← Chapters

ဒီကိစ္စက ဒီအတိုင်းပြီးသွားပြီလို့ ကျုပ်ပြောမိလို့လား

Vol. 5 Ch. 72

ဒီကိစ္စက ဒီအတိုင်းပြီးသွားပြီလို့ ကျုပ်ပြောမိလို့လား

Vol. 5 Ch. 72

"ဝိုး ဝိုး ဝိုး.. ငါတော့ အရမ်းရင်ထဲထိသွားပြီ။ အဲ့ဒါက ငါတို့နိုင်ငံရဲ့ ရင်သပ်ရှုမောဖွယ်ကောင်းမှုအတွက် သက်သေသာဓကတစ်ခုလိုပဲ"

"တွေ့လား။ ထိပ်ပြောင်ကြီး ကြောက်သွားပြီ"

"တကယ်တော့ သူ့အတွက် ကျန်းမုန့်လောင်က ဘာမှမထူးခြားဘူး။ ဒီအတိုင်းဟွာရှားအင်တာနက်ဆယ်လီတစ်ယောက်ပဲဟာကို"

"ကျန်းက အရမ်းအစွမ်းထက်တာပဲ"

အကြောင်းပြချက်တချို့ကြောင့် နိုင်ငံခြားသားများ၏ မျက်နှာထက်တွင် အံ့သြလေဟန်အမူအရာများကို မြင်လိုက်ရသောအခါ လူတိုင်း၏စိတ်ထဲဝယ် ရှင်းပြရခက်သော စိတ်ကျေနပ်မှုတစ်မျိုးကို ခံစားလိုက်ရသည်။ အထူးသဖြင့် အထွတ်အထိပ်ထိတိုင် ရောက်ရှိနေပြီးဖြစ်ဟန်တူသော ဒေါသထွက်နေသည့်လူငယ်လေးကြောင့်ပင်။

"မစ္စတာကျန်း.. ဒီပန်းချီကားတွေကို ဘယ်ကိုများ ပို့ပေးရမလဲ"

ကျန်းမုန့်လောင်၏ ငွေကြေးအင်အားကို မျက်မြင်တွေ့ပြီးနောက်မှာ ဘရုစ်က ပို၍ပင် တလေးတစားဆက်ဆံလာလေသည်။

"နောက်မှ ခင်ဗျားကို တစ်ယောက်ယောက် ဆက်သွယ်လာပါလိမ့်မယ်။ သူတို့ပေးတဲ့လိပ်စာအတိုင်းသာ သွားပို့လိုက်ပါ"

"ဟုတ်ကဲ့ မစ္စတာကျန်း ကျွန်တော်နားလည်ပါပြီ"

ဘရုစ်က ကျန်းမုန့်လောင်ကို ဘာဆက်သွယ်ရန်လိပ်စာမှ ပေးမထားခဲ့သလို သူ့သူဌေး၏အကောင့်နှင့်ပတ်သက်ပြီးလည်း ဘာမှပြောမထားခဲ့ပါဘဲ မိနစ်ပိုင်းအတွင်းမှာပင် ကျန်းမုန့်လောင်က ငွေလွှဲပေးလာခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ့သတင်းအရင်းအမြစ်က အလွန်အံ့သြဖွယ်ကောင်းကြောင်း သိသာလှ၏။

ဘရုစ်က ထက်မြက်သူတစ်ယောက်ဖြစ်လေရာ မေးခွန်းများမေးနေခြင်းဟာ အရာမရောက်ကြောင်း သိလိုက်သဖြင့် ပါးစပ်အသာပိတ်နေလိုက်သည်။

...

"တောင်းပန်ပါတယ်။ ကျုပ်တို့က ယန်ကျင်းတက္ကသိုလ်ကနေ ဒီပြခန်းအထိ အမြန်ပြေးလာပြီး ကြည့်ရတာပါ။ ခင်ဗျား ကျုပ်တို့ကို ခဏလောက်ထပ်နေခွင့်ပေးနိုင်မလား"

"ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့ပါမောက္ခကို ကြည့်လိုက်ပါဦး။ သူက တော်တော်အသက်ကြီးနေပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော်တို့အတွက် ခြွင်းချက်လေးထားပေးပါဦးနော်"

"မရဘူး။ ငါတို့ပြခန်းမှာ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ ဧည့်သည့်တွေအားလုံးက ဒီပြခန်းထဲမှာ နှစ်နာရီထက်ပိုပြီးနေလို့မရဘူး။ လူတိုင်းသာ ခင်ဗျားတို့လိုဆိုရင် ပရမ်းပတာတွေဖြစ်ကုန်တော့မှာပေါ့"

"ကိုယ့်လူ.. ကျုပ်တို့က အများဆုံးနာရီဝက်လောက်ပဲ နေမှာပါ။ တခြားလူတွေကို မထိခိုက်စေရပါဘူး။ ကျေးဇူးပြုပြီး ကျုပ်တို့ကို နည်းနည်းလောက်ထပ်နေခွင့်ပေးပါဦး"

"မရဘူးဆိုရင် မရဘူးပဲ။ ဟွာရှားကလူတွေက အမူအကျင့်ကောင်းဆိုတာကို နားမလည်ဘူးလား။ ခင်ဗျားတို့က စည်းကမ်းလိုက်နာတတ်သူတွေဆိုရင် စည်းကမ်းတွေကို နားလည်သင့်တာပေါ့"

"အခုချက်ချင်းနေရာဖယ်ပေးတော့။ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားကို အတင်းမောင်းထုတ်ရလိမ့်မယ်"

"ကျုပ်တို့ကို ခဏလောက် ထပ်နေခွင့်ပေးပါ့လား။ ကျုပ်က ယန်ကျင်းအနုပညာတက္ကသိုလ်ရဲ့ အနုပညာမေဂျာက ပါမောက္ခတစ်ယောက်လေ။ ဒါက ကျုပ်ရဲ့အိုင်ဒီကတ်ပါ။ ကျုပ်က ပန်းချီပညာကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့် ဒီကိုရောက်လာခဲ့တာ။ ကျုပ်တို့ကို ပန်းချီကားတွေ ထပ်ကြည့်ခွင့်ပေးပါဦး"

"ခင်ဗျား ဘာလို့ ဒီလောက်တောင်မပြီးနိုင်မစီးနိုင်ဖြစ်နေတာလဲ အဘိုးကြီး။ ခင်ဗျားတို့ဟွာရှားနိုင်ငံသားတွေအားလုံးက ဒီလိုပဲအရေထူကြတာလား"

"ဟေး.. မင်း လူတစ်ယောက်ကို ဒီလိုတွန်းစရာလား"

ထိုအခိုက်အတန့်ဝယ် ဆူပူအငြင်းပွားမှုတစ်ခုကို မလှမ်းမကမ်းဆီမှ ကြားလိုက်ရသည်။

ထိုအချင်းများမှုတွင် ဟွာရှားလူမျိုးအများစုနှင့် ဥရောပသားတစ်ယောက်ပါဝင်လေသည်။ အသက်ရှစ်ဆယ်အရွယ်အဘိုးကြီးတစ်ယောက်ကို ကူညီပေးနေသူမှာ လူငယ်နှစ်ယောက်၊ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဥရောပသားကမူ အသက်သုံးဆယ်အရွယ်ရှိ ခပ်တောင့်တောင့်အမျိုးသားတစ်ယောက်ပင်။

ကျန်းမုန့်လောင် ဘာမှမမီလိုက်သော်ငြား ဥရောပသား ပြောလိုက်သည့် စော်ကားမော်ကားစကားကိုမူ ကြားလိုက်ရသည်။ အင်္ဂလိပ်စကားဖြင့် ပြောလိုက်သည်ဆိုသော်ငြား ကျန်းမုန့်လောင်က အဆင့်ခြောက် အောင်မြင်ထားသူဖြစ်သောကြောင့် သူဟာ အင်္ဂလိပ်ဘာသာစကားကို တီးမိခေါက်မိရှိလေသည်။

"ဘာတွေဖြစ်နေတာလဲ"

ကျန်းမုန့်လောင်၏ အမူအရာကား ရုတ်ခြည်းမှောင်မိုက်သွားရလေသည်။

ထိုအခိုက်အတန့်မှာ ပတ်ပတ်လည်ရှိ လူတိုင်းလည်း ကျန်းမုန့်လောင်၏မျက်နှာထက်ရှိ ခက်ထန်မှုကို သတိထားလိုက်မိသောအခါ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

"ဒါက ဟွာရှားမြေလေ။ ရှင်တို့မှာ ကျွန်မတို့မြေပေါ်ကနေ ကျွန်မတို့ကိုမောင်းထုတ်ပိုင်ခွင့်မရှိဘူး"

"မိန်းကလေး.. ဒီပြခန်းက ကျုပ်တို့ငှားရမ်းထားပြီးပါပြီ။ ဒီတစ်ပတ်အတွင်းမှာတော့ ဒီနေရာကို ကျုပ်တို့ပိုင်ပါတယ်။ ကျုပ်တို့ဘက်က စည်းမျဉ်းတွေချမှတ်ထားတဲ့အတွက် မင်းတို့ဘက်ကလည်း လိုက်နာမှဖြစ်မှာပါ"

"သေစမ်း.. ငါ သည်းမခံနိုင်တော့ဘူး"

"သောက်ကျိုးနည်း.. ဒီရုရှားအိုကြီးတွေက ဟွာရှားမြေပေါ်လာပြီး တအားမောက်မာပြနေတာပဲ"

"အမှန်ပဲ။ အသက်၈၀အရွယ် ပါမောက္ခအိုကြီးက ဒီအထိ ခရီးရှည်ကြီးလာခဲ့ရတာလို့ ပြောနေတာပဲမလား။ နည်းနည်းလောက်ခြွင်းချက်ပေးလိုက်ရင် သေသွားမှာမို့လို့လား"

ထိုဝန်ထမ်း၏ အပြုအမူကြောင့် လူထုက ချက်ချင်းဆိုသလို ဒေါသထွက်သွားလေသည်။ ဤပြခန်း၏ အဓိကပွဲစီစဉ်သူများက ဥရောပသားများဖြစ်ကြသော်လည်း ဧည့်သည်အများစုကမူ ဟွာရှားလူမျိုးများ ဖြစ်ကြသည်။ သူတို့က တစ်စုံတစ်ယောက် ယခုလိုအနိုင်ကျင့်ခံနေရသည်ကို မည်သို့နှယ် လက်ပိုက်ကြည့်နေနိုင်မည်လဲ။

"လုံခြုံရေး"

သို့သော် ထိုဥရောပသားအမျိုးသားကတော့ ဤမျှဖိအားများနေသည့်တိုင် နည်းနည်းမျှကြောက်ရွံ့ဟန်မပြချေ။ သူတို့၏ လုံခြုံရေးအင်အားက အလွန်တောင့်တင်းလှသည်ဖြစ်ရာ မကြာခင်မှာ တုတ်ခိုင်သန်မာလှသော လူဖြူလုံခြုံရေးအစောင့်များ ရောက်လာတော့မည်ဖြစ်၏။

အဘိုးကြီးအတွက် တရားမျှတမှုကို တောင်းခံနေကြသော လူတစ်စုကလည်း ထိုလူအင်အားကို မြင်သွားသည့်အခါ ပြန်ခံပြောရန်အတွက် အလွန်ကြောက်လန့်သွားကြလေသည်။

"ဟမ့်.. ငကြောက်တွေ"

ဝန်ထမ်းက လှောင်ပြောင်ထေ့ငေါ့လိုက်လေသည်။

"ဟွာရှားလူမျိုးတွေက စည်းလုံးတယ်လို့ ထင်နေခဲ့မိတာ။ တကယ်တမ်းတော့ မင်းတို့တွေက ငကြောက်တစ်သိုက်ဖြစ်နေတာပဲ"

"မင်းတို့မှာ သတ္တိမရှိဘူးဆိုရင် ပါးစပ်ပိတ်ထားလိုက်။ ပြပွဲကြည့်ချင်တယ်ဆိုရင် ငါတို့ရဲ့စည်းမျဉ်းတွေကိုလိုက်နာရမယ်။ အဲ့လိုမှမဟုတ်ရင်တော့ မင်းတို့ကိုမောင်းထုတ်ရမှာပဲ"

"ခင်ဗျားက ဘယ်သူ့ကိုမောင်းထုတ်ချင်တာလဲ"

ထိုဥရောပလူမျိုး ထွက်သွားတော့မည့်ဆဲဆဲမှာ လူငယ်လေးတစ်ယောက်က သူ့ဆီသို့ လျှောက်လာလေသည်။

"ကလာ့ခ်.."

ဘရုစ်ကလည်း ချက်ချင်းရောက်ချလာသည်။ ကျန်းမုန့်လောင်က ယခုတင် သူတို့၏ပန်းချီကားများအားလုံးကို ဝယ်ရန်အတွက် ဘီလီယံငါးရာခန့် သုံးထားသည်။ သို့ဖြစ်လေရာ သူ့အနေနှင့် ကျန်းမုန့်လောင်ကို စိတ်မကျေနပ်မှုတစ်စုံတစ်ရာ ခံစားရအောင် လုပ်လို့မဖြစ်ပေ။ ဤလူငယ်လေးမှာ မည်သို့သောအစွမ်းမျိုး ရှိနေလေသလဲဆိုသည်ကို မည်သူမှမသိနိုင်ပေ။

"မစ္စတာဘရုစ်.. ခင်ဗျားတို့ဥရောပလူမျိုးတွေက ဒီလိုပဲ စီးပွားရေးလုပ်ကြတာလား"

ကျန်းမုန့်လောင်က ဘရုစ်ကို စူးစူးရဲရဲစိုက်ကြည့်လျက် မေးလိုက်လေသည်။

"သောက်ကျိုးနည်း.. တအားအထက်စီးဆန်တာပဲ"

"သေစမ်း. ဟွာရှားလူမျိုးတွေကို ဟွာရှားမြေပေါ်ကနေ မောင်းထုတ်နေတာလား။ ဒါကြီးကိုတော့ ငါ သည်းမခံနိုင်တော့ဘူး"

"ငါ တစ်ယောက်ယောက်ကိုရိုက်ချင်လာပြီ"

"ဟွာရှားမြေပေါ်က ထွက်သွားလိုက်တော့"

"ဟွာရှားလူမျိုးတွေက ငကြောက်တွေလို့ သူ အခုလေးတင်ပြောလိုက်တာကို ငါကြားလိုက်တယ်"

"ဥက္ကဋ္ဌကျန်းရေ.. လူအယောက်ထောင်ဂဏန်းလောက်က တောင်းဆိုနေပါတယ်။ သူ့ကို ဆုံးမပေးပါ"

ကျန်းမုန့်လောင်၏ ကြီးကျယ်ခမ်းနားလှသော ကြွားဝါးမှုမြင်ကွင်းကို ပြသရန်အတွက် ထုတ်လွှင့်ခဲ့သည့် ဤတိုက်ရိုက်ထုတ်လွှင့်မှုက ယခုလိုအဖြစ်မျိုးနှင့် ကြုံရလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။

အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါကာလအတွင်း လုပ်ဆောင်ခဲ့သော လုပ်ဆောင်ချက်များကြောင့် ဟွာရှား၏ နိုင်ငံတကာအဆင့်အတန်းက လတ်တလောကာလကမှ ကမ္ဘာအနှံ့ ထိုးဖောက်နိုင်ခဲ့သော်လည်း ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းတော်တော်များများက ဟွာရှားအပေါ် လေးစားမှုအား ပြသခဲ့ကြသည်။

သို့သော် နိုင်ငံတော်တော်များများမှာမူ တချို့သဘောထားများက နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေဆဲပင်။ ဥပမာဆိုရလျှင် ရှောင်လွှဲ၍မရနိုင်သော ဖြစ်စဉ်တစ်ခုဖြစ်သည့် လူတန်းစားခွဲခြားမှုပင်။

"ကလာ့ခ်.. ပါးစပ်ပိတ်ထားစမ်း"

ဘရုစ်က ပြောလိုက်လေသည်"

"ဘရုစ် ဘာလဲ။ မင်းက ဟွာရှားလူမျိုးတစ်ယောက်အတွက်နဲ့ ငါ့ကိုလာအော်နေတာလား"

"မင်းမသိဘူးနော်။ ဒီမှာရှိတဲ့ မစ္စတာကျန်းက ငါတို့ဧည့်သည်ကွ။ သူက အခုလေးတင် ငါတို့ပြခန်းမှာရှိတဲ့ ပန်းချီကားကို ဝယ်ထားတာ"

"ဒီလူငယ်လေးက အဲ့လောက်တောင်ချမ်းသာတာလား"

ထိုကလာ့ခ်၏ မျက်ဝန်းထဲတွင် အံ့အားသင့်ဟန် အရိပ်အယောင်များ ယှက်သန်းသွားသည်။ ဤပြခန်းထဲရှိ ဈေးအပေါဆုံးပန်းချီကားကပင် အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ပေးရသည်။ ကျန်းမုန့်လောင်ဆိုသူမှာ ယခုမှ အသက်နှစ်ဆယ်အရွယ်မျှသာ ရှိသေးသည်။ သူက သဘာဝအတိုင်းထူးချွန်နေခြင်းမျိုးမဟုတ်ပါက သူ့မိသားစုက ချမ်းသာကြွယ်ဝနေခြင်းမျိုးပင် ဖြစ်ရပေမည်။

"အနည်းဆုံးတော့ သူ ဒီနေရာက မပြန်မချင်း သူ့ကိုစော်ကားမိစေမဲ့ တုံးအတဲ့လုပ်ရပ်မျိုးကို မလုပ်နဲ့ဦး။ ဒီအရောင်းအဝယ်သာ ပျက်သွားခဲ့ရင် မင်းပဲ တာဝန်ယူရမှာ"

ဘရုစ်က သူတို့နှစ်ယောက်ကြားရုံလောက်လေး တီးတိုးကပ်ပြောလိုက်လေသည်။

"သွားသေလိုက်လေ"

စိတ်မပါသော်ငြား ထိုကလာ့ခ်မှာ ထပ်ပြဿနာမရှာရဲတော့ပေ။ သူက ဟွာရှားလူမျိုးများကို မကြောက်သော်လည်း သူတို့၏သူဌေးကိုတော့ ကြောက်လှသည်။ သူ အရောင်းအဝယ်ပျက်အောင် လုပ်ခဲ့မိကြောင်း သူတို့သူဌေးသာ သိသွားပါလျှင် သူ့တစ်နှစ်စာဘောနပ်စ်ကို နှုတ်ဆက်အနမ်းလေးပေးလိုက်ရတော့မည်သာ။

"ကောင်းပြီလေ။ ဒီတစ်ခေါက်တော့ ငါ သူ့ကိုမျက်နှာသာပေးလိုက်မယ်"

ကလာ့ခ်က ပြုံးလိုက်လေသည်။

"ကောင်းပြီ။ ခင်ဗျား ဆက်ကြည့်လို့ရတယ်။ ဟွာရှားလူမျိုးတွေထဲမှာ ခင်ဗျား ကံကောင်းတယ်နော်။ ဥရောပသားတွေရဲ့ မျက်စိကျိန်းချင်စဖွယ်လက်ရာတွေကို ခင်ဗျား ဆက်ပြီးခံစားပိုင်ခွင့်ရလိုက်တာလေ"

"မင်း.."

အဘိုးကြီး၏ မျက်နှာကား ဒေါသကြောင့်နီမြန်းသွားချေသည်။ မသိလျှင် ဒေါသများကို ရင်ဘတ်ထဲ ထိန်းချုပ်ထားရသည့်အလားပင်။

"ငါတို့ရဲ့ဟွာရှားယဉ်ကျေးမှုက မင်းတို့ထက် မနိမ့်ကျဘူးကွ"

"အိုး..အဲ့လိုလား"

ကလာ့ခ်က ပြုံးလိုက်လေသည်။ သို့သော် သူ့အပြုံးမှာ လှောင်ပြောင်သရော်လိုဟန်များဖြင့် ပြည့်နှက်နေသည်။

"ခင်ဗျား အဲ့လိုထင်တယ်ဆိုရင်လည်း ရှိပါစေတော့"

"ခဏနေဦး"

ကလာ့ခ်ထွက်သွားတော့မည့်ဆဲဆဲမှာပင် ကျန်းမုန့်လောင်က သူ့အရှေ့၌ လက်ဆန့်ထုတ်၍ တားလိုက်သည်။

"ဒီကိစ္စ ဒီမှာတင်ပြီးသွားပြီလို့ ကျုပ်ပြောမိလို့လား"

…….

All Chapters