← Chapters

သန်း၅၀ကစပြီးရင်းနှီးမြှုပ်နှံလိုက်ရအောင်

Vol. 3 Ch. 33

သန်း၅၀ကစပြီးရင်းနှီးမြှုပ်နှံလိုက်ရအောင်

Vol. 3 Ch. 33

"မုန့်လောင်..မင်းရဲ့အောက်တိုဘာ၁ရက်နေ့ပိတ်ရက်က ဘယ်လိုနေလဲ"

နောက်တစ်ရက်မနက်ခင်းစောစောတွင် ကျန်းမုန့်လောင်ထံသို့ သူ့စီနီယာကျူးမုန့်ချောင်ဆီက ဖုန်းဝင်လာသည်။

"မဆိုးပါဘူး။ စီနီယာရော.."

"ငါတို့လိုအဖြစ်ဆိုးလှတဲ့ PhDကျောင်းသားတွေကတော့ ဓာတ်ခွဲခန်းထဲမှာပဲ ပုလင်းမြှောက်ခွက်တိုက်ရတာပေါ့ကွာ"

ကျူးမုန့်ချောင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။

"ငါ့ခေါင်းထဲဘာတွေတွေးခဲ့မိတယ်မသိဘူး။ ဘွဲ့ရပြီးပြီးချင်း PhDဆက်တက်ခဲ့မိတယ်။ ငါ့ဆံပင်တွေက တစ်ရက်ပြီးတစ်ရက် ပိုပိုပါးလာပြီး ငါ့အိတ်ကပ်တွေဆိုရင် ဘယ်တုန်းကမှဖောင်းကားနေတယ်ရယ်လို့မရှိဘူး"

"လတိုင်းထောက်ပံ့ငွေရတယ်မဟုတ်ဘူးလား"

ကျန်းမုန့်လောင်လည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"ထောက်ပံ့ငွေလား။ မေ့ထားလိုက်စမ်းပါကွာ။ တက္ကသိုလ်ကပေးတဲ့ ထောက်ပံ့ငွေသုံးထောင်ဆိုတာက နေထိုင်စားသောက်ဖို့တောင် မနည်းလောက်အောင်လုပ်နေရတာ။ ကောင်မလေးအတွက် ဟိုဟိုဒီဒီဝယ်ပေးရတာနဲ့ပဲ အကုန်ပြောင်ပြီ။ ဒီနှစ်အတွက် ဆရာဟန်ရဲ့သုတေသနရန်ပုံငွေက တော်တော်ကျပ်တာ။ ငါတို့ရဲ့လုပ်အားခလေးထောင်ကိုလည်း တစ်လရှစ်ရာဖြတ်သေးတယ်။ ဆက်ပြောရင် ငိုချမိတော့မယ်"

"အိုး.."

ကျန်းမုန့်လောင်၏မျက်ဝန်းများ တောက်ပလာလေတော့သည်။ ယခုနှစ်၏အခြေအနေအရပ်ရပ်ကြောင့် ဤရိုးရာစီမံကိန်းများလည်း သက်ရောက်မှုရှိနေဟန်တူ၏။ တက္ကသိုလ်ပါမောက္ခများပင် သုတေသနရန်ပုံငွေကို လောက်ငှအောင်မလုပ်နိုင်ကြပေ။

"အဲ့ဒီအကြောင်း ထပ်မပြောဘဲနေရအောင်။ မင်းလည်း မင်းရဲ့စာတမ်းအတွက် ပြင်ဆင်သင့်ပြီနော်။ မနက်ဖြန်စကြတာပေါ့။ ငါ မင်းကြည့်ရအောင်လို့ ကုန်ကြမ်းတွေပို့လိုက်မယ်။ မနက်ဖြန်ကျရင်တော့ မင်းကို စမ်းသပ်မှုတွေလုပ်ရအောင် ခေါ်သွားပေးမယ်"

"ကောင်းပြီလေ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

ထို့နောက် ကျန်းမုန့်လောင်က သူ့ကွန်ပျူတာဘက်သို့လှည့်လိုက်လေရာ ဖိုင်တစ်ဖိုင်က သူ့အီးမေးလ်ထဲသို့ ရောက်နေပြီဖြစ်၏။

" Grapheneမျက်နှာပြင်ပြုပြင်မွမ်းမံခြင်းတဲ့လား"

သူ့အကြောင်းအရာခေါင်းစဉ်ကို ကျန်းမုန့်လောင် အကျဉ်းချုံးတစ်ချက်ကြည့်လိုက်သည်။ Grapheneဆိုသည်မှာ မကြာသေးခင်ကမှ အလွန်ကျော်ကြားခဲ့သော အဇီဝမူလကုန်ကြမ်ပစ္စည်းတစ်မျိုးဖြစ်ပြီး ၎င်း၏ကောင်းမွန်လှသည့်လုပ်ဆောင်မှုက နယ်ပယ်အမြောက်အများမှာ အလွန်အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေချေသည်။

သို့သော် Grapheneကိုထုတ်လုပ်ရသည့် ကုန်ကျစရိတ်မှာ အလွန်မြင့်မားလှသည်။ ဓာတ်ခွဲခန်းတွင် စမ်းသပ်ထုတ်လုပ်သည့်ပမာဏမှာ တစ်ပတ်လျှင် တစ်ဂရမ်ထက်ပင်လျော့ပြီး သန့်စင်မှုမှာလည်း အလွန်နိမ့်လှသည်။

သန့်စင်မှုမြင့်မားသော Grapheneဆိုလျှင် တစ်ဂရမ်ကို ယွမ်ထောင်ဂဏန်းနှင့်ပင် ရောင်းချကြလေရာ ရွှေထက်ပင် ပိုဈေးကြီးသေးသည်။

"ဝိုး.. တကယ်ပဲ… သိပ္ပံပညာသုတေသနမှာ ရင်းနှီးမြှုပ်နှံရတာက ဈေးအကြီးဆုံးပဲ"

ကျန်းမုန့်လောင်က သူ့စမ်းသပ်ချက်အကြောင်းအရာကို တစ်ချက်ကြည့်လိုက်သည်။ သန့်စင်မှုမြင့်မားသော Grapheneတစ်ဂရမ်ကပင် ယွမ်နှစ်ထောင်ရှိ၏။ ပါမောက္ခများ စီမံကိန်းအမျိုးမျိုးနှင့် ပိုက်ဆံဝင်အောင်လုပ်နေသည်မှာလည်း မထူးဆန်းလှပေ။ သုတေသနအုပ်စုတစ်ခုမှာ သက်သက်ငွေဖြုန်းသောစက်တစ်ခုနှင့် မခြားပေ။

ထိုသို့တွေးမိပြီးနောက် ကျန်းမုန့်လောင်လည်း ကျူးမုန့်ချောင်ကို ချက်ချင်းပင်ဖုန်းပြန်ခေါ်လိုက်သည်။

"မုန့်လောင်..ဘာဖြစ်လို့လဲ။ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မေးစရာရှိလို့လား"

"အကြောင်းအရာနဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကျွန်တော်က ဒီအတိုင်းမေးစရာလေးရှိလို့ပါ စီနီယာ.. ကျွန်တော်တို့သုတေသနအုပ်စုရဲ့ရန်ပုံငွေက တကယ်ပဲတော်တော်ကျပ်တည်းနေတာလား"

"အာ.. ဒီအကြောင်းပြောမှ သတိရတယ်။ ငါတော့ တကယ်ပြဿနာတက်ပြီ"

ကျူးမုန့်ချောင်က လေသံကိုတိုး၍ ပြောလာလေသည်။

"မနှစ်တုန်းက ဆရာဟန်က Grapheneနဲ့ပတ်သက်ပြီး အောင်မြင်မှုတစ်ခုခုရဖို့မျှော်လင့်ပြီး သုတေသနရန်ပုံငွေအတွက် ယွမ်သန်း၃၀ထောက်ပံ့ပေးထားခဲ့တာလေ။ ငါတို့ အခု အောင်မြင်မှုတချို့တော့ရနေပြီ"

"ဒါပေမဲ့ ဒီရန်ပုံငွေသန်း၃၀က အများဆုံးရှိလှ တစ်လလောက်ပဲခံတော့မှာ။ ငါတို့နဲ့ပူးပေါင်းထားတလုပ်ငန်းစုတွေကလည်း ရလဒ်တစ်ခုထွက်လာအောင် ဖိအားပေးနေကြပြီ။ လုပ်ငန်းတွေက တကယ်ကျပ်တည်းနေတော့ သူတို့ဘက်ကလည်း သုတေသနရင်းနှီးမြှုပ်နှံမှုကို ထပ်ပြီးတိုးမြှင့်ပေးဖို့ မလိုလားကြတော့ဘူး။ ဆရာဟန်လည်း ဒီစာသင်နှစ်အတွင်း သောကရောက်နေရှာတာ"

"ရန်ပုံငွေကွာဟမှုက တော်တော်များလို့လား"

ကျန်းမုန့်လောင်လည်း မရဲတရဲမေးလိုက်လေသည်။

"တော်တော်များတယ်။ အနည်းဆုံး၂၅သန်းပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မင်းတို့နှစ်အတွက် ရန်ပုံငွေက လုံလောက်ပါတယ်။ ဒါပေမဲ့ ငါတို့ကတော့ ဒီဒုက္ခတွေကိုခံစားရမှာပေါ့ကွာ။ အမလေး.."

"စီနီယာ.. ဆရာဟန်က ဒီရက်ပိုင်း တက္ကသိုလ်မှာရှိလား"

"ဆရာဟန်က ပြီးခဲ့တဲ့နှစ်ရက်လုံးလုံး အဲ့ဒီကုမ္ပဏီတွေကိုပတ်သွားနေခဲ့ပေမဲ့ သန်ဘက်ခါကျရင်တော့ တက္ကသိုလ်ကိုပြန်လာမှာပါ။ မင်း လိုအပ်တာ တစ်ခုခုရှိလို့လား"

ကျူးမုန့်ချောင်က မေးလာလေသည်။

"နေဦး.. မင်း ဘွဲ့လွန်ဆက်တက်မလို့စိတ်ကူးနေတာတော့ မဟုတ်ဘူးမလား။ ဒီလိုအမှားမျိုး မလုပ်လိုက်နဲ့နော်။ သူများကို PhDဆက်တက်ဖို့တိုက်တွန်းတာက သူတို့တစ်ဆွေလုံးတစ်မျိုးလုံးကို ထိုင်ဆဲပစ်လိုက်တာနဲ့အတူတူပဲ။ မေဂျာချောက်နက်ကြီးထဲကို မဆင်းချင်စမ်းနဲ့။ မင်းရဲ့အနာဂတ်က တောက်ပနေတာပဲကို"

"စီနီယာ.. ကျွန်တော်က ကျွန်တော်တို့သုတေသနအုပ်စုထဲကို သုတေသနရန်ပုံငွေနည်းနည်း ရင်းနှီးမြှုပ်နှံမလို့ စဉ်းစားနေတာပါ"

"ဘာ.. မင်း ထပ်ပြောစမ်းပါဦး"

ကျူးမုန့်ချောင်က နားကြားမှားသွားသည်ဟု ထင်လိုက်မိသည်။ သုတေသနရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ ဟာသမဟုတ်ပေ။ စွန့်စားမှုကြီးမားရုံသာမက ရလဒ်ထွက်လာခဲ့လျှင်ပင် သုတေသနအောင်မြင်မှုကို လုပ်ငန်းအကျိုးစီးပွားဆီသို့ ကူးပြောင်းရခြင်းမှာ အချိန်အကြာကြီးယူရသည်။

အရေးအကြီးဆုံးအချက်မှာ ကျန်းမုန့်လောင်က သာမန်စီနီယာဘွဲ့ကြိုကျောင်းသားတစ်ယောက်မျှသာ ရှိသေးသည်။ သူ့မှာ သုတေသနကိုထောက်ပံ့ဖို့ ပိုက်ဆံ ဘယ်လိုလုပ်ရှိမှာတဲ့လဲ။ သန်းပေါင်းများစွာပုံပေးလျှင်ပင် သူတို့သုတေသန၏အသုံးစရိတ်ကို ကြာကြာမဖြည့်ဆည်းနိုင်ပေ။

"စီနီယာ.. ကျွန်တော်တို့သုတေသနအုပ်စုထဲမှာ သုတေသနရန်ပုံငွေကို ရင်းနှီးမြှုပ်နှံချင်လို့လို့ပြောလိုက်တာ"

ကျန်းမုန့်လောင်က ထပ်ပြောလာလေသည်။

"၂၅သန်းလိုနေတာလို့ စီနီယာ အခုလေးတင်ပြောလိုက်တယ်မလား။ အရင်ဆုံး ကျွန်တော် သန်း၅၀ရင်းနှီးမြှုပ်နှံမယ်လေ"

"ဘာ။ သန်း၅၀လား။ နေပါဦး ဂျူနီယာလေး.. မင်း လာနောက်နေတာမလား။ မင်း.."

"တကယ်ပြောတာ။ ကျွန်တော်မနောက်ဘူး။ ဒီမှာကြည့်.. မကြာခင် ကျွန်တော်က ကျောင်းပြီးတော့မှာ။ အဲ့ဒါကြောင့် ကျွန်တော်တို့ကျောင်းနဲ့ ကျွန်တော်တို့သုတေသနအဖွဲ့အတွက် ကျွန်တော် ဘွဲ့မရခင် တစ်ခုခုတော့အကျိုးပြုခဲ့မှဖြစ်မယ်လို့တွေးမိလို့လေ"

"ဒါပေမဲ့.."

ဆရာဟန်က ဒေါသထွက်လွယ်သူတစ်ယောက်အဖြစ် နာမည်ကြီးသည်။ အကယ်၍ ကျန်းမုန့်လောင်သာ စနောက်နေသည်ဆိုလျှင် စီနီယာဖြစ်သူ သူက ဆရာဟန်ဆီက ပြင်းထန်လှသောအမျက်ဒေါသဒဏ်ကို ခံစားရမည်သာ။

"စီနီယာ… ကျွန်တော်တို့ ဒီလိုလုပ်ကြမယ်။ ကျွန်တော့်ကို ဆရာဟန့်ဆီဆက်သွယ်ရမဲ့နံပါတ်ပေးလိုက်လေ။ ကျွန်တော့်ဘာသာပဲ သူနဲ့စကားပြောလိုက်မယ်။ အဲ့လိုဆိုရင် ပြဿနာတစ်ခုခုရှိလာခဲ့ရင်တောင် စီနီယာ့ကို ဘာသက်ရောက်မှုမှမရှိတော့ဘူးပေါ့"

ကျန်းမုန့်လောင်က ကျူးမုန့်ချောင် ဘာကိုစိတ်ပူနေသလဲဆိုသည်ကို နားလည်လေသည်။

ပါမောက္ခဟန်က ဟိုဟိုသည်သည်လှည့်လည်သွားလာရင်း သဘောတူညီချက်များနှင့် စာချုပ်များစွာကို ရေးထိုးပြီးမှ သန်း၃၀ကို ခက်ခက်ခဲခဲရရှိလာသော်ငြား ကျောင်းဘက်ကလည်း "လုပ်ထုံးလုပ်နည်းဆိုင်ရာအခကြေးငွေ"ဟုခေါ်သော ငွေပမာဏအနည်းငယ်ကို ဖြတ်ယူထားသေးသည်။ သို့ဖြစ်လေရာ သူ တကယ်တမ်းရသည့်ပမာဏမှာ သန်း၃၀နီးပါးမျှသာ။

"ကောင်းပြီလေ။ ဒါပေမဲ့ ဖုန်းနံပါတ်ကို ငါပေးလိုက်တာလို့တော့မပြောနဲ့နော်"

"စိတ်မပူပါနဲ့ စီနီယာရဲ့။ အချိန်ကျလာရင် ကျွန်တော် စီနီယာ့ကို တစ်ဝိုင်းကျွေးပါ့မယ်"

"တစ်ဝိုင်းကျွေးဖို့အထိတော့ မလိုပါဘူးကွာ"

ကျူးမုန့်ချောင်က ပြောလိုက်သည်။

"မင်းသာ ငါတို့သုတေသနအဖွဲ့ရဲ့ ရန်ပုံငွေပြဿနာကို တကယ်ဖြေရှင်းပေးနိုင်ခဲ့ရင် ငါကတောင် ပိုကျေးဇူးတင်ရဦးမှာပါ။ အဲ့လိုဆိုရင် ဆရာဟန်ကလည်း ငါတို့ရဲ့လုပ်အားခတွေကို ထပ်ပြီးဖြတ်တော့မှာမဟုတ်ဘူးလေ"

"ဟားဟားဟား.. စိတ်မပူပါနဲ့ စီနီယာ။ ကျွန်တော် စီနီယာ့အတွက် သူတို့ကိုပြောပေးပါ့မယ်"

ကျန်းမုန့်လောင်က ပါမောက္ခဟန်၏ဖုန်းနံပါတ်ကို ကျူးမုန့်ချောင်ဆီမှာ ချောချောမွေ့မွေ့ရလာခဲ့သည်။

ပါမောက္ခဟန် နာမည်အပြည့်အစုံဟန်ကျင်းယွီသည် ကျန်းနန်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်တွင် လူအကြည်ညိုခံပါမောက္ခတစ်ယောက်ဖြစ်ပြီး ရုပ်ဝတ္ထုသိပ္ပံဌာန၏ ခေါင်းဆောင်လည်းဖြစ်သည်။ သူဟာ ယန်းဇီမြစ်ပညာရှင်ဟူသော ဂုဏ်ပုဒ်ကိုခံယူထားသည်။ ဤပရောဂျက်သာ အောင်မြင်ပါက သူသည် ဤတက္ကသိုလ်၏ ဒုတိယမြောက်စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လာမည်သာ။ ဤသည်မှာ သူတို့လို သာမန်တက္ကသိုလ်တစ်ခုအဖို့ သေးငယ်လှသောအောင်မြင်မှုတစ်ခုမဟုတ်ပေ။

ဟန်ကျင်းယွီက သောကရောက်နေသောအမူအရာဖြင့် ဟိုတယ်ခုတင်ထက်တွင် လဲလျောင်းနေပြီး သူ့ဘေးပတ်ပတ်လည်မှာလည်း စာရွက်စာတမ်းအထပ်လိုက်ကြီးတစ်ခုရှိနေလေသည်။

သူ့ပုံစံမှာ ဆက်ဆံရေးကောင်းသော ပါမောက္ခတစ်ယောက်ဖြစ်သော်ငြား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆက်ဆံရသည်မှာ မည်မျှနာကျင်ဖို့ကောင်းသလဲဆိုသည်ကို သူတို့သာသိသည်။

အထူးသဖြင့် သူတို့ဘက်က ပိုက်ဆံတောင်းလိုက်သည့်အချိန်မျိုးမှာ ဦးညွှတ်ခယနေရသည့်အလားပင်။

ယနေ့လည်း သူ အေးတိအေးစက်ဆက်ဆံခံလိုက်ရသည်။ လက်ရှိပရောဂျက်မှာ လုပ်ဆောင်နေဆဲဖြစ်ပြီး ၎င်း၏အောင်မြင်မှုမှတ်တမ်းကလည်း စာရွက်ပေါ်မှာသာရှိသည်။ သို့သော် စီးပွားရေးသမားများကမူ သိပ္ပံဂျာနယ်တို့၊ တောင်ရိုင်းသဘာဝဂျာနယ်တို့လို ထိပ်တန်းအဆင့် နိုင်ငံတကာဂျာနယ်တို့ကို စိတ်ဝင်စားလျှင်ပင် စာရွက်စာတမ်းထဲရှိ အောင်မြင်မှုကို စိတ်မဝင်စားပေ။

သူတို့ဟာ သုတေသနရလဒ်များကို လုပ်ငန်းထဲတွင် မည်သို့အသုံးချနိုင်မလဲ၊ ထိုအရာက သူတို့ကို ဘယ်လိုပိုက်ဆံရအောင်ဖန်တီးပေးနိုင်မလဲဆိုသည်ကိုသာ ဂရုစိုက်ကြသည်။

သန်း၃၀ရင်းနှီးမြှုပ်နှံပြီးသည့်တိုင် ဘာရလဒ်မှထွက်မလာတာကို သူတို့မြင်နေရသည့်အပြင် ဟန်ကျင်းယွီက သူတို့အား ရန်ပုံငွေထပ်တောင်းလာပြန်သည်တဲ့လေ။ ဒါက ဟာသလုပ်နေတာလား။ စီးပွားရေးလုပ်နေတာက ပရဟိတလုပ်နေတာမဟုတ်ဘူးလေ။

ဟန်ကျင်းယွီတစ်ယောက် စိတ်ပျက်ပြိုလဲလုနီးနီးဖြစ်နေချိန်မှာပင် သူ့ဖုန်းက ထမြည်လာသည်။ သို့သော် တစ်ဖက်လူမှာ အလွန်ငယ်ရွယ်လှသောအမျိုးသားတစ်ယောက်ဖြစ်နေချေသည်။

"ဟယ်လို ကျွန်တော် ပါမောက္ခဟန်နဲ့ စကားပြောလို့ရမလား"

"ဘယ်သူလဲ"

"ပါမောက္ခဟန်.. ကျွန်တော်က ကျန်းမုန့်လောင်ပါ။ ကျွန်တော်က ဒီနှစ်အတွက် ကျွန်တော့်ရဲ့ဘွဲ့ကြိုပရောဂျက်အနေနဲ့ ပါမောက္ခရဲ့သုတေသနအဖွဲ့ကို ရွေးချယ်ထားတာလေ။ ကျွန်တော့်ကိုမှတ်မိလားမသိဘူး"

"ဪ မင်းကိုး"

ဟန်ကျင်းယွီက ပြောလိုက်သည်။

"မင်းကို စမ်းသပ်မှုကိစ္စနဲ့ပတ်သက်ပြီး လုပ်ပေးဖို့ ကျူးမုန့်ချောင်ကို တာဝန်ပေးထားတယ်မဟုတ်ဘူးလား။ ဘာကိစ္စရှိလို့လဲ။ လက်တွေးစမ်းသပ်မှုက တစ်ခုခုဖြစ်လို့လား။ ဒါမှမဟုတ် မင်းရဲ့စီနီယာက သူ့တာဝန်ကို မျက်ကွယ်ပြုထားလို့လား"

ဟန်ကျင်းယွီ၏စိတ်နေသဘောထားကြောင့် ကျန်းမုန့်လောင်မှာ သူ့အပေါ် အလျင်အမြန်အမြင်ကောင်းရှိသွားလေသည်။ ဆရာတော်တော်များများက သာမန်ကျောင်းသူကျောင်းသားများအပေါ် မောက်မာပြီးအထက်စီးဆန်တတ်ကြောင်း သူသိထားသည်။ ထို့ကြောင့်လည်း ကျန်းမုန့်လောင်က သူ့အား ကူညီပေးချင်ခဲ့ခြင်းပင်။

"အဲ့လိုလုံးဝမဟုတ်ပါဘူး။ စီနီယာက ကျွန်တော့်ကို ကောင်းကောင်းဂရုစိုက်ပေးပါတယ်"

"ဒါဆို ပြီးတာပါပဲ။ မင်း ငါ့ကိုဖုန်းဆက်လိုက်တာ ကိစ္စတစ်ခုခုရှိလို့လား"

ဟန်ကျင်းယွီကတော့ ဘွဲ့ကြိုကျောင်းသားတစ်ယောက်က သူ့ဘွဲ့ကြိုပရောဂျက်အတွက် သက်ညှာပေးဖို့မျှော်လင့်ပြီး သူ့အားဖုန်းဆက်ခြင်းမျိုးမဟုတ်ပါလျှင် တခြားဘာအကြောင်းနှင့်များ ဖုန်းဆက်သလဲဆိုသည်ကို စဉ်းစား၍မရနိုင်ပေ။

"ပါမောက္ခဟန်.. ဆရာ့ရဲ့သုတေသနအဖွဲ့က ငွေကြေးပိုင်းဆိုင်ရာပြဿနာတချို့ကြုံနေရတယ်လို့ ကျွန်တော်ကြားထားတယ်။ အဲ့ဒါကြောင့်…"

"မုန့်ချောင်က မင်းကို အဲ့လိုပြောခဲ့တာလား"

ဟန်ကျင်းယွီ၏လေသံကား ရုတ်ခြည်းလေးနက်သွားလေသည်။ ယခုလိုသတင်းအချက်အလက်မျိုးဟာ သုတေသနအဖွဲ့အတွင်းမှာသာ လျှို့ဝှက်ထားရမည့်အရာမျိုးပင်။ ဘွဲ့ကြိုပရောဂျက်လုပ်နေသည့် ကျောင်းသားတစ်ယောက်ကို သာမန်ကာလျှံကာထုတ်ပြောလိုက်ရလေသတဲ့လား။

"ဆရာ..ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ဗျ။ ကိစ္စက ဒီလိုပါ။ ကျွန်တော်တို့ရဲ့သုတေသနအဖွဲ့ထဲကို သုတေသနရန်ပုံငွေအဖြစ် ငွေနည်းနည်းလောက်ထည့်ချင်လို့ပါ။ ဒီကိစ္စကိုဆွေးနွေးဖို့အတွက် ဆရာ ဘယ်အချိန်လောက်များ အားလဲမသိဘူး"

"သုတေသနရန်ပုံငွေလား"

ဟန်ကျင်းယွီခမျာ မရယ်ဘဲမနေနိုင်တော့ပေ။

"မင်းက ငါတို့ဓာတ်ခွဲခန်းကို ဘယ်လောက်ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားလို့လဲ"

"အခုလောလောဆယ်တော့ သန်းငါးဆယ်နဲ့စလိုက်ရအောင်လေ"

"ဘာ… သန်းငါးဆယ်လား"

"ဟုတ်ပါတယ်။ တကယ်လို့မလောက်သေးရင်လည်း နောက်ပိုင်းကျရင် ကျွန်တော် ထပ်ဖြည့်ပေးနိုင်ပါတယ်။ ဒီရက်ပိုင်း ဆရာက အပြင်ရောက်နေတယ်လို့ပြောခဲ့တယ်ဆိုတော့ ကျွန်တော်…"

"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ မင်း အခုဘယ်မှာလဲ။ ငါ ချက်ချင်း တက္ကသိုလ်ကို ပြန်လာခဲ့မယ်"

ဟန်ကျင်းယွီတစ်ယောက် ချက်ချင်းဆိုသလို ခွန်အားများပြန်လည်ပြည့်ဝလာဟန်ပင်။ ဤတစ်ခေါက်တော့ သူ့သုတေသနကို ကယ်တင်လိုက်နိုင်ပြီ။

……..

All Chapters