အခန်း (၁၂၃)
Vol. 9 Ch. 123
ဗီဒီယိုထဲတွင် လင်ပေ့ဖန်သည် ရုံးခန်းရဲ့အလယ်တွင် လေးနက်ေသာ အမူအရာဖြင့် မတ်တပ်ရပ်နေခဲ့သည်။
" ဒီကောင်ဘာလုပ်နေတာလဲ ? "
နဂါးဘုရင်ကျိုရှင်းသည် စိတ်မရှည်တော့ပေ။
ထိုအချိန်တွင် လင်ပေ့ဖန်သည် သက်ပြင်းချပြီးပြောခဲ့သည်။
" အို့ ၊ဒီကောင်က လက်ထပ်ပြီး မကြာခင်မှာပဲ ကယ်စီယမ်ချို့တဲ့နေပြီ။ "
နဂါးဘုရင်ကျိုရှင်းသည် အံ့အားသင့်သွားခဲ့သည်။
" ဒီကောင် ဘာတွေပြောနေတာလဲဟ…? ဘာလို့ သူပြောတာကို ငါ တစ်လုံးမှ နားမလည်နိုင်ရတာလဲ ? "
ထို့နောက် လင်ပေ့ဖန်သည် လေးနက်စွာဖြင့် ဆက်ပြောခဲ့သည်။
" ကွန်ပျူတာရှေ့မှာ မကြာခဏနေရုံနဲ့တင် အရိုးပွပြီး ၊ ခါးကြွက်သွားတွေ တင်းမာပြီးတော့ မတ်တပ်မရပ်နိုင်တော့ဘူး။ "
နဂါးဘုရင်ကျိုရှင်း : ဘာလား ?
" ညမှာလည်း မျက်စိကြောင်ပြီးတော့ အိမ်မက်တွေပဲမက်နေလို့ မကြာခဏ ကောင်းကောင်းမအိပ်နိုင်ဘူး။"
နဂါးဘုရင်ကျိုရှင်း : ဘာလား ?
" ဒီရက်အတောအတွင်းမှာ သူက ယောကျာ်းအစစ်တစ်ယောက်လိုပဲ။ ဒါပေမဲ့ သူ့ကိုကြည့်ရတာ ယောကျာ်းစစ်စစ်ဖြစ်ဖို့ ခက်ခဲနေပုံရတယ်။ "
နဂါးဘုရင်ကျိုရှင်း : ဘာလား ?
" သူက လင် နဲ့ မယားအကြားက အကြောင်းတွေကို ပြောချင်နေပုံရတယ်။သူက အရင်တုန်းက သမက်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ အဲ့ဒီမိသားစုရဲ့ အဆင့်အတန်းကလည်း သိပ်မမြင့်ဘူး။ "
" ငါ မမျှော်လင့်ထားခဲ့ဘူး။ လင်ပေ့ဖန်၊မင်းကလည်း မယားကြောက်တစ်ယောက်ပဲ။ "
နဂါးဘုရင်ကျိုရှင်းသည် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး သူ့ရင်ထဲမှာ အနည်းငယ် ခံစားချက်ကောင်းသွားသလိုခံစားခဲ့ရသည်။
ဒါပေမဲ့ …...အခုလက်ရှိလင်ပေ့ဖန်က လက်မထပ်သေးရဘူးလေ…။
ဒီစကားတွေက သူဘာကိုဆိုလိုတာလဲ….. ?
ထိုအချိန်တွင်တွင် လင်ပေ့ဖန်သည် ရုတ်တရက် ပြန်လည်တက်ကြွလာခဲ့သည်။
" ဒါပေမဲ့ အခုတော့ အားလုံးက ပိုကောင်းသွားပြီ "
နဂါးဘုရင်ကျိုရှင်း : ဘာလား ? ။ ပိုကောင်းတယ်လား ?။ မင်းဘာကို ဆိုလိုတာလဲ .?
ဗီဒီယိုထဲမှာ လင်ပေ့ဖန်သည် ဂုဏ်ယူသောအမူအရာဖြင့် ပြုံး၍ ပြောခဲ့သည်။
" မြို့ပြရဲ့သမက်တော်နဂါးဘုရင်ဝတ္ထုကို ဖတ်ကတည်းက ငါ့ရဲ့နောက်ကျော နဲ့ ငါ့ခြေထောက်တွေက မနာတော့ဘူး။ ငါ လမ်းလျှောက်တိုင်း ခွန်အားတွေတိုးလာပြီးတော့ ပိုပြီးတော့ စိတ်ဓာတ် တက်ကြွလာသလို ငါ ခံစားရတယ်။ "
နဂါးဘုရင်ကျိုရှင်း : ဝါး ! ဝတ္ထုတစ်ပုဒ်ဖတ်တာ အဲ့လောက် အကျိုးသက်ရောက်မှုရှိလို့လား ?။ ဘာလို့လဲ …?
သူသည် အတော်လေးကို သိချင်နေတာကြောင့် သူ့၏ဖုန်းကို အနီးကပ်ယူပြီး ကြည့်ခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်ပြီး ကျယ်လောင်စွာ အော်ပြောခဲ့သည်။
" နဂါးဘုရင်လို ကယ်စီယမ်ချို့တဲ့တဲ့လူတစ်ယောက်တောင် ဒူးထောက်ပြီးတော့ အသက်ရှင်နိုင်သေးတာပဲ။ ဒါဆိုရင် ငါတို့မှာ ဘာလို့မတ်တပ်ရပ်ဖို့ အကြောင်းပြချက်မရှိရမှာလဲ ? "
နဂါးဘုရင်ကျိုရှင်း : အဟွတ်အဟွတ်!!!
သူ့ရဲ့ စိတ်အခြေအနေက တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။
" မင်း ၊လင်ပေ့ဖန် မင်းက ငါ့ကို လှောင်နေတာမလား ။ မင်းကများ ငါ့ကို ကယ်စီယမ်ချို့တဲ့တဲ့လူလို့ လှောင်တယ်။ မင်းကများ ငါ့ကို မတ်တပ်မရပ်နိုင်တဲ့ လူလို့ လှောင်တယ်။ ဒီသေသင့်တဲ့ မအေမွေးလေးကတော့…"
သူသည် အသံမကြားနိုင်တဲ့ နောက်ကွယ်ကနေကျိန်ဆဲနေခဲ့သည်။
ထို့နောက်လင်ပေ့ဖန်သည် ဆက်လက်ပြီး ပြောခဲ့သည်။
" ယောကျာ်းတစ်ယောက်က ကယ်စီယမ် ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ရင် မင်းတို့ ဒါကို ကြည့်ရမယ်။ နဂါးဘုရင်ရဲ့သမက်တော်ဝတ္ထုက ကယ်စီယမ်မြင့်မားတယ်။ မင်းတို့ ဒါကို တစ်ကြိမ်ဖတ်တာက ငါးကြိမ်ဖတ်တာနဲ့ ညီမျှတယ်။ "
နဂါးဘုရင်ကျိုရှင်း : အဟွတ်ဟွတ်!!
ထို့နောက် လင်ပေ့ဖန်သည် ဆက်လက်ပြီး ဟောနေခဲ့သည်။
" တစ်ကြိမ်ဖတ်ကြည့်တာနဲ့ မင်းရဲ့စိတ်ကို လန်းဆန်းသွားစေရမယ်။ "
နဂါးဘုရင်ကျိုရှင်း : အဟွတ်ဟွတ်!!
" နှစ်ကြိမ်ဖတ်ကြည့်တာနဲ့ ဘယ်တော့မှ မမောတော့ဘူး ။ "
နဂါးဘုရင်ကျိုရှင်း : အဟွတ်ဟွတ်!!
" သုံးကြိမ်ဆိုတာနဲ့ မင်းတို့ထာဝရ ရှင်သန်နိုင်ပြီ ။ "
နဂါးဘုရင်ကျိုရှင်း : အဟွတ်ဟွတ်!!
" ငါ ဒီဝတ္ထုဖတ်ကတည်းက ငါ ကယ်ဆီယမ်ချို့တဲ့မှာကို ငါ့အမေက ထပ်ပြီးတော့ စိတ်မပူတော့ဘူး။ "
နဂါးဘုရင်ကျိုရှင်း : အဟွတ်ဟွတ်!!
နောက်ဆုံးမှာတော့ လင်ပေ့ဖန်သည် သူ့၏ လက်တော့ပ်ကို ကောက်ကိုင်ပြီး အပြုံးတစ်ပွင့်ဖြင့် ဝတ္ထုစာမျက်နှာကို ဖွင့်ခဲ့သည်။
" နဂါးဘုရင်ရဲ့သမက်တော်ဝတ္ထုကို ငါတို့ တစ်လျှောက်လုံး ကြည့်နေခဲ့တာ ။ "
နဂါးဘုရင်ကျိုရှင်း : အဟွတ် အဟွတ် အဟွတ် !!
သွေးသုံးလီတာလောက် အန်ထုတ်ပြီးနောက် သူသည် လဲကျသွားခဲ့သည်။
…..........
တစ်ခြားတစ်ဖက်တွင် လင်ပေ့ဖန်သည် မစောင့်နိုင်တော့တာကြောင့် မေးမြန်းခဲ့သည်။
" ဘယ်လိုလဲ ၊တုံ့ပြန်ချက်ရှိလား ? "
ဝူကောသည် လင်ပေ့ဖန်ကို အတော်လေးဆွံ့အသောအကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။
သူက တုံ့ပြန်ချက်လိုချင်သေးတာလား ? ။ ဒီအချိန်မှာ မရူးသွားရင်တောင် အောင်မြင်မှုတစ်ခုဖြစ်နေပြီ…။
သူသည် ခေါင်းခါပြီး ပြန်ပြောခဲ့သည်။
" မရှိပါဘူး ၊ သူတို့ အခြားဝတ္ထုဖတ်နေတာဖြစ်ရမယ်။ "
" သနားစရာပဲ " လင်ပေ့ဖန်သည် သက်ပြင်းချခဲ့သည်။
ထို့နောက်သူတို့နှစ်ယောက်သည် ဆက်လက်၍ ဝတ္ထုဖတ်ခဲ့ကြသည်။ သူတို့သည် တစ်ခါတရံ ရယ်မောပြီး အတော်လေးကို စိတ်အခြေအနေကောင်းနေခဲ့သည်။
…...
ထိုအချိန်တွင် လုမိုပိုင်သည် နောက်ထပ် စာလုံးရေ ၇၀၀၀၀၀-၈၀၀၀၀၀ ကို ထပ်တင်ခဲ့သောကြောင့် အင်တာနက်တစ်ခုလုံး ညံစီသွားခဲ့သည်။
" ဒီစာရေးဆရာက အံ့ဩစရာကောင်းတယ် ။ မနေ့တုန်းက စာလုံးရေ၁၀၀၀၀၀ကျော်ကို တင်ခဲ့တယ်။ ဒီနေ့လည်း နောက်ထပ် စာလုံးရေ ၇၀၀၀၀-၈၀၀၀၀ ကို တင်ပြန်ပြီ။ "
" နောက်တစ်နေ့ဆို ပျော်ရတော့မယ် ၊ဟားဟား…"
" သူက စာရိုက်စက်တစ်ခုလိုမျိုး တကယ့်ကို လျင်မြန်တာပဲ။'
" လူတစ်ယောက်က ပိုက်ဆံမရှိရင် အရမ်းအလုပ်ကြိုးစားရတယ်။ ဒါက ဒီစာရေးဆရာလေးရဲ့ ခေတ်သစ်ပဲ ။ ရိုးရိုးသားသားပြောရရင် မိသားစုအတွက် ငါ မျက်ရည်ကျမိဖူးတယ်။ "
" စာရေးဆရာရဲ့ လိပ်စာကို တစ်ယောက်ယောက်များ သိကြလား ? ။ ငါ သူ့ကို သင်တုန်းဓား မပို့ချင်တော့ဘူး။ ငါ သူ့ကို ဆုပေးချင်တယ်။ "
" စာရေးဆရာအကုန်လုံးသာ သူ့လို အလုပ်ကြိုးစားရင် ငါ ဒီထက်မက ပျော်ရွှင်မိမှာပဲ ။ "
လုမိုပိုင်သည် ဖန်သားပြင်ကို တိတ်တဆိတ်ကြည့်ပြီး ပြီးမြောက်သွားသလိုခံစားခဲ့ရသည်။
" ချင်ရွဲ့ ၊ ဒါကို မင်းလည်း မြင်သင့်တယ် ၊ဟုတ်တယ်မလား ?။ ဒါက မင်းအတွက်ငါလုပ်ပေးနိုင်တဲ့ အရာပဲ။ "
ထို့နောက် သူသည် တုန်ရီနေသောလက်ဖြင့် သူ့၏ ဖုန်းကို ကောက်ကိုင်ခဲ့သည်။
မိုပိုင် : ချင်ရွဲ့ မင်း မြင်ပြီးပြီလား ?။ စာရေးဆရာက နောက်ထပ် စာလုံးရေ ၇၀၀၀၀-၈၀၀၀၀ ကို ထပ်တင်ခဲ့တယ်။
ချင်ရွဲ့ : ဟုတ်တယ် ၊ကျွန်မမြင်ပြီးပြီ။ ကျွန်မ အရမ်းပျော်ရွှင်သလိုခံစားရတယ်။ ကျွန်မ မနေ့က စာလုံးရေ ၇၀၀၀၀-၈၀၀၀၀တင်တာကို မြင်ချင်ခဲ့တယ်။ ပြီးတော့ သူ ဒီနေ့တင်ခဲ့တယ်။ ဒီစာရေးဆရာက အမှန်တကယ်ကို ထောက်ထားညှာတာတတ်တာပဲ။ "
လုမိုပိုင်၏ မျက်နှာသည် အနည်းငယ် ပြုံးသွားခဲ့သည်။
' ငါက ထောက်ထားမညှာတာတတ်ပေမဲ့ ငါက မင်းအတွက် အမြဲဂရုစိုက်ပေးနေမှာပါ။ '
မိုပိုင် : ငါသိပြီ ၊ နဂါးဘုရင် မင်းကို နှောင့်ယှက်နေတာ ရပ်သွားပြီလား ? ။
ချင်ရွဲ့ : မရပ်ဘူး ။သူ အခုလက်ရှိ ဒီပြဿနာ ကိစ္စကို ကိုင်တွယ်ဖို့နဲ့ အလုပ်ရှုပ်နေတယ်။
လုမိုပိုင်သည် နောက်တစ်ကြိမ် ပြုံးသွားခဲ့သည် ။
" ဒါအကောင်းဆုံးပဲ ။ဒါမှမဟုတ်ရင် ငါမင်းကို အာရုံစိုက်နိုင်မှာ မဟုတ်တော့ဘူး။ "
ချင်ရွဲ့ : ဒါပေမဲ့ မူရင်းစာရေးဆရာအကြောင်းကို ကျွန်မ နည်းနည်းစိုးရိမ်နေတယ်။ သူ့ကို နဂါးဘုရင်က တစ်ခုခုလုပ်မှာကို ကျွန်မကြောက်မိတယ်။
လုမိုပိုင်သည် နောက်တစ်ကြိမ် ပြုံးသွားခဲ့သည် ။
" သူလား ? ။ ငါ့ကိုသာ အရင်တွေ့အောင်ရှာဦး ။ပြီးမှ စကားဆက်ပြောမယ်။ "
မိုပိုင် : ငါ့အထင်တော့ မင်း စိုးရိမ်စရာမလိုဘူး။အကယ်၍ တစ်ခြားလူကသာ တစ်ခုခုလုပ်ဝံ့ရင် အကျိုးဆက်အများကြီးရှိလာလိမ့်မယ်။
ချင်ရွဲ့ : ရှင်ပြောတာမှန်တယ်။ သူ ဘေးကင်းဖို့ ကျွန်မမျှော်လင့်ပါတယ်။စာလုံးရေ ၇၀၀၀၀-၈၀၀၀၀ကို ကျွန်မ မြန်မြန်ဖတ်ပြီးသွားတာ သနားစရာကောင်းတယ်။ အကယ်၍ နောက်ထပ် စာလုံးရေ၃၀၀၀၀သာ ထပ်ရှိခဲ့ရင် ပိုကောင်းလိမ့်မယ်။
လုမိုပိုင်၏ မျက်နှာသည် အစိမ်းရောင်သို့ပြောင်းသွားခဲ့သည်။
ငါလေး ဒီစာလုံးအများကြီးကို တစ်နေ့လုံးကုန်အောင် ရေးခဲ့ရတာေလ။ မလုံလောက်သေးဘူးလို့ ထင်နေတုန်းလား….?။
မိုပိုင် : စာလုံးရေ ၇၀၀၀၀-၈၀၀၀၀က အတော်လေးများနေပြီမဟုတ်ဘူးလား …?
ချင်ရွဲ့ : ကျွန်မ နည်းနည်းလောဘကြီးမိတာကို ကျွန်မသိပါတယ်။ ဒါပေမဲ့ ထပ်ပြီးတော့ ဖတ်ချင်နေတုန်းပဲ။အကယ်၍ ကျွန်မသာ မဖတ်ရရင် ဒီညတော့ ကျွန်မအိပ်ပျော်မှာ မဟုတ်လောက်ဘူး။ ဒါက အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။
မိုပိုင် : မင်းရဲ့ ဆန္ဒတွေအမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ ငါခံစားနေရတယ်။
ချင်ရွဲ့ : ရှင့်ရဲ့ ကြင်နာတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်။
ချင်ရွဲ့နှင့် ပြောပြီးနောက် လုမိုပိုင်သည် သူ့၏ တုန်ရီနေသောလက်များကို ဆန့်ထုတ်ပြီး ကွန်ပျူတာရှေ့တွင်ထိုင်ခဲ့သည်။
" ချင်ရွဲ့က ဖတ်ချင်ဆိုတော့လည်း ငါက မင်းအတွက်ရေးပေးရမှာပေါ့ …။ "
ထို့နောက် သူသည် စာရိုက်မွန်းစတားတစ်ကောင်အဖြစ် နောက်တစ်ဖန် ပြောင်း၍ သူ့၏လက်ချောင်းများဖြင့် ကီဘုတ်ပေါ်တွင် ကခုန်ခဲ့သည်။
ထို့ကြောင့် နောက်ထပ် စာလုံးရေး 30,000ပါရှိသည့် စကားလုံးသစ်များ ထွက်ပေါ်လာခဲ့သည်။
လူတိုင်းသည် အံ့ဩသွားခဲ့ကြသည်။
" ဒီစာရေးဆရာ ဝမ်လီက အရမ်းအံ့ဩစရာကောင်းတာပဲ။ သူက နောက်ထပ် စာလုံးရေ ၃၀၀၀၀ကို ထပ်ရေးထားတယ်။ "
" စာလုံးရေ၁၀၀,၀၀၀ ၊ သူ့လက်ချောင်းတွေ အကြောမကတ်ကုန်ဘူးလား ? "
" အဓိကအချက်က သူစာရေးတာ အရမ်းမြန်ပြီးတော့ အရမ်းကောင်းတယ်။ "
" အွန်လိုင်းစာပေလောကတစ်ခုလုံးမှာ သူက အသန်မာဆုံးလို့ ငါ ကြေညာတယ်ကွာ ။ "
.
ဒါပေမဲ့လည်း ထိုအချိန်တွင် နောက်ကွယ်ရှိစာရေးဆရာလေး လုမိုပိုင်ကတော့ သူ့အချစ်လေး၏ အသိအမှတ်ပြုမှုကို ခံချင်နေခဲ့သည်။ထို့ကြောင့် သူသည် သူ့၏ဖုန်းကို တုန်ရီနေသောလက်ချောင်းများဖြင့် နောက်တဖန် ကောက်ကိုင်ပြီး သူ့အချစ်လေးစီမှာ ဝီချက်စာတစ်စောင်ကို တွေ့ရှိခဲ့သည်။
ချင်ရွဲ့ : ခစ်ခစ်…။စာေရးဆရာက နောက်ထပ်စာလုံးရေ ၃၀၀၀၀ ထပ်တင်ထားတယ်။ ကျွန်မတို့ ပျော်ရွှင်နိုင်ပြီ။ အရမ်းပျော်တာပဲ ခစ်ခစ်…..။
လုမိုပိုင်သည်လည်း ပျော်ရွှင်လာခဲ့သည်။သူ့၏ ကြိုးစားအားထုတ်မှုတစ်ခုလုံးကလည်း ထိုက်တန်သလို ခံစားခဲ့ရသည်။
ဒါပေမဲ့လည်း အခုချိန်ကတော့ အနားယူရမည့် အချိန်ဖြစ်သည်။မဟုတ်ရင် အလုပ်ဒဏ်ကြောင့် သူသေသွားလိမ့်မည်။
မိုပိုင် : မင်း ပျော်ရွှင်တာကို ငါ ဝမ်းသာပါတယ်။ချင်ရွဲ့ ငါ အခုနားတော့မယ်။ဒါပေမဲ့ ငါမင်းကို ပြောစရာအချို့ရှိတယ် ။
ချင်ရွဲ့ : ဘာပြောမို့လဲ ? ။
မိုပိုင် : ခါးပတ်ကွင်းက တဖြည်းဖြည်း ကျယ်လာေပမဲ့ ငါ နောင်တမရဘူး။ မင်းပျော်ရွှင်ဖို့အတွက်ဆိုရင် ငါက အရာရာပေးဆပ်ဖို့ အဆင့်သင့်ပါပဲ ရီရှောင်ရယ်။
ချင်ရွဲ့ : ):
ထိုနောက် သူသည် သူ့၏ပျော်ရွှင်မှုများနှင့် အချစ်ကိုထွေးပွေ့ရင်း အိပ်မောကျသွားခဲ့သည်။