← Chapters

အခန်း (၁၂၁)

Vol. 9 Ch. 121

အခန်း (၁၂၁)

Vol. 9 Ch. 121

ဝူကောသည် သူ့၏ စိတ်ဒဏ်ရာများကို ကုသပြီး ပြန်လာသောအခါတွင် သူ့၏ လုပ်ဖော်ကိုင်ဖက်များက သူတို့၏ ဖုန်းများကို အာရုံစူးစိုက်၍ စိတ်ပါဝင်စားစွာဖြင့် ကြည့်နေတာကို သူ တွေ့လိုက်ရသည်။

" မင်းတို့ ဘာလုပ်နေကြတာလဲ ?။ ဒါက အလုပ်ချိန်ကြီးလေ ၊ ဒါကို မင်းတို့အားလုံးက အလုပ်မလုပ်ပဲနဲ့ ဖုန်းသုံးနေတယ်ပေါ့။ " ဟု ပြောလိုက်သည်။

" အို့ ၊ ရှောင်ဝူ မင်းအလုပ်ပြန်ဆင်းပြီပေါ့ ။ " ဟု သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က သူ့၏ ဖုန်းကို လက်ဖြင့်ကိုင်ထားရင် ပြုံးပြီး ပြောခဲ့သည်။

" ငါတို့ ဝတ္ထုတစ်ပုဒ်ကို ဖတ်နေတာ ။ ဒီဝတ္ထုကို

ဘော့စ်လင်က အကြံပြုထားတာလေ ။ပြီးတော့ ဒီဝတ္ထုက မကြာသေးခင်ကမှ ထွက်ရှိထားတာ။ဘော့စ်လင်ကလည်း ဒီဝတ္ထုကို ဖတ်ရတာ တကယ်သဘောကျတယ်။ "

" ပြီးတော့ ရုံးချိန်အတွင်းမှာ ဘာမှလုပ်စရာမရှိရင် ဒီဝတ္ထုကို ဖတ်လို့ရတယ်လို့ ငါတို့ကို သူက ပြောတယ်။ ဒါကြောင့်ပဲ ငါတို့အားလုံးက ဒီဝတ္ထုကို ဖတ်နေကြတာ။"

နောက်ထပ်လုပ်ဖက်ကိုင်ဖက်တစ်ယောက်ကလည်း စကားဝိုင်းတွင် ပါဝင်ခဲ့သည်။

" ငါ ပြောစရာရှိတယ်။ ဒီဝတ္ထုက ငါအရင်ဖတ်ဖူးခဲ့တဲ့ ဝတ္ထုတွေနဲ့ နည်းနည်းကလေးမှ မတူဘူး။ ငါ နေလာတာပဲ နှစ်ပေါင်းများစွာရှိနေပြီ။ ဒါပေမဲ့ ဒီလိုမျိုး ထူးခြားဆန်းကြယ်တဲ့ ဇာတ်လမ်းမျိုးကို ငါ ဘယ်တုန်းကမှ မဖတ်ခဲ့ဖူးဘူး။ ကံကောင်းချင်တော့ ငါက အဓိကဇာတ်ဆောင်မဟုတ်ဘူး။ ဒါမှမဟုတ်ရင် ငါ အခုချိန်လောက်ဆို အဆိပ်မိနေလောက်ပြီ။ "

ဝူကောသည် ပဟေဠိဖြစ်စွာဖြင့် မေးခဲ့သည်။

" အဲ့ဒီဝတ္ထုရဲ့ နာမည်က ဘာလဲ ? "

" မြို့ပြရဲ့သမက်တော်နဂါးဘုရင် "

" မြို့ပြရဲ့သမက်တော်နဂါးဘုရင်ဟုတ်လား ? "

ဝူကောသည် မျက်မှောင်ကြုတ်လိုက်သည်။

ထိုစကားလုံးလေးလုံးကို ကြားလိုက်ရသောအခါတွင် သူသည် ချက်ချင်းပဲ ကျိုရှင်းကို တွေးမိသွားခဲ့သည်။ထို့ပြင် နဂါးဘုရင်ဆိုသည့် စကားလုံးနှစ်လုံးကလည်း ကျိုရှင်းနှင့် လုံးဝ တူညီနေတာကြောင့်ဖြစ်သည်။

" ဒါနဲ့ ၊ရှောင်ဝူ ဘော့စ်လင်က မင်းကို ပိုပြီးတော့ မျက်နှာသာပေးတယ်။ ဒါပေမဲ့ မင်း ဒီဝတ္ထုက အရာအချို့ကို ဖတ်ဖို့ လိုအပ်နေတုန်းပဲ ။ ဒါမှ မင်းနဲ့

ဘော့စ်လင်တဲ့အခါမှာ စကားပြောစရာ ဘုံအကြောင်းအရာတစ်ခုရှိမှာေပါ့။ ဒါက လုပ်ငန်းခွင်မှာ မရေးထားတဲ့ စည်းမျဉ်း တစ်ခုပဲ။ မင်းသိလား?။ "

ဝူကောသည် ခေါင်းညိတ်ခဲ့သည်။

" အို့ ၊ ငါနားလည်ပြီ ။ဒါပေမဲ့ ငါအခုမှ အလုပ်ပြန်ဆင်းတာဆိုတော့ ဘော့စ်လင်ကို အရင်ဦးဆုံး သွားတင်ပြလိမ့်ဦးမယ်။ "

ထို့နောက် ဝူကောသည် လင်ပေ့ဖန်၏ ရုံးခန်းသို့ သွားပြီး တံခါးခေါက်၍ ဝင်ခဲ့သည်။

" ဘော့စ်လင် ၊အားလပ်ရက်အပြီးမှာ ကျွန်တော်အလုပ်ပြန်ဆင်းတာကို လာတင်ပြတာပါ။ "

" အစ်ကိုဝူ ၊ မင်းအလုပ်ပြန်ဆင်းပြီပေါ့။ ဟားဟား ."

လင်ပေ့ဖန်သည် သူ့၏ လက်တော့ပ်ကို ချပြီးစိတ်အားထက်သန်စွာဖြင့် ပြောခဲ့သည်။

" မင်းအလုပ်ပြန်ဆင်းတဲ့အချိန်က အချိန်ကိုက်ပဲ။ ငါ မင်းကို ဝတ္ထုတစ်ပုဒ်ကို အကြုံပြုချင်တယ်။ မင်း ဒီဝတ္ထုကို ကြိုက်လိမ့်မယ်လို့လည်း ငါယုံကြည်တယ်။ "

" အဲ့ဝတ္ထုက မြို့ပြရဲ့သမက်တော်နဂါးဘုရင်လား ? "

" ကြည့်ရတာ မင်းသိပြီးသားပုံရတယ်။ "

လင်ပေ့ဖန်သည် နောက်တစ်ကြိမ်ရယ်မောပြီး ပြောလိုက်သည်။

" ဟုတ်တယ် ၊အဲ့ဒီဝတ္ထုနာမည်က မြို့ပြရဲ့သမက်တော်နဂါးဘုရင်ပဲ။ ငါ မင်းကိုပြောပြမယ်။ ဒီဝတ္ထုက မယုံနိုင်လောက်အောင်ကို ကောင်းလွန်းတယ်။ ဒီဝတ္ထုက ချမ်းသာတဲ့မိသားစုနဲ့ လက်ထပ်ပြီးတော့ ဇနီးသည်ရဲ့ခြေထောက်ကို ဆေးကြောရင်းနဲ့ သူ့ရဲအချိန်ေတွကို ဖြုန်းတီးနေတဲ့ မိသားစုနောက်ခံကောင်းတဲ့ အမျိုးသားတစ်ယောက်ရဲ့ အကြောင်းပဲ။ "

" ဒီဝတ္ထုကို ရေးတဲ့ စာရေးဆရာက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပဲ။ "

လင်ပေ့ဖန်၏ မျက်လုံးများက လက်သွားခဲ့သည်။ထို့ေနာက် သူသည် ဆက်ပြောခဲ့သည်။

" စာရေးသူက ခြေထောက်ဆေးတဲ့ အကြောင်းကို အရမ်း ကွက်ကွက်ကွင်းကွင်းပေါ်လွင်အောင်လို့ ရေးသားထားတယ်။ပြီးတော့ သူက ဇာတ်လိုက်ကျိုရှင်းရဲ့ ရုန်းကန်မှုနဲ့ စိတ်ပျက်မှုတွေကိုလည်း နက်နက်ရှိုင်းရှိုင်း ပေါ်လွင်အောင် ဖော်ပြထားတယ်။ ဒါက တကယ့်ကို လက်ဖျားခါလောက်တယ်။ "

ဝူကောသည် အလွန်အံ့အားသင့်သွားခဲ့သည်။

" ဘောစ်လင် ၊ မင်း ဘာကို ပြောနေတာလဲ ?။ အဓိကဇာတ်ဆောင်ကို ကျိုရှင်းလို့ ခေါ်တယ်လို့ မင်းပြောခဲ့ဒသေးလား ? ။"

လင်ပေ့ဖန်သည် ရယ်မောပြီးပြောခဲ့သည်

" ဟုတ်တယ်လေ ၊ သူ့မှာ နဂါးဘုရင်လို့နာမည်ပြောင်တစ်ခုတောင် ရှိသေးတယ်။ အဲ့ဒါက ရယ်စရာမကောင်းဘူးလား ? ။ "

ဝူကောသည် တက်ကြွစွာဖြင့် ခေါင်းညိတ်ပြီးပြောခဲ့သည်။

" ဟုတ်တယ်။ဒါက တကယ့်ကို ရယ်စရာကောင်းတယ်။ "

" အစ်ကိုဝူ ဒီကိုလာဦး ၊ ငါ့လက်ေတာ့ပ်ထဲမှာ ဒီဝတ္ထုကို ငါ ဒေါင်းထားပြီးပြီ။ လာပြီးတော့ တချက်လောက်ကြည့်ကြည့်ပါဦး။ "

" ကောင်းပြီ ၊ဒါဆိုရင် ငါ သေချာပေါက် ကောင်းကောင်းဖတ်ကြည့်ရမယ်။ "

ထို့နောက် ဝူကောသည် စိတ်အားထက်သန်စွာဖြင့် လက်တော့ပ်ကို ယူပြီး ဖတ်ကြည့်ခဲ့သည်။

ဇာတ်လမ်းအကျဉ်း နှင့် ပထမဆုံးအပိုင်း သုံးပိုင်းပေါ်အခြေခံ၍ ဝတ္ထုထဲက အဓိကဇာတ်လိုက်သည် သူ့စိတ်ထဲမှာရှိတဲ့ နဂါးဘုရင်ကျိုရှင်းဖြစ်တယ်ဆိုတာကို သူ သေချာနေခဲ့ပြီဖြစ်သည်။

သူတို့နှစ်ယောက်၏ နာမည်ပြောင်ကအစ တူညီနေသည်။

မိသားစု နှင့် ဇနီးမယားရှိတာကလည်း တူညီ နေသည်။

ထို့ပြင် သမက်တစ်ယောက်ဖြစ်လာ၍ သူ့မိန်းမ၏ ခြေထောက်ကို ဆေးကြောတာလည်း တူညီနေပြီး သူတို့နှစ်ယောက်၏ အတ္တကြီးတဲ့ ပင်ကိုယ်စရိုက်ကလည်း တူညီနေသည်။

အရေးကြီးဆုံးအပိုင်းက သူဝမ်းသာပျော်ရွှင်သောအခါတိုင်းတွင် သူ့၏ နှုတ်ခမ်းထောင့်များ တွန့်သွားတာက ပြဿနာကို လက်ယှက်ခေါ်နေသလိုမျိုး ဖြစ်နေသည်။

ဒါက သူ့မှ မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ ?....။

သူသည် မနေနိုင်ပဲနဲ့ တီးတိုးရေရွတ်မိလိုက်သည်။

" ဒါက ဘယ်လို မုန်းတီးမှုမျိုးလဲ ?။ ဒါက လူတစ်ယောက်ရဲ့ ရှက်စရာသမိုင်းကြောင်းကို ဖော်ထုတ်ပြီးေတာ့ လူတိုင်းသိအောင်လို့ ပြုလုပ်ထားတာပဲ။ အရမ်းကောင်းတယ်လို့ပဲ ငါပြောနိုင်တယ်။ ဒါကို ဘယ်သူက လုပ်ခဲ့တာဖြစ်နိုင်မလဲ ?။ "

" ဒါက လင်ပေ့ဖန်တော့ မဖြစ်နိုင်ဘူး။ သူတို့နှစ်ယောက်ကြားမှာ အပြင်ပန်းအားဖြင့် ဘာရန်ငြိုးမှ ရှိပုံမရဘူး။ ပြီးတော့ သူ့မှာ ဒီလိုလုပ်ဖို့လည်း အကြောင်းအရင်းတစ်ခုတောင် မရှိဘူးလေ။ "

" ဒါဆိုရင် နဂါးဘုရင်ကျိုရှင်းရဲ့ အခြားရန်သူတွေက လုပ်တာဖြစ်ရမယ်။သေချာတာတော့ တစ်စုံတစ်ယောက်က သူ့ရဲ့ ချောမောခန့်ညားတဲ့ အသွင်အပြင်ကို ကြည့်မရလို့ သူ့ကို ရှုတ်ချဖို့အတွက် ဒီဝတ္ထုကို ရေးဖို့ ဆုံးဖြတ်ခဲ့တာပဲ ။ "

" မေ့လိုက်တော့ ၊ဘာလို့ အတွေးလွန်နေရမှာလဲ။ ဆက်ပြီးတော့ ပျော်ရွင်ကြတာပေါ့။ "

ထို့ကြောင့် သူသည် ဆက်လက်၍ ဝတ္ထုကို အားရပျော်ရွင်စွာဖြင့် ဖတ်ခဲ့သည်။

သူသည် စိတ်လှုပ်ရှားစရာ ဇာတ်ကွက်များကို လွတ်သွားမှာ စိုးတာကြောင့် စာကြောင်းကျော်မဖတ်ပဲနဲ့ တစ်လုံးချင်းစီ ဖတ်ရှုခဲ့သည်။

နဂါးဘုရင်ကျိုရှင်းကို သူ့ဇနီးဖြစ်သူက ပါးရိုက်လိုက်တာကို သူ မြင်လိုက်ရသောအခါတွင် သူသည် မနေနိုင်ပဲနဲ့ လက်ခုပ်တီးခဲ့သည်။

ထို့နောက် ကျိုရှင်းသည် သူ့ဇနီးဖြစ်သူ၏ အချစ်ဆုံးသူငယ်ချင်း၏ ခြေထောက် ၊ ဒရိုက်ဘာ၏ ခြေထောက် ၊အတွင်းရေးမှူး၏ ခြေထောက် ၊ အမြန်ချောပို့ ကောင်လေး၏ ခြေထောက် နှင့် သူ့ဇနီးဖြစ်သူမွေးထားသည့် အိမ်မွေးခွေးကလေး၏ ခြေထောက်ကိုတောင်မှ ဆေးကြောပေးရတာကို မြင်လိုက်ရသောအခါတွင် သူသည် အရမ်းကိုမှ စိတ်လှုပ်ရှားလွန်းတာကြောင့် သူသည် မနေနိုင်ပဲနဲ့ အံ့ဩတကြီး ပြောမိခဲ့သည်။

" မိုက်လိုက်တာ "

" တကယ့်ကို ကြည်နူးစရာကောင်းတယ် "

" တစ်ကိုယ်လုံးကို လန်းဆန်းသွားတာပဲ ။ "

ထို့ပြင် သူ အရင်တုန်းက ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာအများကြီးကို သက်သာစေခဲ့သည်။

လင်ပေ့ဖန်သည် ပြုံးဖြဲဖြဲဖြင့် မေးမြန်းခဲ့သည်။

" အစ်ကိုဝူ ၊ ဒီဝတ္ထုကကောင်းတယ်မလား ? "

ဝူကောသည် စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်ပြီး ပြောခဲ့သည်။

" ကောင်းတယ် ၊ အတော်လေးကို ကောင်းတာ ။ကျွန်ေတာ် ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ ဝတ္ထုမျိုးကို မဖတ်ရတာ အတော်လေးကို ကြာနေပြီ။ "

လင်ပေ့ဖန်သည် အားရပါးရရယ်မောပြီး ပြောခဲ့သည်။

" ဟားဟား.…၊ မင်း ဒီဝတ္ထုကို ကြိုက်မယ်ဆိုတာ ငါသိနေတယ်။ "

ထို့နောက် ဝူကောသည် ဖတ်ပြီးတာနဲ့ သူသည် မနေနိုင်ပဲ ချီးကျူးမိခဲ့သည်။

" ရေးထားတဲ့ လက်ရာက အတော်လေးကို ပြောင်မြောက်လွန်းတယ်။ ဒီဝတ္ထုကို ရေးတဲ့ စာရေးဆရာနဲ့ ကျွန်တော် တွေ့ခွင့်ရချင်မိတယ်။ ကျွန်တော် သူ့ကို ရက်ရက်ရောရောဆုချပြီးတော့ မရပ်ပဲနဲ့ ဆက်ရေးဖို့ တိုက်တွန်းချင်တယ်။အကယ်၍ သူသာ စာလုံးရေသန်းပေါင်းများစွာလောက် ပိုပြီးတော့ ရေးနိုင်ရင် ဒါက အတော်လေးကို ကောင်းမှာပဲ။ ဟီးဟီး …"

လင်ပေ့ဖန်သည် ခေါင်းညိတ်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

" စိတ်ကူးကောင်းပဲ ။ မင်းရဲ့စိတ်ကူးက ငါနဲ့ အတူတူပဲ။ "

" အို့ ? စာရေးဆရာလေးက နောက်ထပ်စာလုံးရေ တစ်သောင်းကို ထပ်ပြီးတော့ တင်ထားတယ်။ ငါ ဆက်ပြီးတော့ ဖတ်နိုင်ပြီ။ "

ထို့နောက် သူတို့နှစ်ယောက်သည် " မြို့ပြရဲ့သမက်တော်နဂါးဘုရင် " ဝတ္ထုကို ဆက်လက်ပြီး ဖတ်ရှုခဲ့ကြသည်။ ရံဖန်ရံခါ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ပြီး အတူကကွရယ်မော၍ ရုံးခန်းထဲမှ လေထုကို သဟဇာတဖြစ်အောင် ဖန်တီးခဲ့ကြသည်။

ထိုအချိန်တွင် ဝူကောသည် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

အနက်ရောင်ဝတ်လူ : မင်းဒီနေ့ အလုပ်ပြန်ဆင်းပြီဆို။ လက်ပေ့ဖန် လှုပ်ရှားမှု တစ်ခုခုရှိလား ? ။

ဝူကော၏ အမူအရာက ထူးဆန်းသွားခဲ့သည်။

ငါ ဝတ္ထုတစ်ပုဒ်ဖတ်နေတုန်းမှာ အဓိကဇာတ်လိုက်က ပေါ်လာခဲ့တယ်…..။

သည်နေ့ရက်များတွင် သူ့နှင့် ဆက်သွယ်နေသည့် စိတ်မတည်ငြိမ်သော အနက်ရောင်ဝတ်လူက ၎င်းတို့၏ ဆရာ နဂါးဘုရင်ကျိုရှင်းမှ လွဲ၍ တစ်ခြားသူမဖြစ်နိုင်ဟု သူသည် သံသယရှိနေခဲ့သည်။

ဝူကော : မရှိဘူး ။ လူတိုင်းက အလုပ်များနေကြတယ်။

အနက်ရောင်ဝတ်လူ : ဘာအလုပ်များနေတာလဲ ?

ဝူကော : ဝတ္ထုတစ်ပုဒ်ဖတ်ပြီးတော့ အလုပ်များနေတာ။

အနက်ရောင်ဝတ်လူ : ဘာဝတ္ထုလဲ ?။

ဝူကော : ( သူမ မချစ်တဲ့ ကျွန်တော် ) မြို့ပြရဲ့ သမက်တော်နဂါးဘုရင် ။

အနက်ရောင်ဝတ်လူ : .....

….............

လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ငှာနချုပ်တွင် နဂါးဘုရင် ကျိုရှင်းသည် ဖုန်းကိုကိုင်ထားရင်းဖြင့် ဒေါသထွက်လာတာကြောင့် သူ့အခြားလက်တစ်ဖက်ထဲမှရှိတဲ့ကို ဝိုင်ခွက်ကို ပစ်ခွဲခဲ့သည်။ထို့နောက်သူသည် အံကြိတ်ပြီး ပြောခဲ့သည်။

" ဒီသေချင်းဇိုးက တကယ်ပဲ ဒီကျိန်စာသင့်နေတဲ့ ဝတ္ထုကို ဖတ်နေတယ်ပေါ့လေ။ "

သူ့၏ မျက်နှာသည် ချက်ချင်းပဲ အစိမ်းရောင်သို့ ပြောင်းသွားခဲ့သည်။

အနက်ရောင်ဝတ်လူ : ငါမင်းကို ဒီဝတ္ထုကို မဖတ်ဖို့ တားမြစ်တယ်။

ဝူကော : ငါဖတ်ချင်ရင် ငါဖတ်လို့ရတယ်။ မင်းနဲ့ ဘာဆိုင်လို့လဲ ?။

ဝူကော : ဒီဝတ္ထုက အရမ်းကို စိတ်ဝင်စားစရာကောင်းတယ်။ ဒီလိုမျိုးဩဇာအာဏကြီးမားပြီးေတာ့ အစွမ်းထက်တဲ့ ဇာတ်ဆောင်တစ်ယောက်က သမက်တစ်ယောက်ဖြစ်လာခဲ့တယ်။ သူက သူ့ဇနီးရဲ့ ခြေထောက်ကိုလည်း နေ့တိုင်းဆေးပြီးတော့ ပါးတောင် ရိုက်ခံထိသေးတယ်။ ငါ ဒီလိုမျိုး သုံးစားမရတဲ့ ဇာတ်လိုက်မျိုးကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။

အနက်ရောင်ဝတ်လူ : ….

ဝူကော : နဂါးဘုရင်ကျိုရှင်းက သုံးစားမရတဲ့ အရှုံးသမားတစ်ယောက်ပဲ။

အနက်ရောင်ဝတ်လူ : ….

ဝူကော : နဂါးဘုရင်ကျိုရှင်းက ငကြောက်တစ်ယောက်ပဲ။

အနက်ရောင်ဝတ်လူ : …...

ဝူကော : နဂါးဘုရင်ကျိုရှင်းက မယားကြောက်တစ်ယောက်ပဲ ။

အနက်ရောင်ဝတ်လူ : …...

ဝူကော : နဂါးဘုရင်ကျိုရှင်းက ယောင်္ကျားတွေရဲ့ သိက္ခာကို ကျစေတဲ့ လူတစ်ယောက်ပဲ။

အနက်ရောင်ဝတ်လူ : …...

ဝူကော : ဟားဟားဟားဟား

All Chapters