ကျွန်တော်က အစွန်းထွက်နေတာတွေမကြိုက်ဘူး
Vol. 4 Ch. 56
"သောက်ကျိုးနည်း..ဒါကြီးက တကယ်ကိုအံ့သြစရာကောင်းတာပဲ"
"သေစမ်း။ ဆိုင်တစ်ဆိုင်လုံးကို ဝယ်ပစ်လိုက်တာလား။ ဘယ်လောက်တောင်ပေးရမှာလဲ"
"ဟားဟား... မြင်လား။ မင်းတို့က မင်းတို့ရဲ့Streamerကို မိုက်လှချည်ရဲ့လို့ထင်နေတာလား။ ငါတို့ရဲ့သူဌေးကမှ ပိုမိုက်တာ။ ဆိုင်ထဲမှာရှိသမျှအရာအားလုံးကို ဝယ်ပစ်လိုက်တယ်တဲ့။ အခု မင်းတို့Streamer ဘာဆက်လုပ်မလဲဆိုတာကြည့်ရအောင်"
"သောက်ကျိုးနည်းပဲ။ ချမ်းသာတာက ဒီလောက်တောင်အံ့သြစရာကောင်းတာလား"
"ဟုတ်တယ်။ မင်းချမ်းသာရင် လုပ်ချင်တာမှန်သမျှ ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။ မင်းတို့မှာ အရမ်းအရည်အချင်းရှိနေတယ်ဆိုရင် မင်းတိို့အချစ်တော်လေးမီနာကိုလည်း အကုန်ဝယ်ခိုင်းကြည့်လိုက်လေ။ ပိုက်ဆံမရှိရင် ပါးစပ်ပိတ်နေလိုက်"
"ဒီတစ်ခါတော့ ငါက အဲ့ဒီသူဌေးဘက်ကပဲဟေ့။ ဒါကဘာလဲ။ ဦးရာလူစနစ်ဆိုတာကို မသိကြဘူးလား။ တိုက်ရိုက်ထုတ်လွှင့်သူက သူတို့ကိုယ်သူတို့ လူတိုင်းထက် ပိုမြင့်မြတ်နေတယ်လို့များ ထင်နေတာလား"
" 'ကတ်ဖြတ်လိုက်'ဆိုတဲ့အကွက်က တအားမမိုက်လွန်းဘူးလား"
"ငါ အနက်ရောင်ကတ်တွေအကြောင်းတော့ ကြားဖူးတယ်။ ဒါပေမဲ့ ဒီခရမ်းရောင်ကတ်က ဘာလဲ။ အဲ့ဒီလူကြီးမင်းက ငါတို့ကို အလင်းပြပေးမှာများလား"
"ငါကြားဖူးတာကတော့ ဘဏ်တွေမှာ အနက်ရောင်ကတ်ထက် ပိုမြင့်တဲ့ကတ်တစ်မျိုးရှိတယ်တဲ့။ အဲ့ဒါကို ဂုဏ်ထူးဆောင်ကတ်လို့ခေါ်တယ်။ အဲ့ဒါက ခရမ်းရောင်ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ဒီဟာလားဆိုတာတော့ မသေချာဘူး"
"အင်တာနက်သုံးသူတွေက တကယ်အံ့သြစရာကောင်းတာပဲ။ ပိုက်ဆံမရှိပေမဲ့ ဒီကိစ္စတွေအားလုံးကို သိနေကြတယ်နော်"
...
"ဆရာ.. တကယ်ကြီး အကုန်ဝယ်ချင်တာလား။ ကျွန်တော်တို့ဆိုင်ထဲက ပြသထားတဲ့ပစ္စည်းတွေနဲ့ လက်ကျန်ပစ္စည်းတွေရဲ့ စုစုပေါင်းစျေးနှုန်းက သန်းတစ်ရာနီးပါးရှိနိုင်တယ်"
"ကျုပ်က နောက်နေတဲ့ပုံပေါက်နေလို့လား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကတ်ဖြတ်လိုက်။ ဒါမှမဟုတ် ခင်ဗျားတို့သူဌေးနဲ့ တိုက်ရိုက်သွားပြောစေချင်တာလား"
ကျန်းမုန့်လောင်က ထိုအနက်ရောင်ကတ်ကိုထုတ်ပြီး ဆိုင်မန်နေဂျာရှေ့မှာ ယမ်းပြလိုက်သည်။
ဤအနက်ရောင်ကတ်ကို မြင်သောအခါ ဆိုင်မန်နေဂျာမှာ အသက်ရှူမှားသွားရလေသည်။ ကျန်းမုန့်လောင်၏ ဂုဏ်ထူးဆောင်ကတ်အကြောင်းကိုတော့ သူမသိသော်ငြား ဤဝမ်တာ့အနက်ရောင်ကတ်အကြောင်းကိုတော့ သိသည်။ ဝမ်တာ့ပလာဇာမှာ LVဆိုင်လာဖွင့်ခဲ့သည့်အချိန်ကစပြီး ယခုလိုကတ်မျိုး ကိုင်ဆောင်သူကို သူ တစ်ခါမှမမြင်ဖူးခဲ့ပေ။
သူ့ရှေ့ရှိ လူငယ်လေးက ကြောက်စရာကောင်းလောက်အောင် အားကောင်းလှသည့် နောက်ခံတစ်ခုရှိနေနိုင်ကြောင်း သူသိလိုက်လေပြီ။
"ဟုတ်ကဲ့ ဆရာ"
ဆိုင်မန်နေဂျာက သူ့နောက်ရှိ ဝန်ထမ်းများကို ချက်ချင်းအမိန့်ပေးလိုက်သည်။
"လက်ကျန်ပစ္စည်းတွေကို မြန်မြန်စစ်ဆေးပြီး စျေးနှုန်းတွက်ကြည့်လိုက်"
ဆိုင်မန်နေဂျာအတွက်တော့ ဤသည်မှာ တစ်သက်မှာတစ်ခါသာရနိုင်သည့် အခွင့်အရေးတစ်ခုပင်။ တစ်ဆိုင်လုံးကို အပြောင်သိမ်းပစ်လိုက်နိုင်ပါက သူ့ကော်မရှင်ခလည်း သေချာသွားပြီဖြစ်၏။
ယခုနှစ်အတွင်း လက်လီရောင်းဝယ်ရေးလုပ်ငန်းက အဆင်မပြေလှချေ။ ပုံမှန်အားဖြင့်ဆိုလျှင် သူတို့၏လစဉ်ရောင်းအားမှာ သန်းသုံးဆယ်မှ သန်းငါးဆယ်ကြားတွင်ရှိ၏။ သို့သော် ယခုနှစ်မှာတော့ ရောင်းအားအကောင်းဆုံးလမှာတောင် သန်းနှစ်ဆယ်မကျော်ပေ။ ကျန်းမုန့်လောင်၏ အပြတ်အသတ်ဝယ်ယူမှုက သူ့တစ်နှစ်စာရောင်းအားကို ဖြေရှင်းနိုင်တော့မည်သာ။
ယခုတော့ဖြင့် သူလည်း လက်ကျန်ပစ္စည်းများ ပိုများနေဖို့သာ မျှော်လင့်မိတော့သည်။
"မန်နေဂျာ အကုန်တွက်ပြီးပါပြီ။ အခုလက်ရှိ ဆိုင်ထဲမှာရှိတဲ့ ပစ္စည်းအားလုံးရဲ့ စုစုပေါင်းစျေးနှုန်းက ၈၅.၃၇သန်းပါ။"
"မစ္စတာ ကြားတယ်မလား။ ခင်ဗျား ဝယ်ချင်တုန်းပဲလား..."
"ကတ်ဖြတ်လိုက်"
"ဆရာ.. ဒီလောက်များတဲ့ ပမာဏကိုတော့ ခင်ဗျားရဲ့ကတ်က မရလောက်ဘူးထင်တယ်"
"ကျုပ်ရဲ့ကတ်က အကန့်အသတ်မရှိဘူး"
ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
"အကန့်အသတ်မရှိဘူးလား"
မန်နေဂျာမှာ အံ့သြမှင်တက်သွားလေသည်။ ဘဏ်၏ အနက်ရောင်ကတ်များကသာ အကန့်အသတ်မရှိခြင်းဖြစ်၏။ ပုံမှန်အားဖြင့် ယခုလိုကတ်များကို လက်ဝယ်ပိုင်ဆိုင်ထားသည့် ဖောက်သည်များမှာ ဘဏ်က ကိုယ်တိုင်ဖိတ်ခေါ်ပြီး သူတို့၏ စုငွေများကို စီမံခန့်ခွဲပေးထားခြင်းပင်။ ဤလူငယ်လေးက ဘယ်သူများလဲ။
သူ့ကတ်မှာ အနက်ရောင်မဟုတ်သည်မှာ သိသာနေသော်ငြား အကန့်အသတ်မရှိဘူးတဲ့လား။ အနက်ရောင်ကတ်ထက် ပိုအဆင့်မြင့်သည့်ကတ်တစ်မျိုး ရှိနေလေသလား။ ဤသည်ကိုမူ သူ့ဉာဏ်က လိုက်မမီပေ။
"ကတ်ဖြတ်စက်မြန်မြန်ယူခဲ့"
"ဒီမှာရပါပြီ"
အခြားအရောင်းစာရေးတစ်ယောက်က ကတ်ဖြတ်စက်နှင့်အတူ အမြန်ပြေးလာလေသည်။
"ကျုပ်က ပိုက်ဆံအစွန်းထွက်နေတာကိုမကြိုက်ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ ဆရာ..ကျွန်တော် အဲ့ဒါလောက်တော့ ဆုံးဖြတ်လို့ရပါတယ်"
ဆိုင်မန်နေဂျာက တစ်ဖက်ကို အမိန့်ပေးလိုက်သည်။
"၈၅သန်းအတိဖြတ်လိုက်"
"မဟုတ်ဘူး။ ကျုပ်ဆိုလိုချင်တာက သန်းကိုးဆယ်အတိလုပ်လိုက်"
"ဘယ်လို"
ဆိုင်မန်နေဂျာမှာ အံ့ဩမှင်တက်သွားပြီး အရောင်းစာရေးကလည်း ကြက်သေသေသွားပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော ကြည့်ရှုသူများမှာ ပို၍ပင်အံ့အားသင့်သွားချေသည်။
"66666.. ငါတော့ယုံသွားပြီ သူကတကယ့်ဘော့စ်အစစ်ပဲ"
"ဒါက ဒဏ္ဌာရီလာအကြွေမကြိုက်တဲ့ဖြစ်ရပ်ကြီးများလား"
"အမေရေ..လေးသန်းကျော်တောင်ဟ။ ငါတော့ အကြွေတွေ အစွန်းထွက်တွေကြိုက်တယ်လေ။ ငါ့ဆီကိုပစ်လိုက်စမ်းပါ။ ငွေသားဟုတ်ဟုတ်မဟုတ်ဟုတ် ကိစ္စမရှိဘူး။ ငါက ဒီအတိုင်း ဘော့စ်တစ်ယောက်ဆီက ပိုက်ဆံနဲ့ပစ်ပေါက်ခံရတာကို သဘောကျတာ"
"ဒီနေ့တော့ ငါ တကယ်ကို ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားနဲ့ တွေ့လိုက်ရတာပဲ။ အခုတော့ ဥက္ကဋ္ဌဝမ်နဲ့ ချင်ဖုန်းတို့ ဘာလို့အိန္ဒြေပျက်တဲ့အထိ ဖြစ်သွားခဲ့ကြလဲဆိုတာ ငါနားလည်ပြီ။ ငါသာ သူတို့နေရာမှာဆိုရင် ငါ့စိတ်အစဉ် လုံးဝပြိုလဲသွားမှာပဲ"
"ဆင်းရဲမှုက ငါ့စိတ်ကူးအကြံဉာဏ်တွေကို ကန့်သတ်ထားတာပဲ။ လူချမ်းသာတွေရဲ့ကမ္ဘာကြီးကို ငါနားမလည်နိုင်ဘူး"
...
"ဆရာ.. သန်းကိုးဆယ်ကျသင့်ပါတယ်။ ဒီမှာပြေစာပါ"
ဆိုင်မန်နေဂျာက ကတ်နှင့်ပြေစာကို ကျန်းမုန့်လောင်အား တလေးတစားလှမ်းပေးလိုက်သည်။
"ဒါက ကျွန်တော်တို့ရဲ့lvမန်ဘာကတ်ပါ။ အခုကစပြီး ခင်ဗျား ကျွန်တော်တို့ဆိုင်မှာရှိတဲ့ အဆင့်အမြင့်ဆုံးလျှော့ဈေးကို အကျိုးခံစားလို့ရပါပြီ"
"မလိုပါဘူး။ ကျုပ်က လျှော့ဈေးမကြိုက်ဘူး"
ကျန်းမုန့်လောင်က ထိုကတ်ကို သူ့အား ပြန်ပေးလိုက်သည်။
"ကျုပ် ခင်ဗျားကို လိပ်စာတစ်ခုပေးမယ်။ ပစ္စည်းတွေအကုန်လုံးကို အဲ့ဒီလိပ်စာအတိုင်းပို့ပေး။ တစ်ယောက်ယောက် ယူထားလိမ့်မယ်"
"သောက်ကျိုးနည်းပဲ။ မင်း လျှော့စျေးမကြိုက်လည်း ငါတို့ကြိုက်တယ်လေ"
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ အမျိုးသမီးကြည့်ရှုသူများက ထပေါက်ကွဲလေတော့သည်။ ဤထိပ်တန်းအဆင့်ဒစ်စကောင့်ကူပွန်မှာ အလွန်အရေးကြီးလွန်းလှသဖြင့် ထိုကတ်မျိုးပိုင်ဆိုင်ဖို့ဆိုလျှင် ဆယ်သန်းကျော်သုံးမှဖြစ်မည်သာ။ သူတို့သာ ထိုကဲ့သို့သောကတ်တစ်ကတ်ရထားပါက တစ်နှစ်ပတ်လုံးကိုင်ထားပြီး ပတ်ကြွားနေမည်ဖြစ်၏။
ထိုအချိန်မှာ မီနာနှင့် သူ(မ)၏လက်ထောက်က ကြက်သေသေသွားချေသည်။ သာမန်ဟုထင်ရသော လူငယ်လေးက ယခုလိုကြောက်မက်ဖွယ်ကောင်းသည့် ငွေကြေးအင်အားမျိုး ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားပေ။ တစ်ဘီလီယံတန်ပစ္စည်းများကိုပင် မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်ပစ်လိုက်နိုင်လေသည်။
သူတို့တော့ ရန်သွားမစသင့်သောလူတစ်ယောက်ကို အမှုမဲ့အမှတ်မဲ့စော်ကားမိလိုက်လေပြီ။
မီနာက သာမန်streamerတစ်ယောက််မျှသာ ဖြစ်၏။ အပြင်ပန်းမှာတော့ သူ(မ)က မက်မောစွဲလမ်းဖွယ်ရာကောင်းသော်ငြား တကယ်တမ်းမှာတော့ အရင်းရှင်များကြိုးကိုင်ခြယ်လှယ်နေသော သာမန်လူတစ်ယောက်သာ။ ထိပ်တန်းလုပ်ငန်းရှင်စစ်စစ်ကြီးများနှင့်ယှဉ်လိုက်လျှင် သူ(မ)က ဘာမှအရေးမပါချေ။ သူတို့အနေနှင့် Streamerတစ်ယောက်ကို တစ်ချက်မျှပင် ပြန်မကြည့်ဘဲ ထိပ်တန်းဆယ်လီများကို ကြော်ငြာအတွက် ပိုက်ဆံပေးပြီး အသာလေးငှားလိုက်နိုင်သည်။
မီနာ၏ ရောင်းအားမြှင့်တင်နိုင်စွမ်းက အင်အားကောင်းသော်လည်း နှစ်စဉ်ဝင်ငွေမှာ သန်းဆယ်ဂဏန်းမျှသာရှိသည်။ ဤလူငယ်လေးအတွက် ပိုက်ဆံလေးသန်းကျော်ဟာ မပြောပလောက်သောငွေကြေးပမာဏမျှသာ ဖြစ်၏။ သူ(မ)ဟာ သူနှင့်ယှဉ်ပြိုင်နိုင်ဖို့အတွက် ဘာကိုအသုံးပြုနိုင်မည်တဲ့လဲ။
"အစ်မနာ..တခြားဆိုင်ကိုသွားကြရအောင်"
လက်ထောက်လေးက ပြောလာသည်။ ဝန်ထမ်းများမှလွဲ၍ LVဆိုင်ထဲတွင် ကျန်ရှိနေသေးသည့်ပစ္စည်းများမှာ ကျန်းမုန့်လောင်၏ ပစ္စည်းများသာဖြစ်ပြီး ဤနေရာတွင်ဆက်နေပါက အရှက်ကွဲရုံသာ ရှိချေတော့မည်။
"ကောင်းပြီ။ သွားကြတာပေါ့"
မီနာ၏မျက်နှာအမူအရာမှာ သိသိသာသာပျက်ယွင်းသွားသည်။ အထူးသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ မှတ်ချက်အမြောက်အများက ကျန်းမုန့်လောင်ဘက်က ကာပြောပေးထားသည်ကို မြင်လိုက်ရသည့်အချိန်မှာပင်။
"ဟားဟား.. ငါ့ယောကျ်ားက တကယ်အစွမ်းထက်တာပဲ"
"ငါ့ယောကျ်ားရဲ့ဝေးပေါ်ကို ဘယ်သူသိလဲ။ ငါ အခုပဲဖောလိုးလိုက်မယ်"
"သတင်းထူးဟေ့။ ဥက္ကဋ္ဌဝမ်က သူ့ကိုယ်ပိုင်ဝေးပေါ်မှာ ဒီသူဌေးကို @မန်းရှင်းလုပ်ထားတယ်"
"သောက်ကျိုးနည်း...followerက ဆယ့်နှစ်ယောက်တည်းလား။ သူက ဒီလောက်တောင် ခပ်လျှိုလျှိုလေးနေတာလား။ မဖြစ်နိုင်တာ။ ငါ အခုချက်ချင်းဖောလိုးလိုက်မယ်။ ဒါဆို ငါက မူလလက်ဟောင်းတစ်ယောက် ဖြစ်သွားမယ်လေ"
"ဟာသမလုပ်စမ်းပါနဲ့ streamerကြီးရေ"
"တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်လိုက်တော့။ နင်က ငါ့ယောကျ်ားကို စိတ်အနှောင့်အယှက်ပေးခဲ့တာမို့ နင် ပြင်ပတိုက်ရိုက်ထုတ်လွှင့်မှုတွေ ဘယ်လိုပဲလုပ်လုပ် တစ်ခုမှရောင်းရမှာမဟုတ်တော့ဘူး"
"ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ။ နင်က နင့်အာဏာနဲ့ လူတွေကိုဖိနှိပ်ခဲ့တာလေ။ အခု သံပြားကြီးကိုကန်မိပြီမလား"
"သံပြားတဲ့လား။ ဒါက သံမှိုတွေနဲ့ပြည့်နေတဲ့အပြားကြီးလို့ ပြောရမှာနော်"
...
ကျန်းမုန့်လောင်က ဝမ်လင်ပြောသွားသည့် "ငါမင်းကိုကူညီမယ်"ဟူသည့်စကားကို နားမလည်ခဲ့ပေ။ ယခုတော့ သူ့ဝေးပေါ်အကောင့် ဖော်ထုတ်ခံလိုက်ရလေပြီ။ မိနစ်ပိုင်းအတွင်းမှာပင် ဖော်လိုဝါဆယ့်နှစ်ယောက်မှ နှစ်သန်းအထိ ထိုးတက်သွားပြီး ပေ့ချ်ကို အသစ်ပြန်တင်လိုက်တိုင်း သောင်းဂဏန်းနှင့်ချီပြီး တက်နေလေသည်။
"အစ်မနာ..အစားအသောက်တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ကြရအောင်။ ရှန်ဟိုင်းအချိုပွဲက ကျွန်မတို့အတွက် စီစဉ်ထားပြီးသား"
"ကောင်းပြီ"
မီနာက သူ(မ)၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြန်ညှိပြီး ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
"ရှန်ဟိုင်းအချိုပွဲ"ဟူသော မုန့်ဆိုင်မှာ မကြာသေးမီက လူငယ်များကြိုက်နှစ်သက်သည့် ခေတ်ရေစီးကြောင်းနှင့်ညီညွတ်သော နေရာတစ်ခုအဖြစ် နာမည်ကြီးလာသော မုန့်ဆိုင်တစ်ဆိုင်ဖြစ်၏။ မီနာ၏တာဝန်မှာ ဆိုင်အတွက် ကြော်ငြာပေးရန်ဖြစ်ပြီး ဤသဘောတူညီချက်က နှစ်သန်းတန်သည်။
"ဆိုင်တာဝန်ခံက ဘယ်မှာလဲ။ အစ်မနာရောက်နေပြီလေ။ အမြန်ပြင်ဆင်ကြတော့"
လက်ထောက်ဖြစ်သူက ဆိုင်ထဲသို့ ဝင်လာပြီး ပတ်ပတ်လည်ရှိ လူများကို ခိုင်းလိုက်သည်။
"တောင်းပန်ပါတယ် မိန်းကလေးနာ.. ကျွန်တော်တို့ရဲ့ ပါဝင်ပစ္စည်းတွေ ကုန်သွားပါပြီ။ ဒီနေ့တော့ အမှာလက်ခံနိုင်တော့မှာမဟုတ်ပါဘူး"
ဆိုင်မန်နေဂျာက အနားကိုကပ်လာပြီး တောင်းပန်တိုးလျှိုးဟန်ဖြင့် ပြောလိုက်သည်။
"ကုန်သွားပြီလား။ ဒါဆို သူတို့က ဘာစားနေကြတာလဲ"
မီနာက မေးခွန်းထုတ်လိုက်သည်။
"လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်တုန်းကပဲ ကျွန်တော်တို့သူဌေးက ဒီနေ့အတွက် ပါဝင်ပစ္စည်းအားလုံးကို တစ်စုံတစ်ယောက်က ကြိုတင်မှာယူထားပြီးပြီလို့ လှမ်းပြောထားလို့ပါ"
"ကျွန်မ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်မဲ့အကြောင်း ရှင့်သူဌေးကို မပြောလိုက်ဘူးလား"
"ကျွန်တော် ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်သူဘာပြောပြော အကြောင်းထူးမှာမဟုတ်ဘူးလို့ သူကပြောတယ်ဗျ။ ပါဝင်ပစ္စည်းအားလုံးကို ကြိုတင်မှာယူထားတဲ့လူက ဝမ်တာ့အုပ်စုရဲ့ သခင်လေးဝမ်လင်တဲ့"
"ဘာရယ်"
မီနာ၏မျက်နှာအရောင်ကား ပြောင်းလဲသွား၏။ ထိုလူ့ကို ရန်သွားစ၍ မရနိုင်ပေ။ သို့သော် ဤသဘောမှာ နှစ်သန်းတန်သဘောတူညီချက်က သွားလေပြီဟူသော သဘောပင်။
"ဝိတ်တာ.. တလဲသီးရေခဲမုန့်ချပေးပါ"
"ဆရာ ကျွန်တော်တို့ရဲ့ပါဝင်ပစ္စည်းတွေကို ကြိုတင်မှာယူထားတဲ့လူရှိပါတယ်။ ခင်ဗျား..."
"ဟမ့်"
မီနာက ခံပြင်းဒေါသထွက်လျက် လှောင်လိုက်သည်။
လိုချင်တာကို မဝယ်နိုင်မှတော့ ပိုက်ဆံရှိတော့ရော ဘာလုပ်မှာလဲ။
"ကျွန်တော့်ရဲ့မျိုးရိုးနာမည်က ကျန်းပါ"
ကျန်းမုန့်လောင်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ခင်ဗျားက သခင်လေးဝမ်လင်ပြောထားတဲ့ မစ္စတာကျန်းလား"
မန်နေဂျာ၏သဘောထားမှာ တလေးတစားဟန်ဖြင့် ပြောင်းလဲသွားသည်။
"သခင်လေးဝမ်က ဒီပါဝင်ပစ္စည်းတွေက ခင်ဗျားအတွက်လို့ ပြောထားပါတယ်။ ဘာများညွှန်ကြားချင်ပါသေးလဲ"
"အိုး.. ဘာမှများများစားစားမရှိပါဘူး။ ကျွန်တော်တို့အတွက် ရေခဲမုန့်နှစ်ပွဲလုပ်ပေးပါ။ ကျန်တာတွေကိုတော့ ပလာဇာထဲမှာရှိတဲ့လူတိုင်းကို အလကားပေးလိုက်ပါ။ သူတို့နှစ်ယောက်တော့မပါဘူး"
ကျန်းမုန့်လောင်က မီနာနှင့် သူ(မ)၏အုပ်စုကို လက်ညှိုးထိုးပြလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် ချက်ချင်းစီစဉ်လိုက်ပါ့မယ်"
"ဘာတွေဖြစ်နေတာလဲ"
မီနာနှင့် သူ(မ)၏လက်ထောက်က တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်ကြသည်။
……