← Chapters

ဒီအကြွေလေးနည်းနည်းကို ခင်ဗျားပဲသိမ်းထားလိုက်တော့

Vol. 7 Ch. 99

ဒီအကြွေလေးနည်းနည်းကို ခင်ဗျားပဲသိမ်းထားလိုက်တော့

Vol. 7 Ch. 99

"ငါ ဘာကြားလိုက်ရတာလဲ။ မကြားသင့်တဲ့စကားကို ကြားလိုက်ရသလို ခံစားနေရတယ်နော်"

"ခင်ဗျားဘာတွေပြောနေတာလဲ။ ကျွန်တော်က ဘာလို့ ဘာမှနားမလည်နိုင်ရတာလဲ။ (ငါ့အသက်ကိုကယ်မဲ့ ခွေးခေါင်း)"

"ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်လိုက်ရတဲ့လူတွေ မနက်ဖြန်ကျရင် နှုတ်ပိတ်ဖို့အတွက်တော့ အသတ်မခံရလောက်ပါဘူးနော်"

"အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ သောက်ကျိုးနည်း... စီးပွားရေးသမိုင်းစာအုပ်ဖတ်နေရသလိုခံစားရတယ်"

"ဒါ တကယ်တော့မဖြစ်နိုင်ဘူးမလား။ ဒါကြီးက အရမ်းမယုံနိုင်စရာကောင်းလွန်းတယ်။ ဟုတ်တယ်မလား"

"အားလုံးပဲ။ ငါ အခုလေးတင် အချက်အလက်တချို့ကိုစစ်ဆေးကြည့်လိုက်တာ။ ခုနတုန်းကပြောသွားတဲ့ ရက်စွဲတွေအားလုံးက သမိုင်းမှတ်တမ်းတွေနဲ့ ကွက်တိဖြစ်နေတယ်ဟ။ ဒါက လုပ်ကြံဇာတ်လမ်းတစ်ပုဒ်ဖြစ်နေရင်တောင် ဒီလောက်အထိတော့စင်းလုံးချောနေမှာမဟုတ်ဘူးလားလို့"

"ဟင့်အင်း.. ငါ အခုထိလက်မခံနိုင်သေးဘူး။ ဒါကြီးက တော်တော်ယုတ္တိမရှိတာ။ လူတစ်ယောက်တည်းရဲ့အင်အားက ဘယ်လိုလုပ်ပြီး တစ်ကမ္ဘာလုံးရဲ့စီးပွားရေးကို ကိုင်လှုပ်နိုင်မှာတဲ့လဲ"

"အမှန်ပဲ။ ဒါကြီးက လက်ခံနိုင်စရာကိုမရှိဘူး"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ကောမန့်ပေါင်းများစွာ ပလူပျံနေလေသည်။ အရာအားလုံးက ယုတ္တိရှိပြီး အကျိုးအကြောင်းခိုင်လုံသော်လည်း ယုံနိုင်ဖွယ်ရာလည်းမရှိပေ။ ဤကမ္ဘာကြီးထဲတွင် နတ်ဘုရားများ စင်စစ်တည်ရှိနေသည်ဟု ပြောနေသည့်အလားပင်။

"ကျွန်တော့်အဘိုးက ဒီလောက်ကြမ်းမှန်း ကျွန်တော် လုံးဝမသိဘူး"

"ရှီး..အား"

ရုတ်ခြည်းဆိုသလို ဝမ်လင်သည် ပရမ်းပတာနိုင်လှသော အော်သံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

"မင်း ဘာဖြစ်နေတာလဲ။ ကာမအားတိုးဆေးသောက်ထားတာလား"

ကျန်းမုန့်လောင်က သူ့ကို သဘောမကျဟန်ဖြင့် လှည့်ကြည့်လိုက်လေသည်။

"သောက်ကျိုးနည်း.. ငါ့ကောင်ရေ ငါ မေးရိုးလွဲသွားပြီ"

ဝမ်လင်က သူ့ပါးစပ်ကိုလှုပ်ကြည့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို နာကျင်မှုကြောင့် ရှုံ့မဲ့သွားလေသည်။

"ဟားဟားဟား..ငါတော့သေတော့မှာပဲ"

"သိပ်မိုက်တာပဲ။ ဘိုးဘိုးကျန်းရဲ့ဇာတ်လမ်းတွေက ဥက္ကဋ္ဌဝမ်ကိုတောင် မေးရိုးလွဲသွားအောင် လုပ်နိုင်လိုက်တယ်"

"ဒါကြီးကတော့ သတင်းခေါင်းစီးကြီးပဲဟေ့။ ငါ့မှာ သတင်းခေါင်းစီးရထားပြီ။ 'ကျန်းမုန့်လောင်ကြောင့် ဥက္ကဋ္ဌဝမ် မေးရိုးလွဲသွားခြင်း'တဲ့"

"အပေါ်ထပ်ကလူရေ.. UCဌာနချုပ်ကို ချက်ချင်းသတင်းပို့လိုက်တော့"

"ဟားဟားဟား"

"သေစမ်း.. ငါ့မေးရိုးလည်းလွဲသွားပြီဟ"

"ဟယ်လို..ကျွန်တော် ပေလွန်းမြို့ရဲ့တတိယဆေးရုံက ဆရာဝန်တစ်ယောက်ပါ။ ကျွန်တော်တို့ဆေးရုံမှာ မေးရိုးလွဲသွားတဲ့လူနာတွေအပြုံလိုက်ကြီး ရောက်ချလာပါတယ်။ သူတို့က ကျွန်တော့်ကို ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ခိုင်းလိုက်လို့ ကြည့်မိတာ။ အခု ကျွန်တော်ပါ မေးရိုးလွဲသွားလို့ ကုသဖို့အတွက် တန်းစီနေရပြီ"

...

"အယ်ဒီဝာာချုပ်ရေ..သတင်းထူးဗျို့။ ဒီနေ့ ကျွန်တော်ပြန်ရောက်တာနဲ့ သတင်းတွေစုစည်းပြီး ထုတ်ဝေကြမယ်"

"တိကျရဲ့လား။ ငါတော့ သိပ်သေချာမသိပေမဲ့ ဒီကိစ္စကို ပိုလာဒီပြောတာမို့ မှန်မှန်မမှန်မှန် အဓိကသတင်းကြီးတစ်ခုတော့ ဖြစ်နေမှာ ကျိန်းသေတယ်"

"သိပ်ကောင်းတယ်။ ကျွန်တော် ဒီညမအိပ်ရဘူးဆိုရင်တောင် ဆောင်းပါးဆယ်စောင်ကိုတော့ အမြန်ရေးမှဖြစ်မယ်"

သတင်းထောက်များကမူ တစ်ယောက်ထက်တစ်ယောက် အပြိုင်အလုပ်များနေကြသည်။

"ဒါဆို ခင်ဗျားခုနကပြောတဲ့ ကနဦးရင်းနှီးမြှုပ်နှံငွေက..."

ကျန်းမုန့်လောင်က ရုတ်ခြည်းဆိုသလို တစ်စုံတစ်ခုကို သွားအမှတ်ရလိုက်သည်။

"Wall Streetကနေ ထွက်လာပြီးတဲ့နောက်မှာ မင်းရဲ့အဘိုးက ကျုပ် သူ့ကိုအများကြီးကူညီပေးခဲ့တာမို့ ကျုပ်ကို ဆုလာဘ်ချီးမြှင့်ချင်တယ်လို့ ပြောခဲ့တယ်လေ"

ပိုလာဒီက သိသိသာသာစိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။

"သူက အဲ့ဒီအချိန်တုန်းက စစ်ဆင်ရေးအတွက်အသုံးပြုခဲ့တဲ့အကောင့်ကို ကျုပ်ကိုပေးခဲ့တာ"

"ပိုက်ဆံတွေအများကြီးလား"

"အဲ့ဒီအချိန်ကာလတုန်းက ငွေကြေးဖောင်းပွမှုအရဆိုရင် အခုအချိန်မှာ အဲ့ဒီပိုက်ဆံက အမေရိကန်ဒေါ်လာ၁.၃ဘီလီယံလောက်ရှိတယ်"

ပိုလာဒီက ဆိုလာသည်။

"နောက်ပိုင်းကျတော့ ကျုပ်ရဲ့သူငယ်ချင်းတွေဆီက ကြားမိတဲ့သတင်းက ဒီနေ့ဈေးကွက်တန်ဖိုးနဲ့တွက်မယ်ဆိုရင် အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာ ထုတ်ယူခဲ့ပြီး အဲ့ဒီပိုက်ဆံတွေအကုန်လုံး ဒီအတိုင်းအငွေ့ပျံပြီးပျောက်ကွယ်သွားခဲ့တယ်တဲ့"

"သောက်ကျိုးနည်းဟေ့..အမေရိကန်ဒေါ်လာ၁.၃ဘီလီယံတဲ့"

အတင်းအကျပ်ပြန်လည်နေရာချထားခံလိုက်ရသည့် ဝမ်လင်၏မေးရိုးမှာ တစ်ဖန်အဆစ်ပြန်လွဲသွားရဟန်တူသည်။ သူ့အဖေပင်လျှင် အမေရိကန်ဒေါ်လာ၁.၃ဘီလီယံကို လွယ်လင့်တကူမထုတ်ယူနိုင်ပေ။ လွန်ခဲ့သည့်ငါးရာစုနှစ် ခြောက်ရာစုနှစ်ကဆိုလျှင် ပို၍ပင်ဝေးသေးသည်။

"ဒါပေါ့.. မစ္စတာကျန်းက ကျုပ်ကို ဒီလိုပြောခဲ့တာလေ။ အဲ့ဒီအကောင့်ထဲမှာ အကြွေနည်းနည်းရှိသေးတယ်တဲ့။ အဲ့ဒီအကြွေကို သူမလိုချင်တော့လို့ ကျုပ်ပဲယူထားပြီး သုံးလိုက်တော့တဲ့လေ"

"ဒီအတိုင်းပတ်သုံးနေရင်းနဲ့ ဆယ်စုနှစ်အနည်းငယ်ကြာတော့ သူက ကမ္ဘာ့အချမ်းသာဆုံးလူတစ်ယောက် ဖြစ်လာခဲ့တယ်ပေါ့လေ"

ဝမ်လင်ခမျာ သူ့ဉာဏ်ရည်တချို့ လျော့ပါးသွားသလို ခံစားနေရသည်။ ဤသည်မှာ အမေရိကန်ဒေါ်လာ၁.၃ဘီလီယံပင်။ ကျန်းမုန့်လောင်အဘိုးကမူ ဤပိုက်ဆံကို အကြွေဟု သဘောထားသတဲ့လား။

သို့သော် ပြန်လည်တွေးတောချိန်ဆကြည့်လိုက်ပါက အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာနှင့်ယှဉ်လိုက်လျှင် ထို၁.၃ဘီလီယံဆိုသည်မှာ အမှန်တကယ်ပင် အကြွေသက်သက်သာ ဖြစ်နေပုံပေါက်၏။

"မုန့်လောင်.. မင်းရဲ့အဘိုးမှာ မြေးတစ်ယောက်များလိုအပ်နေသေးလားဟင်။ ငါ့ပုံစံက သူ့မြေးနဲ့တူရဲ့လား။ ငါက ပိုက်ဆံမမက်ပါဘူး။ ဒီအတိုင်း အကြွေလေးနည်းနည်းပဲလိုချင်တာပါ"

နံဘေးရှိ ဝမ်လင်က အရှက်မရှိပြောလာလေသည်။

"ငါ့အဘိုးကတော့ မလိုဘူး။ ဒါပေမဲ့ ငါကတော့လိုတယ်"

ကျန်းမုန့်လောင်က သူ့ကို မနှစ်မြို့ဟန်ဖြင့် ကြည့်လိုက်သည်။

"ရည်မှန်းချက်မရှိလိုက်တာ။ အကြွေလေးနည်းနည်းကြောင့်နဲ့ မြေးလုပ်မယ်ဆိုပြီး ခယနေတယ်ပေါ့လေ"

"သူ့အဘိုးရဲ့မြေးမပြောနဲ့။ မစ္စတာကျန်းရဲ့မြေးဖြစ်ရမယ်ဆိုရင်တောင် ငါ လက်ခံတယ်"

အင်တာနက်အသုံးပြုသူတစ်သိုက်မှာ အားကျနေကြလေတော့သည်။

"မစ္စတာကျန်း.. မင်းရဲ့အဘိုးက နေကောင်းသေးရဲ့လား"

ပိုလာဒီက မေးလိုက်ချေသည်။

"ကျွန်တော် လူမှန်းသိတတ်စအရွယ်ကတည်းက ကျွန်တော့်အဘိုးကို တစ်ခါမှမမြင်ဖူးခဲ့ဘူး"

ကျန်းမုန့်လောင်ကလည်း ပြန်ဖြေလိုက်သည်။

"တောင်းပန်ပါတယ်။ ကျုပ် နည်းနည်းးရိုင်းပျမိသွားတယ်"

ပိုလာဒီ၏မျက်ဝန်းထဲဝယ် စိတ်ပျက်သွားလေဟန် အမူအရာတချို့ ပေါ်ပေါက်လာသည်။ ကြည့်ရသည်မှာ သူ့ကို နောက်ထပ်တွေ့ခွင့်ရတော့မည့်ပုံမပေါ်ပေ။

"တကယ်ကိုစိတ်မကောင်းစရာပဲ"

"ကောင်းပါပြီ။ မစ္စတာပိုလာဒီ..ကျုပ်ရဲ့သူငယ်ချင်းတွေနဲ့ ညစာစားဖို့ရှိသေးလို့ ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်ပိုင်းအချိန်ရရင် အမေရိကကိုလာပြီး ခင်ဗျားကိုလာတွေ့ပါဦးမယ်"

စားသောက်ဆိုင်အပြင်ဘက်တွင် သတင်းထောက်များနှင့် ပွဲကြည့်ပရိသတ်များ စည်ကားသည်ထက် စည်ကားလာသည်ကိုမြင်ပြီး ကျန်းမုန့်လောင်လည်း အနည်းငယ်စိတ်မသက်မသာဖြစ်သွားရသည်။

ယနေ့သည် ဝမ်လင်နှင့် ရုပ်ရှင်အကြောင်းဆွေးနွေးဖို့ ချိန်းထားခြင်းမဟုတ်ပါလား။ ဘယ်လိုလုပ်ပြီး ဤမျှကြီးကြီးကျယ်ကျယ်ဖြစ်သွားရလေသလဲ။ ကျန်းမုန့်လောင် သူ့ဖုန်းကို စစ်မကြည့်ရသေးသော်လည်း တစ်နိုင်ငံလုံးက ဤအကြောင်းကို ပြောဆိုနေကြလိမ့်မည်ဖြစ်ကြောင်း သူသိနေသည်။

"အဲ့ဒါဆိုရင်တော့ တကယ်ကိုဂုဏ်ယူစရာပဲပေါ့"

ပိုလာဒီသည် ကျန်းမုန့်လောင်၏အသံထဲက ဝတ်ကျေတမ်းကျေလေသံကို သတိမထားမိပေ။

"ဒါဆိုရင် မင်းလာလည်မဲ့အချိန်ကို စောင့်နေပါ့မယ်။ မင်းကိုကြိုဆိုဖို့အတွက်လည်း ကျုပ် အကောင်းဆုံးကြိုးစားမှာပါ"

"ကောင်းပါပြီ"

ကျန်းမုန့်လောင်က ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အိုး.. တစ်ခုရှိသေးတယ်"

ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်ပြီးဖြစ်သည့် ပိုလာဒီက ရုတ်တရက်ပြန်လှည့်လာသည်။

"မစ္စတာကျန်း.. မင်းရဲ့အဘိုးက မရှိတော့ဘူးဆိုပေမဲ့ မင်းမိသားစုရဲ့ကြင်နာမှုကိုတော့ ကျုပ် အမှတ်ရနေတုန်းပါပဲ။ ကျုပ်ရဲ့စည်းစိမ်တွေက မင်းရဲ့အပိုင်ပါပဲ။ မင်းဘက်ကများ လိုအပ်လာခဲ့ရင် ကျုပ် အစွမ်းကုန်ကြိုးစားပေးမှာပါ"

"ဟားဟား"

"သောက်ကျိုးနည်းဟေ့.. အဲ့ဒါ အမေရိကန်ဒေါ်လာ၁.၈ထရီလီယံနော်။ စိတ်အေးအေးထား"

"အဲ့ဒီအဓိပ္ပာယ်က မစ္စတာကျန်းက သူသာဆန္ဒရှိရင် အချိန်မရွေး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နိုင်တယ်လို့ ဆိုလိုတာလား"

"ငတုံး မစ္စတာကျန်းရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ၁.၈ထရီလီယံတင် ရှိတယ်လို့ ထင်နေတာလား။ ဦးနှောက်လေးဘာလေးသုံးစမ်းပါ။ အဲ့ဒီထက်တောင် ပိုတာပေါ့ကွ"

"မစ္စတာကျန်းကမှ ကမ္ဘာ့အချမ်းသာဆုံးလူအစစ်ပဲ"

"သေစမ်းကွာ။ အသက်နှစ်ဆယ်လေးနဲ့ ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်နေပြီ"

"မယှဉ်နိုင်ပါဘူးလို့။ လမ်းမတွေအားလုံးက ရောမကိုဦးတည်နေပေမဲ့ သူကတော့ ရောမမှာ မွေးလာခဲ့တာပဲ။ ပြန်လည်မွေးဖွားခြင်းဆိုတာ တကယ့်ကိုကျွမ်းကျင်တဲ့အရာတစ်ခုပဲ"

"မစ္စတာပိုလာဒီ.. မလိုအပ်ပါဘူးဗျာ"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်မောလိုက်သည်။

"အဲ့ဒီအကြွေတွေကို ခင်ဗျားဘာသာပဲသိမ်းထားလိုက်ပါ"

"အကြွေတဲ့လား။ သောက်ကျိုးနည်းအကြွေတဲ့လား"

"ငါ ဘိုင်ပြတ်နေလို့ တစ်ယောက်ယောက် ငါ့ကို အကြွေလေးနည်းနည်းလောက်မစလို့ရမလား"

"ဒါက လူစကားလား"

"ကျန်းမုန့်လောင်က သူ့အဘိုးထက်တောင် ကြမ်းသေးတယ်။ သူ့အဘိုးတုန်းက အမေရိကန်ဒေါ်လာ၁.၃ဘီလီယံဆိုတာကို သာမန်အကြွေလေးလို့ပြောခဲ့တာ။ သူ့လက်ထက်ကျတော့ အမေရိကန်ဒေါ်လာ၁.၈ထရီလီယံက အကြွေလေးပဲတဲ့"

"ငါ့ကို ထူပေးကြပါဦး။ ငါ ဒူးထောက်ရလွန်းလို့ ဒူးနာနေပြီ"

ပိုလာဒီ၏မျက်နှာက အနည်းငယ်ဆတ်ခနဲတွန့်သွားသော်ငြား မကြာခင်မှာပင် သူ့မျက်လုံးထဲမှာ မရှောင်လွှဲသာသည့် အရိပ်အခြည်များ ပေါ်ပေါက်လာသည်။ အခြားသူများအတွက်ဆိုလျှင် ဤစကားဟာ အလွန်ကြွားလုံးထုတ်ဟန်ပေါက်နေမည်ဖြစ်၏။

ပိုလာဒီအတွက်မူ ဤစကားဟာ လုံးဝမှန်ကန်သင့်တော်နေပေသည်။ အကြောင်းမှာ သူသည် ထိုစဉ်တုန်းက အဖြစ်အပျက်များအားလုံးကို မျက်မြင်ကိုယ်တွေ့မြင်တွေ့ထားခဲ့သောကြောင့်ပင်။

ကျန်းမိုသည် ထိုစဉ်အချိန်တုန်းက ဈေးကွက်ထဲမှာ အမေရိကန်ဒေါ်လာထရီလီယံပေါင်းများစွာကို လွယ်လင့်တကူ ရယူနိုင်ခဲ့သည်။ ထိုစဉ်တုန်းက ပိုက်ဆံများကတင် သူတို့မိသားစု၏ပိုင်ဆိုင်မှုစုစုပေါင်း ဖြစ်နေခဲ့သည်ဆိုပါက ယခုအချိန်ဆိုလျှင် ဘယ်လောက်တောင်များနေလေပြီလဲ။ သူ့ပိုင်ဆိုင်မှုများက အဆတစ်ရာကျော်တိုးလာပြီဖြစ်လေရာ ကျန်းမိသားစုသာဆိုပါက တစ်ကမ္ဘာလုံးနီးပါးကို ပိုင်ဆိုင်နေလေပြီလား။

"ငါဝမ်လင်ကတော့ မင်းကို ကြွားဝါခြင်းနတ်ဘုရားလို့ခေါ်မယ်"

"ငါ့ကိုဘာလို့လာကြည့်နေတာလဲ"

ကျန်းမုန့်လောင်က ဝမ်လင်ကိုပြောလိုက်သည်။

"ကောင်းကောင်းမွန်မွန်ပြန်လည်မွေးဖွားလာတာက ငါ့အပြစ်လား"

.....

All Chapters