အခန်း (၁၂၄)
Vol. 9 Ch. 124
စာတင်ရန်အတွက် လင်ပေ့ဖန်၏ ထပ်ခါထပ်ခါ တွန်းအားပေးမှုနောက်ကို လိုက်ရင်း လုမိုပိုင်သည် တစ်ရက်လျှင် စာလုံးရေ ၁၀၀၀၀၀ စီကို နှစ်ရက် ဆက်တိုက် ရေးသားထုတ်ဝေခဲ့သည်။
ရလဒ်အနေဖြင့် ထိုစာအုပ်သည် လူကြိုက်များလာပြီး အမျိုးမျိုးသော ဟာသရုပ်ပြောင်များနှင့် ပျက်လုံးများစွာ ထွက်ပေါ်လာခဲ့သည်။
" ငါဘယ်သူလဲဆိုတာကို မင်းသိလား ?။ ငါက ဂုဏ်သိက္ခာကြီးမားတဲ့ နဂါးဘုရင်ပဲ။ "
" မင်းက မင်းကိုယ်ကိုယ်မင်း နဂါးဘုရင်လို့ ခေါ်ရဲတယ်ပေါ့လေ ။ ကြည့်ရတာ မင်းမှာ အရည်အချင်းအချို့ ရှိပုံရတယ်။ဒါဆိုရင် မင်းရဲ့ အရည်အချင်းတွေက ဘာလဲ ?"
" ငါ ငါ့ရဲ့ မျက်နှာအမူအရာကို ရယ်စရာကောင်းအောင်လို့ လုပ်နိုင်တယ်။ "
" ငါက ဂုဏ်သိက္ခာကြီးမားတဲ့ နဂါးဘုရင်ပဲ ။ မင်း ငါ့ကို အနိုင်ကျင့်ဝံ့တယ်ပေါ့လေ ။ "
" ငါ မင်းကို အနိုင်ကျင့်တယ်ကွာ ၊အဲ့တော့ ဘာဖြစ်လဲ ? "
" တော်လောက်ပြီ ၊ အကယ်၍ မင်းငါ့ကို ဆက်ပြီးတော့ တွန်းအားပေးနေရင် ၊မင်းငါ့ကို တွန်းအားပေးရင်...."
" ငါ မင်းကို တွန်းအားပေးတော့ရော ဘာဖြစ်လဲ ? "
" အကယ်၍ မင်းငါ့ကို နောက်တကြိမ် တွန်းအားပေးရင် ၊ ငါ မင်းရဲ့ ခြေထောက်ကို ဆေးပေးရလိမ့်မယ်။ မင်းရဲ့ ခြေထောက်တွေ ရောင်တဲ့အထိ ငါ ပွတ်တိုက်ပြီးတော့ ဆေးပေးရလိမ့်မယ်။ "
" သုံးနှစ်ဆိုတဲ့ ကာလက ရောက်လာပြီ။ ခြေဆေးမြို့တော်ကနေ နဂါးဘုရင်ကို ကြိုဆိုပါတယ် "
" နဂါးဘုရင် ထွက်လာပြီးတော့ ငါတို့ရဲ့ ခြေထောက်ကို ဆေးပေးပါ "
သူတို့သည် အင်တာနက်ပေါ်တွင် နဂါးဘုရင်ကို ဝိုင်းကစားနေကြသည်။
ထိုအချိန်တွင် တကယ့်နဂါးဘုရင်ကျိုရှင်းသည် လှောင်ပြောင်သရော်မှုများကြောင့် သူ့ရဲ့ ဒေါသကိုတကိုယ်တည်း မြိုသိပ်ထားခဲ့သည်။
ထိုဝတ္ထုကို ရေးသားသည့် စာရေးဆရာသည်လည်း ပို၍ပို၍ ကျော်ကြားလာခဲ့သည်။
သို့သော်လည်းပဲ တစ်ရက်လျှင် စာလုံးရေ 100,000 ကို ရက်အတော်ကြာ ရေးခြင်းက မယုံနိုင်လောက်အောင်ကို အားသွန်ခွန်စိုက် ပြုလုပ်ရတာကြောင့် ပရိုဂရမ်မာ အများစုသည် ထိုအလွန်အကျွံလုပ်ရသော အလုပ်ကြောင့် ရုတ်တရက် သေဆုံးခြင်းမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်တွင် ဝတ္ထုရေးသော စာရေးဆရာလုမိုပိုင်၏ အသိစိတ်သည် ပြိုလဲလုနီးပါးဖြစ်နေပြီး သူ့၏ လက်များကလည်း သူ့အမိန့်ကို မနာခံတော့ပေ။
သို့သော်လည်းပဲ သူသည် လင်ပေ့ဖန်၏ သနားညာတာမှုကင်းမဲ့သော ဖိအားအောက်တွင် စာတင်ရန်အတွက် သူ့၏ အသိစိတ်များကို အလျင်အမြန်စုစည်း၍ ကွန်ပျူတာစားပွဲခုံပေါ်သို့ နောက်တစ်ဖန် တက်လာပြီး သူ့ရဲ့ တုန်ရီနေသောလက်များကို ဆန့်ထုတ်ခဲ့သည်။
ထိုအချိန်တွင် သူ့လက်ထောက်သည် သူ့ လက်ကို အလောတကြီး ဖမ်းဆုပ်ပြီး ပြောခဲ့သည်။
" သူဌေး မင်းဒီထက်ပိုပြီး မရေးနိုင်တော့ဘူး။ အကယ်၍ မင်းဆက်ပြီးတော့ ရေးမယ်ဆိုရင် ဒါက မင်းအသက်ကိုတောင် ဆုံးရှုံးစေနိုင်တယ်။ "
လုမိုပိုင်သည် သူ့၏ နီရဲနေသော မျက်လုံးများဖြင့် ပြန်ပြောခဲ့သည်။
" ငါ့ အတွက် မစိုးရိမ်နဲ့ ။ နောက်ထပ်စာလုံးရေ ၃၀၀၀၀ကို ငါရေးနိုင်သေးတယ်။ အဲ့ဒါပြီးသွားရင် ငါ အနားယူလိုက်မယ်။ "
လက်ထောက်က အသနားခံခဲ့သည်။
" သူဌေး မင်းစာရေးပြီးတော့ ပိုက်ဆံလည်း ရှာတာမဟုတ်ဘူး ။ မင်း ဘာလို့ ဒီလောက်ထိ အရမ်းကြိုးစားနေရတာလဲ ? "
လုမိုပိုင်က ပြန်ပြောခဲ့သည်။
" ငါ မသိဘူး ၊ ဒါက အချစ်ရဲ့ စွမ်းအားကြောင့် ဖြစ်နိုင်တယ်။ "
သူ့ရင်ထဲမှာရှိတဲ့ ချောမောလှပသောပုံရိပ်လေးအကြောင်းကို တွေးမိရင်း သူသည် စိတ်အားတက်ကြွမှုများဖြင့် ပြည့်နှက်လာခဲ့သည်။
' ဒီဘဝမှာတော့ ငါအတိတ်ဘဝတုန်းက မလုပ်နိုင်ခဲ့တဲ့ အရာအားလုံးကို မင်းအတွက် ဖြစ်အောင်လုပ်ပေးမယ်။ "
" ငါ့ခန္ဓာကိုယ်က ငါ့အမိန့်ကို မနာခံတော့ဘူး။ ကျေးဇူးပြုပြီးတော့ ငါ့ကို ကွန်ပျူတာစားပွဲခုံရှေ့ရောက်အောင် ကူညီပေးနိုင်မလား ? ။ ကျေးဇူးတင်ပါတယ် "
နောက်ဆုံးမှာတော့ လက်ထောက်သည် ဒီထပ်ပိုပြီး သည်းမခံနိုင်တော့တာကြောင့် အကြံပြုခဲ့သည်။
" သူဌေး မင်း ဒီအတိုင်း ဆက်သွားလို့ မရနိုင်တော့ဘူး။ ဒါဆိုရင် ဘယ်လိုလဲ ?။ မင်း ငါ့ကို ပြောပြ။ မင်းကိုယ်ငါ ကူပြီးတော့ စာရိုက်ပေးမယ်လေ။ "
လုမိုပိုင်သည် အံ့အားသင့်သွားခဲ့သည်။ထို့နောက် သူသည် သူ့၏ ဦးခေါင်းကို မော့ပြီး ကြည့်၍ ပြောလိုက်သည်။
" မင်း ငါ့ကို စာရိုက်တာမှာ ကူပေးမလို့လား ? "
လက်ထောက်သည် ခေါင်းညိတ်ခဲ့သည်။
" ကျွန်တော်စာရိုက်တာ နည်းနည်းတော့ နှေးလိမ့်မယ်။ ဒါပေမဲ့ ဒါက မင်းကိုယ်ကိုယ်မင်း အပင်ပန်းခံတာထက်တော့ ပိုကောင်းတယ်လေ။ သူဌေးအသစ်နောက်တစ်ယောက်ကို ကျွန်တော်မလိုချင်သေးဘူး။"
" ကောင်းပြီ ၊ အဲ့ဒါဆို ငါ ပြောမယ် မင်းရေး ။ "
ထို့နောက်လက်ထောက်သည် လုမိုပိုင်ကို ဆိုဖာပေါ်တွင် ထိုင်ရန် ကူညီပေးပြီးနောက် သူသည်လည်း ကွန်ပျူတာစားပွဲရှေ့တွင် သူ့ဘာသာသူ ဝင်ထိုင်ခဲ့သည်။
" သူဌေး ၊ ရပြီ ၊ မင်းအခုပြောနိုင်ပြီ "
" သူဌေး ၊ မင်းပြောလို့ရပြီ "
" သူဌေး ၊"
ဒါပေမယ့်လည်း သူဘာမှပြန်မပြောခင်မှာပင် အသံတစ်ခုထွက်လာပြီး လုမိုပိုင်သည် ပြိုလဲကျသွားခဲ့သည်။
" သူဌေး မင်းဘာဖြစ်တာလဲ ? ။ မင်း ငါ့ကို မထားခဲ့ပါနဲ့။ "
ထို့ကြောင့် လက်ထောက်သည် လုမိုပိုင်ကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သည်။ဖုန်းတစ်လုံးသာလျှင် ဆိုဖာပေါ်တွင် ကျန်ရစ်ခဲ့သည်။
ချင်ရွဲ့ : နှစ်နာရီရှိနေပြီ။ အခုထိ စာအသစ်တင်တာမ တွေ့ရသေးဘူး။ ကြည့်ရတာတော့ စာရေးဆရာက သူ့ကတိကို သူ ဖျက်လိုက်ပုံရတယ်။
ချင်ရွဲ့ : ဒီနေ့ စာအသစ်တင်တာက မလုံလောက်သေးဘူး။
ချင်ရွဲ့ : နေ့တစ်ဝက်တောင် ရှိနေပြီ ၊ရှင်ဘာလို့ စာမပြန်သေးတာလဲ ? ။တစ်ခုခုဖြစ်နေလို့လား ? ။
ချင်ရွဲ့ : ကျေးဇူးပြုပြီး ကျွန်မကို ပြန်ပြောပါဦး။
တစ်ခြားတစ်ဖက်တွင် လင်ပေ့ဖန်သည် ခဏကြာ အောင် အကြောင်းပြန်မှုမရှိတဲ့ ဖုန်းကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" ကြည့်ရတာ အဓိကဇာတ်ဆောင်တော့ ရှောသွားပုံရတယ်။ မစိုးရိမ်ပါနဲ့ ။ မင်း ပြန်သက်သာလာတဲ့အခါကျရင် ငါတို့ ဆက်ကစားကျတာပေါ့။ "
ထိုအချိန်တွင် မှော်ကမ္ဘာဆေးဘက်ဆိုင်ရာ နယ်ပယ်၌ အရေးကြီးသော အရာတစ်ခု ဖြစ်ပွားခဲ့သည်။
တောင်ပိုင်းဆေးဘုရင်ဆေးရုံသည် အရေးပေါ်ဆေးပညာဆိုင်ရာဆွေးနွေးပွဲ ကျင်းပရန် မိုဟိုင်မြို့သို့ ကိုယ်စားလှယ်များစေလွှတ်ခဲ့သည်။ထို့ပြင် ဆေးဘက်ဆိုင်ရာအသိပညာဖလှယ်ရန်အတွက်လည်း ဆေးရုံအသီးသီးမှ ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့သည်။
" အဲ့ဒါကို ဆေးဘက်ဆိုင်ရာ ဆွေးနွေးပွဲလို့ သူတို့ခေါ်တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အဲ့ဒါက ပြိုင်ပွဲတစ်ခုပဲ "
" ဆေးဘုရင်ဆေးရုံကို ဆေးဘုရင်ဂူက တည်ထောင်ခဲ့တယ်။ အဲ့ဒီဆေးရုံက ယန်နိုင်ငံမှာ ကာလကြာရှည်စွာတည်ရှိနေတဲ့ တရုတ်ရိုးရာဆေးကျောင်းတစ်ခုပဲ။ပြီးတော့ အဲ့ဒီဆေးရုံက ဆေးဝိဉာဏ်တောင်ကြားလိုပဲ တန်းတူ ကျော်ကြားတယ်။ဒါ့အပြင် သူတို့ရဲ့ ဆေးပညာကလည်း အကောင်းဆုံးဖြစ်ပြီးတော့ သူတို့မှာ ထူးခြားတဲ့ ဆေးပညာဆိုင်ရာ ကုသမှုနည်းလမ်းတွေရှိတယ်။ "
" ဒါပေမဲ့ ဆေးဘုရင်ဆေးရုံက ပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့ တခြားမြို့တွေက ဆရာဝန်တွေနဲ့ ဆေးပညာဆေးနွေးဖို့အတွက် မကြာခဏဆိုသလို ကိုယ်စားလှယ်တွေ စေလွှတ်လေ့ရှိတယ်။တစ်ခုက ဆေးပညာရပ်ဆိုင်ရာ ဖလှယ်မှုတွေအတွက် ဖြစ်တယ် ။နောက်တစ်ခုကတော့ ကျော်ကြားမှုနဲ့ ငွေကြေးဥစ္စာတွေအတွက် ဖြစ်တယ်။ "
" ဒီနှစ်က ကျွန်မတို့ မိုဟိုင်မြို့ ရဲ့ အလှည့်ပဲ။ "
ညစာစားရင်းဖြင့် ဆောင်ယုချင်းက လင်ပေ့ဖန်ကို ထိုကိစ္စရှင်းပြခဲ့သည်။
လင်ပေ့ဖန်သည် ခေါင်းညိတ်ပြခဲ့သည်။
တကယ်တမ်းတော့ ၎င်းက အရေးကြီးသည့် ဇာတ်ကွက်တစ်ခုဖြစ်သည်။
မူရင်းဇာတ်လမ်းတွင်လည်း ဆေးဘုရင်ဆေးရုံသည် ကိုယ်စားလှယ်များကို ဒီအချိန်မှာပဲ စေလွှတ်ခဲ့သည်။
ထိုကိုယ်စားလှယ်များသည် မိုဟိုင်မြို့တွင် သူတို့နှင့် ယှဉ်နိုင်သည့်လူ မရှိဟုထင်တာကြောင့် မောက်မာခဲ့ကြသည်။ထိုအချိန်မှာပဲ အမျိုးသားဇာတ်လိုက်ရှောင်ချန်းသည် ထွက်လာပြီး သူ့၏ ပြောင်မြောက်သော ဆေးပညာစွမ်းရည်များဖြင့် ဆေးဘုရင်ဆေးရုံမှ ကိုယ်စားလှယ်များကို မျက်နှာဖြတ်ရိုက်ခဲ့သည်။
ထို့နေ့တွင် သူသည် ကျော်ကြားလာခဲ့သည်။
အတိတ်ဘဝမှာတုန်းကလည်း သူသည် ထိုနေ့တွင် ထင်ပေါ်ကျော်ကြားလာခဲ့ပြီး မိုဟိုင်မြို့၌ ဟိုးလေးတကျော်ကျော်ဖြစ်လာခဲ့သည်။ ကံမကောင်းစွာဖြင့် သူသည် မကြာခင်မှာပဲ လင်ပေ့ဖန်၏ ဖိနှိပ်ချင်းကို ခံခဲ့ရပြီး သူ့၏ တာအိုနှလုံးသားသည်လည်း ကွဲကြေလုနီးပါးဖြစ်သွားခဲ့သည်။
လင်ပေ့ဖန်က မေးမြန်းလိုက်သည်။
" မင်းတို့ရဲ့ ဆေးရုံကရော ဘာဆက်လုပ်မှာလဲ ? "
ဆောင်ယုချင်းသည် သက်ပြင်းချပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
" ကျွန်မတို့ ဘာလုပ်လို့ ရနိုင်မှာလဲ ? ။ တရုတ်တိုင်းရင်းဆေးပညာမှာ အရမ်းတော်တဲ့ ကျိုးဇီမင်လို လူတစ်ယောက် ကျွန်မတို့ဆေးရုံမှာ ရှိနေသေးတယ်လေ။ ကံမကောင်းချင်တော့ သူက ဟိုကိစ္စကြောင့် ထိန်းသိမ်းထားခံထားရတယ်။ဒါကြောင့် အခုချိန်တော့ ကျပန်းလူတစ်ယောက်ကိုပဲ ကျွန်မတို့စေလွှတ်လို့ရနိုင်တယ်။ကံကောင်းချင်တော့ ကျွန်မတို့ဆေးရုံက အနောက်တိုင်းဆေးပညာကိုပဲ အဓိကထားတာလေ။ ဒါကြောင့် ဒီဆွေးနွေးပွဲက ကျွန်မတို့အပေါ်မှာ အကျိုးသက်ရောက်မှုအများကြီးမရှိလောက်ဘူး။ဒါပေမဲ့ အဲ့ဒီဆွေးနွေးပွဲက တရုတ်တိုင်းရင်းဆေးပညာကို ပဲ အဓိကပြုတဲ့ ဆေးရုံတွေအပေါ်မှာတော့ ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိနိုင်တယ်။သူတို့ရဲ့ အဓိက ပန်းတိုင်ကလည်း လူနာတွေကို တစ်ယောက်စီကနေတစ်ယောက် ခိုးယူဖို့ပဲလေ။ "
" အဲ့ဒီဆွေးနွေးပွဲက ဘယ်အချိန်စမှာလဲ ? ။ ငါလည်း သွားပြီးတော့ တချက်လောက် ကြည့်ကြည့်မယ်။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဒါကို ရှင်လည်း စိတ်ဝင်စားလို့လား ? " ဟု ဆောင်းယုချင်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
" ဟုတ်တယ် "
လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
ဘယ်လိုလုပ်ပြီးေတာ့ ငါက စိတ်မဝင်စားပဲနဲ့ နေလို့ရမှာလဲ…. ?
ဒါက ဇာတ်လမ်းရဲ့ အဓိကဇာတ်ကွက်တစ်ခုပဲလေ။အဓိကဇာတ်လိုက်က ဘယ်လိုလုပ် လွဲချော်လို့ရနိုင်မှာလဲ ? ...။အထူးသဖြင့် အခုချိန်ဆေးရုံမှာ လဲလျောင်းနေတဲ့ ရှောင်ချန်းပဲ….။ သူက အဲ့ဒီဆွေးနွေးပွဲကို ပါဝင်ဖို့အတွက် သေချာပေါက် နည်းလမ်းတစ်ခု ရှာလိမ့်မယ်…။
လင်ပေ့ဖန်မျှော်လင့်ထားသည့်အတိုင်း အရာများက ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် ဆေးရုံ၌လဲလျောင်းနေသော
ရှောင်ချန်းသည် ကြိတ်ပြီးတော့ ကြံစည်နေခဲ့သည်။
" နောက်နှစ်ရက်နေရင် ဆေးဘုရင်ဆေးရုံက သူတို့ရဲ့ ကိုယ်စားလှယ်တွေကို စေလွှတ်လာလိမ့်မယ်။ ဆေးဘုရင်ဆေးရုံက လူတွေက အတော်လေး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆေးကုသမှုတွေက တကယ့်ကို ထူးခြားတယ်။မြန်မြန်ဆန်ဆန်လည်း အကျိုးသက်ရောက်မှုရှိတယ်။ပြီးေတာ့ ငါတို့ရဲ့ ဆေးဝိဉာဏ်တောင်ကြားထက်လည်း မနိမ့်ကျဘူး ။ အကယ်၍ သူတို့ အနားမှာသာ ငါရှိရင် ငါ့ခန္ဓာကိုယ်က ဒဏ်ရာတွေ မြန်မြန် သက်သာလာနိုင်တယ်။ "
" ဒါကြောင့် ဒီဆွေးနွေးပွဲကို ငါ တက်ရောက်ရမယ်။ ငါ့ရဲ့ ဒဏ်ရာတွေသာ ပြန်သက်သာလာရင် လင်ပေ့ဖန်ကို ငါ လက်စားပြန်ချေနိုင်ပြီ။ "
ရှောင်ချန်း၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ထိုအချိန်တွင် သူ့ကို စစ်ဆေးသည့် သူ့ရဲ့ဆရာဝန် ဝင်လာခဲ့သည်။
ရှောင်ချန်းက ပြောလိုက်သည်။
" ဆရာ ၊ နောက်နှစ်ရက်နေရင် မိုဟိုင်မြို့မှာ ဆေးပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်လိမ့်မယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ ဒီဆွေးနွေးပွဲမှာ ဆေးကုသမှု လူနာအနေနဲ့ ကျွန်တော်ပါဝင်လို့ရနိုင်မလား ?။
ဆရာဝန် : ????
တစ်ခြားတစ်ဖက်တွင် လူနာဆောင် ပြောင်းရွှေ့ခံထားရသော ရဲ့ရှင်းချန်သည်လည်း ထိုကဲ့သို့ ကြံစည်နေခဲ့သည်။
" အကယ်၍ ငါမှတ်မိတာသာ မှန်မယ်ဆိုရင် ဆေးပညာရပ်ဆိုင်ရာဆွေးနွေးပွဲတစ်ခုကို နောက်နှစ်ရက်နေရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ ထူးချွန်ထက်မြက်တဲ့ ဆရာဝန်တွေကို စုစည်းပြီး ကျင်းပလိမ့်မယ်။အထူးသဖြင့် ဆေးကုသရာမှာ အရမ်းအစွမ်းထက်တဲ့ ဆေးဘုရင်ဆေးရုံပဲ။ "
" ဒါကြောင့် ဒီဆွေးနွေးပွဲ တက်ရောက်ဖို့ကို ငါ စာရင်းသွင်းရမယ်။ ဒါမှ ငါ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ အမြန်ပြန်ကောင်းလာလိမ့်မယ်။ "
" ဒီနည်းလမ်းကပဲ ငါ လင်ပေ့ဖန်ဘေးနား ပြန်သွားပြီးတော့ အခွင့်အရေးစောင့်နိုင်လိမ့်မယ်။ "
ထို့ကြောင့် သူသည် ဆရာဝန်ကို လျှောက်ထားခဲ့သည်။