← Chapters

အခန်း (၁၂၉)

Vol. 9 Ch. 129

အခန်း (၁၂၉)

Vol. 9 Ch. 129

' ငါ့ရဲ့ ခေတ်က ရောက်လာခဲ့ပြီ 'ဟု ရှောင်ချန်းသည် သူ့ရဲ့ရင်ထဲ၌ ဟစ်ကြွေးခဲ့သည်။

ထို့ပြင် သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း လန်းဆန်းနေသလို ခံစားခဲ့ရသည်။

အထူးသဖြင့် သူသည် သူ့ရဲ့ပြိုင်ဘက်ဟောင်းကြီးဝမ်စီချွမ်၏ အံ့အားသင့်နေသော မျက်နှာကို မြင်လိုက်ရသောအချိန်တွင် ပိုပြီးတော့တောင်မှ သက်တောင့်သက်သာ ရှိပြီး လေပေါ်တွင် ပျံသန်းနေသလိုမျိုး ခံစားခဲ့ရသည်။

' ဝမ်စီချွမ် အရင်ဘဝမှာတုန်းက ငါ မင်းကို ရှုံးနိမ့်အောင် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ ဒီဘဝမှာလည်း ငါ မင်းကို နောက်တစ်ကြိမ်ရှုံးနိမ့်အောင်လို့ လုပ်နိုင် နေတုန်းပဲ။ မင်းက ငါ ကြီးပွားတိုးတက်ဖို့ နင်းသွားရမယ့် ခြေနင်းကျောက်တုံးတစ်ခုသာသာပဲ။ '

ထိုအချိန်တွင် ဝမ်စီချွမ်သည် ခေါင်းရမ်းပြီး ပြောခဲ့သည်။

" မင်းက ဆေးဝိဉာဏ်တောင်ကြားရဲ့ အမွေဆက်ခံသူလို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။တကယ်တော့ အစကတည်းက ငါ့စိတ်ထဲမှာ မေးခွန်းတစ်ခုအမြဲတမ်းရှိနေတာ။ ပြီးတော့ အဲ့ဒီမေးခွန်းကိုလည်း မင်း ဖြေပေးမယ်လို့ ငါမျှောင်လင့်ပါတယ်။

ရှောင်ချန်းသည် ဝံ့ကြွားစွာဖြင့် ခေါင်းမော့ပြီး ဆရာကြီးလိုအထာဖြင့် ပြောလိုက်သည်။

" မေး...."

" မင်း ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို မင်း ဘယ်လို ရခဲ့တာလဲဆိုတာကို ငါ သိချင်တယ်။မင်းက ဆေးဝိဉာဏ်တောင်ကြားရဲ့ အမွေဆက်ခံသူဖြစ်ပြီးတော့ ကွေ့ကူ နတ်ဘုရားအပ် ကိုး ချောင်းနည်းပညာကိုလည်း သင်ယူပြီးပြီလေ။ ဘာကြောင့်မို့လို့ မင်းကိုယ်ကိုယ်မင်း ပြန် မကုသနိုင်ရတာလဲ .?။ ဘာကြောင့်မို့လို့ မင်းငါ့စီမှာလာကုရတာလဲ .?။ " ဟု ဝမ်စီချွမ်က အံ့အားသင့်သော အမူအရာဖြင့် မေးမြန်းခဲ့သည်။

ရှောင်ချန်း : ):

လူတိုင်းက စတင်၍ တီးတိုးအတင်းပြောခဲ့ကြသည်။

* ဟုတ်ပ ၊ သူသာ ဆေးဝိဉာဏ်တောင်ကြားရဲ့ အမွေဆက်ခံသူဆိုရင် ဘာလို့ ဒေါက်တာဝမ်ကိုလာရှာခဲ့တာလဲ .? *

* သူ့ရဲ့ ဆေးပညာအရည်အချင်းက နိမ့်ကျတာများ ဖြစ်နိုင်မလား ..? *

* အကယ်၍ ငါသာ ဆေးဝိဉာဏ်တောင်ကြားရဲ့ အမွေဆက်ခံသူဆိုရင် ဒေါက်တာဝမ်စီကို ဘယ်တော့မှ ငါ သွားမှာမဟုတ်ဘူး။ ဒါက မျက်နှာပျက်စရာကိစ္စတစ်ခုလေ *

* တကယ်တော့ အစကတည်းက သူကလူလိမ်တစ်ယောက်ဖြစ်ရမယ်လို့ ငါသံသယရှိနေတာ။ *

ရှောင်ချန်းသည် ၎င်းမေးခွန်းက အတော်လေးကို ရှက်စရာကောင်းပြီး သူ့ရဲ့ပုံရိပ်ကိုလည်း ထိခိုက်စေနိုင်သည်ဟု ခံစားခဲ့ရသည်။

" ဒါက ဘာကြောင့်လဲဆိုတော့...ငါ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ငါကိုယ်တိုင် မကုသနိုင်ဘူး။ ပြီးတော့ဆရာဝန်တစ်ယောက်က သူ့ကိုယ်ကိုယ်သူ ပြန်မကုသနိုင်ဘူးမလား။ဒါ့အပြင် ငါ မင်းစီမှာ လာကုတာကလည်း တိုက်ဆိုင်မှုတစ်ခုလို့ပဲ ပြောရမယ် ။ "ဟု

ရှောင်ချန်းသည် သူ့အတွက် ရှင်းပြရန်အကြောင်းပြချက်တစ်ခုကို ပြောဆိုခဲ့သည်။

" အဲ့လိုလား " ဟု ဝမ်စီချွမ်က ခေါင်းမော့၍ မေးခဲ့သည်။

" ဝမ်စီချွမ် ဒါက အဓိကအချက်မှ မဟုတ်ဘူးလေ။ဒီလို အသေးအဖွဲ့ပြဿနာလေးတွေကို မင်း လိုက်တွယ်ကပ်နေစရာမလိုပါဘူးဟ။ " ဟု ပြောပြီးနောက် ရှောင်ချန်းသည် အကြောင်းပြချက်အချို့ကြောင့် ကသိကအောက် ဖြစ်သလို ခံစားခဲ့ရသည်။

" ကောင်းပြီလေ ၊ ဒါဆိုရင် မင်းဘာလုပ်ချင်တာလဲ ? "

" ငါ ဘာလုပ်ချင်တာလဲ ဟုတ်လား ? "

ရှောင်ချန်းသည် ရယ်မောပြီး သူ့ရဲ့ယုံကြည်မှုကို ပြန်လည်ရရှိခဲ့သည်။

" ဝမ်စီချွမ် ၊ မိုဟိုင်မြို့မှာရှိတဲ့ ဆရာဝန်တွေက အရည်အချင်းမရှိဘူးလို့ မင်း စောနတုန်းက ပြောခဲ့တယ်မဟုတ်လား ? ။ ပြီးတော့ အဲ့ဒီဆရာဝန်တွေထဲက တစ်ယောက်ကမှ မင်းကို မယှဉ်နိုင်ဘူးလို့ မင်းပြောခဲ့တယ်မလား ? ။ "

" ဟုတ်တယ် ၊ငါ ပြောခဲ့တယ်။ အဲ့တော့ ဘာဖြစ်လဲ ?" ဟု ဝမ်စီချွမ်က မာနကြီးစွာဖြင့် ပြန်တုန့်ပြန်ခဲ့သည်။

ရှောင်ချန်းသည် လူတိုင်း၏ အကြည့်များအောက်တွင် စင်မြင့်ပေါ်သို့ ယုံကြည်မှုရှိစွာဖြင့် တစ်လှမ်းချင်း တက်လှမ်း၍ဝမ်စီချွမ်ကို စိုက်ကြည့်ပြီး အော်ပြောခဲ့သည်။

" ဝမ်စီချွမ် မင်း သေချာ နားထောင်။ဒီနေ့ ငါ ရှောင်ချန်းက ငါ့ကိုယ်ကိုယ်ငါ ကိုယ်စားပြုလိမ့်မယ်။ "

ပွဲကြည့်ပရိတ်သတ်များ၏ အသက်ရှုသံများကလည်း အကြောင်းတချို့ကြောင့် မြန်လာခဲ့ပြီး ထူးခြားတဲ့ အဖြစ်အပျက်များ ဖြစ်လာတော့မည်ဟု ခံစားခဲ့ရသည်။

" ပြီးတော့ဆေးဝိညာဥ်တောင်ကြားရဲ့ ဆရာဝန်တွေ ကိုယ်စား။.! "

ထိုစကားကို ကြားလိုက်ရသော အခါတွင် ပွဲကြည့်ပရိတ်သတ်များ၏ အသက်ရှုသံများက ပိုပြီးတော့တောင်မှ မြန်ဆန်လာခဲ့သည်။

" တက်ရောက်လာကြတဲ့ စီနီယာ ဆရာဝန်တွေရဲ့ ကိုယ်စား"

ပွဲကြည့်ပရိတ်သတ်များသည် သူတို့တောင်မှ ကိုယ်စားပြုခြင်းခံခဲ့ရတာကြောင့် ရင်ဖိုစိတ်လှုပ်ရှားလာခဲ့ကြသည်။

' မိုဟိုင်မြို့ရဲ့ ဆရာဝန်တွေ အားလုံးကိုယ်စား ! '

ထိုစကားကို ပြောပြီးနောက် ရှောင်ချန်းသည် ဝမ်စီချွမ်၏ အရှေ့သို့ ရောက်ရှိလာပြီး နိုင်လူအပြုံးဖြင့် သူ့ကို ငုံ့ကြည့်ခဲ့သည်။

ဝမ်စီချွမ်သည် အနည်းငယ်ကြောက်ရွံ့သောအမူအရာဖြင့် မေးမြန်းခဲ့သည်။

" မင်း....မင်း ဘာလုပ်ချင်လို့လဲ ? "

ထိုမြင်ကွင်းကို လူတိုင်းက စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေကြသည်။

" စတော့မယ် "

" ဆေးဝိညာဉ်တောင်ကြား နဲ့ ဆေးဘုရင်ဆေးရုံတို့ရဲ့ ယှဉ်ပြိုင်မှုက စတော့မယ် "

" ဒီလူငယ်လေး ကောင်းကောင်းယှဉ်ပြိုင်နိုင်မယ်လို့ငါမျှော်လင့်ပါတယ်။ "

" ငါတို့ မိုဟိုင်မြို့ရဲ့ ဂုဏ်ကို ပြန်လည်ရရှိအောင် ကူညီပေးပါ။ "

သို့သော်လည်းပဲ ထိုအချိန်တွင် လင်ပေ့ဖန်သည် ရှောင်ချန်းနှင့် အတော်လေးနီးကပ်သော နေရာတွင် ထိုင်နေသည်ကို မည်သူမျှ မသိရှိခဲ့ကြပေ။

ထို့နောက် သူသည် တိတ်တိတ်ကလေး စနစ်စီကနေ ဆုတစ်ခုတောင်းခဲ့သည်။

" ငါ့ရဲ့ ခြေထောက်တွေ ငါးမိနစ်လောက် ပျော့ခွေပြီး အားနည်းသွားပါစေ။ "

" အဲ့လောက်ကြီး ကြောက်စရာမလိုပါဘူး။ "

ရှောင်ချန်းသည် ဝမ်စီချွမ်ကို နိုင်လူအပြုံးဖြင့်ပြုံး၍ အထင်အမြင်သေးသော အမူအရာဖြင့် တည့်တည့်စိုက်ကြည့်ပြီး ပြောခဲ့သည်။

"ငါက ငါ့ကိုယ့်ကိုယ်ငါ နဲ့ ဆေးဝိဉာဏ်တောင်ကြားရဲ့ ဆရာဝန်တွေကို ကိုယ်စားပြုတယ်၊ ဒါ့အပြင် ဒီနေရာမှာရှိတဲ့ စီနီယာ ဆရာဝန်တွေနဲ့ မိုဟိုင်မြို့ မှာရှိတဲ့ ဆရာဝန်အားလုံးကို ကိုယ်စားပြုပြီးတော့ ငါ မင်းကို ရင်ဆိုင်မယ်"

"ဒင်! ဆုတောင်းကို ဖြည့်ဆည်းပေးလိုက်ပါပြီ "

ထိုအချိန်တွင် ရှောင်ချန်သည် ရုတ်တရက် သူ့ရဲ့ ခြေထောက်တွေ က အားနည်းသွားသလို ခံစားလိုက်ရသည်။

ထို့နောက် သူသည် ဝမ်စီချွမ်ကို မျက်နှာမူလျက် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။

ဒုန်း....

ဝမ်စီချွမ်သည် ကြည်လင်ပြတ်သားတဲ့အသံတစ်ခုကြောင့် ထိတ်လန့်သွားခဲ့သည်။

ဘေးနားက ကြည့်ရှုနေသော ပရိတ်သတ်များလည်း ထိတ်လန့်သွားခဲ့ကြသည်။

မိုဟိုင်မြို့က ဆရာဝန်အားလုံးသည်လည်း ထိတ်လန့်သွားခဲ့ကြတယ်။

ထို့နောက် လူတိုင်းသည် မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့ ပုံရိပ်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေခဲ့ကြတယ်။

သူက ဘာလို့ အဲ့လို ဒူးထောက်ချလိုက်ရတာလဲ....။

သူတို့သည် တစ်ခုခုပြောချင်ပေမယ့်လည်း ပြောစရာ စကားလုံး ရှာမတွေ့ခဲ့ကြပေ။

ထိုအချိန်တွင် ရှောင်ချန်း ကိုယ်တိုင်တောင်မှ သူ့ကိုယ်ကိုယ်သူ နားမလည်နိုင် ဖြစ်နေခဲ့သည်။

ငါ ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး ဒူးထောက်ချလိုက်တာလဲ .....?။

ထိုကဲ့သို့ အရေးကြီးချိန်မျိုးတွင် လူတိုင်းက စကားမပြောဘဲ ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ဝမ်စီချွမ်သည် နောက်ဆုံးတော့ ရှောင်ချန်းကို ထိတ်လန့်တုန်လှုပ် နေသောအကြည့်ဖြင့် ကြည့်ပြီး ပြောခဲ့သည်။

" ရှောင်ချန်း မင်းက မင်းကိုယ်ကိုယ်မင်းနဲ့ ဆေးဝိဉာဏ်တောင်ကြားရဲ့ ဆရာဝန်တွေ ကိုယ်စား၊ ပြီးတော့ ဒီနေရာမှာရှိတဲ့ စီနီယာဆရာဝန်တွေနဲ့ မိုဟိုင်မြို့ရဲ့ ဆရာဝန်တွေအားလုံး ကိုယ်စား ဒူးထောက်ချခဲ့တာလား "

ရှောင်ချန်း : " ဖူးစ်....."

"ဟားဟား!"

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ရဲ့ရှင်းချန် နဲ့ ဝူကောတို့သည် တပြိုင်နက် ရယ်မောခဲ့ကြသည်။

ထို့နောက် ဝမ်စီချွမ်သည် နေရခက်သောအမူအရာဖြင့် ပြောလိုက်ပြန်သည်။

" ဒါပေမဲ့ မင်း ဒူးထောက်ချင်ရင်တောင် ဆေးဝိဉာဏ်တောင်ကြားကို ကိုယ်စားပြုစရာ မလိုပါဘူး။ ပြီးတော့ ငါတို့ အဖွဲ့အစည်းနှစ်ခုကြားမှာ ပြိုင်ဆိုင်မှုတွေ ရှိပေမယ့် ဒါက ချစ်ကြည်ရေး ပြိုင်ဆိုင်တစ်ခုပဲလေ။ ငါမင်းတို့ ဆေးဝိဉာဏ်တောင်ကြားရဲ့ စီနီယာဆရာဝန်ကြီးတွေကိုလည်း ငါ အရမ်းလေးစားတယ်။ ဒါပေမဲ့ မင်းက ဆေးဝိဉာဏ်တောင်ကြားအတွက် ကိုယ်စားပြုပြီးတော့ ငါ့ ရှေ့မှာ သည်လိုမျိုး ရုတ်တရက် ဒူးထောက်ချလိုက်ရင် ဂျူနီယာဖြစ်တဲ့ငါက နောက်ဆက်တွဲအကျိုးဆက်တွေကို မခံနိုင်မှာ စိုးရွံ့မိတယ်။နောက်ပြီးတော့ ငါ့ရဲ့ ဆရာနဲ့ အကြီးအကဲတွေကလည်း ငါ့ကို ဆူကြလိမ့်မယ်။ "

ရှောင်ချန်: " ဖူးစ်... "

" ဟားဟား "

ရဲရှင်းချန်နဲ့ ဝူကောတို့ နှစ်ယောက်စလုံးသည် နောက်တစ်ကြိမ် ကျယ်လောင်စွာ ရယ်မောခဲ့ကြသည် ။

"ရှောင်ချန်း မင်းနဲ့ ငါနဲ့ တိတ်တဆိတ်ဆွေးနွေးလို့ရနိုင်မလား..?။ ပြီးတော့ မင်းက မင်း ကိုယ်ကိုယ်မင်းပဲ ကိုယ်စားပြုလို့ မရဘူးလား..? ။ အဲ့လိုဆိုရင် ငါ အေးအေးဆေးဆေး လက်ခံပေးလို့ရတယ် ။" ဟု ဝမ်စီချွမ်က ရှောင်ချန်းကို တိုးတိုးလေး ပြောလိုက်သည်။

ရှောင်ချန်း။ : "မင်း ...ဖူးစ်"

" ဟားဟား ..."

ရဲ့ရှင်းချန်နဲ့ ဝူကောတို့သည် ရယ်ရလွန်းတာကြောင့် မတ်တပ်ေကာင်းေကာင်းရပ်ဖို့တောင် ခက်ခဲနေခဲ့ကြသည်။( ရီရလွန်းလို့ မတ်တပ်ဖြောင့်ဖြောင့်မရပ်နိုင်တာကို ပြောတာ )

" မင်း ငါတို့ကိုလည်း ကိုယ်စားမပြုနဲ့! "

အနီးနားမှာရှိတဲ့ စီနီယာဆရာဝန်တစ်ဦးက လှောင်ပြောင်ပြီး ပြောလိုက်သည်။

"မင်းက ငယ်ရွယ်တော့ မျက်နှာပြောင်တိုက်ပြီး ဂုဏ်သိက္ခာကျမှာကို ဂရုမစိုက်ပေမယ့် ငါတို့က အသက်ကြီးနေပြီဖြစ်လို့ ငါတို့ ဂုဏ်သိက္ခာကို ငါတို့ ဂရုစိုက်တယ်။ ငါ နေခဲ့တာ ငါ့ဘဝရဲ့သက်တမ်းတစ်ဝက်ကျော် ကျော်လောက် နေခဲ့ရပြီးပြီ။ ငါ့မှာ တန်ဖိုးအရှိဆုံးက ငါ့ရဲ့ ဂုဏ်သိက္ခာပဲ။ ဒါကြောင့် ကျေးဇူးပြုပြီးတော့ ငါ့ကို ကိုယ်စားမပြုပါနဲ့။ မင်းက မင်းဂုဏ်သိက္ခာကို ဂရုမစိုက်ရင်တောင် ငါကတော့ ဂရုစိုက်တယ်။ ငါလေး မျက်နှာမပျက်ချင်သေးဘူး...။"

ရှောင်ချန်း : " ဒီဖေ....."

"အိုး မိုင်ဂုတ် ၊ ဟားဟား!"

ရဲ့ရှင်းချန်နဲ့ ဝူကောတို့သည် မျက်ရည်စီးကျလာသည်အထိ အားရပါးရ ရယ်မော နေခဲ့ကြသည်။

"နေဉီး ငါတို့ကိုလည်း ကိုယ်စားမပြုနဲ့ !"

လူငယ်ဆရာဝန်ေတွကလည်း ဒေါသတကြီး ဝင်ပြောခဲ့ကြသည်။

" ငါတို့ရဲ့ ဆေးပညာကျွမ်းကျင်မှုက အရမ်းမကောင်းရင်တောင် ငါတို့မှာ ဆရာဝန်တစ်ဦးအနေနဲ့ ဂုဏ်သိက္ခာရှိသေးတယ်။ ငါတို့က မင်းလောက် မျက်နှာမပြောင်နိုင်ဘူး။ "

ရှောင်ချန်း : " ဖူးစ်! "

" ငါတော့ ရယ်ရလွန်းလို့ သော်ေကတော့မယ်၊ ဟားဟား ! "

ရဲ့ရှင်းချန်နဲ့ ဝူကောတို့သည် ရယ်ရလွန်းတာကြောင့် အားအင်ကုန်ခမ်းနေသလို ဖြစ်နေကြသည်။

ပွဲ့ကြည် ပရိသတ်တွေကလည်း ရှောင်ချန်းကို လက်ညှိုးထိုးပြီး မထီမဲ့မြင် ပြုနေကြသည်။

" သူ ခုနတုန်းက အရေးကြီးတဲ့ စကားတစ်ခုခု ပြောမယ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ဒီလိုမျိုး။ ဒူးထောက်လိမ့်မယ်လို့ ငါ မထင်မိခဲ့ဘူး။ "

"ဒီလိုမျိုး မျက်နှာပြောင်တဲ့သူက ဘာလို့ ငါတို့ကို ကိုယ်စားပြုရတာလဲ ?။ "

"ခုနတုန်းက တော့ ငါ့မှာ သူ့အတွက် မျှော်လင့်ချက်ရှိခဲ့မိ သေးတယ်။ ဒါပေမဲ့ သူက ငါ့မျှော်လင့်ချက်တွေကို ' သူမလိုပဲ ' တစဆီ နင်းချေ ဖျက်ဆီးသွားခဲ့တယ်ကွာ "

"ဒါက တကယ့်ကို ကံမကောင်းတာပဲ။ အရမ်းကို စိတ်ပျက်ဖို့ ကောင်းတယ် "

" ငါ့မျက်စိ မထိခိုက်ခင် သူ့ကို မြန်မြန် ဆွဲချ...။ " ( ဒူးထောက်နေတဲ့မြင်ကွင်းကို ကြည့်ပြီး သူ့မျက်စိထိခိုက်လိမ့်မယ်လို့ လှောင်ပြောင်တာ )

ရှောင်ချန်း။ ။ " မအေမွေး..”

All Chapters