← Chapters

တကယ်တော့ မင်းရဲ့အိမ်က ငါဆောက်ပေးထားတာ

Vol. 2 Ch. 30

တကယ်တော့ မင်းရဲ့အိမ်က ငါဆောက်ပေးထားတာ

Vol. 2 Ch. 30

ကျန်းနန်မြို့၏ တန်ဖိုးအကြီးဆုံးဗီလာမှာ ကမ်းနားလမ်းအနောက်ဘက်ကန်ပြင်နားတွင် တည်ရှိသည်။ ဤရှုမျှော်ခင်းဧရိယာကြီးမှာ ရွှေအလား တန်ဖိုးကြီးလှ၏။ ဤနယ်မြေကို ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ လုပ်ဆောင်ခဲ့တုန်းက အနည်းဆုံးရာနှင့်ချီသော အိမ်ခြံမြေကုမ္ပဏီများက ယှဉ်ပြိုင်ခဲ့ကြသော်လည်း အဆုံးမှာမူ ဟွေ့ထန်အုပ်စုကတော့ အလွယ်လေးရယူသွားခဲ့သည်။

ဤဗီလာစီရင်စုကို စတင်ဖွင့်လှစ်ခဲ့တုန်းက စျေးနှုန်းဟာ တစ်စတုရန်းမီတာအတွက် ယွမ်၁၂၀၀၀၀အထိရှိခဲ့ပြီး ထိုဈေးနှုန်းကလည်း လွန်ခဲ့သည့်ငါးနှစ်က စျေးနှုန်းပင်။ အာရှပစိဖိတ်ညီလာခံစတင်ကတည်းက ဤနေရာ၏စျေးနှုန်းဟာ တစ်စတုရန်းမီတာအတွက် ယွမ်၂၅၀၀၀၀အထိ မြင့်တက်သွားခဲ့သည်။ မင်ကျူးမြို့ရှိ ပထမတန်းစားမြေဈေးနှင့်ပင် ယှဉ်နိုင်လောက်သောအနေအထားပင်။

ဤနေရာတွင် နေထိုင်သူအားလုံးနီးပါးဟာ ကျန်းနန်မြို့ရှိ အချမ်းသာဆုံးစာရင်းဝင်များပင်။ ဥပမာပြရပါက အဘီဘာဘာကုမ္ပဏီမှ မစ္စတာမာယွမ်ဆိုလျှင် ဤနေရာ၌ ကိုယ်ပိုင်ဗီလာကြီးတစ်လုံး ပိုင်ဆိုင်ထားသူဖြစ်၏။

ဗီလာခရိုင်၏အလယ်ဗဟိုတွင် စတုရန်းမီတာ၁၂၀၀ကျယ်ဝန်းသော သီးသန့်ဗီလာတစ်လုံးရှိသည်။ အထွေထွေအခကြေးငွေများကိုပါ ထည့်ပေါင်းလျှင် ဤဗီလာ၏ဈေးနှုန်းမှာ ဟွာရှားယွမ်ငွေသန်း၃၀၀ကျော်ရှိသည်။

ဤဗီလာကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဖွင့်လှစ်ခဲ့ပြီး ဝမ်လင်၏အဖေ ဝမ်ဒါ၏ဥက္ကဋ္ဌဖြစ်သူက ဝယ်ယူထားသည်ဟု ဆိုနိုင်လေသည်။

သို့သော် ဤဗီလာက အချိန်အတန်ကြာသည်အထိ အချည်နှီးဖြစ်နေခဲ့ပြီး သိပ်မကြာခင်ကမှ ဝမ်လင်၏နာမည်အောက်သို့ တိတ်တိတ်လေးရွှေ့ပြောင်းခဲ့သည်။

"အဖေ.. ဒီနေ့ မုန့်လောင်ကို ကျွန်တော် အိမ်အလည်လာဖို့ ဖိတ်ထားတယ်"

ဝမ်လင်က ကြီးမားကျယ်ဝန်းလှသော စာကြည့်ခန်းထဲတွင် သူ့အဖေနှင့်ဖုန်းပြောနေသည်။

ကုန်သည်မိသားစုတစ်ခုမှ မွေးဖွားလာသူတစ်ဦးအနေနှင့် ကျန်းမုန့်လောင်အပေါ်ထားသော ဝမ်လင်၏ခင်မင်ရင်းနှီးမှုက သေချာပေါက်စစ်မှန်သော်လည်း တစ်ဖက်လူဆီကအကျိုးအမြတ်တချို့ရဖို့ မျှော်လင့်မိတာလည်းမှန်ပေသည်။ သို့သော် သူ့ဘက်က ကောင်းမွန်စွာစီမံနိုင်သရွေ့ ထိုအချက်က သူတို့၏ဆက်ဆံရေးကို သက်ရောက်မှုမရှိချေ။

"အင်း.. ငါသိတယ်"

သြဇာညောင်းသောအသံတစ်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

"မင်းပြောပြထားတဲ့အချက်အလက်တွေကို ငါ စစ်ဆေးကြည့်ပြီးပြီ။ ကျန်းမုန့်လောင်ဆိုတဲ့တစ်ယောက်က တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ"

"အဖေ..သူ့အကြောင်း စုံစမ်းထားတာလား။ ကျွန်တော့်သူငယ်ချင်းတွေအကြောင်း လိုက်မစုံစမ်းပါနဲ့လို့ ကျွန်တော်ပြောထားတယ်လေ။ သူသာသိသွားရင် ဒါက..."

"စိတ်မပူပါနဲ့။ ငါ အထူးအဆက်အသွယ်တချို့ကို သုံးထားတာမို့ သူ သိမှာမဟုတ်ပါဘူး"

ဝမ်လင်၏ဖခင်က ပြောလာလေသည်။

"ငါ သူနဲ့ပတ်သက်ပြီး အထောက်အထားတော်တော်များများရှာတွေ့ထားတယ်။ အထင်ရှားဆုံးကတော့ သူက တကယ်ပဲ Unicornအုပ်စုရဲ့ဥက္ကဋ္ဌတဲ့"

"ဘာရယ်"

ဝမ်လင်ခမျာ အံ့သြမှင်တက်သွားရှာလေသည်။ လွန်ခဲ့သည့်နှစ်နှစ်တုန်းက သူဟာ အင်တာနက်လုပ်ငန်းလောကသို့ ဝင်ရောက်ရန် စီစဉ်ခဲ့သေးသည်။ သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းဟာ တစ်ခန်းရပ်ဗီဒီယိုလုပ်ငန်း၏ ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည်။ ထိုစဉ်တုန်းက တစ်ခန်းရပ်ဗီဒီယိုလုပ်ငန်းနှင့် ရပ်တည်ရှင်သန်နိုင်ခဲ့သူမှာ Unicornလုပ်ငန်းစုဖြစ်ပြီး သူကတော့ဖြင့် သိသိသာသာဆုံးရှုံးနစ်နာခဲ့သည်။

ယခုမူ Unicornအုပ်စုမှာ သူကပင် မော့ကြည့်နေရသည့် လုပ်ငန်းစုကြီးတစ်ခုဖြစ်လာခဲ့ပြီး ၎င်း၏ဈေးကွက်တန်ဖိုးမှာ သူတို့မိသားစုပိုင်ဝမ်ဒါအုပ်စုကိုပင် မီတော့မည့်ဆဲဆဲအနေအထားပင်။

"ဒါပေမဲ့ တကယ်ထူးဆန်းတာက ဘာလဲဆိုရင် သူ့မိသားစုနောက်ခံနဲ့ပတ်သက်ပြီး ငါ ဘာသတင်းအပိုင်းအစတစ်ခုမှရှာမတွေ့ဘူး။ ငါရထားတဲ့ဒေတာထဲမှာတော့ သူ့အဖေက တံငါသည်ဖြစ်ပြီး သူ့အမေကလည်း သာမန်အိမ်ရှင်မတစ်ယောက်လို့ ပြနေတယ်။ ပြီးတော့ သူတို့ဆွေစဉ်မျိုးဆက်တွေကလည်း ဟိုးအရင်ကတည်းက ဆုံးပါးသွားကြပြီတဲ့"

"အဲ့ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကျန်းမုန့်လောင်က အလွန်တရာအင်အားကြီးမားလှသောမိသားစုမှ ဆင်းသက်လာသူဖြစ်ရမည်ဟု ဝမ်လင်က အခိုင်အမာယုံကြည်ထားခဲ့ခြင်းဖြစ်၏။

"ဒါပေါ့။ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်နိုင်မှာတဲ့လဲ။ အဲ့လိုမှမဟုတ်ရင် အသက်နှစ်ဆယ်စွန်းစွန်းပဲရှိတဲ့ လူငယ်တစ်ယောက်က ဒီလိုလုပ်ငန်းစုကြီးတစ်ခုကို ပိုင်ဆိုင်နိုင်မယ်လို့ မင်းထင်လား"

ဝမ်လင်၏အဖေက အခိုင်အမာဆိုလာချေသည်။

"သူ့နောက်ခံက ငါတို့ထင်ထားတာထက် ပိုပြီးရှိန်ချင်စရာကောင်းနေတယ်ဆိုတဲ့သဘောပဲ။ ငါတို့မြင်နေရတဲ့အရာဆိုတာ သူ ငါတို့ကိုမြင်ခွင့်ပေးထားတဲ့အရာသက်သက်ပဲကွ"

ဝမ်လင်၏ဖခင်က ဆက်ပြောလိုက်သည်။

"ဝမ်လင်.. ကျန်းမုန့်လောင်နဲ့ ဆက်ဆံရေးကောင်းအောင် နေနော်။ သူနဲ့ပိုရင်းနှီးလာလေလေ ကောင်းလေပဲ။ အဲ့ဒါက မင်းရဲ့အနာဂတ်ကို အကျိုးရှိလာစေလိမ့်မယ်"

"ကျွန်တော်နားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် သူနဲ့မိတ်ဆွေဖွဲ့ဖို့ကို တကယ်အလေးအနက်ထားပါတယ်"

ရုတ်တရက်ဆိုသလို ဝမ်လင်က ဝေးပေါ်မှတစ်ဆင့် ကျန်းမုန့်လောင်ထံမှ မက်ဆေ့ချ်တစ်စောင် လက်ခံရရှိလိုက်သည်။

"ကောင်းပြီ။ အဖေ.. မုန့်လောင်ရောက်နေပြီ။ နောက်မှပြောတော့မယ်"

ဝမ်လင်က ဗီလာဝင်း၏လုံခြုံရေးကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်လေရာ ကျန်းမုန့်လောင်လည်း ဘာအတားအဆီးမှ မရှိလိုက်ပေ။ ထို့ပြင် သူ့ပြိုင်ကားက မြင့်မားလှသော ၎င်း၏ဈေးနှုန်းကို ထုတ်ဖော်ပြသနေလေသည်။ သူ့ဘက်က ကြိုတင်အကြောင်းမကြားထားလျှင်ပင် လုံခြုံရေးများက သူ့အား တားရဲကြမည်မဟုတ်။

"ကျစ် ကျစ် ကျစ်.. မင်းရဲ့ဒီကားကတော့ကွာ။ မင်း ငါ့ကို ဘယ်တော့မှ ဒီကားကိုတစ်ပတ်လောက်စီးခွင့်ပေးမှာလဲ"

ဝမ်လင်က ကျန်းမုန့်လောင်၏ကားကို မနာလိုအားကျဟန်ဖြင့်ကြည့်ကာ ပြောလိုက်လေသည်။

"မျက်စိနောက်ဖို့ကောင်းတဲ့ ဒီကားက လုံးဝကိုစီးရတာအဆင်မပြေတာကွာ"

ကျန်းမုန့်လောင်က ညည်းညူလိုက်သည်။

"ငါ့မှာ ဆီဖြည့်ဖို့အတွက် ဓာတ်ဆီဆိုင်ကို နေ့တိုင်းသွားနေရတယ်။ တော်တော်စိတ်ရှုပ်ဖို့ကောင်းတာ"

"ဟားဟား.. ဒါဆို မင်းရဲ့အိမ်ရှေ့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင်ဆောက်လိုက်ရောပေါ့"

ဝမ်လင်က နောက်ပြောင်လိုက်၏။

"ဟမ်.. မင်း ဘယ်လိုလုပ်သိတာလဲ"

ကျန်းမုန့်လောင်က ထင်မထားဘဲ ပြောချလာသည်။

"ငါ အိမ်ရာအရှေ့နားက ဆိုင်နေရာတော်တော်များများကိုလည်း ဝယ်ထားတယ်။ ပြီးတော့ ဓာတ်ဆီဆိုင်က အများဆုံးတစ်လအတွင်း ဆောက်လို့ပြီးမှာ"

ဝမ်လင်၏မျက်နှာထက်ရှိ အပြုံးမှာ ရုတ်ခြည်းတောင့်ခဲသွားသည်။

"မင်းနောက်နေတာမလား"

ကျန်းမုန့်လောင်က အတည်ပေါက်ပြန်ပြောလိုက်သည်။

"ငါ့ကောင်.. ငါနောက်နေတာမဟုတ်ဘူး။ နောက်တစ်ခေါင် မင်း ငါ့အိမ်ကိုလာလည်ရင် သိရလိမ့်မယ်"

"ငါ..ကောင်းပြီလေ။ ဒီဟာကို ငါ့ရဲ့စိတ်ကူးနိုင်စွမ်းက လိုက်မမီနိုင်ဘူးဆိုတာ ဝန်ခံပါတယ်"

ဝမ်လင်က သူ့အနောက်ရှိဗီလာကို လှမ်းကြည့်လိုက်သည်။ သို့မှသာ သူ့စိတ်ထဲ ယုံကြည်မှုနည်းနည်းပိုရှိသွားသည်။ ကျန်းနန်မြို့တစ်မြို့လုံးတွင် သူ့အိမ်ထက် ပိုတန်ဖိုးကြီးသော ဗီလာဟူ၍ ရှိတော့မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။

"ဘယ်လိုနေလဲ။ ငါ့အိမ်က မဆိုးဘူးမလား"

ဝမ်လင်က ဤတစ်ခေါက်တော့ အဖတ်ပြန်ဆည်နိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ယုံကြည်မှုရှိရှိပြောလာချေသည်။ မည်သို့ပင်ဖြစ်စေ သူဟာ တစ်ခါတုန်းက ဟွာရှား၏ထိပ်တန်းလူချမ်းသာဒုတိယမျိုးဆက်တစ်ယောက် ဖြစ်ခဲ့ဖူးသည်မဟုတ်လား။ အရှက်ကွဲရသည့်ဒဏ်ကို သူက ဘယ်လိုလုပ်ပြီး သည်းခံနေနိုင်မှာတဲ့လဲ။

"မဆိုးပါဘူး"

ကျန်းမုန့်လောင်ကလည်း အသာအယာခေါင်းညိတ်ပြလိုက်သည်။ ဤဗီလာမှာ စင်စစ်ကြီးကျယ်ခမ်းနားလှသည်။ သို့သော် သူ့ကိုယ်ပိုင်အိမ်ရာကို မြင်တွေ့ထားပြီးသည့်နောက်မှာ ဤဗီလာက သာမန်ဆန်သွားသည်။

"မဆိုးဘူးဆိုတာက ဘာသဘောလဲ"

ကျန်းမုန့်လောင်ဘက်က အမူအရာမဲ့စွာ တုံ့ပြန်လာလိမ့်မည်ဟု ဝမ်လင် လုံးဝထင်မထားပေ။ သုံးဘီလီယံတန်သောဗီလာက သူ့အား အထင်ကြီးအောင် မလုပ်နိုင်ဘူးတဲ့လား။

"ကိုယ့်လူ.. ဒီဗီလာရဲ့ဈေးနှုန်းက သုံးဘီလီယံတန်တယ်နော်။ အဲ့ဒါက သခင်လေးကျန်းကို အာရုံမဖမ်းစားနိုင်ဘူးလား"

"ဟင်.. ဒါကို ဟွေ့ထန်အုပ်စုက ဆောက်လုပ်ထားတာလား"

ကျန်းမုန့်လောင်က ဘေးဘက်ရှိ ပိုင်ဆိုင်မှုအမှတ်တံဆိပ်ကို သတိထားမိလိုက်သည်။

"အမှန်ပဲ"

ဝမ်လင်က ပြောလိုက်သည်။

"ငါသဘောပေါက်ပြီ။ မင်း ငါ့ကို ဒီနေ့ဖိတ်လိုက်တာက မင်းရဲ့ပုံရိပ်ကို ပြန်အဖတ်ဆည်ချင်လို့ကိုး"

ကျန်းမုန့်လောင်က စနောက်ဟန်တစ်ဝက်ဖြင့် ပြောလိုက်လေသည်။

"မင်းက အမြင်ရှိသားပဲ သခင်လေးကျန်းရဲ့"

ဝမ်လင်ကလည်း လွယ်လင့်တကူဝန်ခံလာသည်။

"အဲ့ဒီနေ့တုန်းက မင်း ငါ့ကို ငွေအားနဲ့ဖိခဲ့တာလေ။ ဒီနေ့တော့ ငါလည်း ပြန်အဖတ်ဆည်ရမှာပေါ့။ ပြီးတော့ ငါ ပြောပါဦးမယ်။ ငါ့အိမ်မှာ ရတနာတွေအများကြီးရှိတယ်။ ငါ့အဘိုးကြီးစုထားတာတွေချည်းပဲ။ မင်း အံ့သြသွားစေရမယ်လို့ အာမခံတယ်"

"အံ့သြတာမအံ့သြတာကို အသာထား"

ကျန်းမုန့်လောင်က ပိုင်ဆိုင်မှုအမှတ်တံဆိပ်ကို တည်တည်ငြိမ်ငြိမ်အမူအရာဖြင့် လက်ညှိုးထိုးပြလိုက်သည်။

"မင်း ယုံချင်မှယုံလိမ့်မယ်။ ဟွေ့ထန်အုပ်စုကလည်း ငါ့မိသားစုပိုင်လုပ်ငန်းတစ်ခုပဲ။ ပြောရမယ်ဆိုရင်တော့ ဒီအိမ်က ငါ့မိသားစုဆောက်ထားတဲ့အိမ်ပဲ"

"သောက်ကျိုးနည်း"

ဝမ်လင်၏အမူအရာမှာ ရုတ်ခြည်းမဲ့ရွဲ့သွားလေသည်။

"ဟွေ့ထန်အုပ်စုက.. မင်းအပိုင်လား"

"ရှူး"

ကျန်းမုန့်လောင်က လက်ဟန်ပြလိုက်သည်။

"တိုးတိုးပြောစမ်းပါ တိုးတိုးပြော"

"မင့်ညီမကို တိုးတိုးပြောရမှာလား"

ဝမ်လင်က ရုတ်ခြည်းအော်ဆဲပစ်လိုက်လေသည်။ အဆုံးမှာတော့ သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်ရန် အခွင့်အရေးရလိုက်သော်ငြား သူအလွန်ဂုဏ်ယူနေသော ဤဗီလာက ကျန်းမုန့်လောင်၏မိသားစုပိုင် အိမ်ခြံမြေလုပ်ငန်းမှဆောက်လုပ်ထားခြင်း ဖြစ်နေလေသည်။

ထို့ပြင် ဤအိမ်ခြံမြေလုပ်ငန်းမှာ အခြားမဟုတ်ဘဲ ဟွာရှား၏အကြီးမားဆုံးအုပ်စုဖြစ်သည့် ဟွေ့ထန်အုပ်စုဖြစ်နေလေ၏။ သူ့မှာ မြေကြီးပေါ်က တွင်းတစ်တွင်းရှာပြီး ပုန်းနေချင်မိသွားသည်။

"နေပါဦး။ ငါမှတ်မိသလောက်ဆိုရင် ဟွေ့ထန်အုပ်စုရဲ့ဥက္ကဋ္ဌက မျိုးရိုးနာမည်'ဟုန်း'ပါ။ 'ကျန်း'မဟုတ်ဘူးလေ"

ဝမ်လင် ဇဝေဇဝါဖြစ်သွားရသည်။

"သြော် အဲ့ဒါကခပ်လျှိုလျှိုလေးနေတဲ့သဘောပါ"

ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။

"ဟွေ့ထန်အုပ်စုရဲ့လက်ရှိဥက္ကဋ္ဌက ငါ့အဖေရဲ့ဘဏ္ဌာထိန်းဟောင်းနဲ့ ငါ့ရဲ့အချိန်ပြည့်လက်ထောက်ဖြစ်တဲ့ သူ့သမီးလေ"

"ငါ.."

ဝမ်လင်ခမျာ လက်မြှောက်၍ သူ့မျက်နှာသူ ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။

"ငါက ဘာတွေများကြွားနေမိတာလဲ။ အကုန်လုံးက မင်းအပိုင်တွေချည်းပဲလေ။ ငါက ဘယ်လိုလုပ်ယှဉ်နိုင်မှာတဲ့လဲ။ ငါတော့ လုံးဝပြိုလဲသွားပြီ"

……

All Chapters