← Chapters

အခန်း (၁၂၆)

Vol. 9 Ch. 126

အခန်း (၁၂၆)

Vol. 9 Ch. 126

" ဝါး ၊ သူတို့က အရမ်းစိတ်အားထက်သန်နေတုန်းပဲ "

" သူက နာမည်ကြီးဆရာဝန်တစ်ယောက်များ ဖြစ်နိုင်မလား ? "

ပရိတ်သတ်များသည် နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့သည်။

အဓိကဇာတ်ဆောင်နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်ခဲ့ကြပြီး သူတို့၏ မျက်လုံးထဲတွင်တော့ ပြင်းထန်သည့် မီးတောက်များဖြင့် တောက်လောင်နေခဲ့သည်။

ရှောင်ချန်းက အရင်ဆုံး စကားစပြောခဲ့သည်။

" ငါ့ကို အရင်သွားခွင့်ပေး။ မင်းရဲ့ဒဏ်ရာက ပြင်းထန်လွန်းတယ်။ ဒါကြောင့် မင်း အရင်ဆုံး စစ်ဆေးမှုခံတာက မသင့်တော်ဘူး။ "

ရဲ့ရှင်းချန်က ပြန်လည်ချေပခဲ့သည်။

" မင်းပြောခဲ့သလို ငါ့ရဲ့ ဒဏ်ရာက ပြင်းထန်တယ်။ ပြီးတော့ ငါက အပြင်းအထန်ဒဏ်ရာရနေတဲ့ လူနာတစ်ယောက်ပဲ။ ဒါကြောင့် ငါက အရင်ဆုံး စစ်ဆေးမှုခံသင့်တာမဟုတ်ဘူးလား ? "

ရှောင်ချန်းက ထပ်ပြောခဲ့သည်။

" မင်းက ကိုယ်ခံပညာတတ်မြောက်တဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ဒီလောက် နာကျင်မှုသေးသေးလေးကိုတောင် မင်း သည်းမခံနိုင်ဘူးလား ? "

ရဲ့ရှင်းချန်က ပြန်ပြီးတော့ မေးမြန်းခဲ့သည်။

" ကိုယ်ခံပညာတတ်မြောက်တဲ့သူကရော နာကျင်တာကို မကြောက်ရဘူးလား ? "

သူတို့နှစ်ယောက်သည် စတင်ပြီးတော့ စကားများခဲ့သည်။

အစတုန်းက ထိုကိစ္စသည် ဘယ်သူအရင်ဆုံးသွားမလဲဆိုသည့် အသေးအဖွဲ့ကိစ္စမျှသာဖြစ်သည်။

ဒါပေမဲ့လည်း တစ်ခြားလူက လင်ပေ့ဖန်နှင့် ရင်းနှီးသည်ဟု သူတို့တွေးမိသောအခါတွင် သူတို့နှစ်ယောက်စလုံးသည် မပျော်မရွှင်ဖြစ်တာကြောင့် အချင်းချင်းရန်ဖြစ်ခဲ့ကြသည်။

အဆုံးမှာတော့ ဝမ်စီချွမ်က ဒဏ်ရာသိပ်မပြင်းထန်သော ရှောင်ချန်းကို အရင်ဆုံးကုသပေးရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက်သူသည် ဆေးစစ်တမ်းကိုေတာင် မဖတ်ပဲနဲ့ ရှောင်ချန်း၏ ပျှမ်းမျှအခြေအနေကို ကောက်ချက်ချခဲ့သည်။

" မင်းရဲ့ နံရိုးသုံးချောင်းက ကျိုးနေတယ်။ ကျိုးသွားတာကိုကြည့်ပြီး မှန်းဆရရင် ၊လေးလံတဲ့အရာဝတ္ထုတစ်ခုနဲ့ ဖိမိပြီးတော့ ကျိုးသွားတာဖြစ်လိမ့်မယ်။ ပြီးတော့ ဒီဒဏ်ရာတွေက ဒုတိယအကြိမ်မြောက်ဖြစ်လို့ မင်းရဲ့ဒဏ်ရာ ပြန်လည်သက်သာနှုန်းက နှေးကွေးသွားလိမ့်မယ် "

ရှောင်ချန်းတောင်မှ သူ့ပြိုင်ဘက်ဟောင်း၏ စွမ်းရည်ကို ချီးကျူးရမည်ဖြစ်သည်။

" ဒေါက်တာဝမ် ၊ ဘာကုသနည်းက အကောင်းဆုံးဖြစ်မယ်လို့ မင်းထင်လဲ ? "

" မင်းရဲ့နံရိုးတွေက သာမန်အားဖြင့် ပြန်ဆက်နေပြီးတော့ ဖြည်းဖြည်းချင်း ပြန်သက်သာလာနေပြီ။ ဒါကြောင့် ပြန်ဆက်ပေးဖို့ မလိုတော့ဘူး။ ငါပေးမဲ့ ကူုသရေးအစီအစဉ်က ဒီလိုပဲ။ "

" ငါက ဆေးဘုရင် ဆေးရုံရဲ့ လိမ်းဆေးကို မင်းရဲ့ အပြင်ပန်းဒဏ်ရာတွေမှာ လိမ်းပေးပြီးတော့ ဆေးအာနိသင်ကို စုပ်ယူလို့ရအောင် နှိပ်ပေးမယ်။ပြီးတော့……...ဘာညာသရကာ ၊နေကြာကွာစိ၊တောင်ကြီးပဲလှော် …" ဝမ်စီချွမ်သည် သူ့ရဲ့အစီအစဉ်ကို အရှည်ကြီးရှင်းပြခဲ့သည်။

ရှောင်ချန်းသည် ဝမ်စီချွမ်ရှင်းပြနေချိန်တွင် မနေနိုင်ပဲနဲ့ ကြားဖြတ်ပြီး စကားပြောခဲ့သည်။

" ဒေါက်တာဝမ် ၊ ဒီလိုအခြေအနေမျိုးမှာ ရုံဂွမ်အပ်စိုက်မှတ် ၊ ယင်ထန်းအပ်စိုက်မှတ်နဲ့ တစ်ခြားသွေးလည်ပတ်မှုကောင်းစေနိုင်တဲ့ အပ်စိုက်မှတ်တွေကို အပ်စိုက်ကုထုံးသုံးပြီးတော့ ပြန်လည်သက်သာလာအောင် လှုံ့ဆော်ပေးနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ "

" မင်းက ဆရာဝန်လား ၊ ငါက ဆရာဝန်လား ?။ " ဝမ်စီချွမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" ဟီးဟီး ၊မင်းက ဆရာဝန်ပါ " ဟု ရှောင်ချန်းသည် ပြုံးပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောခဲ့သည်။

" ငါက ဆရာဝန်ဆိုတည်းက မင်း ငါရဲ့ ညွှန်ကြားမှုကို နားထောင်ရမယ်။ " ဟု ဝမ်စီချွမ်က မာနကြီးစွာဖြင့် ပြောလိုက်သည်။

" ဟုတ်ကဲ့ " ရှောင်ချန်းသည် သူ့၏ ဦးခေါင်းကို နှိမ့်ပြီး ပြောခဲ့သည်။

စိတ်ထဲတွင်တော့ သူသည် တစ်မျိုးတွေးနေခဲ့သည်။

' ဒီဂျူနီယာက ဘယ်ကလာတဲ့သတ္တိနဲ့ လာမောက်မာပြနေတာလဲ …?။ အကယ်၍ လက်ရှိအခြေအနေကြောင့် ငါ့ရဲ့ဒဏ်ရာတွေကို ငါကိုယ်တိုင်မကုသနိုင်လို့သာမဟုတ်ရင် မင်းမှာ ဒီလိုပြသဖို့ အခွင့်အရေးတောင်ရှိမှာမဟုတ်ဘူး။ ငါပြန်ကောင်းလာတဲ့အခါကျရင် ဒီဘုရင်ရဲ့ လှည့်ကွက်တွေ ဘယ်လောက်များများရှိတယ်ဆိုတာ မင်းကိုငါ ပြပေးမယ်။ '

ထို့နောက်ဝမ်စီချွမ်သည် ရှောင်ချန်း၏ ဆေးကို ပြောင်းလဲပြီး ရိုးရှင်းသော နှိပ်နည်းတစ်ခုဖြင့် ဆောင်ရွက်ခဲ့သည်။

" ငါ့ရဲ့ ဒီကျောက်စိမ်းခရမ်းနုရောင်လိမ်းဆေးကိုလိမ်းပြီးသွားတိုင်း ငါခုနတုန်းက နှိပ်ခဲ့သလိုမျိုး သူနာပြုဆရာမတွေကို နှိပ်ခိုင်းလိုက်။ တစ်လခွဲအတွင်းမှာ မင်းရဲ့နောက်ေကျာက ပုံမှန်ပြန်ဖြစ်လာလိမ့်မယ် ။ " ဟု ဝမ်စီချွမ်က ဝင့်ကြွားစွာဖြင့် ပြောခဲ့သည်။

နံရိုးကျိုးပြီးနောက် ရက်တစ်ရာအတွင်းမှာ ပြန်လည်သက်သာနိုင်တာက ကောင်းမွန်သည်ဟု ယူဆရမည်ဖြစ်သည်။ထို့ပြင် သူသည် မူရင်းကြာချိန်ကို အချိန် တစ်ဝက်ကျော်လျော့နည်းအောင် စီစဉ်နိုင်ခဲ့သည့်အတွက် သူ့ကိုယ်ကိုယ်သူ ဂုဏ်ယူတာက ဖြစ်သင့်သည်။

သို့သော်လည်းပဲ ရှောင်ချန်းသည် အနည်းငယ်မကျေနပ်နေတုန်းပဲဖြစ်သည်။

" တစ်လခွဲက အရမ်းပဲနှေးလွန်းတယ်။ ဆေးဘုရင်ဆေးရုံမှာ အရမ်းကောင်းမွန်တဲ့ ဆေးပညာကျွမ်းကျင်မှုတွေ နဲ့ ဖျားနာမှုအများကြီးကို ကုသရာမှာ သိသိသာသာသက်ရောက် စေနိုင်တဲ့ ဆေးဝါးတွေ မင်းတို့မှာ ရှိမယ်လို့ ငါက ထင်ခဲ့တာ ။ ဒါပေမဲ့ အခုတော့ ကြည့်ရတာ အဲ့ဒါတွေက ဂုဏ်သတင်းအမှားတွေပဲ ထင်ပါတယ်လေ။ "

" ငါတို့မှာ မင်းရဲ့ဒဏ်ရာတွေကို အမြန်ပြန်သက်သာလာနိုင်မဲ့ နည်းလမ်းတစ်ခုရှိတယ်။ "

ဝမ်စီချွမ်သည် သူ့၏မျက်မှန်ကို ပင့်တင့်လိုက်ပြီး အေးအေးဆေးဆေးဖြင့် ပြန်ပြောခဲ့သည်။

" ဒါပေမဲ့ တိုးတက်မှုအနည်းငယ်တိုင်းအတွက်တော့ သက်ဆိုင်တဲ့ ကုန်ကျစရိတ်တစ်ခုစီရှိတယ်။မင်းရဲ့ ဒဏ်ရာတွေကို မင်း အမြန်သက်သာစေချင်ရင် ငါတို့ ဆေးရုံရဲ့ ထူးခြားတဲ့လျှို့ဝှက်ကုသမှုနည်းလမ်းကို မင်း အသုံးပြုရလိမ့်မယ်။ အဲ့ဒီကုသမှုနည်းလမ်းက အရမ်းပဲ ဈေးကြီးတယ်။ အဲ့ဒါကို ပြုလုပ်ဖို့အတွက် အလေ့ကျပေါက်တဲ့ ဆေးပင်အမျိုးအစားပေါင်း တစ်ရာကျော်လိုအပ်တယ်။ အချို့ဆေးပင် တွေဆိုရင် အတော်လေးရှားပါးလွန်းတယ်။ မင်း အဲ့ဒါကိုတတ်နိုင်လား ? "

" ဘယ်လောက်ဈေးကြီးလဲ ? "

ရှောင်ချန်းသည် မျက်မှောင်ကြုတ်ပြီး မေးခဲ့သည်။

" သုံးသန်း "

ရှောင်ချန်းသည် ခဏတာ အသက်ခပ်ပြင်းပြင်းရှူလိုက်သည်။

သူသည် တောင်ပေါ်ကဆင်းပြီးနောက် သိပ်မကြာခင်မှာပဲ လင်ပေ့ဖန်ကို လက်စားချေဖို့ ရှာခဲ့သည်။

ထို့နောက်သူသည် ဆေးရုံတွင် လှဲလျောင်းနေရတာကြောင့် ပိုက်ဆံရှာဖို့ အခွင့်အရေးမရှိခဲ့ပေ။ထို့ပြင် သူစားသောက်သမျှအရာရာတိုင်းကိုလည်း လင်ပေ့ဖန်က ကြိုတင်ငွေပေးချေထားခဲ့သည်။

အခုတော့ သူ့မှာ ဆေးဖိုးပေးဖို့အတွက် ပိုက်ဆံမရှိပေ။

" ကျွန်တော် ပြန်သက်သာလာတဲ့အခါကျမှ ကျွန်တော်ပေးလို့ရမလား ? "

" ငါ အဲ့ဒီလို စကားမျိုးကို အကြိမ်ပေါင်းများစွာ ကြားဖူးခဲ့ပြီးပြီ။ "ဟု ဝမ်စီချွမ်က စိတ်မရှည်စွာဖြင့် ပြန်ပြောခဲ့သည်။

" ဒါပေမဲ့ လူနာတွေက သူတို့ပြန်သက်သာလာတဲ့အချိန်တိုင်းမှာ သူတို့က ပျောက်ပျောက်သွားကြတယ်။ပြီးတော့ သူတို့က ဆုံးရှုံးမှုတွေအကုန်လုံးကို ငါတို့နဲ့ပဲ အတူတူထားခဲ့ကြတယ်။ ငါမင်းကို ကျောက်စိမ်းခရမ်းနုရောင်လိမ်းဆေးပေးပြီးတော့ အခမဲ့ကုသပေးပြီးသွားပြီ။ မင်းရဲ့ ကံကောင်းမှုကို မတွန်းလှန်ချင်စမ်းပါနဲ့ ။ "

ထိုအချိန်တွင် ရဲ့ရှင်းချန်သည် ဝံ့ကြွားစွာဖြင့် သူ့၏ ဘဏ်ကဒ်ကို မြှောက်ပြီး ပြောခဲ့သည်။

" ဒေါက်တာ ၊ ဒီကဒ်ထဲမှာ ပိုက်ဆံယွမ်သန်းဆယ်ဂဏန်းရှိတယ်။ ကျွန်တော့်ကို အကောင်းဆုံးဆေးဝါး တွေနဲ့ အကောင်းဆုံးကုသမှုတွေ ပေးပါ။ "

" ကောင်းပြီ ၊မစ္စတာရဲ့ " ဟု ဝမ်စီချွမ်က အပြုံးဖြင့် ပြောခဲ့သည်။

သူတို့၏ ဆေးဘုရင်ဆေးရုံသည် ထိုကဲ့သို့ အိတ်ဖောင်းသောလူနာမျိုးကို အနှစ်သက်ဆုံးပဲဖြစ်သည်။

ရှောင်ချန်းသည် အတော်လေးနစ်နာသလို ခံစားခဲ့ရသည်။

နတ်ဆေးဆရာဝန်တစ်ယောက်အနေနဲ့ သူက ဘယ်အချိန်တုန်းက ဒီလောက်ထိ မှားယွင်းခဲ့ဖူးတာလဲ …?

အတိတ်ဘဝမှာတုန်းက သူသည် လင့်ပေ့ဖန်၏ လက်ထဲ၌သာ ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။

လင်ပေ့ဖန်အကြောင်းကို တွေးမိပြီး သူသည် လင်ပေ့ဖန်ကို လှည့်ကြည့်၍ တောင်းဆိုခဲ့သည်။

" ဘော့စ်လင် ၊ မင်း ငါ့ကို ယွမ်သုံးသန်းချေးပေးနိုင်မလား ? ။ မစိုးရိမ်ပါနဲ့ ။ ကျွန်တော် ပြန်သက်သာလာတာနဲ့ အမြန်ပြန်ပေးပါ့မယ်။ "

" ရတာပေါ့ ၊ ငါတို့က ညီအစ်ကိုတွေပဲဥစ္စာ။ ဘယ်သူက တစ်ယောက်နဲ့ တစ်ယောက် မကူညီပဲနဲ့ နေနိုင်မှာလဲ ? ။ "ဟု လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

ရှောင်ချန်းသည် အလွန်ပျော်ရွှင်သွားခဲ့သည်။

" ကျေးဇူးတင်ပါတယ်။ "

ထိုအချိန်တွင် သူသည် အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။

ဒီဘဝမှာတော့ လင်ပေ့ဖန်က သူ့ကို အရမ်းပဲ ဂရုစိုက်ပြီး ပိုက်ဆံလည်း ထောက်ပံ့ပေး၍ သူတို့အချင်းချင်းမရင်းနှီးပဲနဲ့တောင် ကူညီပေးခဲ့သည်။သူ့ကို ကျေးဇူးရှင်ကြီးဟု ခေါ်ရလိမ့်မည်ဖြစ်သည်။

ရိုးရိုးသားသားပြောရရင် သူသည် ထိုကဲ့သို့ သေချာပေါက် မလုပ်နိုင်ပေ။

တကယ့်ညီအစ်ကိုရင်းတွေတောင် ဒီလောက်ထိ အမြဲတမ်း မရင်းနှီးနိုင်ပေ။

အကယ်၍ ငါတို့သာ ရန်သူမဟုတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…

ရှောင်ချန်းသည် ခေါင်းခါပြီး သူ့၏အတွေးများကို ရှင်းပစ်ဖို့ ကြိုးစားခဲ့သည် ။

' ငါ့ရဲ့ရန်သူကို သနားလို့မရနိုင်ဘူး…။ :

' ဒီကောင်က ငါ့ဘဝနှစ်ခုစလုံးရဲ့ တစ်သက်တာ ရန်သူပဲ။ သူ ငါ့အပေါ်ကောင်းခဲ့တာလေး နည်းနည်း လေးကြောင့် ငါခံစားခဲ့ရတဲ့ အရာတွေကို မေ့လိုက်လို့ ဘယ်လိုလုပ်ဖြစ်မလဲ… ? ။ ငါ မင်းစီက ချေးထားတဲ့ ပိုက်ဆံကို ငါ ဆယ်ဆပြန်ပေးမယ်။ဒါပေမဲ့ မင်း ငါ့အပေါ်တင်ထားတဲ့ အကြွေးကိုလည်း ငါ ဆယ်ဆပြန်ယူပစ်မယ်။ '

လင်ပေ့ဖန်၏ အကူအညီကို လက်ခံရရှိပြီးနောက် ဆေးဘုရင်ဆေးရုံရဲ့ အမွေဆက်ခံသူ ဝမ်စီချွမ်သည် ရှောင်ချန်းကို အကောင်းဆုံးဆေးဝါးများဖြင့် အစားထိုးပြီး ကုသပေးခဲ့သည်။

" ငါပေးထားတဲ့ ဆေးကို အသုံးပြုပြီးသွားရင် လဝက်အတွင်းမှာပဲ မင်းရဲ့ နောက်ကျောက ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်။ "

" ဒါပေမဲ့ ဒီလဝက်အတွင်းမှာ ဒဏ်ရာကို နောက်တစ်ကြိမ် မထိဖို့ကို သတိရဦး။ အကယ်၍ နောက်တစ်ကြိမ် နံရိုးထပ်ကျိုးရင် ငါတို့ ဒီဆေးကိုပဲ ထပ်သုံးလို့ရသေးတယ်။ ဆေးရဲ့ အာနိသင်တော့ လျော့သွားလိ့မ််မယ်။ "

" ကျေးဇူးတင်ပါတယ် ဒေါက်တာ " ဟု ရှောင်ချန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။

သူသည် ဆေးကို လက်တွေ့အသုံးပြုပြီးချိန်တွင် သိသိသာသာတိုးတက်မှုကို ခံစားနေရပြီဖြစ်သည်။

ရင်ဘတ်နာကျင်ခြင်းက သိသိသာသာလျော့ကျသွားပြီး သူ့၏ လက်များကိုပါ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်သည်။

အကယ်၍ သူ့၏ ကွေ့ကူနတ်ဘုရားအပ်နည်းပညာဖြင့် ပေါင်းစပ်လိုက်ပါက ၎င်းပြန်လည်သက်သာမှုအမြန်နှုန်းသည် ၅၀ရာခိုင်နှုန်းကျော် တိုးလာလိမ့်မည်ဟု သူသည် ယုံကြည်သည်။

ဆိုလိုတာကတော့ သူ့၏နောက်ကျောက တစ်ပတ်အတွင်းမှာပဲ ပုံမှန်ပြန်ဖြစ်လိမ့်မည်ဖြစ်သည်။

သူသည် အရမ်းပဲ ပျော်ရွှင်သွားသည်။

ပထမဆုံးအနေဖြင့် သူ့၏ ပြိုင်ဘက်ဝမ်စီချွမ်က အရမ်းပဲ ချစ်စရာကောင်းသည်ဟု သူသည် ထင်မိခဲ့သည်။

" ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ ငါက ဆရာဝန်တစ်ယောက်အနေနဲ့ ငါ့ရဲ့ တာဝန်ကိုလုပ်နေတာပါ။ "ဟု ဝမ်စီချွမ်က အေးအေးဆေးဆေးပြန်ပြောခဲ့သည်။

ထို့နောက် ဝမ်စီချွမ်သည် လူအများ၏စောင့်ကြည့်မှုအောက်တွင် လူနာများစွာကို ကုသပေးပြီး သူ့၏ ထူးကဲသော ဆေးပညာကျွမ်းကျင်မှုစွမ်းရည်များကို ပြသခဲ့သည်။မိုဟိုင်မြို့က ဆရာဝန်များသည် သူ့ကို မချီးကျူးပဲ မနေနိုင်ခဲ့ပေ။

" ဒီလို အသက်ငယ်ငယ်လေးနဲ့ အံ့အားသင့်ဖွယ် ကောင်းတဲ့ ဆေးပညာစွမ်းရည်တွေကို ပိုင်ဆိုင်ထားတာက တကယ့်ကိုမှ အံ့ဩစရာကောင်းလွန်းတယ်။ "

" အနာဂတ်မှာ ဆေးပညာနယ်ပယ်က သေချာပေါက်သူ့အပိုင်ပဲ ဖြစ်လိမ့်မယ်။ "

သို့သော်လည်းပဲ ထိုအချိန်တွင် ဝမ်စီချွမ်က ထိတ်လန့်စရာ ကြေညာတစ်ခုကို ထုတ်ပြန်ခဲ့သည်။

" ရိုးရိုးသားသားပြောရရင် ဆရာသခင်တစ်ယောက်နဲ့ တွေ့ဆုံပြီးတော့ အကြံအဉာဏ်တောင်းဖို့ ရည်ရွယ်ချက်နဲ့ ငါ ဒီကို လာခဲ့တာ။ဒါပေမဲ့ မိုဟိုင်မြို့မှာရှိတဲ့ ဆရာဝန်တွေရဲ့ အရည်အချင်းက အရမ်းပဲ သာမှန်ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ ဒါက ငါ့ကို အတော်လေး စိတ်ပျက်စေတယ်။ "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ပရိသတ်အကုန်လုံး အံ့အားသင့်ပြီး ထိတ်လန့်သွားခဲ့ကြသည်။

All Chapters