အခန်း (၁၂၈)
Vol. 9 Ch. 128
ငါ ဘယ်လိုလုပ် သိလဲ ၊ဟုတ်လား…?
ဒါမှမဟုတ် ငါက ဘယ်လိုလုပ် မသိနိုင်ရမှာလဲ …?
လက်ရှိ ဆေးဝိညာဉ် တောင်ကြားရဲ့ အမွေဆက်ခံသူဖြစ်တဲ့ ငါက ဘယ်လိုလုပ်ပြီးတော့ မသိပဲနဲ့ နေမှာလဲ …?
သူသည် ဝမ်ဇီချွမ်၏ စကားလုံးများကို တိုက်ရိုက်မတုန့်ပြန်ပဲနဲ့ သူပြောချင်သည့် စကားများကိုသာ ဆက်လက်ပြီး ပြောကြားခဲ့သည်။
"ကွေ့ကူနတ်ဘုရားအပ်နည်းပညာမှာ အပ်ကိုးချောင်းပါဝင်တယ်။ "
" ပထမအပ်က နာကျင်ခြင်းကို သက်သာ စေတယ်။ဒုတိယအပ်က အအေးဓာတ်ကို ဖယ်ရှား ပေးတယ်။တတိယအပ်က ဖျားနာမှုကို သက်သာေစတယ်။ စတုတ္ထအပ်က သွေးတိတ် စေတယ်။ပဉ္စမအပ်ကဒဏ်ရာရနေတဲ့ ဒဏ်ရာတွေကို အနာကျက်မြန်စေတယ်။ ဆဌမအပ်က ကိုယ်တွင်းအင်္ဂါ တွေကို ကုသနိုင်တယ်။ခုနှစ်ခုမြောက်အပ်က အရိုး တွေကို ကုသနိုင်တယ်။ ရှစ်ခုမြောက် အပ် က စိတ်ဝိဉာဏ် ဒဏ်ရာ တွေကို ကုသပေးနိုင်တယ်။ ပြီးတော့ နောက်ဆုံး န၀မမြောက်အပ်ကတော့ သေသူကိုတောင် ပြန်ရှင်သန်စေနိုင်တယ်။ "
ရှောင်ချန်း၏ မျက်လုံးများထဲတွင်တော့အားကောင်းသော ယုံကြည်မှုရောင်ဝါများ ထွက်ပေါ်နေခဲ့သည်။
" နဝမမြောက်အပ်က ယမမင်းစီက အသက်ကို ပြန်ယူတဲ့အပ်ဘဲ။ပြီးတော့ အဲ့ဒီအပ်က မင်း အသက်ရှုနေသေးသ၍ မင်းရဲ့အသက်ကို ယမမင်းလက်ထဲကနေ ပြန်ယူနိုင်တယ်။ "
ခန်းမထဲရှိ ပရိတ်သတ်များသည် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
" ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ အပ်စိုက်နည်းပညာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ ? "
" ပထမအပ်စိုက်နည်း အနည်းငယ်ကိုတော့ လက်ခံနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးအပ်စိုက်နည်းကတော့ အမှန်တကယ်ကို မယုံကြည်နိုင်ဘူး။ "
" အထူးသဖြင့် နောက်ဆုံးအပ်စိုက်နည်းပဲ။ အသက်ရှုနေသေးသ၍ ယမမင်းလက်ထဲက အသက်ကို ပြန်ယူနိုင်တယ်ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ "
" ငါ ဆရာဝန်လုပ်နေတာပဲ နှစ်အများကြီးရှိနေပြီ။ ဒီလို အပ်စိုက်နည်းမျိုးကို ငါ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ "
" ဒီလောက်အံ့သြစရာကောင်းတဲ့ ဆေးပညာမျိုးကို ငါ မယုံကြည်နိုင်ဘူး။ "
ဝမ်စီချွမ်သည် ခေါင်းရမ်းပြီး လေးနက်စွာဖြင့် ပြောခဲ့သည်။
" မဟုတ်ဘူး ၊ သူ ပြောခဲ့တာတွေက အမှန်တွေပဲ။ ကွေ့ကူနတ်ဘုရားအပ်နည်းပညာက တကယ့်ကို မယုံနိုင်စရာကောင်းတယ်။ အဲ့ဒါရဲ့ အဓိကသော့ချက်က အပ်စိုက်နည်းကို သုံးပြီးတော့ လူ့ခန္ဓာကိုယ်ရဲ့ အလားအလာကို နှိုးဆွပေးတာပဲ။ "
" လူ့ခန္ဓာကိုယ်က အကန့်အသတ်မရှိ အလားအလာရှိတဲ့ ရတနာသိုက်တစ်ခုဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့အားလုံး သိပြီကြပြီ။ အဲ့ဒီအလားအလာကို တစ်ကြိမ်နှိုးဆွနိုင်တာနဲ့ ကျွန်တော်တို့က နတ်ဘုရားတွေကိုတောင် ယှဉ်ပြိုင်နိုင်တယ်။ အဲ့ဒီအချိန်မှာ ကုသဖို့ နဲ့ အသက်ကို ကယ်တင်ဖို့က ဘာအရေးလဲ… ? "
" ဒီလို ဆေးနည်းမျိုးက တကယ်ရော ရှိနိုင်ပါ့မလား?"
" ဒါက အရမ်းကြောက်စရာကောင်းတယ်။ "
" ပထမ အပ် ၆ အပ်ကတော့ ကောင်းပါတယ် ။ဒါပေမဲ့ နောက်ဆုံး အပ် ၃ အပ်ကတော့ နည်းနည်းထူးခြားတယ်။ "
" ဒါဆိုရင် တရုတ်တိုင်းရင်းဆေးပညာက အမှန်တကယ်ကို အံ့ဩစရာကောင်းတာပဲ။ "
လူတိုင်း၏ စိတ်သည် နည်းနည်းတုန်လှုပ်သွားခဲ့ကြသည်။
ဝမ်စီချွမ်၏ ဆေးပညာအရည်အချင်းများကိုလည်း လူတိုင်းက မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ကြပြီး ၎င်းက အမှန်တကယ်ကို ကြောက်စရာကောင်းသည်။
ထို့ပြင် သူသည် ထိုကျွမ်းကျင်မှုက သူ့၏ ကိုယ်ပိုင်ဆေးပညာကျွမ်းကျင်မှုအောက် မနိမ့်ကျဘူးဆိုတာကိုတောင် သူသည် ဝန်ခံခဲ့သည်။
" မင်းက ဗဟုသုတနည်းနည်းရှိတာပဲ။ " ဟု ရှောင်ချန်းသည် ရယ်မောပြီးပြောခဲ့သည်။သူ့၏ ပါးစပ်ထောင့်ကလည်း အနည်းတွန့်ကွေးပြီး မသတိစရာခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
" ဒါပေမဲ့ ဒီအပ်စိုက်နည်းပညာကို လူတိုင်းက မသင်ယူနိုင်ဘူး။ "
ဝမ်စီချွမ်သည် ရှောင်ချန်းကို လေးလေးနက်နက်တစ်ချက်ကြည့်ပြီး ပြောခဲ့သည်။
" ဒီအပ်စိုက်နည်းပညာကို သင်ယူချင်တယ်ဆိုရင် ပထမဆုံး မင်းမှာ လူတစ်ေယာက်ရဲ့ ချီစီးဆင်းမှုတွေကို အာရုံခံစားနိုင်တဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုရှိဖို့ လိုအပ်တယ်။ အဲ့ဒီလိုခန္ဓာကိုယ်ဖွဲ့စည်းပုံရှိတဲ့ လူတွေက အတော်လေး ရှားပါးတယ်။ "
" ဒုတိယအနေနဲ့ အဲ့ဒီအပ်စိုက်နည်းပညာက သင်ယူရတာ မလွယ်ကူဘူး။ "
" ဒါကို ငယ်ငယ်ကတည်းက စပြီးတော့ လေ့ကျင့်ဖို့လိုအပ်တယ်။ ပြီးတော့ နှစ်တွေအကြာကြီး လေ့ကျင့်လာတာနဲ့အမျှ လူ့ခန္ဓာကိုယ်မှာရှိတဲ့ အပ်စိုက်မှတ်တွေ၊ ဆဲလ်တွေ ၊ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ အခြားအရာတွေရဲ့ လည်ပတ်မှုတွေကို အပြည့်အဝ နားလည်လာတဲ့အခါကျမှသာလျှင် ကွေ့ကူနတ်ဘုရားအပ်နည်းပညာကို သင်ယူဖို့ မင်းမှာ အခွင့်အရေးနည်းနည်း ရှိလိမ့်မယ်။အဲ့ဒါတွေ နားမလည်ပဲနဲ့တော့ မင်း သင်ယူဖို့ မဖြစ်နိုင်ဘူး။ "
" တတိယအနေနဲ့ မင်းမှာ ကောင်းမွန်တဲ့ ဆေးပညာအထုံပါရမီရှိဖို့လည်း လိုအပ်တယ်။ "
" သာမန်လူတွေက ပထမဆုံး အပ်စိုက်နည်း( ၆ ) နည်းကိုပဲ သင်ယူနိုင်ပြီးတော့ ၊ဒါက တကယ့်ကို သာမှန်ပဲ။ဒါပေမဲ့ နောက်ဆုံး အပ်စိုက်နည်းသုံးနည်းကတော့ ဆေးဝိညာဉ်တောင်ကြားရဲ့ အဓိကအပ်စိုက်နည်းတွေပဲ။ "
" ပထမအပ်စိုက်နည်းက ကျိုးသွားတဲ့အရိုးတွေကို ပြန်ဆက်အောင် ပြုလုပ်နိုင်တယ်။ဒုတိယအပ်စိုက်နည်းက စိတ်ဝိဉာဏ်ဒဏ်ရာတွေကို ကုသနိုင်တယ်။တတိယအပ်စိုက်နည်းကတော့ ယမမင်းလက်ထဲက အသက်ကိုတောင် ပြန်ယူနိုင်တယ်။ "
" အပ်တစ်ချောင်းစီက အရင်အပ်တစ်ချောင်းစိုက်ရတာထက်ကို ပိုပြီးတော့ ခက်ခဲတယ်။ အကယ်၍ မင်းရဲ့ အရည်အချင်းက မလုံလောက်ရင် နောက်တစ်ဆင့်ကို ရောက်နိုင်မှာမဟုတ်ဘူး။ "
ဝမ်စီချွမ်သည် သက်ပြင်းချပြီး ထပ်ပြောခဲ့သည်။
" ဒီနည်းပညာကို သင်ယူဖို့ လိုအပ်ချက်က မယုံနိုင်လောက်အောင်ကို မြင့်မားလွန်းတယ်။ ပြီးတော့ ဒီကွေ့ကူနတ်ဘုရားအပ်နည်းပညာကို နှစ်ရာပေါင်းများစွာအတွင်းမှာ လူအနည်းငယ်ကပဲ အပြည့်အဝကျွမ်းကျင်နိုင်ခဲ့တယ်။ ခုနှစ်ချောင်းမြောက်အပ်ကို သင်ယူနိုင်တဲ့ သူတောင် အတော်လေးကို ရှားပါးတယ်။ "
ခန်းမတစ်ခုလုံးသည် နောက်တစ်ကြိမ် ညံစီသွားခဲ့သည်။
" ဒီအပ်စိုက်နည်းကို ငါတို့ ဘယ်တုန်းကမှ မကြားဖူးတာ အံ့ဩစရာမဟုတ်တော့ပါဘူး။ဒါက သင်ယူဖို့ အရမ်းခက်ခဲတယ်။ပြီးတော့ ဒါကို လူအနည်းငယ်ကပဲ သိတယ်။ "
" နှစ်ရာပေါင်းများစွာအတွင်းမှာတောင် လူအနည်းငယ်ကပဲ ဒီအပ်စိုက်နည်းပညာကို အပြည့်အဝသင်ယူနိုင်ခဲ့တယ်။ပြီးတော့ ခုနှစ်ချောင်းမြောက်အပ်ကို သင်ယူနိုင်ခဲ့တဲ့ လူကလည်း အတော်လေးကို နည်းလွန်းတယ်။ "
" ဒီအပ်စိုက်နည်းကို သင်ယူဖို့ လိုအပ်ချက် အရမ်းမြင့်တာက အတော်လေးကို စိတ်ပျက်စရာကောင်းတယ်။ "
" ဒါပေမဲ့ မင်းသာ အမှန်တကယ်ကျွမ်းကျင်သွားရင်တော့ အတော်လေးကို မိုက်သွားလိမ့်မယ် ။ "
" မင်းပြောတာမှန်တယ် ၊ မင်းပြောတာတွေ အားလုံးက အမှန်တွေပဲ။ " ဟု ရှောင်ချန်းသည် နောက်တစ်ကြိမ်ရယ်မော၍ သူ့၏ နှုတ်ခမ်းထောင့်ကလည်း ပိုပြီးတော့တောင်မှ တွန့်ကွေးပြီး ပြောခဲ့သည်။
" ဒါပေမဲ့ ဒါတွေအားလုံးက ငါတို့ရှေးဟောင်းဆေးပညာကျောင်းတွေရဲ့ ဖုန်းကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေပဲ။ မင်းလို သာမှန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ အရမ်းတိတိကျကျသိနေရတာလဲ ?။ မင်းက တကယ်ပဲ ဘယ်သူလဲ ? "ဟု ပြောပြီးနောက် ဝမ်စီချွမ်၏ အမူအရာက လေးနက်သော အမူအရာသို့ ပြောင်းလဲ သွားခဲ့သည်။
ထိုအချိန်တွင် လူတိုင်းသည် ရှောင်ချန်းစီသို့ တပြိုင်တည်း လှည့်ကြည့်ခဲ့ကြပြီး သူတို့၏ မျက်လုံးများထဲတွင်လည်း သိချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
" ဟက် ! ငါ ဘယ်သူလဲ ဟုတ်လား ? "
ရှောင်ချန်းသည် ခေါင်းကို မြှောက်၍ ရင်ကိုကော့ပြီး ယုံကြည်မှုအပြည့်ဖြင့် မတ်တပ်ရပ်ခဲ့သည်။ထို့ပြင် သူ့၏ အသွင်အပြင်ကလည်း ကံကောင်းခြင်းသားတော်တစ်ယောက်၏ ပုံစံ အရိပ်အမြွက်ပေါ်နေခဲ့သည်။
ထို့နောက် သူသည် ဖွင့်ဟ ဝန်ခံခဲ့သည်။
" ဝမ်စီချွမ် ၊ ငါ ဘယ်သူလဲဆိုတာကို မင်းသိချင်နေတာလား ? ။ ကောင်းပြီလေ ၊ ဒါဆိုရင် သေချာနားထောင်။ "
" ငါက ဆေးဝိညာဉ်တောင်ကြားရဲ့ လက်ရှိ အမွေဆက်ခံသူဖြစ်တဲ့ ရှောင်ချန်းပဲ။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ခန်းမတစ်ခုလုံးသည် နောက်တစ်ဖန် ညံစီသွားခဲ့သည်။
" ဘာ ၊ သူက ဆေးဝိညာဉ်တောင်းကြားရဲ့ လက်ရှိအမွေဆက်ခံသူလား ? "
" သူက ကွေ့ကူနတ်ဘုရားအပ်စိုက်နည်းကို သိတယ်တဲ့လား ? "
" သူက သေသွားတဲ့ သူတွေရဲ့ အသက်ကို ယမမင်းလက်ထဲက ပြန်ယူပြီးတော့ အသက်ပြန်ရှင်သန်စေနိုင်တာလား ? "
ရှောင်ချန်းသည် ပရိတ်သတ်များ၏ အုတ်အုတ်ကျက်ကျက်ဖြစ်နေသော အသံများကို နားထောင်ပြီး စိတ်လှုပ်ရှားမှုများဖြင့် တုန်လှုပ်သွားခဲ့သည်။
' ဒါတွေက နှစ်ရှည်လပေါင်းများစွာ မကြားရတာကြာပြီဖြစ်တဲ့ ဂုဏ်ပြုသံတွေနဲ့ လက်ခုပ်သံတွေပဲ။ '
' ဒါက ငါ့ရဲ့ စင်မြင့်ပဲ။ '
' ဒါက ငါရှောင်ချန်းရဲ့ စင်မြင့်ပဲကွ '
သူ့၏ အတိတ်ဘဝတုန်းကလည်း သူသည် ဒီစင်မြင့်ပေါ်မှာပဲ လျင်မြန်စွာဖြင့် တိုးတက်လာခဲ့ပြီး နောက်ဆုံးတွင် လင်ပေ့ဖန်က သူ့ကို ဖိနှိပ်ခဲ့သည်။
' အခုတော့ သူသည် ပြန်လာနိုင်ခဲ့ပြီဖြစ်သည်။ '
' ဘုရင်ကြီး ပြန်လာခဲ့ပြီကွ ။ '
ဒီဘဝမှာတော့ သူ့ကို လင်ပေ့ဖန်က မဖိနှိပ်ထားတာကြောင့် သူတိုးတက်လာမည့် လမ်းကြောင်းတွင် ဘာအတားအဆီးမှာ ရှိလိမ့်မည်မဟုတ်ပေ။
သူသည် အရင်ဘဝကထက် ပိုပြီးတော့တောင်မှ တိုးတက်လာလိမ့်မည်ဟု ယုံကြည်သည်။ထို့ပြင် လင်ပေ့ဖန် သူ့ကို မျှော်ကြည့်ရသည့် အဆင့်ထိတောင်မှ ရောက်ရှိလိမ့်မည်ဖြစ်သည်။
ထို့နောက် သူသည် သူ့၏မျက်လုံးများဖြင့် ခန်းမတစ်ခုလုံးကို ဝှေ့ကြည့်ခဲ့သည်။ထိုရင်းနှီးသော မျက်နှာများနှင့် မရင်းနှီးသောမျက်နှာများက သူ့၏တိုးတက်ခြင်းကို သက်သေပြလိမ့်မည်ဖြစ်သည်။
နောက်ဆုံးမှာတော့ သူ့၏ အကြည့်က အံ့အားသင့်စရာကောင်းတဲ့ ပုံရိပ်တစ်ခုပေါ်တွင် ကျရောက်သွားခဲ့သည်။
' ယုချင်း သေသေချာချာကြည့်ထား ၊ ငါတစ်ယောက်ထဲကသာ မင်းနဲ့ထိုက်တန်တယ် ။ '
' လင်ပေ့ဖန် မင်းငါ့အပေါ်လုပ်ခဲ့တဲ့ အရာတွေကို ဆယ်ဆ၊ ဒါမှမဟုတ် အဆတစ်ရာ ပြန်ပေးဆပ်ရအောင်လုပ်ပစ်မယ်။ '
ထိုအတွေးဖြင့် ရှောင်ချန်းသည် ပိုပြီးတော့တောင်မှ ယုံကြည်မှုရှိလာခဲ့သည်။ထို့ပြင် သူသည် နဂါးဂိတ်ကို ဖြတ်ကျော်ပြီး ပျံတက်ရန် အဆင့်သင့် ဖြစ်နေခဲ့သည်။
" မင်းက တကယ်ပဲ ဆေးဝိညာဉ်တောင်ကြားရဲ့ လက်ရှိအမွေဆက်ခံသူလား ? "ဟု ဝမ်စီချွမ်သည် မယုံကြည်နိုင်စွာဖြင့် မေးမြန်းခဲ့သည်။
" ငါက လိမ်ပြောရမှာလား ? " ဟု ရှောင်ချန်းသည် ယုံကြည်စိတ်ချရသောပုံစံဖြင့် ပြုံးပြီး ပြန်ပြောခဲ့သည်။
ဝမ်စီချွမ်သည် ရှောင်ချန်း၏ ပုံစံကို ကြည့်လိုက်သောအခါတွင်လည်း သူ့၏ ပုံစံက လိမ်ပြောနေတဲ့ပုံမပေါက်ပဲနဲ့ အရမ်းယုံကြည်မှုရှိနေခဲ့သည်။ထို့ပြင် ကွေ့ကူနတ်ဘုရားအပ်စိုက်နည်းကို တိတိကျကျ ရှင်းပြ နိုင်သူကလည်း သူတို့၏ ခေါင်းဆောင် ဆေးဘုရင်ဂူမှအပ အလွန်နည်းပါးသည်။
ထို့ကြောင့် တစ်ဖက်လူပြောစကားက ၈၀ရာခိုင်နှုန်းလောက် မှန်ကန်ဖို့ အခွင့်အရေးများသည်။
" ဒါဆိုရင် ကွေ့ကူနတ်ဘုရား အပ်စိုက်နည်း ကိုးနည်းမှာ မင်းဘယ်နှစ်နည်းလောက် သင်ယူခဲ့ပြီးပြီလဲ ? " ဟု ဝမ်စီချွမ်သည် နောက်တစ်ဖန် မေးမြန်းခဲ့သည်။
ရှောင်ချန်းသည် ပေါ့ပေါ့ပါးပါးရယ်မောပြီး ပြောခဲ့သည်။
" တောင်ကြားထဲက မထွက်လာခင်တုန်းက ငါ ပြန်ရှင်သန်စေနိုင်တဲ့ အပ် ရှစ် ချောင်းမြောက်ကို သင်ယူခဲ့ပြီးပြီ။အခုတော့ ငါ ကိုးချောင်းမြောက်အပ်ကို အသုံးပြုနိုင်ရုံပဲ ရှိသေးတယ်။ "
သူသည် ကိုးချောင်းမြောက်အပ်ကို မကျွမ်းကျင်သေးသော်လည်း ဘဝနှစ်ခုမှ စုဆောင်းထားသည့် အသိပညာများက သူ့ကို ရှေ့သို့ တစ်လှမ်းတိုးစေခဲ့သည်။
ရှေးလူကြီးတွေ ပြောတဲ့စကားအတိုင်းပဲ ဆိုးတဲ့ကံတွေလာပြီးသွားရင် ကောင်းတဲ့ ကံတွေ ပြန်လာလိမ့်မယ် ။
ဝမ်စီချွမ်သည် နောက်တစ်ဖန် အံ့အားသင့်သွားခဲ့ပြန်သည်။
" အာ! မင်း တကယ်ပဲ ကိုးချောင်းမြောက်အပ်ကို သင်ယူခဲ့ပြီးပြီပေါ့လေ။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ခန်းမတစ်ခုလုံးသည် တုန်လှုပ်သွားခဲ့သည်။
" ဝါး ၊ ဒီလူငယ်လေးက ကိုးချောင်းမြောက်အပ်ဖြစ်တဲ့ ယမမင်းလက်ထဲက အသက်ပြန်ယူခြင်းအပ်ကို သင်ယူခဲ့ပြီးပြီပဲ။ "
" အဲ့ဒါက သူ့ကို လက်ရှိခေတ်ရဲ့ နတ်ဆေးဆရာဝန်မဖြစ်သွားစေဘူးလား ? "
" သူက အရမ်းငယ်ပြီးတော့ ဆေးပညာအရမ်း ကျွမ်းကျင်တာပဲ။ "
" သူ့ရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူး။ "
ရှောင်ချန်းသည် ပဲ့တင်သံထွက်နေသော အံ့အားသင့်သံ အမျိုးအမျိုးကို ဝမ်းသာစွာဖြင့် နားထောင်နေခဲ့သည်
' ဟုတ်တယ် ၊ ဒါက အဓိကဇာတ်လိုက်တစ်ယောက်ရဲ့ အဖွင့်ပုံစံပဲ။ '
' အရင်တုန်းက လုံးဝ လမ်းကြောင်းမှားနေတာ။ '
' ဒါပေမဲ့ ဒီနေ့ကနေစပြီးတော့ ငါဆိုတဲ့ ရှောင်ချန်း ရဲ့ ခေတ်က ရောက်လာပြီ။ ‘