← Chapters

အခန်း (၁၂၅)

Vol. 9 Ch. 125

အခန်း (၁၂၅)

Vol. 9 Ch. 125

" အစ်ကိုရှောင် ၊ အစ်ကိုရဲ့ ၊ မင်းတို့ တကယ်ပဲ စိတ်ဆုံးဖြတ်ပြီးပြီလား ? "

" တောင်ပိုင်းဆေးဘုရင်ဆေးရုံရဲ့ ဆေးပညာအဆင့်က မြင့်မားတယ်လို့ ကြားသိရတယ်။ ဒါပေမဲ့ သူတို့ရဲ့ တကယ့်ဆေးပညာအဆင့်ကိုတော့ မစမ်းသပ်ရသေးဘူး။ ဒါကြောင့် စမ်းသပ်မှုမှာ အရင်ဆုံးစမ်းသပ်မှုခံတာက စွန့်စားမှုတော်တော်ကြီးတယ်။ အကယ်၍ ကုသမှုက မ သက်သာရင် နောက်ဆက်တွဲ ရောဂါသစ်တွေ ကျန်ခဲ့လိမ့်မယ်။မင်းတို့ နောက်တစ်ကြိမ်ပြန်စဉ်းစားမယ်လို့ ငါ မျှော်လင့်ပါတယ်။ "

ထိုသို့ဖြင့် အချိန်နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။

ဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ဆေးပညာတက္ကသိုလ်တွင် ဒီနေ့၌ ကျင်းပသည်။

လင်ပေ့ဖန် နှင့် ဝူကောတို့သည် ဆွေးနွေးပွဲကျင်းပရာနေရာစီသို့ ဇာတ်ဆောင်နှစ်ယောက်ကို တစ်ယောက်စီ တွန်းလာခဲ့သည်။

ဝီးချဲပေါ်တွင် ထိုင်နေသော ရှောင်ချန်းသည် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" မစိုးရိမ်ပါနဲ့ ။ ဆေးဘုရင်ဆေးရုံရဲ့ ဆေးပညာကျွမ်းကျင်မှုက အတော်လေး မြင့်မားတယ်။ သူတို့က ဆေးပညာနဲ့ အနှိပ်ပညာကို အသုံးပြုရာမှာ ကျွမ်းကျင်တယ်။ ပြီးတော့ သူတို့မှာ အပြင်ပန်းဒဏ်ရာ နဲ့ အတွင်းဒဏ်ရာတွေကို ကုသရာမှာ ထူးခြားတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ဒါကြောင့် ငါ သူတို့ကို လုံးဝ ယုံကြည်တယ်။ "

တရုတ်တိုင်းရင်းဆေးပညာရဲ့ အခြားရှေးဟောင်းကျောင်းတစ်ကျောင်း၏ တပည့်တစ်ယောက်အနေဖြင့် သူသည် ဆေးဘုရင်ဆေးရုံအကြောင်းကို အတော်လေး သိသည်။

သူတို့သည် ပျောက်ဆုံးလုနီးပါးဖြစ်နေသော ဆေးညွှန်းအမျိုးမျိုး နှင့် တမူထူးခြားသော ဆေးကုသမှုနည်းလမ်းအမျိုးမျိုးကိုလည်း ပိုင်ဆိုင်ထားသည်။ထို့ပြင် ကုသမှု၏ အကျိုးသက်ရောက်မှုရလဒ်ကလည်း အတော်လေးကောင်းသည်။

အကယ်၍ သူတို့၏ ဆေးများကိုသာ အသုံးပြုရပါက သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ဆယ်ရက်မတိုင်ခင်မှာပဲ ပြန်လည်သက်သာလာလိမ့်မည်ဖြစ်သည်။

အကျိုးသက်ရောက်မှုကတော့ အံ့မခန်းဘဲဖြစ်သည်။

ဟုတ်တာပေါ့ ၊သူတို့က ငါ့ရဲ့ဆေးဝိဉာဏ်တောင်ကြားနဲ့တော့ မယှဉ်နိုင်သေးဘူး…။ တခါတရံမှာ ငါတို့က ဆေးဝါးတွေ မသုံးပဲနဲ့တောင် နေမကောင်းမှုအမျိုးမျိုးကို ကုသနိုင်တယ်…။

တစ်ခြားတစ်ဖက်တွင် ဝီးချဲပေါ်ရှိ ရဲ့ရှင်းချန်သည်လည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

" ဆေးဘုရင်ဆေးရုံက အဲ့ဒါကို လုပ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်။ "

အတိတ်ဘဝတုန်းက ဒဏ်ရာများနှင့် နေမကောင်းမှုအများကြီးကို သက်သာပျောက်ကင်းစေသည့် ဆေးဘုရင်ဆေးရုံ၏ အံ့မခန်းကုသမှုများကို သူသည် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။

အထူးသဖြင့် သူတို့၏ ဆက်ခံသူသည် ဒဏ္ဍာရီလာ ဆရာဝန်ဟွာထို နှင့်တူပြီး သူ့ဘေးနားရှိ ရှောင်ချန်းသာလျှင် သူ့ထက် အနည်းငယ်သာလိမ့်မည်ဖြစ်သည်။

ကံဆိုးချင်တော့ ရှောင်ချန်းသည် လက်ရှိ၌ ဆေးရုံတင်ထားရပြီး ဆေးဘုရင်ဆေးရုံကိုသာလျှင် သူသည် အကူအညီတောင်းနိုင်သည်။

သူတို့၏ အကူအညီဖြင့် သူသည် မကြာမီ ပြန်လည်ကျန်းမာလာလိမ့်မည်ဖြစ်သည်။

ငါ့ရဲ့ ဒဏ်ရာတွေ ပြန်သက်သာလာတာနဲ့ ငါ လက်စားပြန်ချေနိုင်ပြီ…။ အဓိကဇာတ်ဆောင်နှစ်ယောက်လုံးသည် ထိုကဲ့သို့ တညီတည်း တွေးခဲ့ကြသည်။

" ကောင်းပြီလေ ၊မင်းတို့က စိတ်ဆုံးဖြတ်ပြီးပြီဆိုတော့ ငါလည်း မင်းတို့ကို မဖျောင်းဖျတော့ဘူး…။ "

လင်ပေ့ဖန်သည် သက်ပြင်းချ၍ ပြောလိုက်သည်။

" ဆေးဘုရင်ဆေးရုံက မင်းတို့ပြောသလို တကယ်ပဲ အံ့အားသင့်ဖွယ်ကောင်းလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဒါမှ မင်းတို့မကြာခင် ပြန်သက်သာလာနိုင်မှာ။ အစ်ကိုဝူ မင်းရော ဘယ်လိုထင်လဲ ? "

" အင်း ၊မှန်တယ် "

ဝူကောသည် လျင်မြန်စွာဖြင့် ခေါင်းညိတ်လိုက်သောလည်း အလေးအနက်မထားခဲ့ပေ။

' မင်းတို့ ပြန်သက်သာလာမှာလား "

' မဖြစ်နိုင်ဘူး '

' ရှောင်ချန်းလို လူက ငါ့ကို မချိန်းခြောက်နိုင်ဘူး။ ဒါကြောင့် မင်းကို ပြန်သက်သာလာခွင့်ပြုမယ်။ ဒါပေမဲ့ လက်ရှိမှာ ရဲ့ရှင်းချန်က လင်ပေ့ဖန်ရဲ့ ညာလက်ရုံးပဲ။ပြီးတော့ သူက ရက်အနည်းငယ်ထဲနဲ့ ပိုက်ဆံဘီလီယံအများကြီးကို လင်ပေ့ဖန်ကို ကူရှာပေးခဲ့တယ်။ အကယ်၍ ငါသာ သူ့ကို ပြန်သက်သာလာခွင့်ပြုလိုက်ရင် လင်ပေ့ဖန်က ပိုပြီးတော့ လျင်လျင်မြန်မြန်နဲ့ တိုးတက်လာလိမ့်မယ်။ '

' ဒါဆိုရင် ငါဘယ်လိုလုပ် လက်စားချေလို့ ရတော့မှာလဲ …?'

' ပြီးတော့ သူ့ရဲ့ရာထူးက ငါ့ရဲ့နေရာကို ချိန်းခြောက်နိုင်တယ်။ ဒါက အရာအများကြီးကို ကိုင်တွယ်ရတာ ခက်ခဲစေလိမ့်မယ်။ '

' ဒါကြောင့်သူ ပြန်ကောင်းလာတာကို တားဆီးဖို့ ငါ နည်းလမ်းရှာရမယ်။ '

ထိုအတွေးဖြင့် ဝူကောသည် ဝီးချဲကို တိတ်တိတ်ကလေးကန်ခဲ့ရာ ဝီးချဲကို လှုပ်ရမ်းစေခဲ့သည်။

ဝီးချဲပေါ်တွင်ထိုင်နေသော ရဲ့ရှင်းချန်သည် နာကျင်တာကြောင့် မျက်နှာကြီးရှုံ့မဲ့စွာဖြင့် မေးခဲ့သည်။

" ဘာဖြစ်တာလဲ ? ။ ဘာလို့ ဝီးချဲက အရမ်းလှုပ်ရမ်းနေရတာလဲ ? "

" ကြည့်ရတာ ဝီးချဲရဲ့ ဘီးတစ်ဖက်ကျိုးသွားတာထင်တာ "

" သေစမ်း ! ဘာလို့ ဒီအချိန်မှ ကျိုးရတာလဲ ? ။ ငါတို့ ပြန်လဲလို့ ရနိုင်လား ? "

" ငါတို့ ပြန်လဲနိုင်တယ်။ ဒါပေမဲ့ ငါတို့ ဆွေးနွေးပွဲကို အချိန်မမှီမှာတော့ ငါ ကြောက်တယ်။ "

" ကောင်းပြီလေ ၊ ဒါဆိုရင်လည်း ဖြေးဖြေးတွန်းဦး။ ဒါက တကယ့်ကို နာကျင်လွန်းတယ်။ "

" ငါအကောင်းဆုံးတွန်းပေးပါ့မယ် "

ရလဒ်အနေဖြင့် သူတို့လေးယောက်သည် နောက်ဆုံးမှာတော့ ဆေးတက္ကသိုလ်၏ ဆေးနွေးပွဲကျင်းပရာခန်းမဆောင်သို့ ရောက်ရှိခဲ့ကြသည်။သူတို့ရောက်ရှိချိန်တွင် ဆွေးနွေးပွဲကတော့ မစတင်ရသေးပေ။

လူများက သူ့အုပ်စုနှင့် သူ စုဝေးနေကြသည်။

" တစ်ယောက်ယောက်က ငါ့ကို ခေါ်နေတယ်။ ငါ ခဏသွားလိုက်ဦးမယ်။ "ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် သူတို့ချန်ထားခဲ့သည်။

အဓိကဇာတ်ဆောင်နှစ်ယောက်သည် မနေနိုင်ပဲနဲ့

လင်ပေ့ဖန်ဦးတည်ရာစီသို့ လှည့်ကြည့်လိုက်ချိန်တွင် သူတို့၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။

ဘာကြောင့်လဲဆိုတော့ လင်ပေ့ဖန် ပြောခဲ့တဲ့ သူငယ်ချင်းက တစ်ခြားလူမဟုတ်ပဲနဲ့ သူတို့နှစ်ယောက်၏ အချစ်လေးဖြစ်သော မိုဟိုင်မြို့၏ ရွှေပန်းပွင့်လေးနှစ်ပွင့်ဖြစ်တဲ့ ဆောင်ယုချင်း နှင့် ချူရိုရွယ် ဖြစ်နေတာကြောင့်ဖြစ်သည်။

ထို့ပြင် သူမတို့နှစ်ယောက် အတူတကွမတ်တပ်ရပ်နေတာကလည်း ရင်သပ်ရှုမောဖွယ်ကောင်းပြီး ခန်းမတစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေခဲ့သည်။

ထိုအချိန်တွင် သူမတို့နှစ်ယောက်သည် လင်ပေ့ဖန်ကို ပျော်ရွှင်စွာဖြင့် လက်ဝှေ့ယမ်း၍ နှုတ်ဆက်ခဲ့သည်။

" မင်း ဘာလို့ ဒီကိုလာတာလဲ ? "

လင်ပေ့ဖန်သည် ချူရိုရွယ်ကို အရင်ဆုံး ကြည့်ပြီး ပြောလိုက်သည်။

သူသည် သူမ ဘာလို့ ဒီကို ရောက်လာတာလဲဆိုတာကို နားမလည်နိုင်ပေ။

သူမ၏ လုပ်ငန်းက ဆေးဘက်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲနှင့် ဘာမှ မသက်ဆိုင်ပေ။

" မကြာသေးခင်က ကျွန်မရဲ့ အဖိုး နေမကောင်းဖြစ်ပြီးတော့ သူ ဆက်ဖျားနေတုန်းပဲ။ ဆေးဘုရင်ဆေးရုံက ကိုယ်စားလှယ်တွေ ဒီကို လာမယ်လို့ ကျွန်မကြားမိတယ်။ ဒါကြောင့် သူတို့မှာ ဘာအစွမ်းအစရှိလဲဆိုတာကို ကျွန်မကြည့်ချင်လို့ ဒီကို လာခဲ့တာ။ " ဟု ချူရိုရွယ် သက်ပြင်းချပြီး ပြောခဲ့သည်။

သူမ၏ မျက်ခုံးနှစ်ဖက်ကြားတွင်လည်း စိုးရိမ်မှုအရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

" မင်းရဲ့ အဖိုးခံစားနေရတဲ့ ရောဂါက လူကြီးရောဂါဖြစ်လိမ့်မယ်။ဒါက အသက်အရွယ်ကြီးတဲ့လူတွေအတွက် ပုံမှန်ပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ် လုပ်ဆောင်ချက်တွေ ကျဆင်းလာလို့ ဖြစ်တာ ။ မင်းတို့ သူ့ကို ကောင်းကောင်းဂရုစိုက်ေပးဖို့ပဲ လိုအပ်တယ်။ ဒါကြောင့် အလွန်အကျွံကုသမှုတွေက အကူအညီမဖြစ်ဘူး။ "ဟု လင်ပေ့ဖန်က ရှင်းပြခဲ့သည်။

" ကျွန်မ ဒါကို နားလည်ပါတယ်။ဒါပေမဲ့ ကျွန်မ ဒီအတိုင်းတော့ လွှတ်မထားနိုင်ဘူး။ "

ချူရိုရွယ်သည် သက်ပြင်းချပြီး လင်ပေ့ဖန်၏နောက်ရှိ မံမီနှစ်ယောက်ကို တချက်ကြည့်လိုက်သည်။

" ဘာလို့ ရဲ့နာမည်နဲ့လူက ဒီကို လာခဲ့တာလဲ ? "

သူမသည် စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်ကို အရမ်းမုန်းတီးတာကြောင့် သူ့၏ နာမည်ကိုတောင်မှ မပြောချင်ခဲ့ပေ။

" သူတို့က ဒီဆွေးနွေးပွဲမှာ စမ်းသပ်ခံလူနာအနေနဲ့ ပါဝင်ဆင်နွှဲဖို့ လက်မှတ်ထိုးထားတယ်။ ငါ စိတ်မချလို့ သူတို့ကို ဒီကို ငါကိုယ်တိုင် ခေါ်လာခဲ့တာ။ "

ချူရိုရွယ်သည် သရော်ပြီး ပြောလိုက်သည်။

" ဘာလို့ သူတို့ကို ဒီအတိုင်း မလွှတ်ထားလိုက်တာလဲ ? "

" ကျွန်မလည်း ရှင် အဲ့လို လုပ်ဖို့ မလိုအပ်တော့ဘူးလို့ထင်တယ်။ "

ဆောင်ယုချင်းသည်လည်း မနေနိုင်ပဲနဲ့ ပြောလိုက်သည်။

" ရှောင်ဖန် ၊ ရှင်က အရမ်းပဲ ရက်ရောလွန်းတယ်။ ပြီးခဲ့တဲ့ ရက်တွေတုန်းက ရှင် ပိုက်ဆံစိုက်ပေးပြီးတော့ သူတို့ကို ဂရုစိုက်ပေးတာက လုံလောက်ပြီေလ။ ရှောင်ချန်းကို သူ့ဘာသာသူ ဒီအတိုင်းပဲ လွှတ်ထားလိုက်တော့။ သူက အရွယ်ရောက်နေတဲ့ ယောကျာ်းတစ်ယောက်ပဲ။ သူ့ကိုယ်ကိုယ်သူ ဂရုစိုက်လိမ့်မယ်။ "

လင်ပေ့ဖန်က သက်ပြင်းချပြီး ပြောလိုက်သည်။

" ဟင်…. ၊ ငါ မစိုးရိမ်ပဲနဲ့ မနေနိုင်ဘူး။ သူတို့အကုန်လုံးက ငါချစ်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေလေ။ "

အမျိုးသမီးနှစ်ယောက်သည် တုန်လှုပ်သွားခဲ့သည်။

" ရှင်ကြီးက အရမ်းကြင်နာလွန်းတာပဲ "

လင်ပေ့ဖန်သည် လေးလေးနက်နက် ခေါင်းညိတ်ခဲ့သည်။

' ငါလေးက ရိုးသားပြီး ကြင်နာတတ်တဲ့ သာမန်ဗီလိန်လေးတစ်ယောက်ပါပဲ '(အံမယ် လူရိုးလေးဆိုပဲ )

သူတို့နှင့် မနီးမဝေးတွင် သူတို့ စကားပြောရင်း ရင်းရင်းနှီးနှီး ရယ်မောနေတာကို ကြည့်ပြီး အဓိကဇာတ်လိုက်နှစ်ယောက်သည် ဦးထုပ်စိမ်းဆောင်းခံရသလို ခံစားခဲ့ရသည်။

' မအေမွေးလင်ပေ့ဖန် မင်းက လူယုတ်မာပဲ ။ မင်းက ငါ့အမျိုးသမီးကို ထပ်ပြီးတော့ လုယက်ခဲ့

တယ်ေပါ့ေလ။ '

' ငါလေး မြန်မြန် သက်သာဖို့ လိုအပ်တယ်။ဒါမှမဟုတ်ရင် ဦးထုပ်စိမ်းကို ငါလေး နောက်တစ်ကြိမ်ထပ်ဆောင်းရလိမ့်မယ်။ '

ဒါပေမဲ့လည်း ထိုအချိန်တွင် သူတို့၏ နှလုံးများက ခပ်ကြမ်းကြမ်းတုန်ခါသွားခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်များကလည်း နာကျင်လာခဲ့သည်။

" သေစမ်း ၊ "

"အု့ ! နာတာ ၊ ဘာဖြစ်လို့ ဒီလောက်နာရတာလဲ ? "

သူတို့၏ အနောက်ဘက်တွင် ရပ်နေသောဝူကောက တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်သည်။

" အို့ ၊တောင်းပန်ပါတယ် ၊ ငါဝီးချဲကို မြဲအောင် မကိုင်ထားမိလိုက်ဘူး။ "

ရှောင်ချန်း နှင့် ရဲ့ရှင်းချန်၏ မျက်နှာအမူအရာက မဲမှောင်သွားခဲ့သည်။

သိပ်မကြာခင်မှာပဲ ဆေးဘက်ဆိုင်ရာဆွေးနွေးဖလှယ်ပွဲကို စတင်ခဲ့သည်။

ကျော်ကြားသောဆရာဝန်များသည် စင်မြင့်ထက်သို့ တက်၍ သူတို့၏ ဆေးဘက်ဆိုင်ရာ အခြေခံ အသိပညာများကို အကျဉ်းချုံ့ ရှင်းပြပြီး ပရိတ်သတ်များထံမှ လက်ခုပ်ဩဘာများကို ရယူခဲ့ကြသည်။

နောက်ဆုံးမှာတော့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းဖြစ်သည့် ပြိုင်ပွဲအတွက် အချိန်ပဲ ဖြစ်သည်။

ထိုအချိန်တွင် မာနကြီးသောအမူအရာဖြင့် လူငယ်ဆရာဝန်တစ်ယောက်က ပြောခဲ့သည်။

" ကျွန်တော်က ဆေးဘုရင်ဆေးရုံက ဒီကို စေလွှတ်လာခဲ့တဲ့ ကိုယ်စားလှယ်တွေထဲကတစ်ယောက်ပဲ ။ ကျွန်တော့ရဲ့ နာမည်က ဝမ်စီချွမ်၊ ကျွန်တော်ငယ်ငယ်လေးတည်းက ဆေးဘုရင်ဆေးရုံရဲ့ ဆေးပညာကျွမ်းကျင်မှုတွေကို လေ့လာသင်ယူခွင့်ရခဲ့တယ်။ ဒါကြောင့် လူနာတွေကြားထဲက ဘယ်သူကများ ကျွန်တော့်ကို ပေး ကြည့်စေချင်ပါသလဲ ? "

" ငါ "

"ငါ "

ရှောင်ချန်း နှင့် ရဲ့ရှင်းချန်တို့နှစ်ယောက်လုံးသည် စိတ်အားထက်သန်စွာဖြင့် သူတို့၏လက်များကိုမြှောက်ခဲ့ကြသည်။

ပရိသတ်များက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

" ဝါး ၊ သူတို့က အရမ်းစိတ်အားထက်သန်တာပဲ "

" ဒီဆရာဝန်လေးက အသက်အရမ်းငယ်တော့ သူ့မှာ အတွေ့အကြုံမရှိမှာကို သူတို့ မကြောက်ဘူးလား ? "

" ဘယ်သူသိမလဲ ? "

ဝမ်စီချွမ်တောင်မှ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူ့ကို ဒီလောက်ထိ မျက်နှာသာပေးလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် သူသည် သူ့၏ ဆေးပညာစွမ်းရည်ကိုတောင်မှ မပြသခဲ့ရသေးသည့် အမည်မသိဆရာဝန်တစ်ယောက်မျှသာ ဖြစ်သည်။

ဒါကြောင့် သူ့အပေါ် လူတွေက ဘယ်လိုလုပ် ဒီလောက်ထိမြင့်များတဲ့ မျှော်လင့်ချက်တွေ ရှိနိုင်ရမှာလဲ …?

ဝမ်စီချွမ်သည် သူ့ကိုယ်ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" မင်းတို့နှစ်ယောက်ရဲ့ ယုံကြည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လူနာတစ်ယောက်ကိုသာ ငါအရင်ကြည့်ပေးနိုင်တယ်။ ဘယ်သူ့ကို အရင်ကြည့်ပေးစေချင်လဲ ? "

" ကျွန်တော့်ကို အရင်ကြည့်ပေးပါ "

" ကျွန်တော့်ကို အရင်ကြည့်ပေးပါ "

နောက်တစ်ကြိမ် ရှောင်ချန်းနှင့် ရဲ့ရှင်းချန်တို့နှစ်ယောက်စလုံးသည် သူတို့၏ လက်များကို စိတ်အားထက်သန်စွာဖြင့် အရင်ဆုံးမြှောက်ခဲ့ကြသည်။

All Chapters