အခန်း (၁၃၅)
Vol. 9 Ch. 135
ဒုတိယနေ့တွင် မိုဝူကွေ့သည် ချောက်ယန်ရင်ပြင်သို့ လူအနည်းငယ်ဖြင့် လာခဲ့သည်။
ထို့နောက် သူတို့သည် ချောက်ယန်ရင်ပြင်ရှိ အရိပ်ရတဲ့နေရာ တစ်ခုတွင် ယာယီတဲတစ်ခုထိုးပြီး စားပွဲခုံများ နှင့် ကုလားထိုင်အချို့ကို စီစဉ်၍ * ဆေးဝိညာဉ်တောင်ကြား ဆရာဝန်တွေ အခမဲ့တိုင်ပင်ဆွေးနွေးကုသပေးခြင်း * ဆိုသည့် ခေါင်းစည်းဖြင့် ယာယီဆေးခန်းတစ်ခုကို ဖွင့်လှစ်ခဲ့သည်။
ထိုခေါင်းစည်း၏ အောက်ခြေတွင်လည်း လက်ရေးလှဖြင့် ရေးထားတဲ့ စာကြောင်းနှစ်ကြောင်းကို ကပ်ထားခဲ့သည်။
* သာမှန် ဖျားနာတာတွေဆို ကြည့်ဖို့မလိုဘူး။ *
* နာတာရှည်ရောဂါ မဟုတ်ရင်လည်း လာမကြည့်နဲ့ ။ *
ထိုစာကြောင်းကို ကြည့်ရတာတော့ အတော်လေး အထင်ကြီးစရာကောင်းသည်။
မိုဝူကွေ့သည် သားနားတဲ့ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး သူ့ရဲ့ လက်ထဲတွင်လည်း ခေါက်ယပ်တောင် တစ်ခုကို ကိုင်ထားသည်။ထို့ပြင် သူသည် ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ဖီးထားပြီး ကျန်းမာတဲ့အသားအရေ၊ နှုတ်ခမ်းမွေးရေးရေးဖြင့် တည်ကြည်ခံ့ညားနေခဲ့သည်။
ထို့နောက် သူသည် အေးအေးလူလူဖြင့် အမိုးအောက်တွင် ထိုင်ပြီး သူ့ဘာသာသူ ယပ်ခပ်နေခဲ့သည်။
ထိုမြင်ကွင်းက ရင်ပြင်တွင် အခုလေးတင်မှ အကလေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့ မိန်းမကြီးတစ်စု၏ အာရုံကို သဘာဝကျကျ ဆွဲဆောင်သွားခဲ့သည်။
" အခမဲ့ တိုင်ပင်ဆွေးနွေး ကုသပေးတာလား။ ဒါဆိုရင် ခင်ဗျားက ဒီနေရာမှာ အခမဲ့ တိုင်ပင်ဆွေးနွေးကုသပေမဲ့ ဆရာဝန်တစ်ယောက်လား။ " မိန်းမကြီးတစ်ယောက်က ခေါင်းစည်းကို ကြည့်၍ ပြောခဲ့သည်။
" ဟုတ်တယ် " မိုဝူကွေ့က အပြုံးတစ်ပွင့်ဖြင့် ပြန်ပြောခဲ့သည်။
" ပိုက်ဆံပေးရမှာလား ။" မိန်းမကြီးက ထပ်မေးခဲ့သည်။
မိုဝူကွေ့က ခေါင်းရမ်းပြီး ပြောခဲ့သည်။
" ဘာမှမပေးရဘူး။ဒါက အခမဲ့ပဲ။ "
ပိုက်ဆံ မပေးရဘူးဆိုသည့် မိုဝူကွေ့၏ စကားကိုကြားပြီးနောက် မိန်းမကြီးက စိတ်လှုပ်ရှားစွာဖြင့် မေးခဲ့သည်။
" ဆရာ ၊ကျွန်မကို တစ်ချက်လောက်ကြည့်ပေးလို့ရမလား ။ "
မိုဝူကွေ့က နောက်တစ်ဖန် ခေါင်းရမ်းပြီး ပြောလိုက်သည်။
" ကြည့်စရာမလိုဘူး။ "
" ဘာလို့ ကြည့်စရာမလိုတာလဲ။ " မိန်းမကြီးက ပဟေဠိဖြစ်စွာဖြင့် မေးခဲ့သည်။
မိုဝူကွေ့သည် ခေါင်းစည်းအောက်က စာကြောင်းနှစ်ကြောင်းကို ညွှန်ပြပြီး အပြုံးရေးရေးဖြင့် ပြောခဲ့သည်။
" အဲ့မှာ ကြည့်လိုက်။ ကျွန်တော်က ရှုပ်ထွေးတဲ့ ရောဂါတွေ နဲ့ နာတာရှည်ရောဂါတွေကိုပဲ ကုသပေးနိုင်တယ်။ ခင်ဗျားရဲ့ ကျန်းမာရေးက အတော်လေးကောင်းတယ်။ ခင်ဗျားမှာ ပုံမှန် ဖျားနာတာပဲ ရှိတယ်။ ဒါကြောင့် ကျွန်တော် ခင်ဗျားကို ကြည့်ပေးစရာမလိုဘူး။ "
အခြားမိန်းမကြီးကလည်း မနေနိုင်ပဲနဲ့ ဝင်မေးခဲ့ကြသည်။
" ကျွန်မရော ဘယ်လို အခြေအနေရှိလဲ ။ "
မိုဝူကွေ့သည် ခဏကြာကြည့်ရှုပြီး ပြောခဲ့သည်။
" ကျွန်တော် ကြည့်တာ မမှားရင် ခင်ဗျားရဲ့ ကျောက်ကပ်မှာ ပြဿနာတစ်ခုခုရှိရမယ်။ နောက်ပြီး ခင်ဗျား အစားအသောက်ပျက် ပြီးတော့ ညညဆို မကြာခဏ အိပ်မပျော်ဘူး။ ပြီးရင် ဆီးလည်း ခဏခဏ သွားတတ်လို့ မကြာခင်က ခင်ဗျား ခွဲစိတ်ထားတယ်မလား။ ကျွန်တောပြောတာ မှန်တယ်မလား။ "
" ဝါး ၊ရှင်က အကုန်လုံးကို မြင်နိုင်တယ်ပေါ့လေ။ရှင်က နတ်ဆေးဆရာဝန်တစ်ယောက်ပဲ။ " ဒုတိယ မိန်းမကြီးက အတော်လေး အံ့အားသင့်သွားခဲ့သည်။
မိုဝူကွေ့သည် အင်္ကျီလက်ခေါက်အတွင်းမှ သူ့ရဲ့ လက်ကို ဆန့်ထုတ်ပြီး ပြောခဲ့သည်။
" လာ ၊ ကျွန်တော် ခင်ဗျားအတွက် စစ်ဆေးပေးမယ်။"
" ကျေးဇူးတင်ပါတယ် ဆရာ " မိန်းမကြီးက ချက်ချင်းပဲ ထိုင်ခုံတွင် ထိုင်ချခဲ့သည်။
ထို့နောက်မိုဝူကွေ့သည် အထင်ကြီးစရာကောင်းသော သူ့၏ ဆေးပညာအရည်အချင်းများကို ပြသပြီး အပ် အနည်းငယ်ကို အသုံးပြု၍ မိန်းမကြီး၏ အခြေအနေကို သက်သာစေခဲ့သည်။ထို့ပြင် သူသည် မိန်းမကြီး၏ အစာစားချင်စိတ်ကိုလည်း တိုးလာအောင် လုပ်ပေးခဲ့သည်။
" ရှင်က နတ်ဆေး ဆရာဝန် ၊ နတ်ဆေးဆရာဝန်ပဲ ။ " မိန်းမကြီးသည် မိုဝူကွေ့ကို လက်မထောင်ပြီး ချီးကျူးခဲ့သည်။
" ဒီရောဂါက အရှင်းပျောက်အောင် ကုသလို့မရနိုင်ဘူး။ သက်သာအောင်ပဲ လုပ်လို့ရနိုင်တယ်။ဒီမှာ ခင်ဗျားရဲ့ ဆေးညွှန်းပဲ။ ဒါကို အိမ်ယူသွားပြီးတော့ ကျွန်တော် ညွှန်ကြားထားတဲ့အတိုင်း ဆေးကို ကျိုပြီး သောက်လိုက်။ ဒါဆိုရင် ခင်ဗျားရဲ့ ကျန်းမာရေးက ပုံမှန် တိုးတက်လာလိမ့်မယ်။ "
" ကျေးဇူးတင်ပါတယ် နတ်ဆေးဆရာ။ " မိန်းမကြီးသည် ဆေးညွှန်းကို အဖိုးတန်ရတနာတစ်ခုကဲ့သို့ ဆုပ်ကိုင်ထားခဲ့သည်။
" ဒါက အမှန်ပဲလား ။ "
" သူက တကယ်ပဲ အရည်အချင်းရှိတာလား။ "
" သူတို့သုံးယောက် ငါတို့ကို လိမ်ဖို့ ကြိုးစားနေတာလား ။ "
လူတိုင်းက အတော်လေးကို သံသယဖြစ်သွားခဲ့သည်။
" နင်တို့ ယုံချင်ရင် ယုံ မယုံချင်ရင်နေ။ ငါတော့ အခု ဆေးဆိုင်သွားပြီး ဆေးသွားဝယ်လိုက်ဦးမယ်။ " ပြောပြီး မိန်းမကြီးက ပျော်ရွှင်စွာဖြင့် ထွက်သွားခဲ့သည်။
အစတုန်းက သူတို့ သရုပ်ဆောင်တယ်ထင်ပြီး ဒါကို လူအများကြီးက မယုံကြည်ခဲ့ကြပေ။
သို့သော်လည်းပဲ ဆရာဝန်နှင့် ဆေးလာပြသည့် လူက ပို၍ပို၍များလာသောကြောင့် သူတို့သည် စတင်ပြီး တဖြည်းဖြည်း ယုံကြည်လာခဲ့သည်။
ထို့ပြင် သူတို့ရှေ့ရှိ ဆရာဝန်က ကျွမ်းကျင်တဲ့ တရုတ်တိုင်းရင်းဆေးဆရာဝန်ယောက်ဖြစ်သည်။
' နတ်ဆေးဆရာက ဒီမှာ အခမဲ့ကုသပေးနေတယ်။ဒါက ငါတို့အတွက် ရှားပါးတဲ့အခွင့်အရေးတစ်ခုပဲ။ '
ထို့ကြောင့် သူတို့သည် သူတို့၏ ဆွေမျိုးများ နှင့် သူငယ်ချင်းများကို ခေါ်ပြီး ဒီနေရာတွင် နတ်ဆေးဆရာနှင့်ပြရန် တန်းစီ၍ စောင့်ဆိုင်းနေခဲ့သည်။
အထူးသဖြင့် ဒီနေရာမှာ ဘာဖြစ်နေလဲဆိုတာကို လာကြည့်ကြသည့် လူငယ်အချို့သည် ထိုအဖြစ်အပျက်ကို စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြသည်။
" ဟေ့ ၊ညီအစ်ကိုတို့ ဒီနေ့ ငါဘာတွေ့ခဲရလဲဆိုတာကို မင်းတို့သိလား။ ငါ ဒီနေရာမှာ အခမဲ့တိုင်ပင်ေဆွးေနွးကုသပေးဖို့ ရောက်နေတဲ့ နတ်ဆေးဆရာ နဲ့ တွေ့ခဲ့ရတယ်။ အဲ့ဒီနတ်ဆေးဆရာက တကယ့်ကို အရည်အချင်းရှိတယ်။ ပြီးတော့ သူက ခက်ခဲရှုပ်ထွေးတဲ့ ရောဂါတွေနဲ့ နာတာရှည် ရောဂါတွေကိုပဲ အထူးကုသပေးတယ်။ "
" သူက တော်တယ်မလား။ သူက မင်းရဲ့ ယေဘုယျ ကျန်းမာရေး အခြေအနေကို အကြည့်တစ်ချက်တည်းနဲ့ သိနိုင်တယ်။ ဒါက ဘယ်လောက်အံ့ဩစရာကောင်းလဲ။ "
" ဒါက အမှန်တကယ်ကို မယုံနိုင်စရာေကာင်းတယ်။ ဟိုမှာကြည့်လိုက်။ ဒီနေရာမှာရှိတဲ့ လူနာတွေအကုန်လုံးက သူ့အကြောင်းကြားလို့ သူတို့ ဒီနေရာကို လာခဲ့ကြတာ။ "
" ညီအစ်ကိုတို့ ဒီထုတ်လွှင့်မှုကို မင်းတို့ကြိုက်တယ်ဆိုရင် အသည်းလေးတွေ ၊ရှဲလေးတွေနဲ့ ကူညီပေးခဲ့ဦး။ "
ထိုတိုက်ရိုက်ထုတ်လွှင့်သူများကို မိုဝူကွေ့သည် ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်ပြီး လျစ်လျူရှုခဲ့သည်။
၎င်းက ယနေ့ခေတ်တွင် ရေပန်းစားနေသော ဖျော်ဖြေရေးပုံစံ တစ်ခုဖြစ်ပြီး သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်နေတာကိုလည်း သူသိသည်။ထို့ပြင် သူတို့ကို ဖန်သားပြင်ပေါ်တွင် ကြည့်ရှုနေသည့် ကြည့်ရှုသူများကလည်း အများကြီးရှိတာကို သူသိသည်။ သို့သော်လည်းပဲ ထိုအရာက သူ့အတွက် ကောင်းသောအရာဟု သူထင်ခဲ့သည်။
ထိုလူတွေနှင့်အတူ သူတို့ဆေးဝိညာဉ်တောင်ကြား၏ ကျဆင်းနေတဲ့ ဂုဏ်သတင်း နှင့် လွှမ်းမိုးမှုတွေက အမြန်ပြန်တက်လာလိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် ခိုးကြောင်ခိုးဝှက်ဖြင့် ဖတ်တီး တစ်ယောက်နှင့် ပိန်သောလူတစ်ယောက် ရောက်ရှိလာခဲ့သည်။
ထိုလူနှစ်ယောက်က ဂူသင်္ချိုင်းဖောက်သူနှစ်ယောက်ဖြစ်သည့် ဝူကော နှင့် ဝမ်ပန်ဇီတို့ပဲဖြစ်သည်။
" ဝူကော မင်းပြောတာ အဲ့ဒီလူလား ။ "
" ဟုတ်တယ် ၊အဲ့ဒီလူပဲ။ "
" အိုကေ ၊ ငါ့ကိုကြည့်ပြီးတော့ ငါ့ရဲ့ သတင်းကောင်းကို စောင့်နေ။ "
" ပန်ဇီ ခဏနေဦး။ "
" နောက်ထပ် ဘာရှိသေးလို့လဲ။ "
ဝူကောသည် ပုလင်းတစ်ခုကို ယူထုတ်ခဲ့သည်။ထိုထဲတွင် ပိုးကောင်လေးတစ်ကောင် တွားသွားနေခဲ့သည်။ထို့နောက် သူသည် ဝမ်ပန်ဇီကို ပြောခဲ့သည်။
" ဒီပိုးကောင်ကို မင်းကို ပေးကိုက်လိုက်ဦး။ "
ထိုပိုးကောင်ကို မြင်ပြီး ဝမ်ပန်ဇီ၏ မျက်နှာက ထိတ်လန့်သွားခဲ့သည်။
" တကယ်ကြီးလား။ မင်းတကယ်ပြောနေတာလား။ "
" တကယ် ပြောတာ၊ ငါတို့ သေချာအောင် လုပ်ရမယ်။ သူ့ရဲ့ ဆေးပညာအရည်အချင်းက မြင့်တယ်။ အကယ်၍ သူသိသွားရင် ငါတို့ ပြဿနာတက်လိမ့်မယ်။ ငါတို့ အကြောင်းအရာအများကြီးကို ရှင်းပြဖို့ မလွယ်ဘူး ။ ဒါကြောင့်မို့လို့ ငါတို့နည်းလမ်းအကုန်လုံးသုံးပြီး လှည့်စားဖို့ လိုတယ်။ "
ထို့နောက် ဝူကောက ဝမ်ပန်ဇီ၏ ကြီးမားသောပုခုံးကို ပုတ်ပြီး နှစ်သိမ့်ခဲ့သည်။
" ပန်ဇီ မစိုးရိမ်နဲ့ ။ ငါတို့ ပြန်ရောက်ရင် ငါမင်းကို ဖြေဆေးပေးမယ် ။ အဲခါကျရင် မင်း မြန်မြန်ပြန်ကောင်းလိမ့်မယ်။ ခဏလေးပဲ သည်းခံပေး။ "
" ကောင်းပြီလေ ၊ ငါ မင်းကို တကယ်ကြောက်တယ်။"
ဝမ်ပန်ဇီသည် သူ့ရဲ့လက်ကို ဆန့်ထုတ်ပြီး ပိုးကောင်လေး သူ့ကို ကိုက်တာ ခံခဲ့သည်။
ပြီးနောက် ဝမ်ပန်ဇီ၏ မျက်နှာက အဆိပ်မိပြီးအလျင်အမြန်ပဲ အစိမ်းရောင်သို့ ပြောင်းသွားခဲ့သည်။
ဝမ်ပန်ဇီသည် အနည်းငယ် မူးနောက်နောက် ဖြစ်သလို ခံစားနေရသည်။
" ဟေး...ဒီပိုးကောင်လေးရဲ့ အဆိပ်က တစ်ခုခုတော့ တစ်ခုခုပဲ။ "
" ပန်ဇီ မင်း အခု သွားလို့ရပြီ။ "
ဝမ်ပန်ဇီသည် တန်းစီနေသော နေရာသို့ လမ်းလျှောက်သွားခဲ့သည်။
လူတိုင်းက တပြိုင်တည်း ခေါင်းလှည့်ပြီး ကြည့်ခဲ့သည်။ထို့နောက် လူတစ်ယောက်က မနေနိုင်ပဲနဲ့ မေးလိုက်သည်။
" ညီအစ်ကို မင်းဘာဖြစ်လို့လဲ ?။ မင်းကို တစ်ယောက်ယောက်က အဆိပ်ခပ်ခဲ့တာလား ။ "
' မင်းပဲ အဆိပ်ခပ်ခံထိမှာ။ မင်းရဲ့ တစ်မိသားစုလုံးပဲ အဆိပ်ခပ်ခံထိမှာ။ '
ဝမ်ပန်ဇီ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးသွားပြီး ပြောလိုက်သည်။
" ငါလည်း ဘာဖြစ်တာလဲဆိုတာ မသိဘူး။ ငါ ဒီမနက်နိုးလာတော့ ဒီလိုမျိုးဖြစ်နေတာ။ ငါ အခု အတော်လေး နေလို့မကောင်းသလို ခံစားနေရတယ်။ ဒီထပ်ပိုပြီး ငါ မတောင့်ခံနိုင်တော့ဘူးလို့ ထင်တယ်။ ငါ အရင်ဆုံး ဆရာဝန် နဲ့ ပြလို့ရမလား ။ "
" ရတယ်။ မင်းအရင်သွားပြ။ "
" မင်း လမ်းလျှောက်ဖို့ တွဲကူပေးဖို့လိုလား ။ "
" မလိုဘူး။ ငါ သွားနိုင်တယ်။ "
ထို့နောက် ဝမ်ပန်ဇီသည် လျင်မြန်စွာဖြင့် ရှေ့ဆုံးတန်းသို့ လမ်းလျှောက်သွားခဲ့သည်။
" နောက်တစ်ယောက် "
မိုဝူကွေ့သည် ခေါင်းမော့ပြီး ကြည့်လိုက်ချိန်တွင် ရုတ်တရက် သူ့ရှေ့တွင် အစိမ်းရောင်သန်းနေသော မျက်နှာကြီးကို မြင်၍ လန့်ပြီး ပြောခဲ့သည်။
" မင်းဘယ်သူလဲ ။ မင်းက မကောင်းဆိုးဝါးလား ၊နတ်ဆိုးလား။ ငါ့ကို မှန်မှန်ပြော။ "
" ဆရာ ၊ကျွန်တော်က မကောင်းဆိုးဝါးရော၊ နတ်ဆိုးရော မဟုတ်ပါဘူး။ ကျွန်တော်က လူနာတစ်ယောက်ပါ။ "
" အို့ ၊ မင်းက လူနာတစ်ယောက်ပေါ့။ မင်းက ငါ့ကို ခဏလောက် လန့်သွားအောင်လုပ်တာပဲ။ မင်းရဲ့ အသားအရေက ဘာဖြစ်တာလဲ ။ "
" ကျွန်တော်လည်း မသိဘူး။ မနက် ကျွန်တော်နိုးကတည်းက ဒီလိုပုံစံဖြစ်နေတာ။ " ဝမ်ပန်ဇီကပြောလိုက်သည်။
ထို့နောက် သူသည် မှိုင်ထွေနေသောအကြည့်များဖြင့် ကြည့်ပြီး မေးလိုက်သည်။
" ဆရာ ကျွန်တော့်အတွက် မျှော်လင့်ချက် ရှိမယ်လို့ ထင်လား ။ "
" မင်းရဲ့ အခြေအနေလိုမျိုး ငါအရင်တုန်းက တစ်ခါမှ မမြင်ဖူးဘူး ။ "
ထို့နောက် မို့ဝူကွေ့သည် မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည်။
" မင်း အဆိပ်ခပ်ခံထိတယ်လို့ ငါ သံသယရှိတယ်။မင်း အရင်ဆုံး ငါ့ကို သေချာကြည့်ခွင့်ပေးဦး။ ပြီးမှ ငါ မင်းကို ပို ပြောပြနိုင်လိမ့်မယ်။"
" ကျေးဇူးတင်ပါတယ် ဆရာ ။ "