← Chapters

အခန်း (၁၂၂)

Vol. 9 Ch. 122

အခန်း (၁၂၂)

Vol. 9 Ch. 122

ဝူကောသည် အတော်လေးကို ဝမ်းသာပျော်ရွှင်နေခဲ့သည်။သူသည် ပြုံးဖြဲဖြဲလုပ်ရလွန်းတာကြောင့် သူ့၏ပါးစပ်က နှားရွက်ကိုတောင် တပ်ချိတ်တော့မလို ဖြစ်နေသည်။

ထို့ပြင် သူသည် အောင်ပွဲခံတဲ့အခါများတွင် ခံစားရသည့် အောင်နိုင်ခြင်းအရသာကိုလည်း ခံစားခဲ့ရသည်။

ထိုမတိုင်ခင်က နဂါးဘုရင်ကျိုရှင်းသည် လူအများကြီးနှင့်ပူးပေါင်းပြီး သူ့ကို ဆူပူကြိမ်းမောင်းတာ ကြောင့် သူ့၏ ဖုန်းအားကို ပါဝါပိတ်သည်အထိ အကြိမ်ပေါင်းများစွာ ကုန်ဆုံးစေခဲ့သည်။ထို့ပြင်သူသည် သူ့၏စိတ်ပျက်အားငယ်မှုများကို မြိုသိပ်ထားခဲ့ရတာလည်း အချိန်အတော်လေး ကြာနေခဲ့ပြီဖြစ်သည်။ အခုတော့ သူ့အတွက် အခွင့်အရေးရလာခဲ့ပြီဖြစ်သည်။

ငါမင်းကို ဒီကနေ အရှုံးသမား ၊ငကြောက် ၊မယားကြောက် ၊ယောကျာ်းတွေရဲ့ သိက္ခာကိုချတဲ့ကောင်လို့ ငါမင်းကို ခေါ်တယ်ကွာ …။မင်း ငါ့ကိုဘာလုပ်နိုင်လို့လဲ …?

အကယ်၍ မင်းငါ့ကို ပြန်အော်ချင်ရင် ငါ့ဆီ လာအော်လေ.. မင်းမပျော်ဘူးဆိုရင်လည်း မင်းငါ့ကို လာကိုက်လေ….။မင်းငါ့ကို ပြန်ပြောဝံ့ရင် မင်းက ငကြောက်ကောင် နဂါးဘုရင်ပဲ….။မင်းငါ့ကို ပြန် ဖြေဝံ့ရင် မင်းက ယောကျာ်းတွေကို အရှက်ရစေတဲ့ ကျိုရှင်းပဲ...။

ဟားဟားဟားဟား….....

….........

တစ်ခြားတစ်ဖက်မှာတော့ နဂါးဘုရင်ကျိုရှင်းသည် အမှန်တကယ်ကို ဒေါသထွက်နေခဲ့သည်။

ဒီလူယုတ်မာက သူ့ရဲ့ဖုန်းနဲ့ ဝတ္ထုထဲမှာရှိတဲ့ အဓိက ဇာတ်ဆောင် ကျိုရှင်းကို လှောင်ပြောင်စော်ကားနေတယ်…။

ဒါက ငါ့ကို တိုက်ရိုက်ပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား…?

ပြီးတော့ ဒါက သက်သက်ငါ့ကို လှောင်ပြောင်စော်ကားနေတာပဲ…။

သို့သော်လည်းပဲ သူသည် ပြန်လည် မချေပနိုင်ပေ။ ဘာကြောင့်လဲဆိုတော့ သူသာ ပြန်လည် ချေပလိုက်ပါက သူသည် တကယ်ပဲ နဂါးဘုရင်ကျိုရှင်း ဖြစ်တယ်ဆိုတာကို တိုက်ရိုက်ဝန်ခံလိုက်သလိုမျိုး ဖြစ်သွားလိမ့်မည် မဟုတ်ပါလား …?

" တစ်ယောက်ယောက်ဝင်လာခဲ့စမ်း " ဟု နဂါးဘုရင်သည် အော်ပြောခဲ့သည်။

" နဂါးဘုရင် ကျွန်တော် မင်းအတွက် ဘာလုပ်ပေးရမလဲ ? " ဟု အနက်ရောင်ဝတ်လူတစ်ယောက်က လမ်းလျှောက်ဝင်လာပြီး ပြောခဲ့သည်။

နဂါးဘုရင်သည် ဒေါသတကြီးဖြင့် ပြောခဲ့သည်။

" ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က လူကို ရှာတွေ့ပြီလား ?"

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် အနက်ရောင်ဝတ်လူသည် တုန်ယင်သွားခဲ့သည်။ထို့နောက်သူသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေခဲ့သည်။

" မတွေ့သေးပါဘူး နဂါးဘုရင် "

" ဘာလို့အရမ်းကြာနေရတာလဲ ?။ နှစ်ရက်တောင်ကြာနေပြီ။ ဘာတိုးတက်မှုမှ မရှိဘူး။ ငါမင်းကို ပြောမယ်။ မင်းတို့ အရင်းအမြစ်ဘယ်လောက်များများ အသုံးပြုရပါစေ ၊မင်းတို့ သူ့တို့ကို ငါ့အတွက်ရှာပေးရမယ်။ "

နဂါးဘုရင်သည် ခက်ထန်စွာဖြင့် ပြောခဲ့သည်။

" ငါ သူ့တို့ကို ပြန်ပေးဆပ်ရေအာင် လုပ်ပစ်မယ်။ "

" ဟုတ်ကဲ့ နဂါးဘုရင် ၊ ငါတို့အခုချက်ချင်း သွားရှာလိုက်ပါမယ်။ " ဟု ပြောပြီးနောက် အနက်ရောင်ဝတ်လူသည် အလျင်အမြန်ဖြင့် ထွက်ခွာသွားခဲ့သည်။

နဂါးဘုရင်ကျိုရှင်းသည် သူ့၏ဖုန်းကို နောက်တစ်ကြိမ်ကောက်ကိုင်ခဲ့သည်။

အနက်ရောင်ဝတ်လူ : အဲ့ဒီဝတ္ထုအကြောင်းမဟုတ်ပဲနဲ့ ၊အလုပ်ကိစ္စအကြောင်းပဲ ပြောကြရအောင်။ လင်ပေ့ဖန် အခုဘာလုပ်နေလဲ... ?

ဝူကော : သူလား ?။ သူလည်း မြို့ပြရဲ့သမက်တော်နဂါးဘုရင် ဝတ္ထုကို ဖတ်နေတယ်လေ။

အနက်ရောင်ဝတ်လူ : …

ဝူကော : အဲ့ဒီဝတ္ထုကို သူပဲ ငါ့ကို အကြံပြုခဲ့တာလေ။

အနက်ရောင်ဝတ်လူ : …

ဝူကော : သူက ငါ့တစ်ယောက်ထဲကိုပဲ အကြံပြုခဲ့တာ မဟုတ်ဘူး။ သူက ကုမ္ပဏီတစ်ခုလုံးမှာရှိတဲ့ လူတွေကိုလည်း အဲ့ဒီဝတ္ထုကို ဖတ်ဖို့ အကြုံပြုထားသေးတယ်။ပြီးတော့ သူငယ်ချင်းအများကြီးကိုလည်း အတူတူစုဖတ်ဖို့အကြံပြုထားသေးတယ်။

အနက်ရောင်ဝတ်လူ : …

ဝူကော : သူက ဒီဝတ္ထုရဲ့ အမာခံပရိသတ်တစ်ယောက်ပဲ။

အနက်ရောင်ဝတ်လူ : …

ဝူကော : အခုဆို သူက အလုပ်တောင် သိပ် မလုပ်တော့ဘူး။ သူက နေ့တိုင်း အပိုင်းသစ်တွေကို လိုက်ရှာပြီးတော့ ညတိုင်း မအိပ်မစားပဲနဲ့ ညလုံးပေါက်နေနေတာ။

အနက်ရောင်ဝတ်လူ : …

ဝူကော : ဘော်ဒါ မင်းဒါကို မဖတ်ရရင် မင်း သက်တောင့်သက်သာ ရှိမှာမဟုတ်ဘူး။

အနက်ရောင်ဝတ်လူ : …

ဝူကော : သူက နဂါးဘုရင် ခြေထောက်ဆေးဖို့ ရေလောင်းချတာကို မြင်တာနဲ့ ချက်ချင်းပဲ ရီတယ်။ ဟားဟား…..။

အနက်ရောင်ဝတ်လူ : …

…...

ဖုန်းပြောပြီးနောက် အခြားတစ်ဖက်တွင် နဂါးဘုရင်ကျိုရှင်း၏ အကာအကွယ်များက(ဒေါသထွက်တာကို ထိန်းချုပ်ထားတာကို ပြောတာ ) အစိတ်အမွှာမွှာကွဲကြေသွားခဲ့သည်။

သူ့၏ ကမ္ဘာမကြေရန်သူတော်ကြီးဖြစ်တဲ့ လင်ပေ့ဖန်က တကယ်ပဲ မြို့ပြရဲ့သမက်တော်နဂါးဘုရင် ဝတ္ထုကို ဖတ်နေတာလား …?

ပြီးတော့ သူက အဲ့ဝတ္ထုရဲ့ အမာခံပရိသတ်တစ်ယောက်လား …?

သူက အလုပ်မလုပ်ပဲနဲ့တောင် နေ့တိုင်းအပိုင်းသစ်တွေကို မအိပ်မစားပဲနဲ့ လိုက်ရှာနေတာက အဲ့ဒီဝတ္ထုကိုမဖတ်ရရင် သူ မနေနိုင်တာကြောင့်လား …?။

သူက နဂါးဘုရင် သူ့မိန်းမရဲ့ ခြေထောက်ကိုဆေးဖို့ ရေလောင်းချတာကို မြင်တဲ့အချိန်တိုင်း မရယ်ပဲနဲ့ မနေနိုင်ဘူးလား …?

ဒါက လုံးဝ(social suicide {အဲ့ဒါ ဘယ်လိုအဓိပ္ပာယ်ရလဲဗျ } )မဟုတ်ဘူးလား…?

နဂါးဘုရင်သည် စိတ်လှုပ်ရှားလွန်းတာကြောင့် သူ့၏မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ခဲ့သည်။

သူသည် ဂုဏ်သိက္ခာကြီးမားတဲ့ နဂါးဘုရင်ဖြစ်သည် …။

သူသည် ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်သော နဂါးဘုရင်ဖြစ်သည်။

အခုတော့ သူ ထုတ်မပြောချင်တဲ့ ရှက်စရာအရာများကို တစ်ဖက်လူက မြင်တွေ့သွားခဲ့ပြီဖြစ်သည်။

၎င်းက အတော်လေးကို ရှက်စရာကောင်းသည်။

ငါ လေးရဲ့ ဂုဏ်သိက္ခာတွေတော့ သွားပါပြီကွာ…။

အကယ်၍ သူသည် လင်ပေ့ဖန်ကို အနာဂတ်တွင် အနိုင်ရခဲ့ရင်တောင်မှ သူသည် ရှက်လွန်းတာကြောင့် လင်ပေ့ဖန်ရှေ့တွင် မနေဝံ့ပေ။

တစ်ခြားလူက သူ့ကိုမြင်တာနဲ့ " မင်းက ခြေထောက်ဆေးတဲ့ နဂါးဘုရင်ကျိုရှင်း "လို့ ပြောလိမ့်မည်ဖြစ်သည်။

၎င်းက သူ့ကို သိမ်ငယ်သလို ခံစားရအောင် ပြုလုပ်လိမ့်မည်ဖြစ်သည်။

ထိုအကြောင်းကို တွေးမိရုံနဲ့တင် သူ့ကို ရှက်ရွံ့စေသည်။သူသည် တွင်းတစ်တွင်း တူးပြီး ၎င်းတွင်းထဲတွင် ဝင်ပုန်းချင်နေခဲ့သည်။

"အာ…......"

နဂါးဘုရင်ကျိုရှင်းသည် ဒေါသထွက်လွန်းတာကြောင့် သူ့လက်ထဲက ခွက်ကို ပစ်ခွဲလိုက်သည်။

ခဏတာ ပေါက်ကွဲပြီးနောက် သူသည် သူ့၏ ဖုန်းကို နောက်တစ်ကြိမ် ကောက်ကိုင်ခဲ့သည်။

အနက်ရောင်ဝတ်လူ : မင်း သူ့ကို စာဖတ်တာ ရပ်အောင် လုပ်မပေးနိုင်ဘူးလား .?

ဝူကော : ငါ အဲ့ဒါကို မထိန်းချုပ်နိုင်ဘူး ။ လူတိုင်းက လွတ်လွတ်လပ်လပ်စာဖတ်ပိုင်ခွင့်ရှိတယ်။ ပြီးတော့ သူက ငါ့ရဲ့ သူဌေးလေ။ ဒီလိုလုပ်ရတာ ငါ့အတွက် ဆီလျော်တယ်လို့ မင်းထင်လား ?။

အနက်ရောင်ဝတ်လူ : အနည်းဆုံး သူစာဖတ်တာ နည်းသွားအောင်လို့ မင်းလုပ်ပေးနိုင်မလား ?။

ဝူကော : မေ့လိုက်တော့ ။ သူက အခုဆို စာဖတ်တာ စွဲလန်းသွားပြီ။ သူက ခဏလေး မဖတ်ပဲနဲ့တောင် မနေနိုင်တော့ဘူး။

အနက်ရောင်ဝတ်လူ : ….

ဝူကော : နေပါဦး ၊ငါသိချင်လို့ မေးကြည့်ပါဦးမယ်။ မင်း ဘာလို့ ဒီဝတ္ထုကို ငါတို့ဖတ်တာ တားဖို့ ကြိုးစားနေရတာလဲ ?။

အနက်ရောင်ဝတ်လူ : အလုပ်က ပိုပြီးတော့ အရေးကြီးတယ်လို့ ငါထင်မိလို့ပဲ။ ပြီးတော့ ဒီလို အမှိုက်ဝတ္ထုမျိုးကို မဖတ်တာက ပိုကောင်းတယ်လေ။

ဝူကော : ဒါဆိုရင်တော့ မင်း အဲ့အကြောင်းကို မစိုးရိမ်နဲ့တော့။

ဝူကော : ဟီးဟီး...။ ငါ အခုနောက်ဆုံးတင်ထားတဲ့ အပိုင်းသစ်ကို ကြည့်နေတာ။ ဒီအခန်းမှာ နဂါးဘုရင်ကျိုရှင်းက သူ့မိန်းမမွေးထားတဲ့ အိမ်မွေးခွေးရဲ့ ခြေထောက်ကို နောက်တစ်ကြိမ်ဆေးနေတာ…။ပြီးတော့ သူက အဲ့ဒီခြေဆေးရေကို သောက်တောင် သောက်လိုက်သေးတယ်။ ဒီနဂါးဘုရင်ကျိုရှင်းက ခွေးတစ်ကောင်ထက်တောင် ပိုဆိုးနေသေးတယ်။ဟားဟား…။

အနက်ရောင်ဝတ်လူ :

ဝူကော : ဒီလိုလူက ကမ္ဘာပေါ်မှာ ခွေးတစ်ကောင်လိုမျိုး ရှင်သန်နေဝံ့သေးတဲ့ လူတစ်ယောက်ပဲ။

အနက်ရောင်ဝတ်လူ :

ဝူကော : အကယ်၍ ငါသာ သူ့ကို မြင်ဖူးရင် သေချာပေါက် ငါ သူ့ရဲ့မျက်နှာကို နှစ်ချက်ဖြတ်ရိုက်ပြီးတော့ သူ့ကို မေးမိလိမ့်မယ်။ မင်းဘာလို့ ဈေးပေါရတာလဲ …?

အနက်ရောင်ဝတ်လူ :

အာအာအာ…......

နဂါးဘုရင်ကျိုရှင်းသည် နောက်တစ်ဖန် ပေါက်ကွဲခဲ့ပြန်သည်။

သူ့ဖုန်းခဏကြာ တိတ်ဆိတ်သွားတာကို မြင်လိုက်ရသောအခါတွင် ဝူကောသည် ကြိတ်ခွီးနေခဲ့သည်။

ကြည့်ရတာ ဒီနဂါးဘုရင် နောက်တစ်ကြိမ် ဒေါသထွက်နေတာဖြစ်လိမ့်မယ်…။

မင်း ငါ့ကို သည်းမခံနိုင်ပေမဲ့ မင်း ငါ့ကို ဘာမှ မလုပ်နိုင်တာကို ငါသဘောကျတယ်...။ အကယ်၍ မင်း သည်းမခံနိုင်တော့ရင် ငါ့ကိုလာရိုက်လေ…။ဖုန်းလိုင်း နဲ့ အင်တာနက်ကို ဖြတ်ပြီးတော့ ရိုက်နိုင် ရင် ငါ့ကို လာရိုက်လေ…။

ဟားဟားဟားဟားဟား…..

" ဟေး, အစ်ကိုဝူ မင်းဘာလို့ အားရပါးရ ရယ်နေတာလဲ ?။ "

ဝူကောသည် သူ့ရဲ့ခေါင်းကို ပင့်ပြီး ကြည့်လိုက်ချိန်တွင် သူ့ကို ပြုံးပြီး ကြည့်နေတဲ့ လင်ပေ့ဖန်ကို တွေ့လိုက်ရသည်။

" အို့ ၊ ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်ရဲ့ သူငယ်ချင်းတစ်ယောက်ကို မြို့ပြရဲ့သမက်တော်နဂါးဘုရင် ဝတ္ထုကို အကြံပြုနေတာပါ။ ဒါပေမဲ့ သူက အဲ့ဒီဝတ္ထုကို သိပ်မကြိုက်ပုံရတယ်။ ဒါကြောင့်ပဲ ကျွန်တော့်ဘာသာ ကျွန်တော်ဖတ်နေတာ.…။ " ဟု ဝူကောသည် သူ့၏ဖုန်းကို အဝေးမှာထားလိုက်ပြီး ပေါ့ပေါ့ပါးပါးအမူအရာဖြင့် ပြောခဲ့သည်။

" ဒီလိုဝတ္ထုကောင်း တစ်ပုဒ်မျိုးကို သူက မကြိုက်ဘူးလား …? " လင်ပေ့ဖန်သည် ပူဆွေးဝမ်းနည်းသွားခဲ့သည်။

" ဒါက သူ့အကြိုက်မဟုတ်တာ ဖြစ်ပါလိမ့်မယ်။ "ဟု ဝူကောက ပြောခဲ့သည်။

" ဒါတော့ မဖြစ်နိုင်ဘူး။ ဒီလောက်ကောင်းတဲ့ ဝတ္ထုမျိုးကို ဘယ်လိုလုပ်ပြီး မဖတ်နိုင်ရမှာလဲ …? "

လင်ပေ့ဖန်သည် ဆုံးဖြတ်ချက်ချပြီး ပြောလိုက်သည်။

" အစ်ကိုဝူ ၊ဒီဝတ္ထုကို သူ့ကို အကြံပြုဖို့အတွက် ဗီဒီယိုတစ်ပုဒ် လုပ်လိုက်ကြရအောင်…။ "

ဝူကောသည် ပဟေဠိဖြစ်သွားခဲ့သည်။

" မင်း သူ့ကို ဒီဝတ္ထု အကြံပြုချင်တာလား ? "

" ဟုတ်တယ် " ဟု လင်ပေ့ဖန်က ခေါင်းညိတ်ပြီး လေးလေးနက်နက်ပြောခဲ့သည်။

တစ်မိနစ်ကြာပြီးနောက် ဝတ္ထုကို အကြံပြုသည့် ဗီဒီယိုကို လုပ်ပြီးသွားခဲ့သည်။

ဝူကောသည် တစ်မိနစ်စာ ဗီဒီယိုအတိုလေးကိုကြည့်ပြီး နည်းနည်းကွဲလွဲသွားသလို ခံစားခဲ့ရသည်။

" မစ္စတာလင် ၊ မင်း ဒါကို တကယ်ပဲ ပို့စေချင်တာလား ? "

" ဟုတ်တာပေါ့ ၊ဒီဝတ္ထုရေးထားတာ အရမ်းကောင်းတယ်လေ ။ ဒါကြောင့် ဒီဝတ္ထုကိုမဖတ်ရင် ဝမ်းနည်းစရာကောင်းလိမ့်မယ်။ ဒီဝတ္ထုရဲ့ အမာခံပရိသတ်တစ်ယောက်အနေနဲ့ ငါ ဒီအတိုင်း မရပ်ကြည့်နေနိုင်ဘူး။ ပို့လိုက်၊ ဒါက အိုတာကုတစ်ယောက်အနေနဲ့ ငါ့ရဲ့ ကြိုးစားအားထုတ်မှု သေးသေးလေးတစ်ခုပါပဲ။ "ဟု လင်ပေ့ဖန်က ယတိပြတ်ဆုံးဖြတ်ချက်ချထားသောအမူအရာဖြင့် ပြောခဲ့သည်။

ဝူကောသည် အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

" ဒါပေမဲ့ ၊ဒါက…...."

" ပို့လိုက်ရုံပဲလေ ၊ ဘာလို့ ဒီလိုမျိုးအသေးအမွှားကိစ္စလေးတစ်ခုကို တုံ့ဆိုင်းနေရတာလဲ ? "

ဝူကောသည် သူ့ဘာသာသူ တွေးနေခဲ့သည်။

ဒါက ဘယ်လိုလုပ်ပြီးတော့ ကိစ္စသေးလေးတစ်ခုဖြစ်ရမှာလဲသ ….?။ဒါကို တစ်ခြားလူသာမြင်သွားရင် သူ့ရဲ့ ဒေါသတွေ ပေါက်ကွဲထွက်သွားနိုင်တယ်။ပြီးတော့ ဒါက အမှန်အကန် သတ်ပွဲတစ်ခုတောင် ဖြစ်သွားနိုင်တယ်…။

ထို့နောက်ဝူကောသည် သူ့ရဲ့စိတ်ထဲတွင် တိတ်တဆိတ်သက်ပြင်းချခဲ့သည်။

' နဂါးဘုရင်ကျိုရှင်း ၊ဒါကို ငါမင်းကို မပို့ချင်ဘူး။ဒါပေမဲ့ လင်ပေ့ဖန်က ငါ့ကို အတင်းပို့ခိုင်းနေတယ်။ ဒါကြောင့် မင်းငါ့ကို အပြစ်မတင်ပါနဲ့ ။ ဘာပဲဖြစ်ဖြစ် ဒါက မင်းကိုယ်တိုင်ပဲလေ။ '

" ဘီ" ဆိုသည့် အချက်ပြသံတစ်ခုဖြင့် ဗီဒီယိုကို အောင်မြင်စွာ ပို့နိုင်ခဲ့သည်။

……............

တစ်ခြားဖုန်းတစ်ဖက်တွင် နဂါးဘုရင်ကျိုရှင်းသည် ဝူကောဆီက စာစောင်ကို လက်ခံရရှိခဲ့သည်။

အစတုန်းက သူသည် သူ့ကိုဒေါသထပ်ထွက်စေမှာကြောက်တာကြောင့် ၎င်းစာကို မဖတ်ချင်ခဲ့ပေ။

သို့သော်လည်းပဲ တစ်ခြားလူက သူ့ကို ဗီဒီယိုတစ်ပုဒ်ပို့လာခဲ့သည်။

ဗီဒီယိုထဲမှာတော့ လင်ပေ့ဖန်လည်း ရှိနေသည်။ထို့ကြောင့်သူသည် ရွေးစရာမရှိပဲနဲ့ ဗီဒီယိုကို ကြည့်ပြီး သိချင်စိတ်ဖြင့် ဗီဒီယိုကို ဖွင့်ခဲ့သည်။

All Chapters