အခန်း (၁၂၇)
Vol. 9 Ch. 127
" မင်းက နည်းနည်းလေး အရည်အချင်းပိုရှိတာနဲ့ မောက်နေပြီလား.? ။ ရေတွင်းထဲက ဖားတစ်ကောင်က ပင်လယ်ကြီး ဘယ်လောက်ကျယ်ပြောလဲဆိုတာကို ဘာမှမသိဘူး။ "
" ငါ ဆရာဝန်ဖြစ်နေတာ နှစ်အများကြီးကြာနေပြီ ။ ငါ ဒီလိုမောက်မာတဲ့ လူတစ်ယောက်ကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး။ ဒီကောင်က ကိုယ့်ကိုယ်ကို နှိမ့်ချမှု တစိတောင် မရှိဘူး။ "
ထိုအချိန်တွင် တရုတ်တိုင်းရင်းဆေးဆရာအိုကြီးတစ်ယောက်က ချက်ချင်းပဲ ရှေ့သို့ တက်လာပြီး အော်ပြောခဲ့သည်။
" လူငယ်လေး ငါ မင်းကို အကြံပေးလိုက်မယ် ၊ မင်းစကားပြောတာ ကြည့်ပြောပါ။ မင်းက ဆေးပညာမှာ တကယ့်ကို အရည်အချင်းရှိတယ်။ ဒါပေမဲ့ ဒါက မင်း မောက်မာရမယ့် အကြောင်းပြချက်မဟုတ်ဘူး။ လောကမှာ ကိုယ့်ထက်တော်တဲ့ သူ အမြဲတမ်းရှိတယ်ဆိုတာကို မင်းသတိရပါ။ "
နောက်ထပ်တရုတ်တိုင်းရင်းဆေးဆရာအိုကြီးတစ်ယောက်ကလည်း ဝင်ပြောခဲ့သည်။
" အမှန်ပဲ ၊ လူနည်းနည်းလောက်ကို မင်းကုသပေးပြီးရုံနဲ့ မင်းက သူများထက်ပိုပြီးတော့ မထူးခြားသွားဘူး။ ပြီးတော့ အမှန်တကယ် စစ်မှန်တဲ့ အံ့ဖွယ်ဆရာဝန်လည်း မပေါ်လာသေးဘူး။မင်း ရှေ့ဆက်လျှောက်ဖို့ ခရီးအရှည်ကြီးရှိသေးတယ်။ဒါကြောင့် မင်းရဲ့ မောက်မာမှုတွေကို ပြန်စမ်းစစ်ဦး။ "
" အမှန်အတိုင်းပြောရရင် မင်းရဲ့ ဆေးပညာအရည်အချင်းက ကောင်းတယ်။ဒါပေမဲ့ မင်းမှာ ဆေးဘက်ဆိုင်ရာကျင့်ဝတ်တွေ ချို့တဲ့နေတယ်။ ဒီမှာရှိနေတဲ့ ဆရာဝန်တွေအကုန်လုံးကို ပြန်တောင်းပန်ဖို့ ငါမင်းကို အကြံပြုချင်တယ်။ "
သို့သော်လည်းပဲ ဝမ်စီချွမ်သည် မာနကြီးသောအမူအရာဖြင့် ဆက်ပြောခဲ့သည်။
" ငါ ပြောတာ တစ်ခုခုများ မှားနေခဲ့လို့လား ? ။ အကယ်၍ ငါရှုံးရင် ၊ငါရှုံးတာပေါ့။ လူတွေက အမှန်တရားကိုတောင် မပြောနိုင်ကြတော့ဘူးလား ?။ အရည်အချင်းမပြည့်မှီတဲ့ ဆရာဝန်တွေရဲ့ အတွင်းစိတ်က ဒီလောက်ထိနုနယ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး။ "
လူအုပ်ကြီးက သူ့ကို စိုက်ကြည့်ခဲ့သည်။
ဝမ်စီချွမ်သည် မာနကြီးသောအမူအရာဖြင့် ဆက်ပြောခဲ့ပြန်သည်။
" မင်းတို့မှာ နာမည်ကြီးဆရာဝန်တစ်ယောက်ရှိတယ်လို့ မင်းတို့ ပြောခဲ့တယ် နော်။ ဒါဆိုရင် သူ့ကို လာခိုင်းပြီးတော့ ငါနဲ့ လာပြိုင်ခိုင်းလိုက်။ ငါကပိုပြီးတော့တောင် သူ့နဲ့ မျက်နှာချင်းဆိုင်ချင်သေးတယ် ။ အကယ်၍ သူမလာရင် သူက ငကြောက်ပေါ့။ ဟားဟား…"
လူတိုင်းသည် မချင့်မရဲဖြစ်ပြီး အကူအညီမဲ့သွားခဲ့သည်။ဆွေးနွေးပွဲတွင် စုရုံးနေကြသော ဆရာဝန်များသည် မြို့ထဲမှာ နာမည်အကြီးဆုံးသော ဆရာဝန်များဖြစ်ကြသော်လည်း ထိုလူငယ်၏ ရုတ်တရက်ထင်ပေါ်ကျော်ကြားလာမှုကြောင့် သူတို့သည် ရှုံးနှိမ့်ခဲ့ကြရသည်။
ဆရာဝန်တစ်ယောက်က မနေနိုင်ပဲနဲ့ ဆောင်ယုချင်းကို ပြောလိုက်သည်။
" ဥက္ကဌဆောင် ၊ ဒေါက်တာကျိုဇီမင်းရော ဘယ်လိုလဲ ?။ သူက တရုတ်တိုင်းရင်းဆေးပညာမှာ ထူးချွန်ပြီးတော့ ဆေးဝိဉာဏ်တောင်ကြားရဲ့ နောက်လိုက်တစ်ယောက်လို့ ကျွန်တော်ကြားတယ်။ သူ့ကို ခေါ်ပြီးတော့ ဒီလူငယ်လေးကို သင်ခန်းစာတစ်ခုလောက်ပေးခိုင်းကြရအောင်။ "
ဆောင်ယုချင်းသည် သက်ပြင်းချပြီး ပြောခဲ့သည်။
" ဒေါက်တာ ကျိုဇီမင်းက လက်ရှိအမှုတစ်ခုမှာ ပါဝင်ပတ်သက်နေလို့ အစစ်ဆေးခံနေရတယ်။ ဒါကြောင့် အခုချိန်မှာ ကျွန်မတို့ သူ့ကို ထည့်တွက်လို့မရဘူး။ "
" အာ "
လူတိုင်းက သက်ပြင်းချခဲ့ကြသည်။
သူ့ကိုအနိုင်ယူမဲ့သူ မရှိသောကြောင့် ဝမ်စီချွမ်သည် ခန်းမထဲ၌ သူ့၏ ကြီးစိုးမှုကို ဆက်လက်ဖော်ပြခဲ့သည်။
လက်ရှိတက်ရောက်လာကြသောဆရာဝန်များသည် ဘာမှ မလုပ်နိုင်တာ ကြောင့် စိတ်ပျက်သလို ခံစားခဲ့ရသည်။သို့သော်လည်းပဲ တက်ရောက်လာကြသော ဧည့်သည်များကတော့ စိတ်လှုပ်ရှားနေခဲ့သည်။
အကယ်၍ ဆေးဘုရင်ဆေးရုံမှ ဆရာဝန်ငယ်တစ်ဦး၏ ဆေးပညာအရည်အချင်းက ဒီလောက်ဆိုပါက ၎င်းတို့ဆေးရုံ၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုက ထိပ်တန်းဖြစ်သည်ဟု ဆိုလိုချင်းဖြစ်သည်။
အနာဂတ်တွင် သူတို့သည် နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရန် လိုအပ်ပါက သူတို့သည် ဆေးဘုရင်ဆေးရုံကိုသာ အရင်ဆုံး စဉ်းစားမိလိမ့်မည်ဖြစ်သည်။လက်တွေ့မှာတော့ ၎င်းက ဆေးဘုရင်ဆေးရုံမှ လိုချင်ခဲ့သော အောင်မြင်မှုပန်းတိုင် နှင့် အကျိုးသက်ရောက်မှု အတိအကျပင်ဖြစ်သည်။
ထို့ပြင်သူတို့သည် သူတို့၏ ဆေးရုံကို မြို့ထဲတွင် လူသိများအောင် ကြော်ငြာပြီး နာမည်ကောင်းရအောင်ပြုလုပ်၍ ငွေရှာနိုင်လိမ့်မည်ဖြစ်သည်။
သူ့၏ ပြိုင်ဘက်ဟောင်းများက မာနကြီးနေတာကို မြင်ပြီး ဇာတ်လိုက်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် ရှောင်ချန်းသည် ဒီထက်ပိုပြီးတော့ မကြည့်နေနိုင်တော့ပေ။အထူးသဖြင့် သူသည် ခုနတုန်းက သူ့၏ ဒဏ်ရာများကို ကုသရန် ဝမ်စီချွမ်၏ အကူအညီကို လိုအပ်နေတုန်းဖြစ်တာကြောင့် သူသည် သည်းခံခဲ့သည်။
ဒါပေမဲ့လည်း အခုတော့ သူ့၏ ဒဏ်ရာများက တစ်ခြားလူ၏ ကုသပေးမှုကို ခံရပြီးနောက် မနာကျင် တော့ပဲနဲ့ သူ့၏ ခြေလက်များကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီဖြစ်သည်။ထို့ကြောင့် သူသည် ဒီအခွင့်အရေးကို ဆုပ်ကိုင်ဖို့ဆုံးဖြတ်ခဲ့သည်။
ထို့နောက်သူသည် နောက်ထပ်ငွေအပ်နှစ်ချောင်းကို ကိုက်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အမျိုးမျိုးေသာအပ်စိုက်မှတ်များသို့ ထိုးစိုက်ခဲ့သည်။သူ့၏ ချီနှင့် သွေးကြောများကို တကြိမ်လည်ပတ်ပြီးနောက် သူ့၏ ဒဏ်ရာများကို ဖိနှိပ်နိုင်ခဲ့သည်။ထို့ပြင် ၎င်းက သူ့ကို ယာယီ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်စေခဲ့သည်။
ထို့နောက်သူသည် မတ်တပ်ရပ်ပြီး ဒေါသတကြီးဖြင့် ပြောခဲ့သည်။
" တောထဲမှာ ကျားမရှိတာနဲ့ မျောက်တွေက ဘုရင်ဖြစ်နေပြီ။ ဝမ်စီချွမ် ၊ငါဒီမှာ မင်းကို စိန်ခေါ်တယ်။ "
လူတိုင်းသည် လှည့်ကြည့်လိုက်ပြီး လုံးဝအံ့အားသင့်သွားခဲ့သည်။
" ဒီလူနာက ဘာလုပ်ချင်လို့လဲဟ ? "
" ဒီလိုအချိန်မျိုးမှာ သူက ဝမ်စီချွမ်ကို စိန်ခေါ်နေတာလား ? "
" ဒီလူနာမှာ ဘာအရည်အချင်းတွေများ ရှိနေတာလဲ ?"
ရှောင်ချန်း၏ ဘေးနားတွင် ထိုင်နေသော ဇာတ်လိုက်ကျော်ကြီး နှစ်ယောက်သည်လည်း အံ့အားသင့်သွားခဲ့သည်။
ရဲ့ရှင်းချန်က မေးမြန်းခဲ့သည်။
" ရှောင်ချန်းက သူ့အတိတ်ဘဝတုန်းကလိုမျိုး သူ့ရဲ့ဆေးပညာအရည်အချင်းတွေကို ပြသပြီးတော့ ဝမ်စီချွမ်ကို အရှက်ရစေမှာလား…? "
ဝူကောက လေးလေးနက်နက်ပြန်ပြောခဲ့သည်။
" သူက ဒီဒဏ်ရာတွေနဲ့တောင် သူ့ရဲ့ အရည်အချင်းကို ပြသဖို့ ကြိုစားနေတုန်းပဲလား ? "
ဝမ်စီချွမ်ကိုယ်တိုင်လည်း စိတ်ရှုပ်သွားခဲ့သည်။
' မကြာသေးခင်က သူ ကုသပေးခဲ့တဲ့ လူနာတွေထဲကတစ်ယောက်က သူ့ကို စိန်ခေါ် ဖို့ သတ္တိရှိနေတာလား .? ။ ခေါင်းအမာဆုံး ဆရာဝန်တွေတောင် ဒီလိုလုပ်မှာ မဟုတ် ပေ။ဒါက ဘာ ရှိုးပွဲ အမျိုးအစားလဲ ?။ ဒီလူနာက ရူးသွားတာများ ဖြစ်နိုင်မလား ? '
' ဟမ် ၊ အတော်လေး တူတယ်။ '
ဝမ်စီချွမ်သည် လေးနက်စွာဖြင့် ခေါင်းညိတ်ပြီး သူ့မျက်ခုံးများက ပိုပြီးတော့ ကျုံ့လာခဲ့သည်။
နာတာရှည် ဖျားနာ၍ ဆေးရုံတက်ရပြီးနောက် အခန်းထဲမှာ အချိန်အကြာကြီးနေရတာကြောင့် စိတ်တွေဂယောင်ချောက်ချားဖြစ်လာသည့် လူနာတွေကို ဒီမတိုင်ခင်က ဖြစ်ရပ်အချို့တွင် သူမြင်ဖူးခဲ့သည်။နောက်ဆုံးတွင် သူတို့သည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်ပေါ်လာခဲ့သည်။
သူ့ရှေ့မှ လူနာ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ရတာကလည်း အခုလက်ရှိ၌ ပုံမှန်အတိုင်း မဖြစ်သေးပုံရသည်။၎င်းက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်ခုဖြစ်နိုင်ချေ မြင့်မားသည်။
" မစ္စတာရှောင် ၊ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ တစ်ယောက်ယောက် ဝီးချဲတစ်စီး ယူလာပေးဦး။မစ္စတာရှောင် ၊ကျေးဇူးပြုပြီး တချက်လောက်ထိုင်ပါဦး ။ "
ရှောင်ချန်းသည် တွေဝေသွားခဲ့သည်။
" ငါက ဘာလို့ ထိုင်ရမှာလဲ ? "
" ကျွန်တော် ၊ခင်ဗျားရဲ့ ဦးနှောက်ကို တချက်လောက်စစ်ဆေးကြည့်မလို့ပါ။ "
ရှောင်ချန်း : ဒီဖေ….
ရှောင်ချန်း၏ စိတ်တစ်ခုလုံးသည် ပေါက်ကွဲသွားခဲ့သည်။
" ငါက ဘာလို့ ဦးနှောက်စစ်ဆေးဖို့ လိုအပ်ရမှာလဲ ? ။ငါက စိတ်မမှန်တဲ့လူတစ်ယောက် မဟုတ်ဘူး။ "
ဝမ်စီချွမ်သည် ထပ်ခါထပ်ခါခေါင်းညိတ်ပြီး ပြောခဲ့သည်။
" ဟုတ်တယ် ၊ဟုတ်တယ်။ မင်းရဲ့ ဦးနှောက်က ကောင်းတယ်။ဒါက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် အနည်းငယ်ရှိတာပဲ ဖြစ်ရမယ်။မြန်မြန်ဆန်ဆန်တိုးတက်လာနေတဲ့ ဒီလိုခေတ်ကြီးမှာ လူတိုင်းမှာ စိတ်ပိုင်းဆိုင်ရာပြဿနာအချို့ရှိတယ်။ မစိုးရိမ်ပါနဲ့ ။ ငါ တချက်ကြည့်ပြီးတာနဲ့ မကြာခင် မင်းပြန်ကောင်းလာလိမ့်မယ်။ "
စိတ်ရောဂါရှိတဲ့ လူနာတွေနဲ့ ကြုံတွေ့ရသောအခါမှာ ကိုယ်က သူတို့နဲ့ ပြိုင်မငြင်းရင် အကောင်းဆုံးပဲ…။
ဆရာဝန်တစ်ယောက်အနေဖြင့် ဝမ်စီချွမ်သည် အတော်လေးကို အရည်အချင်းပြည့်ဝသည်။
ရှောင်ချန်း၏ စိတ်အစဉ်သည် နောက်တစ်ကြိမ်ပေါက်ကွဲခဲ့ပြန်သည် ။
" ငါ ရှင်းရှင်းပဲပြောမယ်၊ ငါ့မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုမှ မရှိဘူး။ ပြီးတော့ ငါက စိတ်မနှံ့တဲ့ လူတစ်ယောက်လည်း မဟုတ်ဘူး။ ငါ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဘာတစ်ခုမှမရှိဘူး။ ငါ ဒီမှာ မင်းကို စိန်ခေါ်တယ်။ မင်းနားလည်လား ? ။ "
ဝမ်စီချွမ်သည် သူ့၏ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"မစ္စတာရှောင် ၊ ထပ်ပြီးတော့ စိန်ခေါ်စရာမလိုဘူး။ ငါ ရှုံးတာကို ဝန်ခံတယ်။ ကျေးဇူးပြုပြီးတော့ ဒီကို လာပြီးတော့ ထိုင်ပေးပါဦး။ "
ရှောင်ချန်း : ဒီဖေ…..
ပတ်ပတ်လည်ရှိ ဆရာဝန်များတောင်မှ သူ့ကို မချီးကျူးပဲနဲ့ မနေနိုင်ခဲ့ပေ။
ဝမ်စီချွမ်သည် အနည်းငယ် မောက်မာဝံ့ကြွားသော်လည်း သူ့၏ လူနာများကို ချဉ်းကပ်ပုံကတော့ အတော်လေး လေးစားစရာကောင်းသည်။
လူနာက သူ့ကို လက်ညိုးထိုးတာတောင်မှ သူသည် ဆက်လက်ပြီး ယဉ်ကျေး၍ ဖော်ရွေနေသေးသည်။
" အကယ်၍ သူ့နေရာမှာ ငါသာဆိုရင် ဒေါသတကြီး ပေါက်ကွဲမိမှာ အသေအချာပဲ။ "
" ဒီလူငယ်လေး ဝမ်စီချွမ်က မဆိုးဘူးပဲ။ "
" ဒါပေမဲ့ ကျွန်တော်မြင်တာတော့ ဒီလူနာက တကယ်ပဲ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတစ်ခုရှိနိုင်တယ်။ "
" ငါတို့ သူ့ကို ကောင်းကောင်းကြည့်ပေး ဖို့လိုအပ်တယ်။ "
ရှောင်ချန်း : nani !!!
ဝူကော နှင့် ရဲ့ရှင်းချန်သာလျှင် အမှန်တရားကိုသိသည်။ ထို့ကြောင့် သူတို့သည် အားရပါးရရယ်မောပြီး သူတို့၏ မျက်နှာပေါ်တွင်လည်း မျက်ရည်များစီးကျလာခဲ့သည်။
လင်ပေ့ဖန်တောင်မှ မရယ်မိအောင် ထိန်းထားရန် မတတ်နိုင်ခဲ့ပေ။
" ဒီနေ့တော့ အရာအားလုံးက ဒီဟာသ အ ေကြာင်းကြီးပဲ။ "
.
ထိုအချိန်တွင် ခန်းမထဲရှိ လူအားလုံးသည် ဟာသရှိုးပွဲတစ်ခုကို ကြည့်နေရသလိုမျိုး ခံစားခဲ့ရသည်။
ရှောင်ချန်း၏ စိတ်အခြေအနေသည် ပြိုလဲလုနီးပါးဖြစ် နေခဲ့သည်။
အသက်ပြင်းပြင်းတစ်ချက်ရှုပြီးနောက် သူ့ကိုယ်ကိုယ်သူ ဒေါသမထွက်မိအောင် ပြောခဲ့သည်။ထို့နောက်သူသည် လေးနက်သော မျက်နှာအမူအရာဖြင့် ပြောခဲ့သည်။
" ဝမ်စီချွမ် ၊ ငါ ဟာသ လုပ်နေတာမဟုတ်ဘူး။ ငါ ဒါကို ပြောတဲ့အချိန်မှာ တကယ့်ကို အတည် ပြောနေတာ။ ဆေးဝိညာဉ်တောင်ကြား အကြောင်းကို မင်းသိလား ? ။ ကွေ့ကူနတ်ဘုရားအပ်နည်းပညာအကြောင်းကို ရော မင်းသိလား ? "
ဝမ်စီချွမ်၏ အမူအရာသည်လည်း လေးနက်သော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
" ဆေးဝိညာဉ်တောင်ကြားအကြောင်းကို ငါသိတာပေါ့။ အဲ့ဒါက ငါတို့ရဲ့ ဆေးဘုရင် ဆေးရုံနဲ့အတူတူ ရန်နိုင်ငံကနေ ဆင်းသက်လာတဲ့ အရမ်းရှေးကျတဲ့ တရုတ်တိုင်းရင်းဆေးပညာ အကိုင်းအခွဲ တစ်ခုပဲ။ "
" ငါတို့ရဲ့ ဆေးဘုရင်ဆေးရုံက ဆေးဝါးတွေကို အထူးပြုတယ်။ ဆေးဝိညာဉ်တောင်ကြားကတော့ အပ်စိုက်ကုထုံးကို အထူးပြုတယ်။ "
" သူတို့က ကုသလို့ မရတဲ့ အရိုးတွေကိုတောင် ပြန်လည် ကုသပေးနိုင်စွမ်းရှိတဲ့ 'ကွေ့ကူနတ်ဘုရားအပ်နည်းပညာ 'လို့ ခေါ်တဲ့ အံ့ဖွယ်အပ်စိုက်နည်းပညာတစ်ခုကို တီထွင်ခဲ့တယ်။ "
" ဒါပေမဲ့ ဒါက ငါတို့ဆေးပညာနယ်ပယ်ထဲက လျှို့ဝှက်ချက်တစ်ခုပဲ ။ မင်းက ဘယ်လိုလုပ်သိနေတာလဲ ? "