၉)

Vol. 8 Ch. 119

" ဒါက အဲ့ဒီအမျိုးသမီး အလီရဲ့ လက်ချက်ပဲဖြစ်ရမယ်။ "ဟု နဂါးဘုရင်ကျိုရှင်းက ဒေါသတကြီး အော်ပြောခဲ့သည်။

အနက်ရောင်ဝတ်လူသည် ခဏကြာပြီးနောက် တုံ့ဆိုင်းစွာပြောခဲ့သည်။

" နဂါးဘုရင်ကို တင်ပြပါတယ်။ ဒါကို လေဒီအလီလုပ်ခဲ့တာလို့ ကျွန်တော်မထင်ပါဘူး။ "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် နဂါးဘုရင်သည် ပိုပြီးတော့တောင်မှ ဒေါသထွက်လာခဲ့သည်။

" သူမ မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ ?။ သူမဘဲ ဒီလိုမျိုး ဇာတ်လမ်းအသေးစိတ်ကို ရှင်းပြနိုင်မှာ။"

အနက်ရောင်ဝတ်လူ : ဟမ် ???

" အဟွတ်အဟွတ် ၊ ငါဆိုလိုတာက သူမ မဟုတ်ရင် ဘယ်သူက ငါခြေဆေးတဲ့အကြောင်းကို သိနိုင်မှာလဲ ? "

အနက်ရောင်ဝတ်လူသည် ဆက်လက်ပြီး ပြောခဲ့သည်။

" နဂါးဘုရင် ၊ အစတုန်းက ဒါကို လေဒီအလီလုပ်တာလို့ ကျွန်တော်လည်း ထင်ခဲ့တာ။ဒါပေမဲ့ သူမစကားတစ်ကြောင်း ပြောပြီးတဲ့နောက်မှာ သူမက ကျွန်တော့်ရဲ့စိတ်ကို လုံးဝပြောင်းလဲစေခဲ့တယ်။ "

နဂါးဘုရင်သည် စိတ်တိုစွာဖြင့် မေးမြန်းခဲ့သည်။

" မင်း ငါ့ကို သစ္စာဖောက်စေဖို့ သူမက ဘာပြောခဲ့တာလဲ ? "

" နဂါးဘုရင် ၊လေဒီအလီပြောတာက…"

အနက်ရောင်ဝတ်လူက လေးစားစွာဖြင့် ပြောခဲ့သည်။

" မိသားစုရဲ့ အကျည်းတန်မှုကို လူသိရှင်ကြား မထုတ်ဖော်သင့်ပါဘူးတဲ့။ "

ဖူးစ် ..

ထိုစကားကို ကြားပြီး နဂါးဘုရင်ကျိုရှင်းသည် သွေးတစ်လုတ်ကို အန်ထုတ်ခဲ့သည်။

" အကယ်၍ အလီမဟုတ်ရင် ၊ဒါကို တစ်ယောက်ယောက်က လုပ်ခဲ့တာပေါ့။ "

" အဲ့ဒီလူက ငါ့အကြောင်းကို ကောင်းကောင်းသိ နေတယ်။ ပြီးတော့ ဒီကိစ္စကို လူသိရှင်ကြားထုတ်ဖော်ခဲ့တာဆိုတော့ သူက ငါနဲ့ ကျိုးမိသားစုအပေါ်ကို တော်တော်လေး ဒေါသထွက်နေတာဖြစ်ရမယ်။ ကျိုမိသားစုရဲ့ အရင်းအမြစ်စွမ်းအားတွေကို သုံးပြီးတော့ ဒီနောက်ကွယ်က လူက ဘယ်သူလဲဆိုတာကို ရှာဖွေကြစမ်း။ "

နဂါးဘုရင်ကျိုရှင်းသည် အတော်လေး ဒေါသထွက်နေခဲ့သည်။

" ဟုတ်ကဲ့ နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူက လေးစားစွာဖြင့် ပြောခဲ့သည်။

" ဒါ့အပြင် အဓိက ဝဘ်ဆိုဒ်တွေကို ဆက်သွယ်ပြီးတော့ ဒီဝတ္ထုကို ဖယ်ရှားလိုက်စမ်း။ "

" ဟုတ်ကဲ့ နဂါးဘုရင် " ဟု ပြောပြီးနောက် အနက်ရောင်ဝတ်လူသည် ထွက်ခွာသွားခဲ့သည်။

ထို့နောက် သူတို့သည် ကျိုမိသားစု၏ စွမ်းအားကိုသုံးပြီး ဆော်ဩစည်းရုံးခဲ့ကြသည်။

အဓိကဝဘ်ဆိုဒ်ကြီးများကတော့ သူတို့နှင့် ပူးပေါင်းပြီး ဝတ္ထု၃၅၀ကို ဖယ်ရှားပစ်ခဲ့သည်။

ဒါပေမဲ့လည်း ဝဘ်ဆိုဒ်သေးများအပေါ်မှာတော့ အလုပ်မဖြစ်ခဲ့ပေ။

ကမ္ဘာတစ်ဝှမ်းလုံးတွင် ဝဘ်ဆိုဒ်အသေးများက အများကြီးရှိပြီး သူတို့သည် ၎င်းတို့ကို မထိန်းချုပ်နိုင်ပေ။

ထို့ပြင် ၎င်းဝတ္ထုက သူတို့ကို ကြီးမားတဲ့ အလားအလာနှင့် ကျော်ကြားမှုတွေကို ယူလာပေးသည်။ထိုအရာများအားလုံးက ပိုက်ဆံများ ဖြစ်သည်။

သူတို့က ထိုဝတ္ထုကို လက်လွှတ်ရန် ဘယ်လိုလုပ် ဆန္ဒရှိမလဲ… ?

ထို့ကြောင့် ၎င်းဝတ္ထုသည် အင်တာနက်ပေါ်တွင် ဆက်လက်ပြီး ပျံ့နှံ့နေဆဲဖြစ်သည်။

ထိုသတင်းများကို သိပြီးနောက် နဂါးဘုရင်ကျိုရှင်းသည် နောက်တစ်ကြိမ် သွေးတစ်လုတ်ကို အန်ထုတ်ခဲ့သည်။

" ဒီနောက်ကွယ်က လူကို ရှာဖို့ မင်းတို့အစွမ်းကုန်ကြိုးစားပါ။ "

" ဟုတ်ကဲ့ နဂါးဘုရင် "

ထိုစဉ် နိုင်ငံခြားတွင် ရှိသော လုမိုပိုင်သည် ထိုအခြေအနေကို ကြိုတင်မျှော်မှန်းထားပြီး ဖြစ်တာကြောင့် မအံ့ဩခဲ့ပေ။

နဂါးဘုရင်ကျိုရှင်းသည် မာနကြီးသောလူတစ်ယောက်ဖြစ်တာကြောင့် အင်တာနက်ပေါ်တွင် သူ့ရဲ့ အပြစ်အနာဆာတွေ ဖော်ထုတ်တာကို ဘယ်တော့မှ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

သို့သော်လည်းပဲ ထိုဝတ္ထုကို အင်တာနက်ပေါ်တွင် ဖယ်ရှားရန်မှာ မဖြစ်နိုင်ပေ။

ဘာကြောင့်လဲဆိုတော့ ထိုဝတ္ထုကို စာချုပ်မချုပ်ထားတာကြောင့် ကျိုရှင်းသည် သူလုပ်ချင်တာကို လုပ်လို့မရပေ။

" အင်တာနက်ကွန်ရက်က အရမ်းကြီးတယ်။ မင်း ဘယ်လောက်များများ ထိန်းချုပ်နိုင်မှာလဲ ?။ ပြီးတော့ ဒီဝတ္ထုက ကမ္ဘာတစ်ဝှမ်းလုံးကို ထုတ်ဝေထားခဲ့တာ။ မင်းတို့ရဲ့ ကျိုမိသားစုက ပြည်တွင်းဝဘ်ဆိုဒ်တွေကိုပဲ ထိန်းချုပ်နိုင်တယ်။ ဒါပေမဲ့ ပြည်ပ ဝဘ်ဆိုဒ်တွေကို မင်းတို့ တစ်ခုမှ မထိန်းချုပ်နိုင်ဘူး။ "

နဂါးဘုရင်ကျိုရှင်းမွှန်ထူနေတာကို ကြည့်ပြီး လုမိုပိုင်သည် အတော်လေးကို ပျော်ရွှင်နေခဲ့သည်။

" မင်း ဒေါသထွက်ပြီးတော့ ပိုစိုးရိမ်လေ ၊ဒီကိစ္စကို မင်း ပိုပြီးတော့ဂရုစိုက်လေပဲ ။ "

" မင်း ပိုဂရုစိုက်လေ ဒါကို ငါက ပိုပြီးတော့ လုပ်ချင်လေပဲ။ "

" မင်း နဂါးဘုရင်ရဲ့ မကောင်းတဲ့ ဂုဏ်သတင်းတွေကို ငါ တစ်ကမ္ဘာလုံးသိအောင် လုပ်ပြမယ်။ "

" ဒါက မင်းငါ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တာရဲ့ အကျိုးဆက်ပဲဆိုတာကို ငါ မင်းကို သိစေချင်တယ်။ "

" ဒါက ငါ့ကို ဆန့်ကျင်တဲ့ သူတွေရဲ့ ကံကြမ္မာပဲ။ " ဟု ပြောပြီးနောက် လုမိုပိုင်သည် အတော်လေးကို ပျော်ရွှင်တာကြောင့် အင်တာနက်ပေါ်တွင် နောက်ထပ်စာလုံးရေ သုံးသောင်းကို ထပ်တင်ခဲ့သည်။

စာဖတ်ပရိသတ်များသည် ပျော်မြူးသွားခဲ့ကြသည်။

" နောက်ထပ် ထပ်တင်ခဲ့ပြီ။ ပြီးတော့ ထပ်တင်ခဲ့တာက စာလုံးရေ သုံးသောင်းရှိတယ်။ "

" ဒီဝတ္ထုက ပိတ်ပင်ခံရပြီးတော့ ဒီလိုမျိုး အံ့ဩစရာကောင်းတဲ့ ဝတ္ထုမျိုးကို ထပ်မမြင်ရတော့ဘူးလို့ ငါက ထင်နေတာ။ ဒါပေမဲ့ စာရေးဆရာက အရမ်းပဲ သန်မာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ သူက တောင်ပေါ်မှာ ကျားရှိတယ်ဆိုတာ သိနေတာတောင် ကျားတွင်းထဲကို သွားရဲသေးတယ်။ "

" ဒီသတ္တိကြောင့် ငါ မင်းကို သင်တုန်းဓားတွေ မပို့တော့ဘူး။ "

" ပြီးတော့ ဒါကို အခမဲ့ ဖတ်လို့ရတယ်။ ဒါက အရမ်းစိတ်ကျေနပ်စရာကောင်းတယ်။ "

" ဝါး ! ဒီဝတ္ထုက အရမ်း အဆိပ်ပြင်းတာကို မင်းဘယ်လို ဆက်ဖတ်နိုင်တာလဲ ? "( အဆိပ်ပြင်းတာက သူရေးထားတာနော် )

" ဇာတ်လိုက်ရဲ့ ရှုထောင့်ဘက်ကနေ ကြည့်ရင်တော့ ဒါက တကယ့်ကို စိတ်ပျက်စရာ ကောင်းတယ်။ ဒါပေမယ့် မင်း မတူညီတဲ့ ရှုထောင့်ကနေကြည့်ရင်တော့ ဒီဇာတ်လမ်းက အရမ်းစိတ်ကျေနပ်စရာကောင်းတာကို မင်း မြင်ရလိမ့်မယ်။ "

" နဂါးဘုရင်က သူတို့အတွက် ဘယ်လိုကွဲပြားတဲ့ နည်းလမ်းတွေနဲ့ ခြေထောက်ဆေးပေးမလဲဆိုတာကို ငါ မြင်ချင်နေပြီ။ "

" ဒါအမှန်ပဲ ။ ဒီလိုမျိုး အသုံးမကျတဲ့လူက ကမ္ဘာကြီးမှာ ရှင်သန်နေတာကို မြင်လိုက်ရတော့ ၊ ငါ ကိုယ့်ကိုယ်ကို ပိုပြီးတော့ ယုံကြည်မှုရှိလာတယ်။ "

" ငါတို့ရဲ့ ပျော်ရွှင်မှုက နဂါးဘုရင်ကျိုရှင်းအပေါ်မှာ မူတည်နေတယ်။ သူ ပိုပြီးတော့ ညှဥ်းပန်းနှိပ်စက်ခံရလေ၊ ငါတို့က ပိုပြီးတော့ စိတ်လှုပ်ရှားလေပဲ။ သူပိုပြီးတော့ ခံစားရလေ ၊ ငါတို့က ပိုပြီးတော့ ပျော်ရွှင်လေပဲ။ "

" ဟီးဟီး …ငါ လည်း မင်းနဲ့တူတူပဲ။ "

တစ်ခြားတစ်ဖက်တွင် ဖန်သားပြင်ကို တိတ်တိတ်လေး ခိုးကြည့်နေတဲ့ နဂါးဘုရင်ကျိုရှင်းသည် နောက်ထပ်ပါးစပ်အပြည့် သွေးတစ်လုတ်ကို အန်ထုတ်ခဲ့သည်။

ထိုစဉ် ဒါတွေအကုန်လုံးရဲ့ နောက်ကွယ်က လက်မည်းကြီးဖြစ်တဲ့ လုမိုပိုင်သည် အားရပါးရရယ်မောနေခဲ့သည်။ သူသည် ချက်ချင်းပဲ နောက်ထပ်စာလုံးရေနှစ်သောင်းကို တင်ပြီး သောင်းချီတဲ့ အင်တာနက်သုံးစွဲသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။

ထို့နောက်သူသည် ချိုမြိန်သော အပြုံးတစ်ပွင့်ဖြင့် သူ့ဖုန်းကို ထုတ်ပြီး စာပို့ခဲ့သည်။

မိုပိုင် : မကြာသေးခင်က အင်တာနက်ပေါ်မှာ

" မြို့ပြရဲ့သမက်တော်နဂါးဘုရင် " ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ရှိတယ်။ မင်း ဖတ်ပြီးသွားပြီလား ? "

ချင်းရွဲ့ : ကျွန်မအခု ဖတ်နေတာ။ ဒါက ရယ်စရာကောင်းတယ်။

မိုပိုင် : ဒီဝတ္ထုက တကယ်ပဲ ရယ်စရာကောင်းလို့လား ? ။

ချင်းရွဲ့ : တကယ်ပဲ ရယ်စရာကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဝတ္ထုထဲက ဇာတ်လိုက်က လက်တွေ့ဘဝမှာ ကျွန်မဆုံတွေ့ခဲ့ရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ကျိုရှင်းနဲ့ ချွတ်စွပ်နီးပါးတူနေတယ်။ တစ်ယောက်ယောက်က ကျိုရှင်းကို ဒေါသထွက်ပြီးတော့ သူ့အကြောင်းကို ရေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ရမယ်။

ချင်းရွဲ့ : အဲ့ဝတ္ထုက ကျွန်မကို တကယ် ပျော်ရွှင်စေတယ် ။ ဒီရက်တွေထဲမှာ ကျွန်မ မပျော်ရွှင်နေဘူး။ ဟီးဟီး…။

ချင်းရွဲ့ : ဒါရဲ့ နောက်ကွယ်က ဘယ်လိုလူမျိုးလဲဆိုတာကို ကျွန်မသိချင်တယ်။ ပြီးတော့ ကျွန်မသူ့ကို တကယ်ပဲ ကျေးဇူးတင်ချင်တယ်။

ချင်းရွဲ့ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါက ငါလုပ်သင့်တဲ့ အရာတစ်ခုပဲ…ဟု လုမိုပိုင်သည် စိတ်ထဲကနေ ပြောခဲ့သည်။

ထို့ပြင် သူဂရုစိုက်တဲ့ တစ်ဦးတည်းသောသူရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေလျော့ပေးနိုင်သည်ဟူသော အတွေးက သူ့ကို ထကချင်လောက်အောင်ကို ပျော်ရွှင်စေသည်။

ငါ့ရဲ့ အတိတ်ဘဝတုန်းက ငါ့မှာ အခွင့်အရေးမရှိခဲ့ဘူး…..။

ဒီဘဝမှာ ငါ မင်းရဲ့ ဘေးနားမှာ ရပ်တည်ပြီးတော့ လေနဲ့ မိုးတွေရဲ့ ဒဏ်ကို ငါကာပေးမယ်…။

မိုပိုင် : ငါလည်း အဲ့ဒီဝတ္ထုကို ဖတ်ပြီးပြီ။ ဒါက အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ကံဆိုးချင်တော့ ဒါကို ဝဘ်ဆိုဒ်အများကြီးမှာ ဖတ်လို့မရနိုင်ဘူး။ "

ချင်းရွဲ့ : သူတို့က ဒီဝတ္ထုကို ဖယ်ရှားဖို့အတွက် သူတို့ရဲ့ အရင်းအမြစ်တွေကို အသုံးပြုခဲ့တာဖြစ်ရမယ်။

ချင်းရွဲ့ : ဒါပေမဲ့ အင်တာနက်ကွန်ရက်က ကျယ်ပြီးတော့ ဝဘ်ဆိုဒ်အသေးတွေ အများကြီး ရှိသေးတယ်။ ခစ်ခစ်….

မိုပိုင် : အမှန်ပဲ။

ချင်းရွဲ့ : ကံဆိုးချင်တော့ ဒါက အရမ်းနည်းလွန်းတယ်။ စာလုံးရေ ၁၀၀၀၀၀ပဲရှိတာဆိုတော့ ကျွန်မတစ်ရက်ထဲနဲ့ ဖတ်ပြီးတယ်။ ဒါက ကျွန်မကို အပြည့်အဝ စိတ်မကျေနပ်စေဘူး။ အကယ်၍ ကျွန်မတစ်နေ့ကို စာလုံးရေ ၇၀၀၀၀၊ ၈၀၀၀၀လောက်ဖတ်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ။

လုမိုပိုင်သည် သူ့၏ ဖုန်းကို ချပြီး ဆုံးဖြတ်ချက်ချခဲ့သည်။

" ချင်းရွဲ့ မင်းက ဒီဝတ္ထုကို ဖတ်ချင်တယ်ဆိုတော့လည်း ငါက မင်းအတွက်ရေးပေးရတာပေါ့။ ငါ မင်းဖတ်ချင်သလောက်ကို ရေးပေးမယ်။ ငါ မင်းကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူး။ " ( မစိတ်မွန်ရင် ကြောက်ဖို့ကောင်းတယ်နော်)

အချစ်၏စွမ်းအားကြောင့် လုမိုပိုင်သည် စာရိုက်မကောင်းဆိုးဝါးအဖြစ်သို့ နောက်တစ်ကြိမ်ပြောင်းလဲသွားခဲ့ပြီး word ကို ဖွင့်၍ အလုပ်စလုပ်ခဲ့သည်။( ကွန်ပျူတာမှာ wordကဘာလဲဗျ )

" ငါ ဒီနေ့ စာလုံးရေ ၇၀၀၀၀ ဒါမှမဟုတ် ၈၀၀၀၀ကို မရေးနိုင်ရင် ငါ အနားမယူဘူး။ "

ထို့နောက် သူ့၏ လက်ချောင်းများကို ကီးဘုတ်ပေါ်တွင် တတောက်တောက်ဖြင့် ရိုက်နှိပ်ခဲ့သည်။

သူသည် တစ်နာရီလျှင် စာလုံးရေ၁၀၀၀၀ကို ရေးပြီးနောက် သူ့လက်ထောက်ထံ အပ်ခဲ့ပြီး ဝဘ်ဆိုဒ်အမျိုးအမျိုးတွင် တင်စေခဲ့သည်။

စာဖတ်သူများသည် ပျော်မြူးပြီး အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။

" ဒီစာရေးဆရာက တကယ့်ကို အံ့ဩစရာကောင်းတယ် "

" စာလုံးရေ၅၀၀၀၀ကို တင်ခဲ့ပြီးပြီ။ အခုလည်း နောက်ထပ် စာလုံးရေ ၁၀၀၀၀ကို တင်ခဲ့ပြန်ပြီ။ သူက စာရိုက်မကောင်းဆိုးဝါးတစ်ကောင်ထက်တောင် ပိုမြန်သေးတယ်။ "

" ငါ စာဖတ်တဲ့ အမြန်နှုန်းထက်ကို သူရေးတဲ့ အမြန်နှုန်းက ပိုမြန်နေတယ်။ "

" ပြီးတော့ ဇာတ်လမ်းရဲ့ အရည်အသွေးကလည်း ကောင်းတယ်။ "

" ငါမျက်ရည်ကျနေပြီ။ သူက ပိုက်ဆံမရပဲနဲ့တောင် အရမ်းမြန်မြန်ရေးနိုင်တယ်။ ဒီလိုစာရေးဆရာမျိုးကို ငါတို့ဘယ်နေရာမှာ သွားရှာလို့ရနိုင်မလဲ ? "( ခုရေးနေတဲ့ စာရေးဆရာကတော့ လိပ်လိုပဲပေါ့)

" ငါ သူ့ကို ဘောက်ဆူးပေးချင်ပေမဲ့ ၊ကံဆိုးချင်တော့ ဘောက်ဆူးပေးလို့ရတဲ့ နေရာမရှိဘူး "

" မင်းတို့ စာရေးဆရာလေးတွေအကုန်လုံး သူ့ကို ကြည့်ပြီးတော့ မင်းတို့ကိုယ်ကိုယ်မင်းတို့ ပြန်ကြည့်ကြည့်။ သူတောင် ပိုက်ဆံမရပဲနဲ့ အရမ်းမြန်မြန်ရေးနိုင်တယ်။ မင်းတို့ကျတော့ အပိုင်းသစ်တွေ တင်ဖို့ နှောင့်နှေးနေတာ မရှက်ဘူးလား ?။ မင်းတို့ ဒေတာအတွက် မေးမြန်းနေတာ မရှက်ဘူးလား ? "

" အထူးသဖြင့် မင်း ချင်ကျန်းနဲ့ ရွှီကျူပဲ။မင်းတို့ စာရိုက်စက်အဖြစ် ပြောင်းပြီးေတာ့ အလုပ်ကို မြန်မြန်လုပ်။ “

All Chapters