← Chapters

အခန်း (၁၃၃)

Vol. 9 Ch. 133

အခန်း (၁၃၃)

Vol. 9 Ch. 133

ရှောင်ချန်းသည် သူ ဘာကြောင့် ဒီလောက်ဆိုးရွားတဲ့ အခြေအနေမျိုးထိ ရောက်နေရတာလဲဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေသည်။

သူသည် ပြန်လည်မွေးဖွားလာတဲ့ ဇာတ်လိုက်တစ်ယောက်ဖြစ်တာကြောင့် အတိတ်ဘဝကထက် ပိုပြီးတော့တောင်မှ တိုးတက်ကြီးပွား အောင်မြင်သင့်ေသးသည်။ထို့ပြင် သူသည် အနာဂတ်မှာဖြစ်ပျက်မယ့်အကြောင်းတွေကိုလည်း ကြိုသိနေတာကြောင့် သူ့ရဲ့ကြီးပွားတိုးတက်အောင်မြင်မှုက ကောင်းကင်ထိတိုင် အောင် ရောက်နေသင့်သည် မဟုတ်ပါလော။

သို့သော်လည်းပဲ အခုချိန်တွင် သူသည် ဆေးရုံ၌ နှစ်လကြာအောင် မလှုပ်ရှားနိုင်ပဲနဲ့ လှဲလျောင်းနေရပြီး သူ့ရန်သူတော်ကြီးဖြစ်တဲ့ လင်ပေ့ဖန်၏ မျက်နှာကိုလည်း နေ့တိုင်း မမြင်ချင်မှအဆုံး မြင်နေရပြန်သည်။

"ထားလိုက်တော့ ။ မင်းကံဆိုးတာ လုံလောက်နေပြီ။ ငါမင်းကို ထပ်မဆူတော့ဘူး ။" ဟု မိုဝူကွေ့က သက်ပြင်းချပြီး ပြောလိုက်သည်။

" ဒီတစ်ခါ မင်း တောင်ပေါ်က ဆင်းတာ ဒီလောက်ထိ ကိစ္စတွေ ဖြစ်ပျက်သွားမယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ အခု ငါတို့ လုပ်ရမယ့်ကိစ္စတွေကို သေသေချာချာ ခွဲလိုက်ကြရအောင်။ "

"ငါတို့ ပထမဆုံးလုပ်ရမယ့်ကိစ္စက မင်းရဲ့ ဒဏ်ရာတွေကို အရင်ကုသဖို့ပဲ။ "

" ဒုတိယလုပ်မယ့် ကိစ္စက ကျိုစီမင်ကို ကယ်ဖို့ပဲ။ "

" ပြီးရင် ငါတို့ တတိယလုပ်မယ့်ကိစ္စက ငါတို့ဆေးဝိညာဉ်တောင်ကြားရဲ့ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ဖို့ပဲ။ "

" နောက်ဆုံး ငါတို့ လုပ်ရမယ့်ကိစ္စက မင်းရဲ့ လက်ထပ်ပွဲကို အတည်ပြုဖို့ပဲ။ "

ထို့နောက် မိုဝူကွေ့သည် ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး ထိုင်၍ ဆက်ပြောခဲ့သည်။

"ပထမဆုံးကိစ္စကိုတော့ သိပ်ပြောစရာ မလိုဘူးထင်တယ်။ မင်းက ငါတို့ကို ဂိုဏ်သိက္ခာကျေအာင် လုပ်ခဲ့ရရင်တောင် မင်းက ငါတို့ဆေးဝိညာဉ်တောင်ကြားရဲ့ အမွေဆက်ခံသူဖြစ်နေတုန်းပဲ။ ဒါကြောင့် ငါမင်းကို သေချာပေါက်ကယ်တင်ပေးရလိမ့်မယ်။ ဒီတစ်ခါတော့ မင်းရဲ့ ဒဏ်ရာတွေ တစ်လအတွင်း အပြည့်အဝ ပြန်ကောင်းလာအောင်လို့ ငါကိုယ်တိုင် မင်းကို ကုသပေးမယ် ။ "

"ကျေးဇူးတင်ပါတယ်၊ ဆရာဦးလေး " ဟု ရှောင်ချန်းသည် ဝမ်းသာစွာဖြင့် ပြန်ဖြေခဲ့သည်။

မိုဝူကွေ့သည် သူ့ဘဝနှစ်ခုစလုံးတွင် သူ့ကို သားအရင်းတစ်ယောက်လိုမျိုး အမြဲတမ်း ဂရုစိုက်ပြီး ကြင်ကြင်နာနာဖြင့် ဆက်ဆံခဲ့သည်။

" ငါတို့ လုပ်ရမယ့် ဒုတိယကိစ္စက ကျိုစီမင်ကို ကယ်ဖို့ပဲ။ "

"ဒါပေမယ့် သူ့ရဲ့အခြေအနေက နည်းနည်းရှုပ်ထွေးတယ် "

ထို့နောက် မိုဝူကွေ့သည် မျက်မှောင်ကြုတ်ပြီး ပြောခဲ့သည်။

" ဒီအမှုက ပြည်သူ့စွဲချက်တင်အဆင့်ကို ရောက်နေပြီ။ဒီအခြေအနေကို ငါတို့သဘောနဲ့ ငါတို့ ဆုံးဖြတ်လို့ မရတော့ဘူး။ ဒါပေမယ့် မင်းက အဲ့ဒီအမှုကို ရှင်းလင်းဖို့အတွက် အကြောင်းပြချက် ခိုင်လှုံတဲ့ စာတစ်စောင်ကို ရေးပေးမယ်ဆိုရင် ငါ့ရဲ့ မိတ်ဆွေဟောင်းတချို့ကို ပြောပြီးတော့ သူ့ကို ဒီအမှုကနေ လွတ်အောင် လုပ်ပေးလို့ရလိမ့်မယ် ။ ဒါက တစ်ရက်ထဲနဲ့ ဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုမဟုတ်လို့ ငါတို့ ဒီကိစ္စကို ခဏလောက် ဘေးဖယ်ထားကြရအောင်။ "

" တတိယကိစ္စက ငါတို့ ဆေးဝိညာဉ်တောင်ကြားရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးတော့ အဖက်ဆယ်ဖို့ပဲ။ "

ထိုစကားကို ပြောရင်းဖြင့် မိုဝူကွေြသည် ရှောင်ချန်းကို ဒေါသထွက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ ရှောင်ချန်းသည် မိုဝူကွေ့၏ အကြည့်ကို မြင်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ခဲ့သည်။

"ဒါက ငါ တောင်ပေါ်က ဆင်းလာတဲ့ အဓိကရည်ရွယ်ချက်ပဲ။ ဘယ်လိုပဲဖြစ်နေပါစေ။ ငါတို့ ဆေးဝိညာဉ်တောင်ကြားက ယန်နိုင်ငံမှာရှိတဲ့ တရုတ်ရိုးရာဆေးပညာရပ်ဝန်းမှာ အရေးပါတဲ့ အဖွဲ့အစည်းတစ်ခုပဲလေ။ပြီးေတာ့ ငါတို့ဆေးဝိညာဉ်ေတာင်ကြား ရှိနေတာကလည်း ရာစုနှစ်တစ်ခုကျော်နေပြီ။ငါတို့ ဆေးဝိညာဉ် တောင်ကြားက သိပ်ပြီးတော့ မကျော်ကြားပေမဲ့ ငါတို့မှာ ဂုဏ်သိက္ခာတော့ ရှိတယ်။ အဲ့ဒီဂုဏ်သိက္ခာက ငါတို့လက်ထက်ကျမှ ပျက်စီးသွားတာကိုတော့ ငါလက်မခံနိုင်ဘူး။ ဒါကြောင့် ငါတို့ ဆေးဝိညာဉ်တောင်ကြရဲ့ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ရမယ်။ "

" ဆရာဦးလေး၊ ဒီကိစ္စကို ကျွန်တော် ပြန်ကူညီပေးပါ့မယ် "ဟု ရှောင်ချန်းက ရှက်ရွံ့စွာဖြင့် ပြောခဲ့သည်။

ထိုစကားကို ကြားလိုက်ရေသာအချိန်တွင် မိုဝူကွေ့သည် အလျင်အမြန်ပဲ လက်ရမ်းပြီး ပြောခဲ့သည်။

" ရတယ် မလိုဘူး။ မင်းရဲ့ ဒဏ်ရာတွေ ပြန်ကောင်းဖို့ကိုပဲ မင်း ဂရုစိုက် ။ ဒီကိစ္စကို ငါ့ဘာသာငါလုပ်လိုက်မယ်။ မင်း ထပ်ပြီးတော့ ငါတို့ဆေးဝိညာဉ်တောင်ကြားကို ဂုဏ်သိက္ခာကျအောင် လုပ်မှာ ငါကြောက်တယ် ။ ငါတို့ ဆေးဝိညာဉ်တောင်ကြားက နောက်တစ်ကြိမ် ဂုဏ်သိက္ခာအကျမခံနိုင်တော့ဘူး။ "

ရှောင်ချန်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ခဲ့သည်။

" နောက်ဆုံး ငါတို့ လုပ်ရမယ့် ကိစ္စက မင်းရဲ့ လက်ထပ်ပွဲပဲ။ "

မိုဝူကွေ့သည် အားရကျေနပ်သော အမူအရာဖြင့် ပြောခဲ့သည်။

" ငါကြားတာတော့ ဆောင်မိသားစုရဲ့ သမီးလေး ဆောင်ယုချင်းက အခုချိန်မှာ အသက်နှစ်ဆယ်ပဲ ရှိသေးတယ်ဆို။ သူမက အရမ်းလှပြီးတော့ အရမ်းလည်း အရည်အချင်းရှိတယ်တဲ့။ နောက်ပြီး သူမက ဆောင်မိသားစုဆေးရုံကို အသေအချာစီမံအုပ်ချုပ်နေတဲ့ စီအီအို တစ်ယောက်ဆို။ ငါ မင်းရဲ့ ဆရာဦးလေး တစ်ယောက်အနေနဲ့ ငါ သူမကို အတော်လေး သဘောကျကျေနပ်မိတယ်။ မင်းလို အရည်အချင်းရှိတဲ့ လူငယ်လေးနဲ့ သူမလိုမျိုး လှပတဲ့ အမျိုးသမီးလေးက . တကယ့်ကို နတ်ဖက်တဲ့ စုံတွဲတစ်တွဲပဲ ။ ဒါကြောင့် ငါ နောက်မှ ဆောင်မိသားစုဆီ သွားပြီးတော့ ဒီကိစ္စကို သူတို့ကို ငါ ရှင်းရှင်းလင်းလင်း ပြောရမယ်။ ပြီးရင် မင်းတို့ကို အမြန်ဆုံး လက်ထပ်ရအောင် လုပ်ပေးပြီးတော့ ဝဝကစ်ကစ် ကလေးလေးတစ်ယောက် မွေးခိုင်းမယ်။ ဟားဟား...... "

ထိုစကားကို ကြားလိုက်ရသော အချိန်တွင် ရှောင်ချန်းသည် ထိတ်လန့်သွားခဲ့သည်။

"ဆရာ ဦးလေး၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့ ဉီး။ "

မိုဝူကွေ့သည် နားမလည်သော အမူအရာဖြင့် မေးလိုက်သည်။

"ဘာလို့ မလုပ်ရတာလဲ"

" ဆရာဦးလေး၊ ကျွန်တော့်ရဲ့ အခုအခြေအနေကို ကြည့်ဦး။ ဒီအခြေအနေနဲ့ ကျွန်တော် လက်ထပ်ဖို့ သွားပြောမယ်ဆိုရင် သင့်တော်ပါ့မလား ? "

ထို့နောက် ရှောင်ချန်းသည် ခါးသီးစွာဖြင့် ရယ်မောပြီး ပြောခဲ့ပြန်သည်။

"ကျွန်တော်က အခု ဒဏ်ရာရပြီးတော့ ဆေးရုံမှာ လှဲလျောင်းနေရတာလေ။ဒါက ဘယ်လောက်ဆိုးလိုက်လဲ ။ ပြီးတော့ ကျွန်တော်က အခု ဘာမှ မအောင်မြင်သေးဘူး။ ဒါပေမဲ့ သူမကတော့ မိုဟိုင်မြို့မှာ လူသိများကျော်ကြား အောင်မြင်နေတဲ့ အရမ်းကိုမှ လှပတဲ့ စီအီအိုချောလေးတစ်ယောက်ဖြစ်နေပြီ။ ဒါကြောင့် ကျွန်တော် သူမကို လက်ထပ်ဖို့ ဘယ်လိုမျက်နှာနဲ့ သွားပြောရမှာလဲ ? ။ "

"ဘာကို ရှက်နေစရာလိုလို့လဲ။ မင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆေးပညာရပ်ကို ပိုင်ဆိုင်ထားတဲ့ ငါတို့ ဆေးဝိညာဉ်တောင်ကြားရဲ့ အမွေခံသူပဲကို။ အရင်ခေတ်တုန်းကဆိုရင် ငါတို့ဆေးဝိညာဉ်တောင်ကြားကို စစ်သူကြီး၊ မှူးမတ်တွေ ၊အမတ်ကြီးတွေ နဲ့ ဧကရာဇ်ကပါ ရိုသေလေးစားကြရတယ်။ မင်းနဲ့ ထိုက်တန်တဲ့သူ ဘယ်သူမှမရှိဘူး။ ဘယ်လိုလုပ်ပြီးတော့ သူမနဲ့ မင်းကမထိုက်တန်နိုင်ရမှာလဲ ။"ဟု မိုဝူကွေ့က မာနကြီးစွာဖြင့် ပြောခဲ့သည်။

ရှောင်ချန်းက သက်ပြင်းချပြီး မိုဝူကွေ့ကို ပြောလိုက်သည်။

" ဆရာဦးလေး၊ ကျေးဇူးပြုပြီးတော့ ကျွန်တော်လက်ထပ်မဲ့ကိစ္စမှာ ဝင်မပါပါနဲ့။ ဒီခေတ်မှာ ကြိုတင်စီစဉ်ထားတဲ့ လက်ထပ်ပွဲတွေ နဲ့ စေ့စပ်ပွဲတွေက မရှိသလောက်ပဲ ။ ဒီခေတ်မှာ ဘယ်သူ့ကိုမဆို လွတ်လွတ်လပ်လပ်ချစ်နိုင်နေပြီ။ ဒါကြောင့် ကျွန်တော့်ဒဏ်ရာတွေ ပြန်ကောင်းပြီးတော့ အောင်မြင်လာတဲ့အခါကျမှာ ကျွန်တော် လက်ထပ်ရမယ့်ကိစ္စကိုပြန် စဉ်းစားမယ်။ "

မိုဝူကွေ့က စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်သည်။

" ကောင်းပြီ ၊မင်းတို့လူငယ်တွေရဲ့ ကိစ္စတွေမှာ ငါတို့ လူကြီးတွေ ဝင်မပါတော့ဘူး။ မင်းတို့ဘာသာလုပ်ချင်သလို လုပ်တော့။ "

" ကျေးဇူးတင်ပါတယ်၊ ဆရာဦးလေး "ဟု ပြော၍ ရှောင်ချန်းသည် သက်ပြင်းချပြီး တိတ်တဆိတ် စိတ်သက်သာရာရသွားခဲ့သည်။

သူ လက်ထပ်ဖို့ အဓိကကြောက်ရတဲ့ အကြောင်းရင်းက လင်ပေ့ဖန်ကြောင့်ပဲဖြစ်သည်။ အကယ်၍ ဆောင်ယုချင်း လက်ထပ်မည့်သူက သူဖြစ်တာ ပေါ်သွားခဲ့လျှင် ၎င်းက လင်ပေ့ဖန် ကို စစ်ကြေညာတာနဲ့ အတူတူ ဖြစ်သွားလိမ့်မည်ဖြစ်သည်။

သူသည် လင်ပေ့ဖန် ဘယ်လောက်ထိ ရက်စက်ပြီး ကြောက်စရာကောင်းတယ်ဆိုတာကို သူကိုယ်တိုင် အတိတ်ဘဝက မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီးပြီဖြစ်သည်။ သူ တစ်ယောက်တည်းသာလျှင် ပျက်စီးခဲ့ရုံသာမကပဲနဲ့ သူ့ရဲ့ ဂိုဏ်းပါ သူ့နဲ့ အတူတူ ပျက်စီးသွားခဲ့ရသည်။

ထို့ပြင်သူ့၏ လက်ရှိအခြေအနေနှင့် အောင်မြင်မှုကလည်း လင်ပေ့ဖန်ကို မယှဉ်နိုင်သေးပေ။ထို့ကြောင့် သူ့အတွက်တော့ ယခုလက်ရှိ သူ့နှင့်လင်ပေ့ဖန်ကြားက ဆက်ဆံရေးကို ထိန်းသိမ်းထားတာက အကောင်းဆုံးဖြစ်သည်။ ထို့နောက် သူသည် လင်ပေ့ဖန်၏ စောင့်ကြည့်မှုအောက်တွင် တဖြည်းဖြည်း တိုးတက်အောင်မြင်လာပြီး နောက်ဆုံးတွင် သူသည် လင်ပေ့ဖန်ကို ရှုံးနိမ့်အောင် လုပ်နိုင်လာလိမ့်မည်ဖြစ်သည်။

ထို့ပြင် နောက်ဆုံးမှာ သူ့ကို ရှုံးနိမ့်အောင်လုပ်ခဲ့သည့်သူက သူအရင်းနှီးဆုံးညီအစ်ကို ဖြစ်တာကို လင်ပေ့ဖန် စိတ်ကူးတောင် ယဉ်ခဲ့မိလိမ့်မည် မဟုတ်ဟု သူယုံကြည်သည်။

ရှောင်ချန်းသည် ပိုကောင်းမွန်လာမည့် သူ့၏ အနာဂတ်အကြောင်းကို စဉ်းစားပြီး သူ့ရဲ့ စိတ်အခြေအနေက အရင်ကထက် ပိုကောင်းလာခဲ့သည်။

"ရှောင်ချန်း မင်းရဲ့ ဒဏ်ရာတွေကို ငါ အရင်ဆုံးကုသပေးမယ်။ "ဟု မိုဝူကွေ့က ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ဆရာဦးလေး!"

နာရီဝက်ကြာပြီးနောက် မိုဝူကွေ့သည် စိုက်ထားတဲ့အပ်များကို ပြန်နုတ်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" မင်းရဲ့ အခြေအနေက ငါ မျှော်လင့်ထားတာထက်ကို ပိုကောင်းတယ်။ တစ်ရက် တစ်ကြိမ် ပုံမှန်အပ်စိုက်ကုသပေးရင် မင်းရဲ့ ဒဏ်ရာတွေက တစ်လအတွင်း ပြန်ကောင်းလာနိုင်တယ်။ "

"ကျေးဇူး အများကြီးတင်ပါတယ်၊ ဆရာဦးလေး" ရှောင်ချန်းသည် အရမ်းကိုမှ ပျော်ရွှင်သွားခဲ့သည်။

' သူ့ရဲ့ ဆရာဦးလေးက တောင်ပေါ်ကဆင်းလာပြီးတော့ သူ့ကို လာကုပေးတယ်။ ပြီးရင် သူ့ရဲ့ စီနီယာအစ်ကိုကိုလည်း ကယ်တင်ပေးဦးမယ်။ နောက်ပြီး ဆေးဝိညာဉ်တောင်ကြားရဲ့ ဂုဏ်သိက္ခာကိုလည်း သူ့ရဲ့ဆရာဦးလေးက ပြန်အဖက်ဆယ်ပေးဦးမယ်။ '

အရာအားလုံးက အကောင်းဘက်ကို ဦးတည်နေတာကြောင့် ရှောင်ချန်း၏ စိတ်အခြေအနေက အတော်လေးကို ကျေနပ်အားရနေခဲ့သည်။

ထိုအချိန်တွင် လင်ပေ့ဖန်သည် အခန်းထဲသို့ အဖြူရောင် ပန်းစည်းတစ်စီးကို ကိုင်၍ ဝင်လာပြီး အံ့အားသင့်စွာဖြင့် မေးခဲ့သည်။

" အစ်ကိုရှောင်၊ သူက ဘယ်သူလဲ?။ "

" မင်းက မစ္စတာ လင်ပေ့ဖန် မဟုတ်လား ?။" ဟု မိဝူကွေ့က မတ်တပ်ရပ်၍ အားရပါးရ ရယ်ေမာပြီး ပြောလိုက်သည်။

" ဟုတ်တယ်၊ ဒါနဲ့ ဦးလေးက ..."

"ငါက ရှောင်ချန်းရဲ့ ဆရာဦးလေး မိုဝူကွေ့ပဲ။ သူ ဒဏ်ရာရနေတယ်လို့ ကြားလို့ ငါသူ့ကို ကုသပေးဖို့အတွက် တောင်ပေါ်ကနေ ဆင်းလာခဲ့တာ။" မိုဝူကွေးက ပြုံးပြီး ပြောခဲ့သည်။

"ဒါဆိုရင် ဦးလေးက အစ်ကိုရှောင်ရဲ့ ဆရာဦးလေးပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်။ကျွန်တော် ဦးလေး ကို တွေ့ရတာ တကယ့့်ကို ပျော်ရွှင်မိတယ်။" ဟု ပြောပြီးနောက် လင်ပေးဖန်သည် လက်ဆွဲနှုတ်ဆက်ဖို့အတွက် လက်ဆန့်ပေးခဲ့သည်။ထို့နောက် သူတို့ အချင်းချင်းလက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

" ဦးလေးလည်း မင်းကို တွေ့ရတာ ဝမ်းသာပါတယ်။"

ထို့နောက် မိုဝူကွေ့သည် လင်ပေ့ဖန်ရဲ့ လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး အတော်လေး ယဉ်ကျေးစွာဖြင့် ပြောခဲ့သည်။

" မစ္စတာလင်က ဒီရက်တွေထဲမှာ ကျွန်တော့်ရဲ့ တူလေးကို စောင့်ရှောက်ပေးခဲ့တယ်လို့ ကျွန်တော်ကြားတယ်။ ပြီးတော့ ကျွန်တော့်တူလေးကို ငွေကြေးအထောက်အပံ့တွေလည်း အများကြီး ထောက်ပံ့ပေးခဲ့တယ်လို့ ကျွန်တော်ကြားမိပါတယ်။ဒါက မစ္စတာလင်အတွက် တော်တော်လေးကို အလုပ်ရှုပ်ခဲ့ရမှာပဲ။"

" ဘာမှ အလုပ်မရှုပ်ပါဘူး။ အစ်ကိုရှောင်နဲ့ ကျွန်တော်က အရင်းနှီးဆုံး သူငယ်ချင်းတွေပဲကို။ မဟုတ်ဘူးလား အစ်ကိုရှောင် ။ " လင်ပေးဖန်က အားရပါးရ ရယ်မောပြီး ပြောခဲ့သည်။

"ဟုတ်တာေပါ့ ညီလေးရာ၊ ဟုတ်တာေပါ့..." ဟု ရှောင်ချန်းသည် ဖျစ်ညစ်ပြုံးပြီး ပြောခဲ့သည်။

' ငါမင်းကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးသတ်ချင်နေတာ...... ။'

မိုဝူကွေ့က လင်ပေ့ဖန်ရဲ့ လက်ကို ဆက်ပြီးတော့ ဆုပ်ကိုင်ထားပြီး ပြောလိုက်သည်။

"မစ္စတာလင်လိုမျိုး လူကောင်းတွေက ရှားတယ်။ ဘာပဲဖြစ်ဖြစ် မစ္စတာလင်က ဦးလေးတို့ ဆေးဝိတောင်ကြားကို ကျေးဇူးရှိခဲ့တယ်။ ဒါကြောင့် မစ္စတာလင်က ကျွန်တော်တို့ဆေးဝိညာဉ်တောင်ကြားရဲ့ မိတ်ဆွေပဲ။ အနာဂတ်မှာ ဘာကိစ္စပဲရှိရှိ ဦးလေးတို့ ဆေးဝိညာဉ်တောင်ကြားကို ပြောနိုင်တယ်။ ဦးလေးတို့ အကောင်းဆုံး ကူညီပေးမယ်။ "

" ကျေးဇူးတင်ပါတယ်။ " ဟု လင်ပေ့ဖန်က စိတ်ရင်းမှန်ဖြင့် ခေါင်းညိတ်ပြီးပြောခဲ့သည်။

All Chapters