← Chapters

ရွေးချယ်စရာနှစ်ခုပေးမယ်

Vol. 5 Ch. 64

ရွေးချယ်စရာနှစ်ခုပေးမယ်

Vol. 5 Ch. 64

ယခုလက်ရှိမှာ ထန်ရွှင်း၏ဈေးကွက်တန်ဖိုးက ဟွာရှားငွေကြေး၄ထရီလီယံကျော်နေလေပြီ။ မာဟွားက ထန်ရွှင်းရှယ်ယာ၁၀ရာခိုင်နှုန်းခန့်သာ ကိုင်ထားသော်ငြား ဤသည်ကပင် ဟွာရှားငွေကြေး၄၀၀ဘီလီယံရှိ၏။ ကမ္ဘာပေါ်ရှိ ဘယ်ကုမ္ပဏီကများ ဟွာရှားငွေကြေး၄၀၀ဘီလီယံကို ငွေချည်းသက်သက် ထုတ်ယူနိုင်မည်တဲ့လဲ။ လူတစ်ဦးတစ်ယောက်ဆိုလျှင် ပို၍ပင် စိတ်ကူးယဉ်ဆန်လှသည်သာ။

"လူငယ်လေး.. ငါ့ရဲ့ထန်ရွှင်းရှယ်ယာတွေက ဘယ်လောက်တန်လဲဆိုတာသိလား"

"သိတာပေါ့"

ကျန်းမုန့်လောင်က အရေးမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။

"ဟွာရှားငွေဘီလီယံရာဂဏန်းလောက်ပဲ ရှိမှာပေါ့။ နည်းနည်းတော့များသား"

"နည်းနည်းတော့များသားတဲ့လား"

မာဟွားက ကျန်းမုန့်လောင်၏စကားကို သံယောင်လိုက်လိုက်သည်။ ဘီလီယံ၄၀၀ဆိုသည်မှာ "နည်းနည်းတော့များသား"ဟူသည့်ပမာဏလောက်လေလား။

"ဒီလိုဆိုရင်ရော.. မစ္စတာမာဘက်ကသာ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော် ခင်ဗျားရဲ့ရှယ်ယာတွေကို ဈေးကွက်တန်ဖိုး၂၀ရာခိုင်နှုန်းထက်ပိုပေးပြီး ဝယ်ချင်ပါတယ်။ ခင်ဗျားစိတ်ဝင်စားမလားလို့"

"မင်း လာနောက်နေတာလား"

"၃၀ရာခိုင်နှုန်းဆိုရင်ရော"

ကျန်းမုန့်လောင်က သာမန်ကာလျှံကာဖြင့် နောက်ထပ်ဆယ်ရာခိုင်နှုန်း ထပ်တိုးလိုက်သည်။

"အဲ့လိုမဟုတ်.. ငါဆိုလိုချင်တာက.."

"ဒါဆို လေးဆယ်ရာခိုင်နှုန်းပေးမယ်။ ဒီထက်တော့ပိုပေးလို့မရတော့ဘူး"

ကျန်းမုန့်လောင်က ထိုသို့ကြေညာလိုက်သည်။

"ကျွန်တော် ဝေးပေါ်ကိုဝယ်ခဲ့တုန်းက ရုရှားအဘိုးကြီးတစ်ယောက်က ဝါးနိုင်တဲ့အတိုင်းအတာထက်ပိိုပြီး ကိုက်စားချင်ခဲ့တာလေ။ သူ့ရှယ်ယာကို ဈေးကွက်တန်ဖိုး၁၀၀ရာခိုင်နှုန်းနဲ့မှ ရောင်းမှာတဲ့။ မစ္စတာမား.. ခင်ဗျားကတော့ အဲ့လိုလူမျိုးတွေနဲ့ တန်းမညှိသင့်ဘူးနော်"

"မင်းပြောနေတာ ကမ်မိုရာလုပ်ငန်းစုက ချာဗီလား"

"ခင်ဗျား သူ့ကိုသိတယ်ပေါ့"

"သိတာထက်တောင်ပိုသေးတယ်။ ငါ သူနဲ့ အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကြုံကြိုက်ခဲ့ဖူးတယ်"

မာဟွားက ကူကယ်ရာမဲ့စွာဖြင့် ပြောလာလေသည်။

"လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းက ငါတို့ရဲ့ကုမ္ပဏီက ဝေးပေါ်ကိုဝယ်ယူဖို့ စီစဉ်ခဲ့ဖူးတယ်လေ။ ဒါပေမဲ့ အဲ့ဒီလူယုတ်မာကြီးက ပေါက်ဈေးထက် ၅၀ရာခိုင်နှုန်းတောင်ပိုပြီး မတန်တဆလိုချင်နေခဲ့တာ"

"သေစမ်း..သောက်ကျိုးနည်း။ သူက ခင်ဗျားတို့ဆီကကျတော့ ၅၀ရာခိုင်နှုန်းပဲလိုချင်ခဲ့ပြီး ကျွန်တော့်ဆီကကျတော့ ၁၀၀ရာခိုင်နှုန်းပေါ့။ ကျွန်တော့်ကို အထင်သေးနေပုံပဲ"

ကျန်းမုန့်လောင်လည်း ထိုလူ့အား သူ အပြစ်ပေးသည့်နည်းလမ်းမှာ အလွန်သက်ညှာလွန်းနေကြောင်း ရုတ်ခြည်းသတိထားလိုက်မိသည်။

"အဲ့ဒီရှယ်ယာတွေကို မင်း သူ့ဆီကနေ ဘယ်လိုဝယ်ခဲ့တာလဲ"

မာဟွားက သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။ ချာဗီကို သူနားလည်ထားသလောက်ဆိုလျှင် သူက အကျိုးအမြတ်တစ်ခုတည်းကိုသာ မျှော်ကိုးသော စီးပွားရေးသမားစစ်စစ်တစ်ယောက်ဖြစ်၏။ သူ့ခေါ်ဈေးနှင့် မကိုက်ညီပါက သူကလည်း လက်လျှော့ပေးမည်မဟုတ်။

"ဘာထူးထူးခြားခြားနည်းဗျူဟာမှ မရှိပါဘူး။ ကမ်မိုရာလုပ်ငန်းစုရဲ့ပင်မကုမ္ပဏီက ကျွန်တော့်အပိုင်လေ။ ကျွန်တော် သူ့ကို သန့်ရှင်းရေးသမားအဖြစ် အလုပ်လုပ်ဖို့ ရုံးချုပ်ကို ရာထူးရွှေ့ပြောင်းပစ်လိုက်တာပေါ့။ ကျန်တာကတော့လွယ်လွယ်လေးပါ"

"သူတို့ရဲ့မူရင်းကုမ္ပဏီက မင်းရဲ့ကုမ္ပဏီလား"

"ဟုတ်တယ်"

ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်သည်။

"ကိုင်ဒိုအုပ်စုကလေ"

"ဟုတ်တယ်။ ခင်ဗျားက တော်တော်များများသိထားတာပဲ မစ္စတာမာရဲ့"

ကျန်းမုန့်လောင်က သူ့အား ချီးကျူးလိုက်သည်။

"ငါက စီးပွားရေးသမားတစ်ယောက်လေ"

မာဟွာကလည်း ရိုးသားပွင့်လင်းစွာ ဆိုလာချေသည်။ ကိုင်ဒိုအုပ်စုက အမေရိကန်ဒေါ်လာဘီလီယံ၄၀၀ကျော် တန်ဖိုးရှိပြီး သူတို့၏ထန်ရွှင်းအုပ်စုနည်းတူ ကြီးကျယ်ခမ်းနားပြီး နည်းနည်းမှနိမ့်ကျမနေပေ။ ဤအုပ်စုက ကျန်းမုန့်လောင်၏ ပိုင်ဆိုင်မှုတဲ့လား"

ယခုတော့ဖြင့် ကျန်းမုန့်လောင်က ဝေးပေါ်ကို ဘာလို့များ မပင်မပန်းပါဘဲ လွယ်လင့်တကူဝယ်ယူနိုင်ခဲ့လဲဆိုသည်ကို မာဟွားသိသွားဟန်တူ၏။ Unicornအုပ်စုကလည်း သူ့အပိုင်ဖြစ်ပြီး ကိုင်ဒိုအုပ်စုကလည်း သူ့ပိုင်ဆိုင်မှုပင်။ ဤကုမ္ပဏီကြီးနှစ်ခုတည်းကသာ ကျန်းမုန့်လောင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပါသည်ဟု မည်သူကများ ပြောရဲမည်တဲ့လဲ။

"ဒီချာတိတ်က ဘယ်ကပေါ်လာတာလဲဟ"

မာဟွားခမျာ အရေးပါအရာရောက်သည့် ကျန်းမျိုးရိုးတစ်ယောက်ယောက်များရှိလေသလားဟု အပြင်းအထန်စဉ်းစားကြည့်လိုက်သည်။ သို့သော် သူတတ်နိုင်သလောက် စဉ်းစားကြည့်လိုက်သော်ငြား ကျန်းမုန့်လောင်ကို မည်သူနှင့်မျှ တွဲမမြင်မိပေ။

ယုတ္တိရှိရှိပြောရလျှင် ဤနိုင်ငံထဲ၌ ယခုလိုမျိုးထူးခြားလှသည့်လူတစ်ယောက် တကယ်တမ်းရှိနေပါက မာဟွားဆိုသည့် သူက ထိုလူအကြောင်း သေချာပေါက်ကြားဖူးရမည်သာ။

"ငါများ သတင်းမကြားမိတာလား"

မာဟွားခမျာ အတွေးနက်သွားရလေတော့သည်။

"မစ္စတာမာ.. အဓိကအကြောင်းအရင်းကို ပြန်သွားကြရအောင်။ ခင်ဗျား ရှယ်ယာတွေကို ပြန်ရောင်းမှာလား။ မရောင်းဘူးလား"

"ငါ..."

ဟွာရှားရှိ အင်တာနက်လောကတွင် နှစ်ပေါင်းများစွာကြာအောင် ကြီးစိုးခဲ့ပြီး ဖုန်းယွင်တွင်လည်း လေးစားမှုခံယူခဲ့ပါသော မာဟွာအနေနှင့် သူ့ရှယ်ယာများကို ရောင်းပေးဖို့ ကပ်တွယ်နေသူတစ်ယောက်ကို ပထမဆုံးအကြိမ်ကြုံဖူးခြင်းဖြစ်၏။

"နေပါဦး။ မင်းက မင်းသူငယ်ချင်းရဲ့သတင်းကို ပိတ်ပင်ချင်ရုံသက်သက်နဲ့ ငါ့ရှယ်ယာတွေကို ဝယ်ချင်နေတာလား"

မာဟွားက အတည်ပြုချက် တောင်းခံလိုက်သည်။

မိန်းကလေးတစ်ယောက်၏ ကိုယ်ရေးအချက်အလက်ကို ဖုံးကွယ်ချင်ရုံသက်သက်ဖြင့် ကုမ္ပဏီတစ်ခု၏ရှယ်ယာများကို ဝယ်ယူရန်အတွက် ဟွာရှားငွေကြေးဘီလီယံရာဂဏန်းကို သုံးစွဲနေခြင်းတဲ့လား။ ဤလူက ဦးနှောက်များ တစ်ခုခုဖြစ်နေလေသလား။ သို့တည်းမဟုတ် ပိုက်ဆံပေါလွန်း၍ ဘယ်မှာသုံးရမှန်းမသိ ဖြစ်နေလေသလား။

"ဒါက.."

ကျန်းမုန့်လောင်လည်း တဒင်္ဂမျှ တွေဝေတုံ့ဆိုင်းသွားရသည်။

"တစ်ဝက်တစ်ဝက်စီပဲလို့ထင်တယ်။ ကျန်တဲ့တစ်ဝက်က ကျွန်တော်စိတ်တိုလို့။ ခင်ဗျားတို့ထန်ရွှင်းဂိမ်းတွေကို ကျွန်တော်ဆော့လာတာ ရာစုနှစ်တစ်ခုစာလောက် ရှိပြီ။ ထီဆုပေါက်နိုင်ခြေ၁၀ရာခိုင်နှုန်းလောက်ရှိတာတောင် ကျွန်တော် တစ်ခါမှမပေါက်ဖူးဘူး။ ခင်ဗျားတို့တွေ တစ်ခုခုလုပ်ထားတာပဲဖြစ်မယ်။ ဟုတ်တယ်မလား။ ကျွန်တော်ထန်ရွှင်းကိုဝယ်ပြီးတာနဲ့ ဂိမ်းထဲက ကိန်းဂဏန်းဆိုင်ရာစီစဉ်မှုမှာ ပါဝင်သမျှလူတိုင်းကို အလုပ်ထုတ်ပစ်မယ်"

မာဟွား၏နှုတ်ခမ်းအစုံကား တွန့်ကွေးသွားရချေသည်။

ဒါက ဘယ်လိုတောင်ကြီးကျယ်လိုက်တဲ့ အကြောင်းပြချက်ကြီးပါလိမ့်။ မင်းက ဘီလီယံရာဂဏန်းကိုသုံးတာ မင်းလိုချင်တဲ့ဂိမ်းမှာ စိတ်ကြိုက်ဆုမဲပေါက်နိုင်အောင်လို့ပေါ့လေ။ မင်း ဘယ်ပစ္စည်းကိုများ မရနိုင်တာလဲကွ။ ကုန်ကျစရိတ်အဆတစ်သိန်းကျော် ပိုပေးပြီး ကုမ္ပဏီတစ်ခုကို ဘာလို့ဝယ်နေမှာလဲ။ မင်း ရူးနေတာလား။

"ဒီမှာနားထောင်... မင်း ငါ့ရှယ်ယာတွေအကုန်လုံးကို ဝယ်လိုက်ရင်တောင် ထန်ရွှင်းရဲ့ဥက္ကဋ္ဌဖြစ်လာမှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က သူ့ရှယ်ယာများကို ဝယ်ယူနိုင်စွမ်းရှိကြောင်း မာဟွား ယုံကြည်ထားဟန်တူသည်။ သို့သော် ဥက္ကဋ္ဌဖြစ်လာဖို့အတွက်ဆိုလျှင် ရှယ်ယာ၅၁ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားမှဖြစ်မည်သာ။ ထိုအတွက်ဆိုပါက ဟွာရှားငွေကြေးနှစ်ထရီလီယံကုန်ကျမည်ဖြစ်၏။ အမေရိကန်ဒေါ်လာပြောင်းလိုက်လျှင် ၃၀၀ဘီလီယံပင်။

ကမ္ဘာ့အချမ်းသာဆုံးလူပင်လျှင် ကိုယ်ပိုင်စည်းစိမ် အမေရိကန်ဒေါ်လာ၁၅၀ဘီလီယံမျှသာ ရှိသည်။ သူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ထက် ပိုချမ်းသာနိုင်မည်တဲ့လား။

"ကျန်းမုန့်လောင်..ကျန်းမုန့်လောင်"

ထိုအချိန်ဝယ် ဖုန်းထဲမှအသံက ရုတ်ခြည်းရပ်တန့်သွားသည်။

"ဆောရီး..ကျွန်တော် ငွေလွှဲပြောင်းမှုသွားလုပ်နေလို့။ မစ္စတာမာ ခင်ဗျားဆီကို မကြာခင်ဖုန်းဝင်လာလိမ့်မယ်"

ကျန်းမုန့်လောင်၏စကားအတိုင်း စကားပြောပြီး သိပ်မကြာခင်မှာပင် မာဟွား၏ဖုန်းက ထမြည်လာသည်။ ဤသည်မှာ အထူးသီးသန့်အဖွဲ့တစ်ခုကသာသိသည့် အထူးဖုန်းနံပါတ်တစ်ခုဖြစ်သည်။ ထိုအသင်းမှာ သူ့ပိုင်ဆိုင်မှုများနှင့် ငွေစုအကောင့်များကို တာဝန်ယူထားသည့် အသင်းပင်။

"မာ..မစ္စတာမာ.."

"ဘာဖြစ်တာလဲ။ မပွင့်တပွင့်လုပ်မနေနဲ့။ ငါ့မှာ အရေးကြီးကိစ္စတစ်ခုရှိတယ်။ မြန်မြန်ပြော"

"ကျွန်တော်တို့ အခုလေးတင်ပဲ ဆွစ်ဇာလန်ဘဏ်တစ်ခုကနေ ခင်ဗျားအကောင့်ထဲကို ဝင်လာတဲ့မက်ဆေ့်ချ်တစ်စောင်ကို ဖတ်လိုက်ရပါတယ်။ စုစုပေါင်းအမေရိကန်ဒေါ်လာ၅၀၀ဘီလီယံကို ခင်ဗျားရဲ့အကောင့်ထဲ ထည့်သွင်းထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဆွစ်ဇာလန်ဘဏ်အကောင့်မရှိတဲ့အတွက် ဟွာရှားဘဏ်ကို တိုက်ရိုက်လွှဲဖို့ဆိုရင် တော်တော်ဒုက္ခများရလိမ့်မယ်။ အဲ့ဒါကြောင့် သူတို့ဘက်က အကောင့်တစ်ခုဖွင့်ချင်လားဆိုတဲ့အကြောင်း လှမ်းမေးတာပါ"

"ခွပ်"

မာဟွား၏လက်ထဲရှိ ဖုန်းကား ကြမ်းပြင်ပေါ်သို့ ခွပ်ခနဲပြုတ်ကျပြီး မှန်ကွဲသွားလေသည်။

သူက ယုံကြည်ရခက်နေဟန်ဖြင့် ဖုန်းကို ပြန်ကောက်ကိုင်လိုက်သည့်အခါ တစ်ဖက်တွင် ကျန်းမုန့်လောင်က ဖုန်းကိုင်ထားဆဲသာ။

"အမေရိကန်ဒေါ်လာ၅၀၀ဘီလီယံက.. မင်းလွှဲထားတာလား"

"အဲ့လိုမှမဟုတ်ရင် ဘာဖြစ်ရမှာလဲ"

ကျန်းမုန့်လောင်က ပြန်ပက်လိုက်သည်။

"ဒါပေမဲ့ အခုထိတော့ ခင်ဗျားကိုပေးဖို့ စိတ်ကူးမရှိသေးဘူး။ ကျန်းမုန့်လောင်ဆိုတဲ့ ကျွန်တော်က ပိုက်ဆံကို အဲ့လိုထုတ်နိုင်တဲ့အကြောင်း ခင်ဗျားကိုသိစေချင်တာ"

"ငါ..သေလိုက်ပါတော့..."

အမြဲတမ်းတည်ငြိမ်အေးဆေးခဲ့ပါသည့် မာဟွားခမျာ အော်မဆဲဘဲ မနေနိုင်တော့ချေ။ ဘာကိုကမ္ဘာ့အချမ်းသာဆုံးလူလဲ။ ကျန်းမုန့်လောင်ရှေ့ကို ရောက်သွားပါက ကမ္ဘာ့အချမ်းသာဆုံးလူကလည်း ဆင်းရဲသားတစ်ယောက်သက်သက်သာ။

"ဒီလိုလုပ်ရအောင် မစ္စတာမာ။ ခင်ဗျား ရှယ်ယာမရောင်းချင်ဘူးဆိုရင်လည်း အဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော် ဝေးပေါ်မှာပြောထားတဲ့အတိုင်း နှစ်နာရီအတွင်းမှာ ခင်ဗျားတို့ထန်ရွှင်းဘက်က ကျွန်တော်လုပ်စေချင်တဲ့အတိုင်း လုပ်ပေးဖို့မျှော်လင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ ကျွန်တော်လည်း တခြားနည်းလမ်းတွေကို စဉ်းစားကြည့်ရလိမ့်မယ်"

"ကောင်းပြီလေ။ ခင်ဗျားဆက်စဉ်းစားလိုက်ဦး။ ကျွန်တော် အခု ပိုင်တုရဲ့လီဟုန်းကို ဖုန်းခေါ်လိုက်ဦးမယ်။ ဒါနဲ့ စကားမစပ်...သူ့ဘဏ်အကောင့်နံပါတ်ကို ခင်ဗျားသိလား။ နေ့တစ်ဝက်စာလောက်ရှင်းပြပြီး ဒုက္ခခံရမဲ့အရေးကို ကာကွယ်ဖို့အတွက် သူ့ဆီကို ပိုက်ဆံအရင်လွှဲထားလိုက်ဦးမယ်"

...

နက်ရှိုင်းလှသော ထိတ်လန့်မှုကြီးမှ ရုန်းထွက်နိုင်ရန်အတွက် မာဟွားတစ်ယောက် မိနစ်အနည်းငယ်အချိန်ယူလိုက်ရသည်။ ကျန်းမုန့်လောင်ထံမှ ပိုက်ဆံများဟာ ပြန်လွှဲအပ်ပြီးဖြစ်သော်ငြား ထိုအလွှဲအပြောင်းကာလတိုလေးကပင် သူ့နှလုံးသားထဲဝယ် အရိပ်မည်းကြီးတစ်ခုအဖြစ် ထင်ကျန်ရစ်နေခဲ့သည်။

မကြာမီ လီဟုန်း၏ဖုန်းက ဝင်လာလေသည်။

"အဘိုးကြီးမာ.. ခင်ဗျားလည်း သူ့ဆီက ဖုန်းရတယ်မလား"

"အင်း... ခင်ဗျားရော"

"သူ့ကိစ္စကိုအပြတ်ဖြတ်လိုက်စမ်းပါ။ ကောင်လေးတစ်ယောက်က အမေရိကန်ဒေါ်လာ၅၀၀ဘီလီယံကို ဒီအတိုင်းလွှဲလာသတဲ့။ ကျုပ် ဒီလုပ်ငန်းလောကထဲမှာ နှစ်ပေါင်းများစွာကျင်လည်လာခဲ့တာ။ ကျုပ်ရှေ့မှာ ထိုက်တောင်တန်းကြီး ပြိုကျသွားရင်တောင် တည်တည်ငြိမ်ငြိမ်နေနိုင်တယ်လို့ ယုံကြည်မှုရှိပေမဲ့ အခုတော့ ကျုပ် လက်တွေတောင်တုန်နေတုန်းပဲ"

"ကျုပ်ရော ဘာထူးတုန်း"

မာဟွာကလည်း ကိုယ့်လက်ကိုယ် ပြန်ငုံ့ကြည့်လိုက်လေရာ အဆက်မပြတ်တုန်ယင်နေချေသည်။

"ကျုပ်တို့ ဘာလုပ်ကြမလဲ"

"ဘာတတ်နိုင်မှာလဲ။ အခုချက်ချင်းအစည်းအဝေးခေါ်ပြီး သတင်းတွေအားလုံးကို ဖယ်ရှားခိုင်းပြီး ဖယ်ရှားလို့မရတဲ့ဟာဆိုရင် ဘလော့ပစ်ရမှာပေါ့"

"ဟူး.. အခုလောလောဆယ်တော့ ကျုပ်တို့ ဒီလိုလုပ်ရုံပဲရှိတော့တာပေါ့။ လူငယ်လေးတစ်ယောက်က ကျုပ်တို့ကို ပိုက်ဆံနဲ့ပစ်ပေါက်လာနိုင်လိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"

…….

All Chapters