အခန်း (၁၃၁)
Vol. 9 Ch. 131
လင်ပေ့ဖန်ထွက်သွားပြီးနောက် ရှောင်ချန်းသည် မျက်နှာကြက်ကို အသက်မဲ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။
ဘာကြောင့် ဒီလို ဖြစ်ရတာလဲ...?။
ရှောင်ချန်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးက မလှုပ်ရှားနိုင်သလို ခံစားနေရသည်။
တနေကုန် ကုသပြီးတာတောင် သူ့ဒဏ်ရာတွေက မသက်သာသည့်အပြင် ပိုပြီး တော့တောင်မှ အခြေအနေဆိုးလာခဲ့သည်။
ထို့ပြင် သူသည် လင်ပေ့ဖန်အပေါ်တွင်လည်း ယွမ် သန်းအနည်းငယ်ခန့် အကြွေးတင်သွားခဲ့သည်။
ထိုထဲတွင် အဆိုးဆုံးကတော့ သူ့ဂုဏ်သတင်းက အဖက်ဆယ်မရအောင် ဆုံးရှုံးသွားတာပဲဖြစ်သည်။
ဆေးပညာရပ်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲနေ့မှာမှ ဘာကြောင့် ဒီလိုမျိုး ဖြစ်လာရတာလဲဆိုတာကို ရှောင်ချန်းသည် နားမလည်နိုင်အောင် ဖြစ်နေသည်။
အောင်မြင်ချိန်တန်ပြီဟု သူထင်ခဲ့သော နေ့က သူ့ဘဝရဲ့ အိမ်မက်ဆိုးကြီး ဖြစ်လာလိမ့်မည်လို့ သူမမျှော်လင့်ထားခဲ့ပေ။
သူအရမ်းချစ်ရသည့် ဆောင်ယုချင်း နှင့် သူ့ရန်သူတော်ကြီး လင့်ပေ့ဖန်၏ ရှေ့မှာပဲ သူသည် ဒူးထောက်ခဲ့ရသည်။
ထို့ပြင် သူသည် မိုဟိုင် မြို့ရှိ ဆရာဝန်အားလုံးရှေ့မှာလည်း ဒူးထောက်ခဲ့ရပြီး ဆေးဘုရင်ဆေးရုံရဲ့ အမွေဆက်ခံသူဝမ်စီချွမ်၏ ရှေ့၌လည်း အကြိမ်ကြိမ်ဒူးထောက်ခဲ့ရသည်။
သူ့ဂုဏ်သိက္ခာတင်မကပဲနဲ့ ဆေးဝိဉာည်တောင်ကြားရဲ့ ဂုဏ်သိက္ခာကပါ သူ့ကြောင့် ပျက်စီးခဲ့ရသည်။
လူတိုင်း၏ ပါးစပ်ဖျားတွင်လည်း သူ့နာမည်က တစ်သက်လုံး လှောင်ပြောင်စရာ နာမည်တစ်ခုဖြစ်လာ တော့မည်ဖြစ်သည်။
ထို့ပြင်သူ့ဘဝနှစ်ခုစလုံးတွင်လည်း သူသည် ဒီလောက်ရှက်စရာကောင်းတဲ့အဖြစ်မျိုးကို တစ်ခါမှ မကြုံခဲ့ဖူးေပ။
ရှောင်ချန်းသည် အခုချိန်တွင် သူ့ကိုယ်ကိုယ်သူ သတ်သေချင်စိတ်တောင် ပေါက်နေသည်။
အကယ်၍ ရန်ငြိုးအမုန်းတရားတစ်ခုကသာ သူ့ကို အသက်ရှင်ချင်စိတ်ဖြစ်အောင် တွန်အားမပေးနေပါက သူသည် သူ့ကိုယ်ကိုယ်သူ မြှုပ်နှံဖို့ နေရာရှာပြီးပြီ ဖြစ်လိမ့်မည်ဖြစ်သည်။
"ငါ တစ်ယောက်ယောက် အကောက်ကြံတာကို ခံရတာ ဖြစ်ရမယ် " ဟု ရှောင်ချန်းသည် ခါးသီးစွာဖြင့် ပြောလိုက်ပြီး ရုတ်တရက် သူသည် အဲ့ဒီအချိန်တုန်းက သူ့ခြေထောက်တွေ ဘာမှမဖြစ်ပဲနဲ့ရုတ်တရက် အားနည်းသွားတာကို သွားသတိရမိခဲ့သည်။
" တစ်ယောက်ယောက်က ငါ့ကို အကောက်ကြံပြီးတော့ တမင်သက်သက် အရှက်ရေအာင်လို့ ကြံစည်ခဲ့တာပဲ ဖြစ်ရမယ်.....။ "
" ဒါက ဘယ်သူဖြစ်နိုင်မလဲ....။ "
" ဘယ်သူက ငါ့ကို အကောက်ကြံတာလဲ...။"
" အဲ့ဒီသူက ဘယ်သူပဲဖြစ်ဖြစ်၊ ငါသိတာနဲ့ မင်း သေဖို့သာပြင်ထား။ "
ထို့နောက် ရှောင်ချန်းသည် အဲ့ဒီနေ့ကို သေသေချာချာပြန်စဉ်းစားခဲ့သည်။
ထိုအချိန်တုန်းက သူ့ကို ထိတွေ့ခွင့်ရတဲ့သူက လူ လေးယောက်သာ ရှိခဲ့သည်။
ထိုလေးယောက်က သူ့ရန်သူတော်ကြီး လင်ပေ့ဖန် ၊ လင်ပေ့ဖန်၏ လူယုံနှစ်ယောက်ဖြစ်တဲ့ ရဲ့ရှင်းချန်၊ ဝူကော နှင့် သူ့ဒဏ်ရာတွေကို ကုသပြီး ဆေးလဲပေးခဲ့တဲ့ ဆေးဘုရင်ဆေးရုံရဲ့ အမွေဆက်ခံသူ ဝမ်စီချွမ်တို့ပဲဖြစ်သည်။
လင်ပေ့ဖန် ကတော့ မဖြစ်နိုင်ပေ။
လင်ပေ့ဖန်က သူ့ရန်သူတော်ကြီး ဖြစ်ပေမယ့် သူပြန်လည်မွေးဖွားလာတာကို လင်းပေ့ဖန်က မသိသည့်အပြင် အခုဘဝတွင်လည်း လင်ပေ့ဖန် နှင့် သူ့တွင် ဘာပြဿနာမှ မဖြစ်ခဲ့ဖူးပေ။ထို့ကြောင့် လင်ပေ့ဖန်က သူ့ကို ဒုက္ခပေးစရာ အကြောင်းမရှိေပ။
ထို့အပြင် အရင်ရက်တွေတုန်းက သူ့ဆေးရုံတက်နေချိန်တွင်လည်း လင်ပေ့ဖန်က သူ့အေပါ်အရမ်း ကောင်းပြီး သူ့စီကိုလည်း မကြာခဏလာလည်၍ ညီအစ်ကိုတစ်ယောက်လိုမျိုး ဂရုတစိုက်ဆက်ဆံပေးခဲ့သည်။ ထို့ကဲ့သို့လူက သူ့ကို ဘယ်လိုလုပ် အကောက်ကြံတဲ့သူ ဖြစ်နိုင်မလဲ ....။(လူကောင်းလေးလင်ပေ့ဖန် )
ထို့ကြောင့် သူသည် လင်ပေ့ဖန်ကို ဘေးဖယ်ထားလိုက်သည်။
ရဲ့ရှင်းချန်သည်လည်း မဖြစ်နိုင်ပေ....။
သူ့ဒဏ်ရာတွေက ငါ့ထက်တောင်မှ ပိုပြင်းတယ်။ ပြီးေတာ့ သူက မလှုပ်ရှားနိုင်တာကို သူ့ဘယ်လိုလုပ်ဒီလိုမျိုး အကောက်ကြံ နိုင်မှာလဲ .....။
ဆေးဘုရင်ဆေးရုံရဲ့ အမွေဆက်ခံသူ ဝမ်စီချွမ်က လည်း မဖြစ်နိုင်ပေ။
သူစင်ပေါ်မတက်ခင်တုန်းက ဝမ်စီချွမ်သည် သူ့ကို ဆေးဝိဉာည်တောင်ကြားရဲ့ အမွေဆက်ခံသူမှန်း မသိခဲ့ပေ။ထို့ကြောင့် ဝမ်စီချွမ်က သူ့ကို အကောက်မကြံနိုင်ပေ။
ထို့ပြင် သူတို့နှစ်ဦးစလုံးကလည်း ဆရာဝန်တွေဖြစ်တာကြောင့် ရှောင်ချန်းသည် တစ်ဖက်လူက ဆေးမှားပေးပြီး အကောက်ကြံရင်တောင် သူပြန်သိနိုင်သည် မဟုတ်ပါလား...။
ထို့ကြောင့် အဖြေက တစ်ခုတည်းသာ ကျန်တော့သည်။
" ဝူကော..." ( ဝူကောအတွက်မျက်ရည်တစ်စက် )
ရှောင်ချန်းသည် အံကြိတ်ပြီ ထိုစကားလုံးနှစ်လုံးကို အော်ဟစ်ခဲ့သည်။
ဝူကောသည် ဆေးဘက်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲသို့ သူတို့ လာရာလမ်းတွင်လည်း လူနာနှစ်ယောက်ဖြစ်သည့် သူနှင့် ရဲ့ရှင်းချန်တို့အပေါ် သိပ်ပြီး ဖော်ရွေမှုမရှိတာကို မြင်တွေ့ခဲ့ရသည်။
သူသည် သူတို့ဒဏ်ရာတွေကို ပိုဆိုးစေတဲ့ အရာတွေကိုလည်း အမြဲလုပ်လေ့ရှိသည်။
ထို့ပြင် ထိုလူက ဂူသင်္ချိုင်းတွေကို မကြာခဏ ဖောက်ပြီး ရတနာတူး ဖော်လေ့ရှိသည့် ဂူသင်္ချိုင်းဖောက်သူတစ်ယောက်လည်းဖြစ်သည်။
ထို့ကြောင့် သူသာလျှင် အ ေကာက်ကြံဖို့အတွက်အဖြစ်နိုင်ဆုံးနှင့် အခွင့်အရေး အရှိဆုံးသူ ဖြစ်သည်။
အကယ်၍ လင်ပေ့ဖန်က သူ့ရဲ့ နံပါတ်တစ် ရန်သူတော်ကြီးဖြစ်ပါက ဝူကောသည် သူ့အတွက်တော့ နံပါတ်နှစ် ရန်သူတော်ကြီးဖြစ်သွားခဲ့ပြီဖြစ်သည်။
တစ်ယောက်က သူ့ကို အရာအားလုံး ဆုံးရှုံးစေခဲ့တဲ့သူဖြစ်သည်။ နောက်တစ်ယောက်ကတော့ သူ့အောင်မြင်မှုလမ်း ကြောင်းကို တားဆီးပြီး လူတိုင်းရှေ့မှာ သူ့ကို မျက်နှာပျက်ပြီး အရှက်ရစေခဲ့တဲ့သူဖြစ်သည်။
ထိုလူယုတ်မာနှစ်ယောက်စလုံးက ကောင်းတဲ့သူတွေ မဟုတ်ပေ.....။
" ဝူကော မင်းလို မအေမွေးက ငါ့ကို အကောက်ကြံရဲတယ်ပေါ့လေ ။ ငါ နေပြန်ကောင်းတဲ့အထိတော့ မင်း ပျော်ထားဦး ။ အဲ့ဒီအခါကျမှ ငါ မင်းကို အတိုးနဲ့ ပေါင်းတီးမယ်။ " ဟု ရှောင်ချန်းသည် အံကြိတ်ပြီး ပြောခဲ့သည်။
......
ထိုအချိန်တွင် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ လူနာခန်းကို ရောက်နေပြီဖြစ်သည်။
ထို့နောက် သူသည် လူနာကုတင်စီသို့ စိုးရိမ်တကြီး လျှောက်လာပြီး မေးခဲ့သည်။
"အစ်ကိုရဲ့၊ အခြေအနေဘယ်လိုလဲ "
ရဲ့ရှင်းချန်ရဲ့ စိတ်အခြေအနေက အရင်ကထက် တိုးတက်လာတာကြောင့် တက်ကြွစွာဖြင့် ပြန်ဖြေခဲ့သည်။
"ဒေါက်တာဝမ် ပေးတဲ့ ဆေးကို သောက်ပြီးကတည်းက ကျွန်တော့် အခြေအနေ အများကြီး တိုးတက်လာတယ်။ ကျွန်တော် ဆေးရုံပြန်ရောက်ပြီးတော့ ပြန်စစ်ဆေးကြည့်တဲ့အခါမှာ ဆရာဝန်က ကျွန်တော့်ကို အဲ့ဒီ ဆေးပဲဆက်သောက်နေရင် လဝက်အတွင်း သက်သာ လာပြီးတော့ ပုံမှန် လမ်းပြန်လျှောက်နိုင်မယ်လို့ ပြောတယ်။ တစ်လဆိုရင် လုံးဝ ပြန်ကောင်းသွားလိမ့်မယ်တဲ့။ ဒေါက်တာဝမ်က တကယ့်ကို ဉာဏ်ကြီးရှင်ဆရာဝန် တစ်ယောက်ပဲ။ ဟားဟား...."
လင်ပေ့ဖန်က ဝမ်းသာအားရဖြင့် ပြန်ပြောခဲ့သည်။
" ဒါက အရမ်းကောင်းတယ်။ အစ်ကိုရဲ့ အဲ့ဒီလိုဆိုရင် မကြာခင် မင်းပြန်လာပြီး ငါ့ကို ကူညီနိုင် တော့မှာေပါ့။ ရိုးရိုးသားသားပြောရရင် ငါတို့ကုမ္ပဏီက မင်းမရှိလို့ မဖြစ်ဘူး။ ငါလည်း မင်းမရှိလို့ မဖြစ်ဘူး။ "
ရဲ့ရှင်းချန်သည်လည်း ရိုးသားသော အမူအရာဖြင့် ပြန်ပြောခဲ့သည်။
" ဥက္ကဌလင်း၊ ကျွန်တော်လည်း တကယ့်ကို ပြန်လာချင်ပါတယ် ။"
' ငါ ၊ မင်းအနားကို ပြန်သွားပြီးတော့ မင်းကို သတ်ချင်နေတာ မစောင့်နိုင်တော့အောင်ပဲ ၊ဒါကို မင်းသိလား။..... '
" ဒါတွေပြောနေစရာ မလိုဘူး။ ဒီအချိန် အတောအတွင်းမှာ မင်းဒဏ်ရာေတွကို သေချာဂရုစိုက်ပြီးတော့ ပြန်ကောင်းလာတဲ့အခါကျမှ ပြန်လာပြီး ငါ့ကို ကူညီပေး ။ "
"ဟုတ်ကဲ့၊ ဥက္ကဌလင် " ဟု ပြောပြီး ရဲ့ရှင်းချန်က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ခဲ့သည်။
ထိုအချိန်တွင် ဝူကောသည် ပန်းအိုးအများကြီးကို သယ်လာပြီး ဝင်လာခဲ့သည်။
လင်ပေ့ဖန်က အံ့အားသင့်စွာဖြင့် မေးမြန်းခဲ့သည်။
" အစ်ကို ဝူ၊ မင်းဘာလုပ်နေတာလဲ "
ဝူကောသည် ပန်းပင်တွေကို အေးအေးဆေးဆေး နေရာ ချပြီး ပြန်ဖြေခဲ့သည်။
" ဥက္ကဌလင် ၊ လူနာခန်းက အရမ်းရှင်းပြီးတော့ မွန်းကြပ်စရာကောင်းတယ်လို့ ကျွန်တော်ခံစားရတယ်။ ဒါကြောင့် မစ္စတာရဲ့အတွက် ပန်းပင်တချို့ ပြင်ဆင်လာတာပါ။ ဒီပန်းပင်တွေ ဒီမှာရှိနေရင် မစ္စတာရဲ့ ရဲ့ စိတ်ခံစားချက်က ဒီပန်းပင်တွေကို မြင်တဲ့အချိန်မှာ ပိုကောင်းလာပြီးတော့ ပြန်လည်သက်သာလာဖို့ အထောက်အကူဖြစ်စေမယ် ထင်လို့ ကျွန်တော်ယူလာတာပါ။ "
" အစ်ကိုဝူ၊ မင်းက တကယ့်ကို စဉ်းစားတတ်တာပဲ "ဟု လင်းပေ့ဖန်က ကျေးဇူးတင်စွာဖြင့် ဝူေကာ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။
ဝူကောကို ကြည့်သည့် အချိန်တွင်လည်း ရဲ့ရှင်းချန်၏ အကြည့်တွေက ပိုပြီး နှစ်သက်လာသည်။
ဝူကောယူလာပေးတဲ့ ပန်းပင်တွေက လင်ပေ့ဖန်ပေးခဲ့သည့် အဖြူရောင်ပန်းတွေထက် အများကြီး ပိုကောင်းသည်။
ထို့နောက် ဝူကောသည် ထိုပန်းပင်တွေကို နေရာချတော့သည်။
"မစ္စတာလင်၊ မစ္စတာရဲ့ ၊ ဒီပန်းပင်တွေနဲ့ဆိုရင် မစ္စတာရဲ့ ရဲ့ ဒဏ်ရာတွေ မြန်မြန်ပျောက်ကင်းလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ် " ဟု ပြောလိုက်သည်။
လင်ပေ့ဖန်နှင့် ရဲ့ရှင်းချန်တို့ နှစ်ယောက် စလုံးက ပြုံးပြ၍ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်!"
"ကိစ္စမရှိပါဘူး။ ဒါက ကျွန်တော့်အတွက်တော့ ကိစ္စသေးသေးလေးတစ်ခုပါပဲ။ " ဟု ဝူကောသည် ဖော် ရွေစွာဖြင့် ပြုံးပြီး ပြန်ပြောခဲ့သည်။
သူ့စိတ်ထဲမှာတော့ ' ဒီပန်းပင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံနဲ့ဆိုရင် ရဲ့ရှင်းချန်၊ မင်း ဒီဆေးရုံမှာပဲ သက်တောင့်သက်သာ အနားယူပြီးတော့ ဘယ်တော့မှ ပြန်ဆင်းရတော့မှာ မဟုတ်ဘူး ။ ' ဟု တွေးနေခဲ့သည်။
ဆေးရုံက ပြန်လာတဲ့ နေ့ကတည်းက သူသည် ရဲ့ရှင်းချန် ကုမ္ပဏီသို့ ပြန်မလာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစားနေခဲ့တာ ဖြစ်သည်။
နောက်ဆုံးတော့ သူသည် ၎င်းဖွဲ့စည်းပုံကို အသုံးပြုဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သူသည် ခုနတုန်းက တိတ်တဆိတ်ဖြင့် ဆင်လေးကောင်သေဆုံးခြင်းအစီအရင်ကို ဒီနေရာတွင် ချထားခဲ့သည်။ထိုအစီအရင်က အထူးသဖြင့် အသက်ဓာတ်ကို အားနည်းအောင်လို့ ပြုလုပ်ရာမှာ အသုံးပြုသည့် အစီအရင်တစ်ခုဖြစ်သည်။
ထိုအစီအရင်အတွင်းမှာ ရဲ့ရှင်းချန် ရှိနေသရွေ့ သူ့ခန္ဓာကိုယ်က အားနည်းလာပြီး ကိုယ်ခံအားပါ ကျဆင်းလာလိမ့်မည်ဖြစ်သည်။ထို့ပြင် သူ့၏ စိတ် အခြေအနေသည်လည်း မတည်မငြိမ်ဖြစ်လာလိမ့်မည်ဖြစ်သည်။
ထိုနည်းဖြင့် ရဲ့ရှင်းချန်ဟာ အလွယ်တကူ ပြန်ကောင်းလာနိုင်တော့မှာ မဟုတ်ပေ။
တချိန်တည်းမှာပဲ သူသည် လင်ပေ့ဖန်၏ကုမ္ပဏီမှာ ဆက်လက်၍ နေနိုင်ပြီး လက်စားချေဖို့အတွက်လည်း သင့်တော်သော အချိန်ကို စောင့်နေနိုင်မည်ဖြစ်သည်။
"ဒီပန်းပင်တွေက ကြည့်လို့ကောင်းတယ်။အစ်ကိုဝူ၊ အစ်ကိုရှောင်အတွက်ပါ တချို့စီစဉ်ပေးရင် ကောင်းမလား ...?။ မင်းရော ဘယ်လိုထင်လဲ ? ။" ဟု လင်ပေ့ဖန်က ပြုံးပြီး မေးလိုက်သည်။
ဝူေကာရဲ့ မျက်လုံးတွေက တချက် လက်သွားပြီး ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်၍ ပြောခဲ့သည်။
" ဟုတ်ကဲ့ ၊ခဏနေရင် ကျွန်တော် လုပ်ပေးလိုက်မယ် ။"
" အစ်ကိုဝူ ၊ ဒါက မင်းအတွက်တော့ တကယ့်ခက်ခဲမှာပဲ။ "
" မခက်ခဲပါဘူး။ ကျွန်တော့် အခုပဲ စီစဉ်လိုက်ရမလား? " ဟု ဝူကောက စိတ်အားထက်သန်စွာဖြင့် မေးခဲ့သည်။
" ကောင်းတာပေါ့။ အစ်ကိုရဲ့ အရေးတကြီး ကိစ္စလည်း မရှိဘူးဆိုတော့ အစ်ကိုဝူနဲ့ ကျွန်တော် အရင်သွားလိုက်ဦးမယ် ။ အစ်ကိုဒီနေရာမှာပဲ ကောင်းကောင်း အနားယူလိုက်ဦး ။ ကျွန်ေတာ်မနက်ဖြန်မှပဲ ပြန်လာကြည့်မယ်" ဟု လင်ပေ့ဖန်က ပြုံးပြီး လက်ပြနူတ်ဆက်လိုက်သည်။
"ကောင်းပြီ၊ နောက်နေ့မှ တွေ့မယ် " ဟု ရဲ့ရှင်းချန်ကလည်း လက်ပြနူတ်ဆက်ခဲ့သည်။
ထိုသို့ဖြင့် လင်ပေ့ဖန်နှင့် လူယုတ်မာ ဝူေကာတို့ နှစ်ယောက်စလုံးသည် ပြုံးရွှင်စွာဖြင့် ထွက်ခွာသွားကြသည်။