← Chapters

ဘော့စ်ကျန်းရလိုက်တဲ့ နောက်ထပ်အလုပ်သမား

Vol. 7 Ch. 101

ဘော့စ်ကျန်းရလိုက်တဲ့ နောက်ထပ်အလုပ်သမား

Vol. 7 Ch. 101

"ဝယ်လိုက်တာတဲ့လား။ မင်း အတည်ပြောနေတာလား"

ဝမ်လင်အဖို့တော့ ဤသတင်းသည် ပိုလာဒီ၏ကနဦးရင်းနှီးမြှုပ်နှံငွေက ကျန်းမုန့်လောင်၏အဘိုးထံမှ ရရှိခဲ့သည်ဟု ကြားလိုက်ရစဉ်တုန်းကအတိုင်း အံ့အားသင့်ချင်စရာကောင်းသော ကိစ္စတစ်ရပ်ဖြစ်၏။

မရေမတွက်နိုင်သော အဖွဲ့အစည်းများက ထိုအထူးeffectဖန်တီးရေးအဖွဲ့ကို ဖိတ်ခေါ်ရန် ကြိုးစားခဲ့ကြဖူးသည်။ ဟောလိဝုဒ်၏ အကြီးမားဆုံးသော အထူးeffectကုမ္ပဏီကြီးကပင် သူတို့နှင့် စာချုပ်ချုပ်ရန်အတွက် ဒေါ်လာသန်းနှစ်ရာကမ်းလှမ်းခဲ့သော်ငြား ငြင်းပယ်ခံခဲ့ရသည်။

သတိပြုရမည့်အချက်မှာ ယနေ့အချိန်အထိ ကမ္ဘာပေါ်ရှိ ရုပ်ရှင်တစ်ကားချင်းစီတိုင်းအတွက် အမြင့်ဆုံးရရှိဖူးသည့် ငွေကြေးပမာဏမှာ ဒေါ်လာသန်းတစ်ရာသာရှိသည်။ လူအယောက်တစ်ရာပင်မပြည့်သော အထူးeffectဖန်တီးရေးအဖွဲ့တစ်ဖွဲ့အတွက်မူ ထိုငွေပမာဏဟာ များပြားလှသော ပမာဏတစ်ခုပင်။

ထိုအထူးeffectဖန်တီးရေးအဖွဲ့က သူတို့၏ပရောဂျက်များကို မည်မျှအထိ တင်းတင်းကျပ်ကျပ်ရွေးချယ်ကြောင်း ပေါ်လွင်နေပေသည်။

"ငွေကစကားပြောတယ်ဆိုတာကို မင်းမကြားဖူးဘူးလား"

ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်သည်။

"သိပ်ဈေးမကြီးပါဘူး။ ဒေါ်လာတစ်ဘီလီယံပါပဲ။ သူတို့က အနားမယူခင်အချိန်အထိ ငါ့အတွက်ပဲ အလုပ်လုပ်ပေးတော့မှာ"

"ချီးပဲ!"

ဝမ်လင်ခမျာ မဆဲဘဲမနေနိုင်တော့ပေ။ ဒေါ်လာတစ်ဘီလီယံပေး၍ အထူးeffectဖန်တီးရေးအဖွဲ့တစ်ဖွဲ့ကို ဝယ်ယူခြင်းမှာ ကျန်းမုန့်လောင်တစ်ယောက်တည်းသာ လုပ်နိုင်လောက်မည့်ကိစ္စတစ်ခုပင်။

"ဒါက အဲ့ဒီလောက်လည်းရိုးရှင်းနေတာမဟုတ်ဘူးမလား"

"ဘယ်ဟုတ်ပါ့မလဲ"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"တစ်ခါတုန်းက သူတို့တွေ ရုပ်ရှင်ရိုက်ကူးရေးလုပ်ခဲ့တဲ့အချိန်တုန်းက ဘတ်ဂျက်မလောက်တော့လို့ အထူးeffectထည့်ထားတဲ့ အပိုင်းကြီးတစ်ပိုင်းလုံးကို ဖြတ်ချလိုက်ရတယ်။ အဲ့ဒီအဖြစ်ကြောင့် သူတို့ အရမ်းစိတ်ပျက်သွားခဲ့တာလေ။ အဲ့ဒါကြောင့်ပဲ သူတို့က ဘတ်ဂျက်လုံလောက်မှုရှိတဲ့ ထုတ်လုပ်ရေးမျိုးနဲ့ပဲ လက်တွဲချင်ကြတော့တာ"

"မင်း သူတို့ကို ဘယ်လိုပြောခဲ့တာလဲ"

"နောက်နောင် ငါရိုက်မဲ့ရုပ်ရှင်တွေမှာ အထူးeffectအတွက် ရင်းနှီးမြှုပ်နှံငွေက ဒေါ်လာသန်းငါးရာအောက်မလျော့စေရဘူးလို့ ပြောလိုက်တာပေါ့။ အဲ့ဒီနောက်မှာတော့ သူတို့က ငါ့အတွက် အလုပ်လုပ်ပေးပါ့မယ်ဆိုပြီး တောင်းဆိုကြတော့တာပဲ။ သူတို့က ဘာစာချုပ်ကြေးမှမယူဘဲ အခြေခံလစာနဲ့တင် အလုပ်လုပ်ပေးမယ်လို့တောင် ပြောလာကြတာကွ။ ငါလည်း မတတ်သာတော့တဲ့အဆုံး သဘောတူလိုက်ရတာပဲ"

"သေစမ်း..မင်းကတော့ သူတို့ကို ငွေနဲ့အနိုင်ပိုင်းပစ်လိုက်တာပဲဟေ့"

ကမ္ဘာ့အကြီးဆုံး အထူးeffectကုမ္ပဏီကြီးကတောင် ငှားရမ်း၍မရခဲ့သည့်အဖွဲ့က ကျန်းမုန့်လောင်ကိုတော့ အလုပ်ခန့်ပေးဖို့ တောင်းဆိုခဲ့ကြသတဲ့။ ဤသတင်းသာ ပေါက်ကြားသွားလျှင် နောက်ထပ်သတင်းထူးကြီးတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။

သို့သော် နောက်တစ်ကြိမ်ထပ်စဉ်းစားကြည့်လိုက်သောအခါတွင်မူ ထိုလူများသည် ဟောလိဝုဒ်၏ မက်လောက်စရာကောင်းသော ကမ်းလှမ်းမှုကိုတောင် ငြင်းပယ်ခဲ့သည်ဆိုပါက သူတို့တွင်လည်း တစ်မူထူးခြားသော လိုက်စားမှုတစ်ခုခုရှိမည်မှာ ကျိန်းသေပေါက်ပင်။ သာမန်ရုပ်ရှင်ရင်းနှီးမြှုပ်နှံမှုများက သူတို့၏အနုပညာရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိမည် မဟုတ်ပေ။

ယနေ့အချိန်အထိ ရိုက်ကူးထားခဲ့သည့် စျေးအကြီးဆုံးရုပ်ရှင်တစ်ကား၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ သန်းလေးရာအောက်သာရှိပြီး ထိုပမာဏထဲတွင် သရုပ်ဆောင်များ၏ လုပ်အားခများလည်း ပါဝင်ပေသည်။

ကျန်းမုန့်လောင်ကမူ အထူးeffectအတွက်မျှဖြင့် ဒေါ်လာသန်းငါးရာသုံးဖို့ ဆန္ဒရှိနေလေသည်။ ယခုလိုရွှေရောင်အခွင့်အလမ်းမျိုးကို မည်သူကများ လက်လွတ်ခံချင်မှာတဲ့လဲ။

"အံ့သြစရာကောင်းလိုက်တာ။ ဒီအဖွဲ့သာပါလာရင် ငါတို့ရုပ်ရှင်မှာပါဝင်ချင်တဲ့ သရုပ်ဆောင်တွေကလည်း ဒီနေရာကနေ မြို့တော်အထိတောင် တန်းစီနေကြတော့မှာပဲ"

ဝမ်လင်က ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။

ကာရက်အထူးeffectအဖွဲ့က ဖန်တီးခဲ့သော လက်ရာများ၏ရုံတင်ငွေရောင်းအားအောင်မြင်မှုသည် သူတို့၏ ကျွမ်းကျင်မှုကို သက်သေပြထားပြီးဖြစ်၏။ မျောက်များကို သရုပ်ဆောင်ခိုင်းလျှင်ပင် သူတို့က ချီးကျူးမှတ်တမ်းတင်ထိုက်သော အထူးeffectများကို ဖန်တီးပေးနိုင်သည်။ အကောင်းဆုံးသရုပ်ဆောင်ဆုကို ဆွတ်ခူးနိုင်ရန် အခွင့်အလမ်းရှိသော ယခုလိုပရောဂျက်မျိုးကို မည်သူကများ လက်လွှတ်ချင်မှာလဲ။

တချို့လူများဆိုလျှင် လုပ်အားခတောင် မတောင်းပါဘဲ လူရွေးပွဲဖြေဖို့အတွက် အလုအယက်တိုးဝှေ့နေကြမည်ဖြစ်၏။

"ဒါပေမဲ့ ရုပ်ရှင်တစ်ကားအတွက်နဲ့ မင်း ရင်းနှီးမြှုပ်နှံနေတာက နည်းနည်းတော့များတယ်နော်"

ဝမ်လင်က မေးလိုက်သည်။

"သူတို့ကိုဝယ်ပစ်လိုက်ပြီး အနားမယူခင်အချိန်အထိ ရုပ်ရှင်တစ်ကားတည်းအတွက်ပဲ အလုပ်လုပ်ခိုင်းမှာလား။ သူတို့အသက်ကြီးသွားတဲ့အချိန်အထိ မင်းက သူတို့ကို ထောက်ပံ့သွားမလို့လား"

"ဒါက ပထမဆုံးရုပ်ရှင်ပဲရှိသေးတာလေ။ ဒုတိယကားနဲ့ တတိယကားတွေလည်း ရှိဦးမှာပေါ့"

ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။

"ရုပ်ရှင်ရိုက်ပြီးသွားရင် ဘာဆက်လုပ်မှာလဲ"

ဝမ်လင်ကလည်း ထပ်မေးလိုက်သည်။

"စိတ်မပူနဲ့။ ငါက အလုပ်သမားတွေကို အခိုင်းကြမ်းတဲ့သူဌေးပါ။ သူတို့ ရုပ်ရှင်တွေရိုက်ပြီးသွားရင် ငါကြည့်ချင်တဲ့ကားကို ရိုက်ခိုင်းမှာလေ"

"မင်းက မင်းကိုယ်မင်း ထိန်းချုပ်ခွင့်ရှိတဲ့ ထုတ်လွှင့်ရေးအာဏာပိုင်ကြီးလို့များ ထင်နေတာလား။ ရိုက်လိုက်ပေမဲ့ ထုတ်လွှင့်ခွင့်မရတဲ့ ဇာတ်လမ်းတွေအများကြီးရှိတယ်ကွ"

"ရုပ်ရှင်ဆိုတာ ထုတ်လွှင့်ဖို့အတွက်ပဲလို့ ဘယ်သူပြောလဲ။ ငါ့ဘာသာတည်းဖြတ်ပြီး ငါ့အိမ်မှာပဲ ငါ့ကိုယ်ပိုင်ရုပ်ရှင်ရုံလေးထဲမှာ ပျော်ပျော်ကြီးကြည့်နေမှာပေါ့။ ပျော်စရာမကောင်းဘူးလား"

"သေစမ်း။ မင်းပဲ အဲ့ဒီလိုစဉ်းစားမိမှာ"

ဝမ်လင် အံ့သြမှင်တက်သွားရသည်။ ကျန်းမုန့်လောင်က ဒေါ်လာတစ်ဘီလီယံဖြင့် အထူးeffectအဖွဲ့တစ်ဖွဲ့ကို ဝယ်ယူခဲ့ခြင်းမှာ ငွေပြန်ရရန်အတွက် ရည်ရွယ်ထားခြင်းမျိုးမဟုတ်ဘဲ သူ့တစ်ကိုယ်ရည်စာ ပျော်ရွှင်မှုရရန်အတွက်သာ။

ယခင်ကတော့ ကမ္ဘာပေါ်မှာ ဆင်းရဲသားနှင့် လူချမ်းသာဟူ၍ လူနှစ်မျိုးနှစ်စားတည်းသာရှိသည်ဟု ဝမ်လင်ထင်ခဲ့မိသည်။ ယခုတော့ လူတန်းစားသုံးမျိုးရှိနေကြောင်း သိလိုက်ရသည်။ ဆင်းရဲသားများ၊ လူချမ်းသာများနှင့် ကျန်းမုန့်လောင်ပင်တည်း။

...

"နောက်သုံးရက်နေရင် 'Three-Body'ဇာတ်ကားအတွက် လူရွေးပွဲအစီအစဉ်ကို ကျန်းနန်မြို့အားကစားရုံမှာ ကျင်းပမှာပါ။ စိတ်ဝင်စားတဲ့သရုပ်ဆောင်တွေ လာရောက်ယှဉ်ပြိုင်နိုင်ပါတယ်"

ကျန်းမုန့်လောင်က အိမ်ပြန်ရောက်သည်နှင့် သူ့ဝေးပေါ်တွင် ကြေညာချက်တစ်ခုကို ချက်ချင်းတင်လိုက်သည်။ ထို့ပြင် သူ့စိတ်ထဲတွေးထားသည့် သရုပ်ဆောင်များ၏ စတူဒီယိုများကိုလည်း တိုက်ရိုက်မန်းရှင်းခေါ်လိုက်သည်။

ယခုအချိန်တွင် ကျန်းမုန့်လောင်၏ဝေးပေါ် Followerမှာ သန်းငါးဆယ်အထိ ရရှိထားပြီးဖြစ်လေရာ သူတင်လိုက်သမျှ သတင်းအသစ်တစ်ခုချင်းစီတိုင်းက ဗဟိုသတင်းထုတ်လွှင့်ရေးဌာနထက်ပင် ပိုအစွမ်းထက်သေးသည်။

"ဒါကဘယ်လိုအခြေအနေကြီးလဲ။ မကြာသေးခင်ကပဲ ဥက္ကဋ္ဌဝမ်က ဝမ်မြောင်ရဲ့ဇာတ်ကောင်အတွက် ဝမ်ကျီးဟန်ကို အတည်ပြုထားပြီးပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား။ သူက အခု တခြားလူတွေကိုလာပြိုင်ဖို့ ဘာလို့ဖိတ်နေတာလဲ"

"ကျန်းရီကျန့်တဲ့လား။ ဘယ်သူကြီးလဲ။ တစ်ခါမှမကြားဖူးဘူး။ ဘယ်နားက တတိယအဆင့်သရုပ်ဆောင်လဲ။ ဥက္ကဋ္ဌဝမ်က ငွေကြေးကျပ်တည်းနေတာလား"

"အဓိပ္ပာယ်မရှိတာ။ ဒီတစ်ခေါက် ကျန်းမုန့်လောင်က ရင်းနှီးမြှုပ်နှံသူလေ။ သူက ကမ္ဘာ့အချမ်းသာဆုံးလူနော်။ သူက ဘာငွေကြေးအကျပ်အတည်းမှလည်းမရှိသလို ဥက္ကဋ္ဌဝမ်ကလည်း ဘယ်တော့မှအကျပ်အတည်းဖြစ်မှာမဟုတ်ဘူး"

"အပေါ်ထပ်ကလူက ၂၀၀၅နောက်ပိုင်းမှ မွေးတာမလား။ ကျန်းရီကျန့်ကို မကြားဖူးဘူးပေါ့။ တတိယအဆင့်သရုပ်ဆောင်တဲ့လား။ သူ နာမည်ကြီးနေတဲ့အချိန်တုန်းက မင်းက မင်းအမေဗိုက်ထဲမှာပဲရှိဦးမှာကွ"

"ဟားဟား..မှန်တယ်။ အဲ့ဒီခေတ်တုန်းက 'ရှုတောင်တန်းရဲ့ဒဏ္ဍာရီ'က ပြည်တွင်းရှန်းရှအထူးeffectတွေရဲ့ထိပ်တန်းပဲ။ အခုတော့ ဘာတွေဖြစ်ကုန်ပြီလဲဆိုတာ ကြည့်လိုက်စမ်းပါဦး။ စွမ်းအင်ပြောင်းလဲရေးမြင်းတွေတဲ့လား။ အဲ့ဒါက ဘာပေါက်ကရတွေလဲ"

"သောက်ကျိုးနည်း.. သူတို့က ဧကရာဇ်အဆင့်သရုပ်ဆောင်ဟောင်းတွေချည်းပဲ"

"ဟားဟား..အခုတော့ ဘာလို့လဲဆိုတာ ငါသိပြီ။ ဝမ်ကျီးဟန်တို့လိုလူတွေရဲ့ သရုပ်ဆောင်စွမ်းရည်က လေလည်သလောက်ပဲရှိလို့ ကျန်းမုန့်လောင်က ပယ်ချပစ်လိုက်တာပဲ"

"ဟားဟား.. မှန်တယ်ဟေ့။ ဒီသရုပ်ဆောင်တွေနဲ့တင် ငါ လိုက်ခ်အခုတစ်ရာပေးမယ်"

"ဒါက အချိန်ကောင်းပဲ။ ဒီနေ့ခေတ်သရုပ်ဆောင်တွေက လုပ်အားခတောင်းတော့ ဓားပြတိုက်နေတာထက်တောင် ပိုဆိုးသေးတယ်။ သူတို့ဖန်တီးလိုက်တဲ့ လက်ရာတွေကိုကြည့်တော့ စုတ်ပြတ်သတ်နေလိုက်တာ အမှိုက်လိုပဲ။ ကျန်းမုန့်လောင်ရဲ့ရွေးချယ်မှုကို ငါထောက်ခံတယ်ဟေ့"

အင်တာနက်အသုံးပြုသူများမှာ ချက်ချင်းပင် အပြင်းအထန်ဆွေးနွေးနေကြတော့သည်။ တွေးခေါ်တတ်သူအချို့ကသာ ဖိတ်ကြားစာထဲရှိ လူစာရင်းကိုကြည့်ပြီး ကျန်းမုန့်လောင်ဘက်က ဘယ်လိုအကြောင်းပြချက်ကြောင့် သရုပ်ဆောင်များကိုပြောင်းလဲရန် ဆုံးဖြတ်ခဲ့သလဲဆိုသည်ကို ခန့်မှန်းနိုင်ခဲ့ကြသည်။

...

"ဘာ? ဝမ်လင်ကစာချုပ်ဖျက်တော့မှာတဲ့လား"

နာရီအနည်းငယ်အကြာတွင် ဝမ်ကျီးဟန်သည် သူ့အေးဂျင့်ထံမှတစ်ဆင့် ဤသတင်းကို ကြားလိုက်ရသည်။ ဝမ်လင် ဘက်က သူနှင့်ချုပ်ဆိုထားသော ရုပ်ရှင်စာချုပ်ကို ဖျက်သိမ်းရန်စီစဉ်နေပြီး စာချုပ်ဖောက်ဖျက်မှုအတွက် ကျသင့်ငွေကိုပင် သူ့အကောင့်ထဲသို့ လွှဲပေးထားပြီးဖြစ်သည်။

နာမည်ကြီးလူငယ်သရုပ်ဆောင်တစ်ဦးဖြစ်သော ဝမ်ကျီးဟန်သည် မကြာသေးခင်နှစ်များအတွင်းကပင် ရသစုံအစီအစဉ်များ၊ တီဗီဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များနှင့် ရုပ်ရှင်ကမ်းလှမ်းမှုများကို အဆက်မပြတ်ရရှိနေပြီး ဝင်ငွေကလည်း အလွန်ကောင်းမွန်လှသည်။

သူ့တွင် မိန်းမငယ်လေးများကို ဆွဲဆောင်နိုင်သောမျက်နှာတစ်ခုရှိသော်လည်း သူ့သရုပ်ဆောင်စွမ်းရည်ကမူ သူ နေ့စဉ်မိတ်ကပ်လိမ်းခြယ်ရာတွင် အသုံးပြုသည့်အားစိုက်ထုတ်မှုထက်ပင် များစွာနိမ့်ကျနေသေးသည်။

သို့သော် ဤခေတ်ကြီးထဲတွင် နာမည်ကြီးရေပန်းစားမှုကသာ အရာရာဖြစ်၏။ သူသရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်များက သုံးစားမရဖြစ်နေစေကာမူ သူ့အတွက် ငွေသုံးပစ်လိုသော အရူးအမူးပရိသတ်များကလည်း အမြဲရှိနေတတ်သည်။

သူ့စိတ်ထဲတွင် သူ့ကိုယ်သူ နာမည်ကြီးသရုပ်ဆောင်တစ်ဦးအဖြစ် သတ်မှတ်ထားလေရာ ရုပ်ရှင်စာချုပ်တစ်ခု ဖျက်သိမ်းခံလိုက်ရခြင်းမှာ သူ့အတွက် လက်ခံနိုင်ဖွယ်ရာမရှိသလောက်နီးပါး ဖြစ်နေချေသည်။

ဝမ်လင်၏မိသားစုက ချမ်းသာသော်လည်း ဝမ်ကျီးဟန်ကတော့ ဝမ်လင့်ကို မကြောက်ပေ။ မည်သို့ပင်ဖြစ်စေ ထိုလူမှာ ဝမ်လင်သာဖြစ်၏။ သူ့ဖခင်မဟုတ်ပေ။

"ဟုတ်တယ်"

ဝမ်ကျီးဟန်၏အေးဂျင့်က ပြောလိုက်သည်။

"ကြည့်ရတာတော့ ဝမ်လင်က သူ့ပရောဂျက်အတွက် နာမည်ကျနေတဲ့ သရုပ်ဆောင်ဟောင်းတွေကို ဖိတ်ခေါ်ဖို့ စီစဉ်နေပုံပဲ။ အင်တာနက်ပေါ်မှာတော့ အဲ့ဒီကိစ္စက ပွက်လောရိုက်နေပြီ။ မင်းကိုဝေဖန်ထားတာတွေလည်း အများကြီးပဲ"

"ဘယ်က နာမည်ကျနေတဲ့သရုပ်ဆောင်ဟောင်းတွေလဲ"

ဝမ်ကျီးဟန်က ပြက်ရယ်ပြုလိုက်လေသည်။

"သူတို့ရဲ့သရုပ်ဆောင်ချက်နဲ့ ရုံတင်ငွေဘယ်လောက်များရနိုင်မှာတဲ့လဲ။ သရုပ်ဆောင်စွမ်းရည်က သူတို့ကို ထမင်းကျွေးလို့လား။ ပရိသတ်စိတ်ဝင်စားမှုမရှိဘူးဆိုရင် သူတို့က ခံစားချက်တွေဘာတွေကို သွားရောင်းမှာလား"

"ကျီးဟန် . မင်းတောင်းတဲ့အခကြေးငွေက တအားများနေလို့များလား"

"ငါ ဝမ်ကျီးဟန်က ဒီပမာဏနဲ့ မထိုက်တန်လို့လား"

ဝမ်ကျီးဟန်က သူ့အေဂျင့်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။

"ပြီးခဲ့တဲ့ရုပ်ရှင်တုန်းက ငါ သန်းသုံးဆယ်ရခဲ့တယ်။ ဒီလိုစိန်ခေါ်မှုများတဲ့ ရုပ်ရှင်အတွက်ဆိုရင် သန်းငါးဆယ်က တအားမများဘူးထင်တာပဲ"

"ငါတို့ အခုဘာလုပ်ကြမလဲ။ စတူဒီယိုက မနေ့တုန်းကပဲ ဒီအကြောင်းအရာကို မီဒီယာမှာဖော်ပြထားတာ။ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို အခုလိုမျိုးအဆုံးသတ်ပစ်လိုက်ရင် မင်းအပေါ် မကောင်းတဲ့အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်"

အေးဂျင့်က စိုးရိမ်တကြီးပြောလေသည်။

"ပြီးတော့ ဒီတစ်ခေါက် ရင်းနှီးမြှုပ်နှံသူက ကျန်းမုန့်လောင်တဲ့..."

"ဘာကြောက်စရာရှိလဲ။ သူတို့က ချမ်းသာတယ်ဆိုပေမဲ့ ဒီအတိုင်း ဒုတိယမျိုးဆက်လူချမ်းသာတွေပါ။ ငါ့ဘက်က သူတို့ကို ရန်မစထားရင် သူတို့လည်း ငါ့ကို လာရန်မစနဲ့ပေါ့။ မူလတုန်းကချုပ်ထားတဲ့စာချုပ်ကို အွန်လိုင်းမှာတင်ပစ်လိုက်။ သူတို့ဘက်က တစ်ဖက်သတ်စာချုပ်ဖောက်ဖျက်တာမို့ ဒီနေ့ကစပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ငါတို့ငြင်းပယ်တယ်"

ဝမ်ကျီးဟန်က ထပ်ဖြည့်ပြောလိုက်သည်။

"ပြီးတော့ နောက်နောင် ရုပ်ရှင်ကားကမ်းလှမ်းမှုတွေကို ဒီအတိုင်းလက်မခံလိုက်နဲ့။ အချိန်ကုန်တာပဲအဖတ်တင်တယ်"

မကျေမနပ်ဖြစ်ပြနေသော်လည်း ဝမ်ကျီးဟန်၏စိတ်ထဲတွင်မူ တိတ်တိတ်လေးကျိတ်ဝမ်းသာနေသည်။ သူသည် ဘာအားစိုက်ထုတ်မှုမှမရှိပါဘဲ ဤပိုက်ဆံဆယ်သန်းကို အသာလေးရလိုက်ပေသည်။ ကောင်းကင်ပေါ်မှ ပိုက်ဆံထုတ်ပြုတ်ကျလာသည့်အလားပင်။

မကြာခင်မှာ ဝမ်ကျီးဟန်၏စတူဒီယိုမှ ပြန်လည်တုံ့ပြန်လိုက်လေသည်။ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်၏ အစွမ်းမှာ ပေါ့သေးသေးမဟုတ်ဟု ဆိုရပေလိမ့်မည်။ ဝမ်ကျီးဟန်သည် ဝေးပေါ်တွင် ပရိသတ်ပေါင်းသန်းလေးဆယ်ကျော်ရှိလေရာ နှစ်ဖက်စလုံးမှ ပရိသတ်များဟာ စကားစစ်ထိုးကြလေတော့သည်။

"စိတ်ဝင်စားစရာပဲ။ သူတို့က ငါတို့နဲ့ အကျိုးတူပူးပေါင်းမှုမှန်သမျှကို ငြင်းပယ်လိုက်တယ်ပေါ့လေ"

ကျန်းမုန့်လောင်က ဝမ်ကျီးဟန်၏စတူဒီယိုထံမှ ထုတ်ပြန်ချက်ကိုကြည့်ရင်း ပြက်ရယ်ပြုလိုက်သည်။

"ငါတို့နဲ့အကျိုးတူပူးပေါင်းဖို့ မင်းက ထိုက်တန်တယ်လို့များထင်နေတာလား"

ကျန်းမုန့်လောင်ကလည်း ဝေးပေါ်ကိုဖွင့်ပြီး ကာနော့အထူးeffectအဖွဲ့နှင့် ချုပ်ဆိုထားသော အကျိုးတူပူးပေါင်းစာချုပ်ကို တင်ပစ်လိုက်သည်။

"ကာနော့အထူးeffectအဖွဲ့တဲ့လား။ အဲ့ဒါက ကမ္ဘာ့နံပါတ်တစ်အထူးeffectအဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့အဖွဲ့မလား"

"သောက်ကျိုးနည်း.. နှစ်ငါးဆယ်အကျိုးတူပူးပေါင်းမှုသဘောတူစာချုပ်တဲ့လား။ ဒါက ဝယ်လိုက်တာနဲ့ ဘာကွာတော့လို့လဲ"

"ကျန်းမိသားစုရဲ့ နောက်ထပ်ပျားလုပ်သားလေးတစ်ဖွဲ့ပဲဟေ့။ ငါပြောထားတဲ့စကားကို ပြန်ရုပ်သိမ်းလိုက်ပြီ။ အဲ့ဒီ အထူးeffectအဖွဲ့သာရှိရင် ဘယ်သူကများ နာမည်ကြီးသရုပ်ဆောင်တွေကို လိုအပ်နေမှာတဲ့လဲ"

"အံ့သြစရာပဲ။ ကြည့်ရတာတော့ ဒီတစ်ခါ 'Avengers'ကိုတောင် ကျော်တက်နိုင်လောက်တဲ့ လက်ရာမြောက်ရုပ်ရှင်တစ်ကား ရိုက်ကြတော့မယ်ထင်တယ်"

"ကျန်းမုန့်လောင်ကတော့ အပြတ်မိုက်တယ်ဟေ့ (အသံအက်ကွဲ)"

...

All Chapters