အစ်ကိုရေ ကျွန်တော်မှားသွားပါတယ် ထပ်မဆူပါနဲ့တော့
Vol. 4 Ch. 59
"သောက်ကျိုးနည်း.. အထင်ကရပုဂ္ဂိုလ်ကြီးက အခုလေးတင် ပို့စ်တင်လိုက်တယ်ဟ။ အထင်ကြီးဖို့ကောင်းလိုက်တာ"
"အထင်ကရပုဂ္ဂိုလ်ကြီးကတော့ သောက်ရမ်းအံ့ဩဖို့ကောင်းတာပဲ"
"တကယ်ကြီးလား။ အခုငါးထောင်တောင်မှလား။ အဲ့လိုသာဆိုရင် သန်းတစ်ရာကျော်သွားမှာမဟုတ်ဘူးလား"
"အပေါ်ထပ်ကလူတွေရေ… မင်းတို့က လွန်ခဲ့တဲ့ဆယ်မိနစ်ကမှ ဖော်လိုးလုပ်ခဲ့တဲ့ပရိသတ်တွေလား။ နာရီနဲ့ချီပြီး ဖောလိုးလုပ်ထားတဲ့ ငါတို့လိုနှစ်ချို့ပရိသတ်တွေက ဒီပုဂ္ဂိုလ်က ဟာသလုပ်မဲ့လူမဟုတ်ဘူးဆိုတာသိပြီးသား"
"အမှန်ပဲ။ မီနာဆိုရင် လုံးဝအလဲအကွဲဖြစ်သွားတာ မမြင်ဘူးလား။ ငါတို့သူဌေးမင်းက သန်းတစ်ရာဖိုးကို မျက်တောင်တစ်ချက်မခတ်ဘဲ ဝယ်ပစ်လိုက်တာ။ သူက မင်းကိုလာနောက်နေမယ်များထင်နေလား"
"နောက်နေတာမဟုတ်ဘူးနော်။ ဒီနေ့မှမဟုတ်ဘူး။ ဒီဒိတ်ဒိတ်ကြဲသူဌေးက ကူစူးတက္ကသိုလ်ရှေ့မှာ လူရှာဖို့အတွက်နဲ့ တစ်ဘီလီယံကျော်လောက် သုံးခဲ့တာ။ သူက မင်းတို့စားတာထက်တောင်ပိုပြီး ပိုက်ဆံသုံးခဲ့တာကွ"
"ဟားဟားဟားဟား.. ဒိတ်ဒိတ်ကြဲသူဌေးကြီးရေ.. ဥက္ကဋ္ဌဝမ်ကို ဘာတွေများအငြှိုးထားနေတာလဲ။ ထပ်မပြောတော့ဘူး။ ငါတော့ လေးစားမှုကိုပြတဲ့အနေနဲ့ စပြီးပမာမခန့်စကားတွေပြောတော့မယ်။ ဖြစ်ချင်တော့ ငါ့ကောင်မလေးရဲ့မွေးနေ့ကလည်း ရောက်တော့မယ်ဆိုတော့ LVအိတ်လေးတစ်လုံး ရပါစေ"
" Big G.. ငါ Big Gကိုလိုချင်တယ်"
မိနစ်အနည်းငယ်အတွင်းမှာပင် ကျန်းမုန့်လောင်၏ ပို့စ်အောက်၌ ကောမန့်ပေါင်းထောင်နှင့်ချီပြီး ပေါ်လာချေသည်။ ဆန်းကြယ်လှသော ဤဒိတ်ဒိတ်ကြဲသူဌေးကြီးက နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး သူ့အဝင်ပြကွက်ကလည်း ဗုံးကြဲချလိုက်သလိုပင်။
ငွေ၏ဆွဲဆောင်မှုဟာ အဆုံးအစမဲ့ပင်။ မိနစ်ပိုင်းအတွင်းမှာပင် လူအမြောက်အများ ဝင်ရောက်လာကြသည်။
"@ဝမ်လင် ဒီည မင်းအဖေက ခြံဝင်းထဲမှာ တရုတ်နှင်းသီးပင် စိုက်တော့မှာ"
@ဝမ်လင် ဒီမှာပဲရပ်နေ။ မလှုပ်နဲ့။ ငါ မင်းအတွက် လိမ္မော်သီးသွားဝယ်ပေးမယ်"
"@ဝမ်လင် မင်းအဖေက ဒီညတော့ ဇလုံချင်းရိုက်ပြီး ကတော့မယ်ဟေ့"
"@ဝမ်လင်...လရောင်တောက်ပတဲ့ည၊ တိုတောင်းတဲ့ ထင်းရှူးတောင်တန်း၊ မင်းညီမက ဆောင်ထုတ်ပြတင်းပေါက်ဘေးနားမှာထိုင်နေတယ်"
"@ဝမ်လင် မင်းရဲ့ဒစ်ဂျစ်တယ်မွန်းစတားပီကာချူးလည်း သွားသေလိုက်။ မင်းရဲ့ ကျန်းစစ်အရူးဘုန်းကြီးထိုက်ကျိဓားသွားလည်း သွားသေလိုက်။ မင်းရဲ့ကိုးပတ်ကလီစာမြွေမွန်းစတားကြီးလည်း သွားသေလိုက်"
"@ဝမ်လင် မင်းကောင်မလေးရဲ့ချစ်သူကို ခပ်ကြမ်းကြမ်းရိုက်နှက်ပစ်စေချင်တယ်။ သစ္စာဖောက်မှုကနေ ကိုယ့်ကိုယ်ကိုကာကွယ်နေတာထက်စာရင် အများကြီးပိုပြီးတရားမျှတတယ်လေ"
"@ဝမ်လင် မင်း ကုန်တင်ကားတစ်စီးနဲ့တိုက်မိပြီး တခြားအပြိုင်ကမ္ဘာတစ်ခုမှာ မောင်းမတစ်ယောက် ဖြစ်သွားစေချင်တယ်"
"@ဝမ်လင်..မင်း ထောင်ကျတဲ့အခါ လွတ်ငြိမ်းခွင့်ရပါစေ"
"@ဝမ်လင် မင်း အခေါင်းဝယ်တဲ့အခါ တစ်ခုဝယ်တစ်ခုလက်ဆောင်ရပါစေ"
"ဆဲနေတာတွေ ရပ်လိုက်ကြတော့ ကိုယ့်လူတို့။ မင်းတို့ ဒီလိုဆက်လုပ်နေရင် ဥက္ကဋ္ဌကြီး စိတ်ပိုင်းဆိုင်ရာဒဏ်ရာရသွားလိမ့်မယ်"
"ဟားဟားဟားဟား..ရယ်ရလွန်းလို့ ခန္ဓာကိုယ်နှစ်ခြမ်းကွဲတော့မှာပဲ။ အင်တာနက်အသုံးပြုသူတွေက တော်တော်အရည်အချင်းရှိကြတာကိုး"
"ဒါတွေက ဘယ်ငရဲကဆုတောင်းတွေလဲ ဟားဟား"
"လုရွှင်းက ဖန်တစ်ထောင်ဥယျာဉ်ကနေ ရသာသုံးမျိုးစာကြည့်ခန်းအထိ ရယ်လာခဲ့လောက်မှာ"
"မင်းရဲ့အကောင့်ကတော့ သွားပြီပဲ"
"ငါ အရင်က စာမလုပ်ခဲ့တာကို နောင်တရမိတယ်။ အခုတော့ ဒီစော်ကားမော်ကားစကားတွေကို ရှာဖို့အတွက် ပိုင်တုမှာ လိုက်ဖတ်နေရတယ်"
"အပေါ်ထပ်ကလူရေ မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ ငါလည်း အခု ပိုင်တုမှာပါ"
...
"ကျန်းမုန့်လောင်.. မင်းကို ငါနဲ့အတူ ဆွဲချသွားမှာနော်"
ဝမ်လင် ဝေးပေါ်ကိုဖွင့်လိုက်သည်နှင့် ကဗျာစာသားအတန်းလိုက်ကြီးက သူ့အား ကြိုဆိုနေချေသည်။ အပြင်ပန်းအားဖြင့် တင့်တယ်သော်လည်း ဂရုတစိုက်ဖတ်ကြည့်ပါက ဓားတစ်လက်နှယ် ထက်ရှနေလေရာ ရိုင်းစိုင်းဆဲဆိုထားသော စကားလုံးတစ်လုံးမှပင် သူ ရှာမတွေ့ခဲ့ပေ။။
"ကိုယ့်လူတို့..ငါ့မှာ ဖော်လိုဝါသန်းလေးဆယ်ကျော်တောင်ရှိတာလေ။ ဒီလူယုတ်မာကို ရှုံးရတော့မှာလား"
ဝမ်လင်က အင်အားစုစည်းပြီး ပြန်တိုက်ခိုက်တော့မည့်ဆဲဆဲ သူ့စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့သည်။
အတိတ်မှာတုန်းက သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါမျိုးမှာ သူကသာ သူတို့ကို ငွေနှင့်ပစ်ပေါက်ခဲ့ဖူးသည်။ ထိုလူများကလည်း သူ့ချမ်းသာကြွယ်ဝမှုကြောင့် ဆွံ့အနေခဲ့ကြရသည်သာ။
သို့သော် ဤတစ်ခေါက်မှာမူ သူ့ပြိုင်ဘက်က သားရဲကြီးကျန်းမုန့်လောင်ဖြစ်နေချေသည်။ သူက ပါးစပ်ဖွင့်လိုက်သည်နှင့် ဘီလီယံချီပြီးတန်သည့် ဆုများကို ဘာမှမဟုတ်သည့်အလား စွန့်ကြဲပစ်လိုက်သည်။ သူက ရုတ်တရက်ပေါ်လာသော စိတ်ကူးအကြံဉာဏ်ကို တစ်ကျော့ပြန်ရောက်ရှိမှုတစ်ခုဖြင့် ချက်ချင်းအသုံးချပစ်လိုက်နိုင်သူပင်။
သို့သော် ကျန်းမုန့်လောင်အတွက် တစ်ဘီလီယံနှင့် သူ့အတွက် တစ်ဘီလီယံဆိုသည်မှာ မတူညီပေ။ ဤသကောင့်သားမှာ ငွေကို ငွေလို သဘောမထားချေ။
"ဥက္ကဋ္ဌဝမ်.. ပြောဦးလေ။ အခုကျတော့ ဘာလို့တိတ်သွားတာလဲ"
"ဥက္ကဋ္ဌ.. ဒေါသထွက်လွန်းလို့ သေသွားပြီလား။ ခင်ဗျား သေသွားပြီဆိုရင် ကျွန်တော်တို့ရဲ့တိုက်ပွဲကို ဘယ်သူကတိုက်ပေးမှာလဲ"
"ငါ့အထင်တော့ ဥက္ကဋ္ဌဝမ်ရဲ့စိတ်အစဉ်က ပြိုလဲသွားပြီထင်တယ်"
ဝမ်လင်၏နောက်ဆုံးပို့စ်မှာ ရုတ်ခြည်းဆိုသလို ကောမန့်ပေါင်းထောင်ချီ၍ တက်လာလေသည်။ ဤသည်မှာ ဝမ်လင် ယခုလိုမျိုးစော်ကားခံနေရသည်ကို ဘာမှမပြောဘဲ တိတ်ဆိတ်နေခဲ့သည့် ပထမဆုံးအကြိမ်ပင်။ ဤသည်မှာ ငွေကြေး၏အင်အားလေလား။
"ကျန်းမုန့်လောင်.. ငါ ရှေ့နေတစ်ယောက်ငှားထားပြီးပြီ။ မင်း အခုပြောလိုက်တဲ့ စကားတစ်ခွန်းချင်းစီတိုင်းနဲ့ မင်းသွေးထိုးလှုံ့ဆော်ခဲ့တဲ့ လူတစ်ယောက်ချင်းစီတိုင်းက တရားရုံးမှာ သက်သေတွေဖြစ်လာမှာကွ။ စိတ်ပိုင်းဆိုင်ရာနစ်နာမှုနဲ့ ဂုဏ်သိက္ခာညှိုးနွမ်းမှုအတွက် ငါ့ကို လျော်ကြေးပေးဖို့ မင်းကိုတောင်းဆိုမှာ"
အဆုံးမှာတော့ အများအပြား၏ မျှော်လင့်စောင့်စားမှုအောက်တွင် ဝမ််လင်၏ဝေးပေါ်က သက်ဝင်လှုပ်ရှားလာသည်။
"ဟားဟားဟား...ဥက္ကဋ္ဌဝမ်က အခု သူ့ကိုယ်သူကာကွယ်ဖို့အတွက် ဥပဒေရေးရာလက်နက်ကြီးကို ထုတ်သုံးနေပြီဟေ့"
"ဟားဟားဟားဟား"
"ဥက္ကဋ္ဌက အရင်တုန်းကဆိုရင် လူတွေကို ပိုက်ဆံနဲ့ပဲ အထင်ကြီးအောင်လုပ်ပြခဲ့တာ။ ဒါပေမဲ့ အခုတော့ လူမိုက် စလုပ်နေပြီပဲ"
"မဖြစ်နိုင်တာ။ မဖြစ်နိုင်တာ.. ဥက္ကဋ္ဌ ခင်ဗျားရဲ့သတ္တိတွေ ဘယ်ရောက်သွားပြီလဲ။ ပြန်ချလေ"
"စိတ်ပိုင်းဆိုင်ရာနစ်နာမှုနဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုအတွက် လျော်ကြေးမလား။ မင်းဆီကို ပို့လိုက်ပြီ"
ဝမ်လင်၏ တန်ပြန်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောအခါ ကျန်းမုန့်လောင်က သူ့ဝေးပေါ်မှာ စခရင်ရှော့တစ်ပုံ တင်လိုက်ပြန်သည်။ ထိုပုံမှာ ဘဏ်ငွေလွှဲမှတ်တမ်းတစ်ခုဖြစ်ပြီး ပေးပို့သူမှာ ကျန်းမုန့်လောင်ပင်။ လက်ခံသူကတော့ ဝမ်လင်ဖြစ်၏။ စာထဲမှာမူ "စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် လျော်ကြေး"ဟု ရေးထားလေသည်။
တစ်ခဏလေးအတွင်း တစ်ဘီလီယံသုံးလိုက်ပြန်ပြီ။
"သောက်ကျိုးနည်းပဲ။ ဒီနေ့ ငါ ဘယ်နှခါတောင်ဆဲလိုက်မိတာပါလိမ့်"
"စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် တစ်ဘီလီယံတဲ့လား။ ငါတော့ အံ့ဩမှင်တက်နေပါပြီ"
"ဂစ်..ဂစ်.."
"သူဌေးကြီးရေ... ကျွန်တော့်ကိုလာဆဲပေးပါ။ ကျွန်တော်ကတော့ စိတ်ပိုင်းဆိုင်ရာနစ်နာကြေးအတွက် အများကြီးမလိုပါဘူး။ တစ်သန်းလောက်ဆိုရင် လုံလောက်ပါပြီ"
"ယောက်ျားရေ.. ကျွန်မကိုဆဲပေးပါ။ ဒါမှမဟုတ် ကျွန်မကိုရိုက်ပေးရင်လည်း အလုပ်ဖြစ်ပါတယ်"
"ငွေကြောင့်တော့မဟုတ်ပါဘူး။ အဓိကက ကျွန်မကိုယ်တိုင်က အဆဲခံချင်လို့ပါ"
"အခန်းဖော်က ဒိတ်ဒိတ်ကြဲသူဌေးဆီက မသေမချင်းအဆဲခံချင်လို့တဲ့"
"ငါ.. ငါ မနှစ်တုန်းက နာရီတစ်လုံးဝယ်ခဲ့တယ်"
ဝမ်လင်ခမျာ သူ့ဖုန်းကိုကိုင်ထားရင်း နှုတ်ခမ်းအစုံတွန့်လိမ်နေချေတော့သည်။ သာမန်အခြေအနေတစ်ခုသာဆိုပါက ပိုက်ဆံတစ်ဘီလီယံ ရှာလိုက်နိုင်ခဲ့လျှင် သူ တစ်ညလုံးအိပ်ပျော်နိုင်လိမ့်မည်မဟုတ်။
သို့သော် ယခုလိုနည်းလမ်းမျိုးဖြင့် ရလိုက်သည့် ဤပိုက်ဆံတစ်ဘီလီယံကတော့ သူ ငိုရအခက် ရယ်ရအခက် ဖြစ်နေချေတော့သည်။
"ကိုယ့်လူတို့ ဆက်ဆဲနေကြ။ ငါ့မှာ စိတ်ပိုင်းဆိုင်ရာနစ်နာမှုအတွက် လျော်ကြေးပေးဖို့ ပိုက်ဆံလုံလုံလောက်လောက်ရှိတယ်"
ကျန်းမုန့်လောင်က နောက်ထပ်ကောမန့်တစ်ခု ထပ်ဖြည့်လိုက်သည်။
"အစ်ကိုရေ.. ငါမှားသွားပါတယ်။ ဆက်မဆဲပါနဲ့တော့"
ဆယ်မိနစ်အကြာမှာတော့ ဝမ်လင်က ဝေးပေါ်တွင် အင်အားကင်းမဲ့သော ဝန်ခံစာတစ်စောင်ချန်ထားရစ်ခဲ့ရင်း အရေးနိမ့်ကြောင်း ဝန်ခံလိုက်ရလေသည်။
"ဥက္ကဋ္ဌက အရေးနိမ့်ကြောင်း ဝန်ခံလိုက်တာလား။ ငါတော့ အံ့ဩမှင်တက်နေပါပြီ"
"ဒီနေ့ ဥက္ကဋ္ဌဝမ်က ငါ့ယောက်ျားမဟုတ်တော့ကြောင်း ငါကြေညာလိုက်တယ်။ အခုကစပြီး ဒိတ်ဒိတ်ကြဲသူဌေးကြီးကမှ ငါ့ယောကျ်ားပဲ"
"ဒိတ်ဒိတ်ကြဲသူဌေးကြီးက ဥက္ကဋ္ဌဝမ်ကို ပိုက်ဆံနဲ့ပစ်ပေါက်ခဲ့တာ ဒါ သုံးကြိမ်မြောက်မလား"
"အင်တာနက်ဆယ်လီလောကမှာတော့ အပြောင်းအလဲကြီးတစ်ခု ဖြစ်တော့မှာပဲ"
...
"ကျန်းမုန့်လောင်.. ဒီတစ်ဘီလီယံကို ငါပြန်မပေးတော့မှာ မကြောက်ဘူးလား"
အွန်လိုင်းပေါ်မှာတော့ နှစ်ယောက်သားက မီးနှင့်ရေလို ဖြစ်နေဟန်တူသော်ငြား ဤသည်မှာ စနောက်နေခြင်းသက်သက်ဖြစ်ကြောင်း နှစ်ယောက်စလုံး ကောင်းကောင်းသိထားကြသည်။
"မင်း ပြန်မပေးဘူးဆိုရင်လည်း ပြန်မပေးနဲ့ပေါ့။ အဲ့ဒီပိုက်ဆံက ပါ့မွှားလေးပါ။ ပြန်ရောက်လာလိမ့်မယ်"
ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
"ယူထားလိုက်။ မင်း ငါ့အတွက် ဝမ်တာ့ဗီအိုင်ပီကတ်ဖွင့်ပေးခဲ့သလိုမျိုးလို့သာ သဘောထားလိုက်"
"ဒါဆို ငါ ယဉ်ကျေးမနေတော့ဘူးနော်"
ဝမ်လင်ကလည်း အရှက်မရှိပြန်ပြောလိုက်သည်။
"ဒါပေမဲ့ ညီအစ်ကိုရေ.. ငါ မင်းကို သတိပေးစရာလေးတစ်ခုတော့ရှိတယ်"
"ဘာများလဲ"
ကျန်းမုန့်လောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"နာမည်ကြီးမှုက ပြဿနာတွေကိုပါ သယ်ဆောင်လာနိုင်တယ်။ အခုဆိုရင် မင်းမှာ ပရိသတ်တွေအများကြီးရှိနေပြီဆိုတော့ မင်းကို စောင့်ကြည့်မဲ့လူတွေလည်း အများကြီးရှိလာပြီဆိုတဲ့သဘောပဲ။ တချို့က မင်းလုပ်သမျှတစ်ခုချင်းစီတိုင်းကို စောင့်ကြည့်ပြီး မင်းကို တိုက်ခိုက်နိုင်မဲ့လက်နက်အဖြစ် သုံးကြလိမ့်မယ်"
ဝမ်လင်မှာ ဤကိစ္စနှင့်ပတ်သက်ပြီး အတွေ့အကြုံအမြောက်အများရှိသည်။ သူ့ဝေးပေါ်ကလည်း မသင့်တော်သည့် စော်ကားမော်ကားစကားများနှင့် ပြည့်နှက်နေခဲ့ဖူးသည်။ ရှာဖွေမှုအများဆုံးစာရင်းမှာလည်း မကြာခဏဝင်ခဲ့ဖူးသည်။
"အဲ့ဒီပစ်မှတ်က မင်းလည်းဟုတ်ချင်မှဟုတ်မှာ။ မင်းနဲ့ရင်းနှီးတဲ့ လူတစ်ယောက်လည်းဖြစ်နိုင်တာပဲ"
ဝမ်လင်က ထပ်ဖြည့်ပြောလာလေသည်။
"ဟုတ်တယ်"
ကျန်းမုန့်လောင်က ခေါင်းညိတ်လိုက်သည်။ ဝမ်လင်ပြောသည့်စကားမှာ မှန်ပေသည်။ သူ့အတွက်မူ သူ့မိဘများအပါအဝင် ထိုကဲ့သို့သောလူပေါင်းများစွာရှိသည်။ ယခု လုရီယောင်လည်း ရှိလာပြီဖြစ်၏။
ရုတ်ခြည်းဆိုသလို ကျန်းမုန့်လောင်၏မျက်လုံးထဲ၌ ဖြစ်ခဲ့သည့်အရာများကို ကြောက်ရွံ့နေသည့်အလား မှောင်မိုက်နေဟန် အရိပ်အယောင်တစ်ခု စွန်းထင်းသွားသည်။ သူနှင့် လုရီယောင်တို့ အတူရှိနေခဲ့သည့်ဓာတ်ပုံက ရှာဖွေမှုအများဆုံးစာရင်းတွင် ပေါ်ပေါက်လာပြီဖြစ်၏။
ကျန်းမုန့်လောင်က လူစိတ်ဝင်စားခံနေရသည့် အကြောင်းအရာတစ်ခုဖြစ်ခဲ့ပြီးလေပြီ။ ဤတစ်ခေါက် သူနှင့် ရင်းနှီးသော တစ်စုံတစ်ယောက်ကသာ ထွက်ပေါ်လာပါက သူတို့က ပစ်မှတ်ဖြစ်လာပေလိမ့်မည်။
ယခုဆိုလျှင် လူများက လုရီယောင်အကြောင်း ရှာဖွေဖော်ထုတ်နေကြလေပြီ။
"ကောင်းတယ်။ သူတို့က ငါ့ကို ဝရုန်းသုန်းကားဖြစ်ရပ်တွေဖန်တီးဖို့အတွက် တွန်းပို့နေတာလား"
ကျန်းမုန့်လောင်က တခြားappများကိုပါ ဖွင်ကြည့်လိုက်သည်။ ဝေးပေါ်တွင်သာမက တခြားဖိုရမ်များ၊ ဆိုရှယ်မီဒီယာများနှင့် ဗီဒီယီုအတိုပလက်ဖောင်းများမှာပါ သူတို့နှစ်ယောက်နှင့်ပတ်သက်သည့် ပို့စ်များ ရှိနေလေသည်။
"ရှုဖုန်း.. ခင်ဗျားမအိပ်သေးဘူးမလား"
ကျန်းမုန့်လောင်က Unicornအုပ်စု၏ မားကတ်တင်းဒါရိုက်တာကို ဖုန်းဆက်လိုက်သည်။
"ဥက္ကဋ္ဌကျန်း..မအိပ်သေးပါဘူး။ ဘာများညွှန်ကြားစရာရှိလို့လဲ"
"ဒီနေ့ဖြစ်ခဲ့တဲ့ ကျွန်တော့်ကိစ္စအကြောင်း ခင်ဗျားသိတယ်မလား"
"ဟုတ်ကဲ့။ အကြမ်းဖျင်းတော့ ကြားထားပြီးပါပြီ"
လက်ရှိအမှုအခင်းများအကြောင်း အမြဲအာရုံစိုက်နေသည့်လူတစ်ယောက်ဖြစ်သည့်အတွက် ရှုဖုန်း၏ညဘက်လုပ်ငန်းဆောင်တာများထဲတွင် ဆိုရှယ်မီဒီယာအမျိုးမျိုးရှိ နောက်ဆုံးရသတင်းများကို စစ်ဆေးသည့်အလုပ်လည်း ပါလေသည်။ ကျန်းမုန့်လောင်နှင့်ပတ်သက်သည့် ယနေ့အကြောင်းအရာကား တစ်နိုင်ငံလုံးအတိုင်းအတားနှင့် နာမည်ကြီးသွားခဲ့ခြင်းပင်။
"အခုကစပြီး ကျွန်တော်တို့ကုမ္ပဏီရဲ့ဆိုရှယ်မီဒီယာတွေမှာ ဒီနေ့ ကျွန်တော်နဲ့အတူ ပေါ်လာခဲ့တဲ့ မိန်းကလေးနဲ့ပတ်သက်ပြီး ဘာသတင်းမှမရှိစေနဲ့"
…….