← Chapters

အခန်း (၁၂၀)

Vol. 8 Ch. 120

အခန်း (၁၂၀)

Vol. 8 Ch. 120

တစ်ခြားတစ်ဖက်တွင် နဂါးဘုရင်ကျိုရှင်းသည် နောက်တစ်ကြိမ် ဒေါသတကြီး ပေါက်ကွဲခဲ့ပြန်သည်။

သူသည် ထိုဝတ္ထုကို ဖယ်ရှားပစ်ဖို့အတွက် အမိန့်ထုတ်ထားခဲ့သည်။ဒါပေမဲ့လည်း စာရေးဆရာက နောက်ထပ်စာလုံးရေ ၆၀၀၀၀ ၊၇၀၀၀၀ လောက်ကို ရေးပြီး သူ့ကို ဒေါသထွက်အောင်လို့ ဆွပေးခဲ့သည်….။

အထူးသဖြင့် ထိုစာလုံးရေ ၆၀၀၀၀ ၊ ၇၀၀၀၀က ခြေဆေးတဲ့ အကြောင်းကြီးပဲဖြစ်သည်။ ထို့ပြင် ၎င်းက သူ့၏ သနားစရာကောင်းမှု ၊ နှိမ့်ချမှုနှင့် အတ္တကြီးပုံတို့ကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားတာကြောင့် သူ့၏ကိုယ့်ရေးအချက်အလက်ကို ထုတ်ဖော်လုနီးပါးဖြစ်စေသည်။

ထိုအကြောင်းကို တွေးပြီး သူသည် ဒေါသထွက်၍ တုန်လှုပ်သွားခဲ့သည်။

အကယ်၍ လင်ပေ့ဖန်က သူ့ရဲ့ ပထမ ရန်သူဆိုရင် ထိုဝတ္ထုရဲ့နောက်ကွယ်က လူသည် သူ့ရဲ့ ဒုတိယ ရန်သူဖြစ်သည်။

" ဒီနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို မင်းရှာတွေခဲ့လား ? " ဟု နဂါးဘုရင်က မေးမြန်းခဲ့သည်။

အနက်ရောင်ဝတ်သည် ခါးခါးသီးသီးပြုံးပြီး ပြန်ပြောခဲ့သည်။

" နဂါးဘုရင် ဒီဝတ္ထုက နိုင်ငံခြားကနေ ပျံ့နှံ့နေတယ်ဆိုတာကိုပဲ ကျွန်တော်တို့ ရှာတွေ့ခဲ့ပါတယ်။နောက်ကွယ်က လူကိုတော့ ကျွန်တော်တို့ ထပ်စုံစမ်းဖို့ လိုအပ်ပါသေးတယ်။ "

" ငါ့အတွက် ရှာပေးကြစမ်း။ အကယ်၍ ငါတို့ သူ့ကို ရှာမတွေ့ရင်၊ ငါ့အခန်းထဲမှာ ငါ အေးအေးဆေးဆေးအနားယူလို့ရမှာမဟုတ်ဘူး ။ " ဟု နဂါးဘုရင်သည် ကျယ်လောင်စွာဖြင့် ပြောခဲ့သည်။

" ဟုတ်ကဲ့ နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူက တုံ့ပြန်ခဲ့သည်။

" နောက်ပြီး ဒီဝတ္ထုကို ထုတ်ဝေတဲ့ ဝဘ်ဆိုဒ်တွေကို ရှာပြီးတော့ သူတို့ကို လုံးဝဖြတ်ချပစ်ခိုင်းလိုက်။ ဒီထက်ပိုပြီး မပျံ့စေနဲ့တော့။ "

" ဟုတ်ကဲ့နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူက နောက်တစ်ကြိမ် တုံ့ပြန်ခဲ့သည်။

တစ်ခြားတစ်ဖက်တွင် ၈နာရီကြာ မနားတမ်းအလုပ်လုပ်ပြီးနောက် လုမိုင်ပိုင်သည် နောက်ဆုံးမှာတော့ စာလုံးရေ ၈၀၀၀၀ကို ရေးပြီးခဲ့သည်။

သူရပ်လိုက်ချိန်တွင် သူသည် အိပ်ငိုက်ပြီး သူ့၏မျက်လုံးများက နီရဲနေခဲ့သည်။ထို့ပြင် သူ့၏ လက်ချောင်းများကလည်း ရောင်ရမ်းပြီး ကြွက်တက်နေခဲ့သည်။

ဒါပေမဲ့လည်း သူလုပ်ပေးခဲ့တာက သူ့အချစ်လေး ချင်းရွဲ့အတွက်လို့ တွေးမိပြီး ၎င်းက သူ့ကို လုံးဝမခက်ခဲသလို ခံစားစေခဲ့သည်။

အနာဂတ်မှာ ငါ သူမအတွက် ဘယ်လောက်တောင်ပေးဆပ်ခဲ့လဲဆိုတာကို ချင်းရွှဲ့သိတဲ့အချိန်ကျရင် သူမ သေချာပေါက် စိတ်လှုပ်ရှားသွားလိမ့်မယ်၊မှန်တယ်မလား?…။ "

ထိုအကြောင်းကို တွေးမိတိုင်း သူသည် အလိုလိုနေရင်း ပြုံးမိသွားခဲ့သည်။

သူသည် အိပ်ချင်စိတ်ကို တွန်းလှန်၍ သူ့၏ ဖုန်းကို ကောက်ကိုင်ခဲ့သည်။

မိုပိုင် : ချင်းရွဲ့ ၊ မင်းဖတ်ပြီးပြီးလား ?။ " မြို့ပြရဲ့သမက်တော်နဂါးဘုရင် "ဝတ္ထုက နောက်ထပ်စာလုံးရေ၈၀၀၀၀ကို ထပ်တင်ခဲ့တယ်။"

ချင်းရွဲ့ : ကျွန်မအဲ့ဝတ္ထုကို တစ်ချိန်လုံး ဖတ်နေတာ။ ဒါက ကျွန်မကို အရမ်းပျော်ရွှင်အောင်လုပ်ပေးတယ်။

ချင်းရွဲ့ : နဂါးဘုရင်က မတူကွဲပြားတဲ့ ခြေဆေးနည်းအသစ်တွေ ဖန်တီးပြီးတော့ အရမ်းသနားစရာကောင်းတဲ့ ပုံပေါက်နေတာကို ကျွန်မမြင်တိုင်း ၊ ကျွန်မ မရယ်မောဘဲနဲ့ မနေနိုင်ဘူး။

ချင်းရွဲ့ : ဟီးဟီး ! ကျွန်မ ဒီလိုမပျော်ရတာတောင်ကြာပြီ။

လုမိုပိုင်သည် မနေနိုင်ပဲနဲ့ ပျော်ရွှင်သောအပြုံးတစ်ပွင့်ကို ပြသ၍ သူသည် တိတ်တိတ်ကလေး ပြောလိုက်သည်။

" ချင်းရွဲ့ ပျော်ရွှင်ပါစေ။ "

ချင်းရွဲ့ : ကျွန်မ ပြောဦးမယ်။ ဒီစာရေးဆရာက တကယ် အံ့ဩစရာကောင်းတယ်။သူက တစ်နေ့ထဲနဲ့ စာလုံးရေ တစ်သိန်းကျော်ကို တင်ခဲ့တာ။ပြီးတော့ အရည်အသွေးကလည်း အရမ်းကောင်းနေတုန်းပဲ။ သူ့မှာ နဂိုကကြိုရေးထားတဲ့ စာမူတွေများရှိလို့လား ၊ဒါမှမဟုတ် သူ ဒီဝတ္ထုကို အချိန်နဲ့တပြေးညီ ရေးခဲ့တာလားဆိုတာကို ကျွန်မသိချင်မိတယ်။

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် လုမိုပိုင်သည် မနေနိုင်ပဲနဲ့ သူ့ကိုယ်ကိုယ်သူ ဂုဏ်ယူမိသွားခဲ့သည်။

" ငါ ဒါကို အချိန်နဲ့တပြေးညီ ရေးခဲ့တာ။ ငါက မင်းထင်တဲ့ နတ်ဘုရားနဲ့တူတဲ့သူပဲ။ "

ထိုအချိန်တွင် သူ့အချစ်လေးက နောက်ထပ်စာတစ်စောင်ကို ပေးပို့ခဲ့သည်။

ချင်းရွဲ့ : ကျွန်မ ဝတ္ထုကို ဖတ်နေတာ ပြီးသွားပြီ။ ဒါပေမဲ့ ကျွန်မ မကျေနပ်သေးဘူး။ ကျွန်မ ထပ်ပြီးတော့ ဖတ်ချင်သေးတယ်။ ကျွန်မ နေ့တိုင်း စာလုံးရေ ၇၀၀၀၀ ၊၈၀၀၀၀ လောက်ကို ဖတ်နိုင်ဖို့ ကျွန်မ တကယ် မျှော်လင့်မိတယ်။ ဒါဆိုရင် ကျွန်မက အပျော်ရွှင်ရဆုံးလူ ဖြစ်လိမ့်မယ်။ "

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် လုမိုပိုင်၏ မျက်နှာသည် အနည်းငယ်စိမ်းသွားခဲ့သည်။

အကယ်၍ ငါက သံနဲ့ပြုလုပ်ထားရင်တောင် စာလုံးရေ ၇၀၀၀၀၊ ၈၀၀၀၀ကို နေ့တိုင်းရေးဖို့က အတော်လေး စိန်ခေါ်ရလိမ့်မယ်….။

ဒါပေမဲ့လည်း သူသည် ထိုအရာက သူ့အချစ်လေး၏ ဆန္ဒလို့ တွေးမိပြီး ၎င်းက သူ့အတွက် သိပ်မခက်ခဲတော့သလို ခံစားခဲ့ရသည်။

" ချင်းရွဲ့ ၊ မင်း မင်းရဲ့ ပျော်ရွှင်မှုက ငါ့ရဲ့ ပျော်ရွှင်မှုပဲ"( အချစ်ဆိုတာ ရယူချင်မှာမဟုတ်ဘဲ ၊ ချင်းရွဲ့ရာ )

လုမိုပိုင်သည် သူ့၏ တုန်ရီနေသောလက်များကို ဆန့်ထုတ်လိုက်ပေမဲ့လည်း သူ့၏အကြည့်များကတော့ပြတ်သားနေသည်။

" မင်းက ဖတ်ချင်တယ်ဆိုတော့လည်း ငါက မင်းအတွက် ရေးပေးရတာပေါ့။ တုံ့ဆိုင်းစရာမလိုဘူး။"

မိုပိုင် : မင်းရဲ့ဆန္ဒတွေ အမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ ငါ ခံစားနေရတယ်။

ချင်းရွဲ့ : တကယ်လား ?။ ဟီးဟီး ၊ ကျွန်မလည်း မျှော်လင့်မိပါတယ်။

ချင်းရွဲ့ : ဒီဝတ္ထုကို ဖတ်ပြီးတဲ့နောက်မှာ ဘာကြောင့်လဲတော့ ကျွန်မမသိဘူး။ ကျွန်မ စာရေးဆရာကို ရုတ်တရက်ကြီး တွေ့ချင်နေမိတယ်။

" ချင်းရွဲ့ ၊ငါလည်း မင်းကို တွေ့ချင်ပါတယ် ။ဒါပေမဲ့ အခုတော့ အချိန်မကျသေးဘူး။ " ဟု လုမိုပိုင်သည် တိတ်တိတ်ကလေး ရေရွတ်ခဲ့သည်။

သူသည် ကလဲ့စားချေဖို့ ပြန်လည်မွေးဖွားလာသူဖြစ်သည်။ဒါပေမဲ့လည်း သူ့၏ လက်ရှိအသက်မွေးဝမ်းကြောင်းက စတင်ရုံသာ ဖြစ်ပြီး အခုချိန်တွင် သူ့၏ ရန်သူများနှင့် ရင်ဆိုင်ရန်မှာ အရမ်းခက်ခဲသည်။

ထို့ကြောင့် သူသည် နိုင်ငံခြားတွင် နာမည်ရအောင် လုပ်ပြီး သူ့၏ မိခင်နိုင်ငံသို့ မပြန်မီ လင်ပေ့ဖန်ကို ရင်ဆိုင်ရန် လုံလောက်သောခွန်အားရရှိရမည်ဖြစ်သည်။

ထိုအချိန်တွင် သူသည် လင်ပေ့ဖန်နှင့် ဆက်ဆံ၍ သူ့အတိတ်ဘဝအတွက်ပါ လက်စားချေနိုင်ရုံသာမကပဲနဲ့ သူသည် ချင်ရွဲ့ဘေးနားတွင် ဂုဏ်ယူစွာဖြင့် ရပ်တည်ပြီး ထိုစကားသုံးလုံးကို ထုတ်ပြောနိုင်သည့် အရည်အချင်းလည်း သူ့တွင် ရှိလိမ့်မည်ဖြစ်သည်။

ဒါပေမဲ့လည်း သူသည် ချင်းရွဲ့ကို လူချင်း မတွေ့ဆုံနိုင်သေးသော်လည်း သူတို့အချင်းချင်းဆက်သွယ်၍ သူတို့၏ ဆက်ဆံရေးကို တည်ဆောက်နိုင်နေတုန်းပဲဖြစ်သည်။

လိန်ချင်းရွဲ့၏ အလွန်လှပသိမ်မွေ့သော မျက်နှာလေးကို တွေးရင်း သူသည် မနေနိုင်ပဲနဲ့ အရူးအမူးစွဲလမ်းလာသည်။

မိုပိုင် : ချင်းရွဲ့ ၊ ငါမင်းကို ပြောစရာတစ်ခုရှိတယ်။

ချင်းရွဲ့ : ဘာပြောမလို့လဲ ?။

မိုပိုင် : လောကမှာ အချစ်ကဘာလဲလို့ မေးရင် ( အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ စတာ) အဲ့ဒါက အသက် နဲ့ သေခြင်းလိုမျိုးပဲ ၊တစ်ယောက်အပေါ်တစ်ယောက် မှီခိုအားထားအောင်ပြုလုပ်ပေးတယ်။

ချင်းရွဲ့ :

ထို့နောက် လုမိုပိုင်သည် သူ့၏နှလုံးသားထဲတွင် ချိုမြန်သောချစ်ခြင်းများဖြင့် အိပ်မောကျသွားခဲ့သည်။

ထိုစဉ် တစ်ခြားဖုန်းတစ်ဖက်ရှိ လင်ပေ့ဖန်သည် စကားမပြောနိုင်ပဲနဲ့ ကြက်သေသေနေခဲ့သည်။

" မင်းလိုမျိုး ခိုးကူးသမားက ငါ့ရဲ့ ကဗျာကို ခိုးပြီးတော့ ငါ့ကောင်မလေးကို လူပျိုလှည့်ချင်တယ်ပေါ့လေ။ မင်း နည်းနည်းလေးပိုပြီးတော့ ဂုဏ်သိက္ခာမရှိနိုင်ဘူးလား ?။ "

" ကောင်းပြီ ၊ စာရေးရာမှာ မင်းရဲ့ ကြိုးစားအားထုတ်မှုကို စဉ်းစားပြီးတော့ ငါ ဒီတစ်ကြိမ်တော့ လျော်ပေးလိုက်မယ်။ ငါတို့ ဒီဟာကို မနက်ဖြန် ဆက်ကြတာပေါ့ ။ "

ထို့နောက် လင်ပေ့ဖန်သည် အပြုံးတစ်ပွင့်ဖြင့် သူ့၏ လက်တော့ပ်ကိုဖွင့်ပြီး " မြို့ပြရဲ့ သမက်တော်နဂါးဘုရင် " ဝတ္ထုကို ဆက်ဖတ်ခဲ့သည်။

" ငါ ဝန်ခံရမယ်။ လုမိုပိုင်က အတော်လေးကို အရည်အချင်းရှိတယ်။ ခြေဆေးတာလိုမျိုး ရိုးရှင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်အကြောင်းကိုတောင် သူက နည်းလမ်းအမျိုးမျိုးနဲ့ ရေးပြီးတော့ အမျိုးသားဇာတ်လိုက်ကို မကြာခဏ ခက်ခဲအောင်လုပ်ခဲ့တယ်။ ဒါက အရမ်းပဲ စိတ်ဝင်စားစရာကောင်းတယ်။ "

" ငါ ဝတ္ထုတစ်ပုဒ်ကို အဆုံးထိ မဖတ်ရတာကြာပြီ။ ဒါပေမဲ့ ဒီဝတ္ထုက သေချာပေါက် အဆုံးထိဖတ်ရမယ့်ဝတ္ထုပဲ။ "

" အကယ်၍ ဒီစာလုံးအရေအတွက်က မလုံလောက်ရင် ၊ငါတို့စာရေးဆရာကို ပိုတိုက်တွန်းနိုင်တယ်။ "

" နေ့တိုင်း စာလုံးရေ ၇၀၀၀၀၊၈၀၀၀၀ကို ရေးရတာက သူ့အတွက် မခက်ခဲပုံရတယ်။ "

" ဟီးဟီး ..."

" ဒီလိုမျိုးဝတ္ထုကောင်းတစ်ပုဒ်ကို ငါတစ်ယောက်ထဲ မဖတ်သင့်ဘူး။ "

ထို့နောက် လင်ပေ့ဖန်သည် ဝီချက်ကို ဖွင့်၍ သူ့၏သူငယ်ချင်းတိုင်းကို စာပို့ခဲ့သည်။

[ ငါ " မြို့ပြရဲ့ သမက်တော်နဂါးဘုရင် " ဝတ္ထုကို အထူးအကြံပြုချင်တယ်။ ဒီဝတ္ထုက ဇာတ်ကွက်အလှည့်အပြောင်းများပြီးတော့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာကောင်းတယ်။ပြီးတော့ အရေးအသားကလည်း (ဒီဝတ္ထုကို ရေးနေတဲ့ စာရေးဆရာလိုပဲ ) အရမ်းကောင်းတယ် ။ ]

ခဏအကြာတွင် လူအများကြီးက အကြောင်းပြန်ခဲ့သည်။

ပထမဆုံးအကြောင်းပြန်တဲ့သူက အံ့အားသင့်စရာကောင်းစွာဖြင့် အနုပညာရှင်နတ်ဘုရားမ လိန်ချင်းရွဲ့ဖြစ်သည်။

ချင်းရွဲ့ : ရှင့်ရဲ့ အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်။ ကံဆိုးချင်တော့ အဲ့ဒါက အနှစ်သာရသိပ်မရှိတဲ့ အွန်လိုင်းဝတ္ထုတစ်ပုဒ်ဖြစ်နေတယ်။ အဲ့ဒါက ကျွန်မဖတ်ရတဲ့ နှစ်သက်တဲ့ စာပေမဟုတ်ဘူး။

လင်ပေ့ဖန်သည် သူ့၏စိတ်ထဲတွင် ဇာတ်လိုက်တစ်ဦးအတွက် တိတ်တဆိတ်ရေရွတ်ခဲ့သည်။

မင်းရဲ့ ကြိုးစာအားထုတ်မှုကို မင်းအချစ်လေးက အသိအမှတ်မပြုခဲ့ဘူး။ ဒါပေမဲ့ ငါကတော့ အဲ့ဒီဝတ္ထုကို အသိအမှတ်ပြုတယ်။ ငါက မင်းရဲ့ အမြဲတမ်း သစ္စာရှိဖန်တစ်ယောက်ပဲ …။

နောက်တစ်ယောက်ကတော့ သူ့၏ အတွင်းရေးမှူးလျိုယုမေ့ပဲဖြစ်သည်။

လျိုယုမေ့ : သူဌေး ၊ ညဉ့်နက်နေပြီ ။ ရှင်က ဝတ္ထုကို အကြုံပြုနေသေးတယ်။ ရှင်ပို့လိုက်တဲ့ စာကြောင်းသုံးကြောင်းက ကျွန်မကို အဆိပ်ကျွေးနေသလိုပဲ၊ နေရတာ အဆင်မပြေဘူး။

လင်ပေ့ဖန် : ငါကတော့ အဆင်ပြေတယ်လို့ထင်တယ်။

လျှိုယုမေ့ : ဒီလိုဝတ္ထုမျိုးက အဆင်ပြေတယ်လို့ ရှင်ထင်တာလား ?။သူဌေး ရှင့်ရဲ့ စိတ်အခြေအနေက တစ်ခုခုတော့ မှားနေပြီ။ ရှင့်အတွက် စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ ရက်ချိန်းယူဖို့ ရှင် ၊ကျွန်မကို လိုအပ်သေးလား ?

လင်ပေ့ဖန် :

နောက်ထပ်စာပို့လာတဲ့ တစ်ယောက်ကတော့ သူ့၏ကောင်မလေး ဆောင်ယုချင်းပဲဖြစ်သည်။

ဆောင်ယုချင်း : ဝတ္ထုတွေဖတ်ပြီးတော့ ညဉ့်နက်တဲ့ထိ မနေနဲ့ ။ ဒါက ရှင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်။ စောစောအိပ်ေတာ့။

လင်ပေ့ဖန် : မင်းလည်း ကောင်းသောညလေးဖြစ်ပါစေ။ စောစောအိပ်တော့။

ထို့နောက် ချူရိုရွယ်က စာပို့လာခဲ့သည်။

ချူရိုရွယ် : ဟားဟား ! ရှင် အကြံပြုတဲ့ ဝတ္ထုက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ အရမ်းလည်း စိတ်ကျေနပ်စရာကောင်းတယ်။

လင်ပေ့ဖန် : တခြားလူတွေက ဒီဝတ္ထုကို အဆိပ်ပြင်းတယ်လို့ထင်ကြတယ်။ ဘာလို့ မင်းကျတော့ စိတ်ကျေနပ်စရာကောင်းတယ်လို့ ထင်ရတာလဲ ?။

ချူရိုရွယ် : ဟုတ်တာပေါ့။ ဒီဝတ္ထုက စိတ်ကျေနပ်စရာကောင်းတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်မက အမျိုးသမီးဇာတ်လိုက်ရဲ့ စရိုက်ကို ဖော်ထုတ်နိုင်တယ်။ သူမက နေ့တိုင်း အမျိုးသားဇာတ်လိုက်ကို အနိုင်ကျင့်တယ်။ သူ့မှာ ဘယ်လောက်ပဲ စွမ်းအားရှိရှိ ၊နောက်ဆုံးတော့လည်း သူက သူမအတွက် ခြေထောက်ဆေးပေးရတာပဲလေ ။ ဒါက အရမ်းစိတ်ကျေနပ်စရာကောင်းတယ်လို့ ရှင်ရောမထင်ဘူးလား ?။

လင်ပေ့ဖန် :

ထိုနည်းဖြင့် လင်ပေ့ဖန်၏ ကြိုးစားအားထုတ်မှုကြောင့် ကုမ္ပဏီတစ်ခုလုံးရှိ ဝန်ထမ်းအားလုံးက "မြို့ပြရဲ့သမက်တော် နဂါးဘုရင် "ဝတ္ထုကို စတင်ပြီး ဖတ်ခဲ့ကြသည်။

All Chapters