← Chapters

စကြာဝဠာတစ်ခုလုံးကို မင်းပိုင်တာများလား

Vol. 3 Ch. 32

စကြာဝဠာတစ်ခုလုံးကို မင်းပိုင်တာများလား

Vol. 3 Ch. 32

ဒေါ်လာတစ်ရာဘီလီယံဆိုသည်မှာ ကြည့်နေရုံမျှဖြင့် အံ့အားသင့်စရာကောင်းသောပမာဏပင်။ ဝမ်တာ့အုပ်စု၏ ပိုင်ဆိုင်မှုအားလုံးကို သူတို့ရောင်းချလိုက်လျှင်ပင် ဒေါ်လာတစ်ရာဘီလီယံကို မရနိုင်ချေ။ ကျန်းမုန့်လောင်ကတော့ တစ်နှစ်စာမုန့်ဖိုးကို ထုတ်သုံးလိုက်ရုံမျှဖြင့် ဝမ်တာ့အုပ်စုနှစ်ခုကိုပင် တန်းပြီးဝယ်ယူပစ်နိုင်လေသည်။

"ကျန်းမုန့်လောင်..မင်းနဲ့သူငယ်ချင်းဖြစ်ရတာက တော်တော်ဖိအားများလွန်းတယ်ဆိုတာ ငါ အခုသိလိုက်ပြီ"

ဝမ်လင်က ခါးသက်သက်အပြုံးနှင့်ပြော၍ ခေါင်းခါယမ်းလိုက်သည်။ ယခုကစပြီး ဟွာရှား၏အချမ်းသာဆုံးဒုတိယမျိုးဆက်ဆိုသည့် သူ့ရာထူးက နာမည်ခံသက်သက်သာ ရှိတော့သည်။

"အဆင်ပြေပါတယ်ကွ။ စိတ်မဖိစီးစမ်းပါနဲ့"

ကျန်းမုန့်လောင်က ဝမ်လင်ကို ပခုံးပုတ်လိုက်သည်။

"ငါက ဘယ်သူ့မှာ ပိုက်ဆံရှိလဲမရှိဘူးလဲဆိုတာကိုကြည့်ပြီး သူငယ်ချင်းလုပ်တာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ထက်ချမ်းသာတဲ့လူလည်း ရှိတာမှမဟုတ်တာ"

"မင်း.. ဟားဟား..ငါ အရှုံးကိုဝန်ခံပါတယ်ကွာ"

ဝမ်လင်ခမျာ ကျန်းမုန့်လောင်က သူ့ကိုလှောင်ပြောင်ဖို့အတွက် သူပြောခဲ့ဖူးသည့်စကားကို တစ်ဖန်ပြန်သုံးပြလိုက်သည်ကိုမြင်တော့ စိတ်လည်းရှုပ်သွားသလို သဘောလည်းကျသွားရသည်။

"တခြားဘာရှိသေးလဲ။ ငါ့ရဲ့အမြင်ကို တိုးချဲ့ကြည့်ရအောင်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"မင်းရှေ့မှာ ငါက ဘာပြရဲတော့မှာလဲ။ ငါသိသလောက်ဆိုရင်တော့ ဒါက မင်းရဲ့ဘိုးဘေးတွေထဲကတစ်ယောက် ချန်ထားခဲ့တဲ့အရာတစ်ခုပဲ ဖြစ်လောက်မှာ။ ငါ့ကိုယ်ငါ အရှက်မခွဲချင်ဘူး"

ဝမ်လင်က တုန်လှုပ်စွာဖြင့် ဝန်ခံလိုက်သည်။

"ဒီစန္ဒရားက တော်တော်လေးမိုက်တာပဲ"

ကျန်းမုန့်လောင်က ဧည့်ခန်းမထဲရှိ အညိုရောင်စန္ဒရားဆီသို့ လျှောက်သွားလိုက်သည်။

"ဒါက အချိန်တော်တော်ကြာသွားခဲ့ပြီဆိုပေမဲ့ အံ့သြစရာကောင်းလောက်အောင်ကို အသံအရည်အသွေးက မပျက်စီးသေးဘူးဆိုတော့ တကယ်ကိုကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားတာပဲဖြစ်ရမယ်"

ကျန်းမုန့်လောင်က ခလုတ်တချို့ကိုနှိပ်ကြည့်လိုက်သည့်အခါ စန္ဒရားက ကြည်လင်ပြတ်သားသော အသံတစ်သံကို ထုတ်လွှတ်လိုက်သည်။

"ကျွမ်းသားပဲ"

ဝမ်လင်က စန္ဒရားအကြောင်းပြောရင်း သူ့စိတ်လှုပ်ရှားမှုကလည်း ပြန်လည်မြင့်တက်လာသည်။

"ဘာလဲ။ မင်း စန္ဒရားတီးသင်ခဲ့တာလား"

"နည်းနည်းပါ။ ဒါပေမဲ့ အပျော်တမ်းအဆင့်တစ်ဆယ်ပဲရှိတယ်"

"ဒီစန္ဒရားကို အကြိမ်ပေါင်းများစွာပြုပြင်ထားတာလေ။ သူ့ရဲ့ပထမဆုံးပိုင်ရှင်က ရှို့ပင်ဖြစ်ခဲ့တဲ့အတွက် ဒီစန္ဒရားက တော်တော်လေးအရေးပါအရာရောက်တယ်"

"ဒါကို မင်းအရယူနိုင်ခဲ့တာလား"

ကျန်းမုန့်လောင်က သူ့မိသားစုမှာ ဘီသိုဗင်နဲ့လစ်ဇ်တို့ သုံးခဲ့သည့်စန္ဒရားတစ်လုံးရှိကြောင်း အမှတ်ရလိုက်သည်။ ဤစန္ဒရားနှစ်လုံးဟာ သမိုင်းကြောင်းတန်ဖိုး​ချင်း ထပ်တူညီသည်ဟု ဆိုနိုင်လေသည်။

"ငါ့အဖေက ဒီလိုပစ္စည်းတွေစုဆောင်းရတာကို ကြိုက်တယ်လေ"

ဝမ်လင်က ရယ်ရင်းမောရင်းပြောလိုက်သည်။

"ဒါပေမဲ့ ဒီစန္ဒရားကတော့ နည်းနည်းကွဲပြားတယ်။ ရှို့ပင်က သူ့ဘဝတစ်လျှောက်လုံးမှာ စန္ဒရားတွေအများကြီးကိုသုံးခဲ့ပေမဲ့ ဒီတစ်ခုကတော့ ဟွာရှားကုန်သည်တစ်ယောက်က သူ့ကို လက်ဆောင်ပေးခဲ့တာလေ။ စန္ဒရားပေါ်မှာ စာထွင်းထားတာလည်းရှိတယ်"

ဝမ်လင်က စန္ဒရား၏အဖုံးကိုမလိုက်လေရာ ထိုနေရာတွင် ပုံမှန်စာလုံးဖြင့် ရေးသားထားသည့် စာကြောင်းတစ်ကြောင်းရှိ၏။

"ငါ့သူငယ်ချင်းရှို့ပင်ချင်းထံသို့ - ကျန်းဝမ်ရှန်းထံမှ"

"နေပါဦး"

ဝမ်လင်၏ခန္ဓာကိုယ်က ရုတ်တရက်တောင့်တင်းသွားပြီးနောက် ကျန်းမုန့်လောင်ဘက်သို့ ဖြည်းဖြည်းချင်းလှည့်လိုက်သည်။

"ဒီကုန်သည်ရဲ့မျိုးရိုးနာမည်က ကျန်းတဲ့။ အဲ့ဒီလောက်ကြီးတိုက်ဆိုင်တာတော့ မရှိနိုင်ဘူးမလား"

"မင်းပြောတာမှန်တယ်။ ဒါက တကယ့်ကိုတိုက်ဆိုင်မှုတစ်ခုပဲ"

ကျန်းဝမ်ရှန်း၏အမည်ကို ဆွေစဉ်မျိုးဆက်ပြဇယားထဲတွင် ကျန်းမုန့်လောင် ရှာတွေ့ခဲ့ပြီး သူနေထိုင်ခဲ့တဲ့ခေတ်ကလည်း ရှို့ပင်၏ခေတ်နှင့် လုံးဝကိုက်ညီနေချေသည်။

"အိမ်း.. ငါ ဘာပြောရမှန်းတောင်မသိတော့ဘူး"

ဝမ်လင်ခမျာ ပြောစရာစကားများ ဆွံ့အသွားရသည်။ မည်သို့ပင်ဖြစ်စေ အရာရာတိုင်းက သူတို့မိသားစု၏ပိုင်ဆိုင်မှုများ ဖြစ်နေဟန်တူသည်။

"အခုတော့ မင်းကိုဖိတ်ခဲ့မိတဲ့အတွက် ငါ တကယ်ကိုနောင်တရနေပြီ"

ဝမ်လင်က အားကိုးရာမဲ့စွာဖြင့် ပြောလိုက်သည်။

"ငါ မျက်နှာသာရအောင်လုပ်နိုင်ပြီလို့ ထင်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်သွားအောင် လုပ်ခဲ့မိသလိုဖြစ်နေတာပဲ"

"မင်းသာ ငါ့အိမ်ကိုလာလည်ခဲ့ရင် ဒီနေ့ မင်းခံစားရတဲ့ထိတ်လန့်မှုထက် ဆယ်ဆပိုဆိုးလိမ့်မယ်ဆိုတာ ငါအာမခံရဲတယ်"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။ သူ၏သုံးလွှာစာကြည့်ခန်းမှာ သိမ်းထားသည့်ရတနာများဆိုလျှင် အမျိုးသားပြတိုက်တစ်ခုနီးနီးပင်။ ထုတ်ပြလိုက်သည့် ရှေးဟောင်းပစ္စည်းတစ်ခုချင်းစီတိုင်းကို နိုင်ငံ့ရတနာအဖြစ် သတ်မှတ်နိုင်လေသည်။

ဝမ်လင်ပင်မဆိုထားနှင့်။ ဤစာကြည့်ခန်းကို မြင်သောအခါ သူကိုယ်တိုင်ပင် မဖော်ပြနိုင်လောက်အောင်ထိတ်လန့်သွားခဲ့ရသည်။

"သွားကြစို့။ မင်းကို ရိုးရှင်းတဲ့ထမင်းတစ်ဝိုင်း တည်ခင်းပါရစေ"

ဝမ်လင်က ကျန်းမုန့်လောင်၏ပခုံးကို ပုတ်လိုက်သည်။

"ငါ့စားဖိုမှူးက နိုင်ငံခြားကနေ အထူးတလည်ခေါ်ထားရတာနော်။ သူက အနောက်တိုင်းဟင်းလျာမျိုးစုံကို ကျွမ်းကျင်ရုံတင်မကဘူး။ ဟွာရှားဟင်းလျာတွေချက်ပြုတ်တဲ့နေရာမှာလည်း အရမ်းတော်တာ"

"ငါလည်း တော်တော်ဗိုက်ဆာနေပြီ"

ကျန်းမုန့်လောင်က သူ့ဗိုက်ကိုပွတ်သပ်လိုက်သည်။

"စကားမစပ် မင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းက ပိတ်သွားပြီလို့ကြားတယ်။ မင်း ဘာဆက်လုပ်ဖို့စီစဉ်ထားလဲ"

"နည်းပညာပိုင်းကို ဦးတည်ဖြစ်မယ်ထင်တယ်။ တကယ်တော့ အင်တာနက်စျေးကွက်က အတော်လေးပြည့်ကျပ်နေတော့ အခုအချိန်မှာ ဝင်လိုက်မယ်ဆိုရင် ခက်ခဲကြမ်းတမ်းနေမှာပဲ။ အခုဆိုရင် အနောက်နိုင်ငံတွေက ငါတို့ဟွာရှားရဲ့တိုးတက်မှုကို ကြောက်နေကြတော့ တင်းကျပ်တဲ့နည်းပညာကန့်သတ်ချက်တွေ ချမှတ်နေကြတယ်လေ။ ငါတော့ ဒါက အခွင့်အလမ်းကောင်းတစ်ခုဖြစ်နိုင်တယ်လို့ ထင်တာပဲ"

"ကောင်းသားပဲ။ မင်းလုပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ငါ ရင်းနှီးမြှုပ်နှံမယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။ နည်းပညာပိုင်းဆိုင်ရာ အလုပ်လုပ်ရသည်မှာ ငွေသုံးဖို့ အလွန်ကောင်းသော နည်းလမ်းတစ်ခုပင်။ သူ့မှာသာ အဆက်အသွယ်တချို့ရှိပါက သိပ္ပံသုတေသနများတွင် ရင်းနှီးမြှုပ်နှံဖို့အတွက် နည်းလမ်းများရှာဖွေနိုင်မည်မှာ ကျိန်းသေပေါက်ပင်။

"ဟုတ်သားပဲ"

ကျန်းမုန့်လောင်က သူ့နဖူးကို သူပြန်ရိုက်လိုက်သည်။ ကျောင်းရှိ ပါရဂူဘွဲ့နှင့် မဟာဘွဲ့ရအကြံပေးများအားလုံးဟာ သူ့အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံသူများပင် မဟုတ်ပါလား။

ကျန်းမုန့်လောင်သည် သူ၏ဘွဲ့ကြိုပရောဂျက်ကို ရွေးထားနှင့်ပြီးဖြစ်၏။ ရက်အနည်းငယ်အတွင်းမှာပင် သူ၏ဘွဲ့ကြိုပရောဂျက်များကို စလုပ်ဖို့အတွက် ကျောင်းကိုပြန်သွားရတော့မည်ဖြစ်၏။ အစောပိုင်းတုန်းက သူ့လက်တွေ့စမ်းသပ်မှုနှင့်ပတ်သက်ပြီး ကြီးကြပ်ရေးတာဝန်ခံစီနီယာကျောင်းသားတစ်ယောက်နှင့် စကားပြောခဲ့သေးသည်။

သူ့ကြီးကြပ်ရေးမှူးက ကျောင်းတွင်းမှာ အတော်အတန်ဂုဏ်သတင်းကြီးသူတစ်ယောက် ဖြစ်၏။ နှစ်စဉ်နှစ်တိုင်းသူ့အဖွဲ့အတွက် သိပ္ပံသုတေသနရန်ပုံငွေမှာ သန်းဆယ်ဂဏန်းရှိသည်။

သိပ္ပံသုတေသနမှာပါဝင်သည့် ဆရာများအဖို့ ရန်ပုံငွေကိစ္စက ခေါင်းကိုက်စရာအကောင်းဆုံးပင်။ သူတို့မှာ ကုမ္ပဏီများကိုတစ်လှည့်၊ ကျောင်းကိုတစ်လှည့် တစ်နေကုန်အခေါက်ခေါက်အခါခါပြေးလွှားကြရသည်။ လူသိနည်းသော ဆရာတချို့ဆိုလျှင် တစ်နှစ်လုံးမှာ ရန်ပုံငွေများများစားစားပင်မရပေ။

သူတို့၏သိပ္ပံသုတေသနအတွက် ရန်ပုံငွေထောက်ပံ့ပေးမည်ဆိုပါက ထိုအရာကို လှူဒါန်းမှုဟု ယူဆ၍မရချေ။ ဤအရာကို ရင်းနှီးမြှုပ်နှံမှုဟု ခေါ်သည်။ သူတို့ကျောင်းမှာ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် ဓာတ်ခွဲခန်းနည်းပညာရှင်များအပါအဝင် ဆရာဆရာမရာဂဏန်းမျှ ရှိသည်။ ကျန်းမုန့်လောင်အနေနှင့် ငွေအမြောက်အများကိုတော့ သုံးပစ်နိုင်တော့မည်သာ။

"ဟားဟားဟား..လောင်ဝမ်ရေ..။ မင်း​ကြောင့် ငါ အကြံရပြီ"

"ဟင်"

ဝမ်လင်က ချက်ချင်းဆိုသလို ​ခေါင်းခြောက်သွားရသည်။ သူဘာပြောလိုက်တာလဲ။ သူ့ကို ငါက ဘယ်လိုအကြံရအောင်လုပ်ပေးခဲ့လို့လဲ။

"ကျေးဇူးပြုပြီး ငါ့ကို လောင်ဝမ်လို့မခေါ်ပါနဲ့။ နည်းနည်းမသင့်တော်သလိုကြီးပဲ"

"ဟားဟားဟား..မင်း ငါ့ကို ဘယ်လိုအကြံမျိုးရအောင်လုပ်ပေးခဲ့လဲဆိုတာကိုတော့ သိဖို့မလိုပါဘူး။ ဒါပေမဲ့ ဒီအတွက်တော့ မင်းကိုကျေးဇူးတင်ရမယ်။ ဒီလိုဆိုရင်ရော။ ငါ နောက်ဆုံးဝယ်ခဲ့တဲ့ ကားတွေထဲကတစ်စီးကို ရွေးလိုက်ပါ့လား။ ဒါပေမဲ့ Koenigsegg CCXRကတော့ မရဘူးနော်"

"ကျန်းမုန့်လောင်...ငါတော့ မင်းကို မကောင်းဆိုးဝါးတစ်ကောင်လို့ ထင်နေမိပြီ"

ဝမ်လင်က အံကြိတ်ထားလျက် ပြောလိုက်လေသည်။

"ငါ ဝမ်လင်.. ဆင်းဆင်းရဲရဲနဲ့သေသွားရမယ်ဆိုရင်တောင် တတိယထပ်ကနေ ခုန်ချရမယ်ဆိုရင်တောင် မင်းဆီက ဘာမှထပ်ယူမှာမဟုတ်တော့ဘူး"

"အဲ့လိုလား။ တကယ်တော့ ငါ မင်းအတွက် စက်ရုံမှာ နောက်ထပ်CCXRတစ်စီး ထပ်လုပ်ခိုင်းဖို့စီစဉ်နေတာ"

"ဘာ။ ငါ့အတွက် နောက်တစ်စီးလုပ်ပေးမှာဟုတ်လား။ မင်းကိုယ်မင်း Koenigseggကုမ္ပဏီတို့ဘာတို့ကို ပိုင်တယ်များထင်နေတာလား"

"မင်းခန့်မှန်းတာမှန်တယ်။ ငါ့လူတွေကတစ်ဆင့် ငါ koenigseggရဲ့ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတယ်။ အဲ့လိုမှမဟုတ်ရင် သူတို့က ငါ့အတွက်နဲ့ ဘာလို့များ တခြားအမှာစာတွေအားလုံးကို ရပ်ပစ်မှာလဲ"

"သောက်ကျိုးနည်း"

"မင်းက မလိုချင်ဘူးဆိုတော့လည်း ထားလိုက်ပါတော့။ ဒုက္ခမများရအောင်လို့..."

"ငါလိုချင်တယ်။ ငါလိုချင်တယ်။ ငါမလိုချင်ဘူးလို့ ဘယ်သူပြောလဲ"

ဝမ်လင်က အလျင်အမြန်ပင် ကြားဖြတ်ပြောလိုက်သည်။

"အား.. အရမ်းသဘောကောင်းတာပဲ"

"စကားမစပ် နောက်အပတ်ထဲ ကျန်းနန်မြို့မှာ ကျောက်မျက်ရတနာတန်ဖိုးဖြတ်ပွဲ တစ်ခုရှိတယ်။ မင်း သွားကြည့်ဖို့စိတ်ဝင်စားလား"

ဝမ်လင်က ကျန်းမုန့်လောင်နှင့် ရင်းနှီးပြီးဖြစ်သောကြောင့် သူတို့၏ဆက်ဆံရေးကို ခိုင်မာစေဖို့အတွက် အခွင့်အလမ်းများပိုမိုဖန်တီးချင်သည်မှာ သဘာဝကျလေသည်။

"မင်းရောစိတ်ဝင်စားလား"

"ဟားဟားဟား..ဒီအကဲဖြတ်ပွဲမှာ ကျောက်စိမ်းအရိုင်းတုံးတွေ အများကြီးပါမယ်လို့ကြားထားတယ်။ ကျောက်မျက်လောင်းကစားဆိုတာကိုကြားဖူးလား"

"သိပ္ပံဝတ္ထုတွေမှာ ထည့်ရေးတဲ့ဟာမျိုးလား"

ကျန်းမုန့်လောင်က အရွှန်းဖောက်လိုက်သည်။

"အမှန်ပဲ။ ဒါပေမဲ့ ဒါက လက်တွေ့ဘဝဆိုတော့ အိတ်စ်ရေးအမြင်အာရုံတို့ သဘာဝလွန်အစွမ်းတို့တော့ မရှိဘူးပေါ့။ ငါ နှစ်တုံးလောက်ဝယ်ပြီး ကံစမ်းဖို့စီစဉ်ထားတယ်။ ဘယ်သူသိနိုင်မှာလဲ။ ငါ ငွေအပုံလိုက်ရှာနိုင်ချင်ရှာနိုင်မှာပဲလေ"

"သဘာဝလွန်အစွမ်းတွေမရှိပေမဲ့ ငါ့မှာ ငွေရဲ့အစွမ်းတော့ရှိတယ်"

ကျန်းမုန့်လောင်၏မျက်လုံးများက လင်းလက်သွားသည်။ သူကြားဖူးသလောက်ဆိုလျှင် ကျောက်မျက်ရတနာလောင်းကစားမှာ သိန်းဂဏန်းတန်နှင့် သန်းဂဏန်းတန်ကျောက်စိမ်းများ မကြာခဏပါဝင်တတ်သည်တဲ့။ ဤသည်မှာ ပြိုင်ကားများဝယ်တာထက် ပိုက်ဆံသုံးဖို့ ပိုမြန်သည့်နည်းလမ်းမဟုတ်လား။

...

သူတို့နှစ်ဦးဟာ ထမင်းစားရင်း စကားပြောဆိုဆွေးနွေးနေကြသည်။ လူချမ်းသာမိသားစုတစ်ခုမှ ကြီးပြင်းလာခဲ့သည့် ဝမ်လင်ဟာ တကယ့်ကိုသူမတူသောအမြင်တစ်ခု ရှိချေသည်။ ဤစကားဝိုင်းအပြီးမှာ ကျန်းမုန့်လောင်သည် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာတစ်ရာဘီလီယံသုံးစွဲရမည့် သူ့တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်မည့်အခွင့်အလမ်းတစ်ခုတော့ ရှိလောက်သည်ဟု ခံစားလိုက်ရသည်။

ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းက ဘယ်လိုမျိုးလဲဆိုသည့်အကြောင်း သူ သိချင်မိသည်။ ကျန်းမုန့်လောင်၏သိချင်စိတ်က ပိုမိုအားကောင်းလာခဲ့သည်။ ထူးရှယ်နတ်ဘုရားသင်တန်းကျောင်းကိုသာ ဝင်ခွင့်ရပါက သူ့မိဘများ ဘယ်သွားကြသလဲဆိုသည်ကို သေချာပေါက်သိနိုင်လိမ့်မည်ဟု သူယုံကြည်ထားသည်။

……..

All Chapters