← Chapters

ငါရှင်းပြတာကို နားထောင်ဦး

Vol. 7 Ch. 105

ငါရှင်းပြတာကို နားထောင်ဦး

Vol. 7 Ch. 105

"မင်းတို့ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ အနားကပ်မလာခဲ့နဲ့"

သူ့ကိုမျိုချပစ်တော့မတတ် ပြင်းပြနေသော သူတို့၏အကြည့်များကို မြင်လိုက်ရသောအခါ ကျန်းမုန့်လောင်ခမျာ မြှူဆွယ်ခံနေရသလို မခံစားလိုက်ရပါဘဲ ထိတ်လန့်တုန်လှုပ်သွားချေသည်။

"ဥက္ကဋ္ဌကျန်း..တကယ်တော့ ကျွန်မတို့ရဲ့တောင်းဆိုချက်ကလည်း တအားမများပါဘူး။ ကျွန်မတို့က ရုပ်ရှင်ထဲမှာ ပါဝင်ချိန်အသင့်အတင့်ရှိတဲ့ ဇာတ်ကောင်နှစ်ခုကိုပဲ လိုချင်တာ"

ဟာ့ဖ်မွန်းဖောရက်စ်က သူ(မ)၏စကတ်ကို ချွတ်ချရန် ကြိုးစားလေတော့သည်။

"ကျွန်မတို့ညီအစ်မတွေ တအားကံမကောင်းဘူးဆိုရင်တောင် ဥက္ကဋ္ဌကျန်းလို ငယ်ရွယ်ပြီး ချမ်းသာတဲ့လူတစ်ယောက်နဲ့ နောင်တစ်ချိန်မှာ မိတ်ဆွေတွေဖြစ်ပြီး မကြာမကြာတွဲသွားတွဲလာလုပ်နိုင်ဖို့တော့ မျှော်လင့်မိပါတယ်။ အဲ့ဒီလောက်လေးတော့ ကျွန်မတို့မျှော်လင့်လို့ရမလား"

"အဲ့ဒီအကြောင်း နောက်မှပြောကြမလား"

ကျန်းမုန့်လောင်က မရှင်းမရှင်းဖြစ်နေသော ဤစကားကိုကြားသော်လည်း သူတို့၏မျက်လုံးများကိုကြည့်လိုက်မိသောအခါ မူရင်းအဓိပ္ပါယ်နှင့် သိသိသာသာကွဲလွဲနေလေသည်။

"ဒါက ငါ့ကို ရာဇဝတ်မှုကျူးလွန်ဖို့ အတင်းဖိအားပေးနေတာပဲ"

ကျန်းမုန့်လောင်ခမျာ ယခင်က ထိုကဲ့သို့သောအခြေအနေမျိုးနှင့် မကြုံဖူးခဲ့ပေ။ ဤသည်မှာ အင်တာနက်ဆယ်လီလောကမဟုတ်ပေ။ ပြည့်တန်ဆာလောကသာဖြစ်၏။

"ကမ္ဘာလောကကို ကြည့်ရှုစောင်မတော်မူသောမြတ်စွာဘုရား.. ပညာပါရမီကို နက်နက်နဲနဲကျင့်သုံးစဉ်အခါက ခန္ဓာငါးပါးဟာ ဗလာနတ္ထိဖြစ်ကြောင်း သိမြင်ခဲ့ပြီး ဆင်းရဲဒုက္ခအားလုံးမှ ကယ်တင်တော်မူခဲ့သော သာရိပုတ္တရာအရှင်မြတ်.. ရုပ်ခန္ဓာသည် ဗလာနတ္ထိသာဖြစ်တော်မူ၏။ ဗလာနတ္ထိသည် ရုပ်ခန္ဓာနှင့်မခြားပေ။ ရုပ်ခန္ဓာသည် ဗလာနတ္ထိဖြစ်တော်မူပြီး ဗလာနတ္ထိသည် ရုပ်ခန္ဓာဖြစ်၏။ ခံစားမှုအာရုံ၊ အတွေးအာရုံနှင့် ရွေးချယ်မှု၊ သိမြင်မှုတို့ကိုယ်တိုင်ကလည်း ထိုနည်းတူပင်..."

"မမြင်ကွယ်လျှင်​မေ့"ဆိုသည့်အတိုင်း ကျန်းမုန့်လောင်ခမျာ မျက်လုံးတင်းတင်းမှိတ်၍ ဘုရားစာစရွတ်နေလေတော့သည်။

အဝတ်အစားတစ်ဝက်ခန့် ဖော်ထားသော မိန်းကလေးနှစ်ယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏ဆွဲဆောင်မှုကို ပထမဆုံးအကြိမ်အဖြစ် သံသယဝင်သွားရသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ထိုကဲ့သို့သောနည်းဗျူဟာမှာ လုံးဝမှားယွင်းမှုမရှိချေ။ လှည့်ကွက်အနည်းငယ်နှင့် ထိုဓာတ်ပုံဆရာများသာ ပေါင်းလိုက်ပါက ယုံကြည်ကိုးစားထိုက်သော လူငယ်လေးများလည်း သူတို့ထံမှ ဆွဲဆောင်ခံရလိမ့်မည်သာ။

ကျန်းမုန့်လောင်ကတော့ စင်စစ်ထူးဆန်းလှသည့် လူတစ်ယောက်ပင်။

ဝမ်လင်နှင့်ပင် မနှိုင်းယှဉ်အပ်သည့် ဤလူငယ်လေးဟာ မိန်းကလေးများ ဝန်းရံခံရရင်း ကြီးပြင်းလာသင့်သည်မဟုတ်လား။ သူ့လိုလူတစ်ယောက်က အသက်၁၁နှစ်၁၂နှစ်မှာပင် အတွေ့အကြုံရှိထားပြီးဖြစ်လျှင်တောင် မထူးဆန်းတော့ချေ။

သို့သော် ကျန်းမုန့်လောင်၏ပြုမူပုံကိုကြည့်လျှင် မွေးကတည်းက နှစ်နှစ်ဆယ်ဆက်တိုက် တစ်ကိုယ်တည်းနေလာခဲ့သူတစ်ယောက်၏ အပြုအမူမျိုးပင်။ ကမ္ဘာပေါ်မှာ ဤမျှအထိရိုးသားပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်သည့် လူချမ်းသာတစ်ယောက်ဟူ၍ တကယ်ရှိနိုင်ပါ့မလား။ ဤသည်မှာ သိပ္ပံနည်းမကျပေ။

"ဝမ်လင်.. ဒီကောင်ကတော့ လုံးဝယုံကြည်လို့မရဘူးပဲ။ ဒီလိုမျိုးဖြစ်လာနိုင်တယ်ဆိုတာသိသိကြီးနဲ့ ငါ့အတွက် လုံခြုံရေးတချို့တောင် စီစဉ်ပေးမထားဘူး"

ကျန်းမုန့်လောင်က သူ့ဒေါသများကို ဝမ်လင့်အပေါ် ပုံချလိုက်သည်။

မိန်းကလေးရန်မှ ကာကွယ်ဖို့မဟုတ်လျှင်တောင် လုံခြုံမှုရှိစေရန် သူ့အတွက် လူအနည်းငယ် စီစဉ်ပေးသင့်သည်မဟုတ်လား။

"မဖြစ်ဘူး။ ဝမ်လင်က စိတ်မချရဘူး။ အခုကစပြီး ဟုန်းရီကို ငါ့အတွက် ဘော်ဒီဂတ်တွေ စီစဉ်ပေးဖို့​ပြောမှဖြစ်မယ်"

ယခင်ကမူ ကျန်းမုန့်လောင်သည် ဘော်ဒီဂတ်များ မလိုအပ်ခဲ့ပေ။ အကြောင်းမှာ သူ့ကို လူသိပ်မသိကြသောကြောင့်ပင်။ သို့သော် ယခုတော့ သူသည် ဒုတိယမျိုးဆက်လူချမ်းသာများထဲတွင် ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်လေရာ သူ့လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်လာပေသည်။

ကျန်းမုန့်လောင် ဒေါ်လာအနည်းငယ်အတွက်နှင့် သူ့နုပျိုမှုကို အဆုံးရှုံးမခံနိုင်ပေ။

"ဥက္ကဋ္ဌကျန်း.. ရှင် ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒမရှိဘူးဆိုရင် နောက်မှ ဒီအကြောင်းကို တစ်ယောက်ယောက်သိသွားရင် မကောင်းဘူးနော်"

ကျန်းမုန့်လောင်ဘက်က တုတ်တုတ်မျှပင်မလှုပ်သည်ကို မြင်သောအခါ ထိုမိန်းကလေးနှစ်ယောက်၏ သဘောထားကလည်း အနည်းငယ်ပြောင်းလဲစပြုလာသည်။

"ငါ့ကို လာခြိမ်းခြောက်နေတာလား"

ကျန်းမုန့်လောင်၏အသံကား ရုတ်ခြည်းအေးစက်သွားသည်။

သူ့ကို သူတို့နှင့်အတူအိပ်ဖို့ ဖိအားပေးတောင်းဆိုနေရုံသာမက ငြင်းဆန်မိလျှင်လည်း ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရဦးမည်တဲ့လား။ ဒါက ဘယ်လိုလောကကြီးလဲ။

"ဥက္ကဋ္ဌကျန်းကို ကျွန်မတို့က ဘယ်လိုလုပ်ပြီးခြိမ်းခြောက်ရဲမှာလဲ"

ဟာ့ဖ်မွန်းဖောရက်စ်က ညင်သာပျော့ပျောင်းသောလေသံဖြင့် ပြောလာချေသည်။

"ကျွန်မတို့က သူများတွေမြင်သွားပြီး ရှင့်ကို တစ်မျိုးထင်သွားမှာစိုးတာပါ။ အဲ့ဒီလိုဆိုရင် ရှင့်ဂုဏ်သတင်းကို ဆိုးဆိုးဝါးဝါးထိခိုက်သွားစေနိုင်တယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ရှင်က ချမ်းသာပြီးအာဏာရှိတဲ့လူတစ်ယောက်ပဲ။ ရှင်သာ တကယ်လုပ်ချင်ရင် ကျွန်မတို့လည်း ခုခံနိုင်မဲ့နည်းလမ်းမရှိပါဘူး"

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံတစ်သံ ထပ်ထွက်ပေါ်လာသောအခါ ကျန်းမုန့်လောင်လည်း ထိတ်လန့်နေသောငှက်လေးတစ်ကောင်အလား ဆိုဖာပေါ်မှ ခုန်ထလိုက်သည်။

"သောက်ရမ်းကောင်းတယ်။ နောက်တစ်ယောက်ထပ်လာတာတော့မဟုတ်လောက်ပါဘူး"

ချောင်းကြည့်ပေါက်မှတစ်ဆင့် အပြင်ကိုကြည့်လိုက်သောအခါ အပြင်ဘက်တွင် နောက်ထပ်မိန်းမတစ်ယောက်ရှိနေပြီး သူ(မ)သည် ဆွဲဆောင်ဖြားယောင်းရန်အတွက် အလွန်အကျွံဝတ်ဆင်ထားသည်ကို မြင်လိုက်ရသည်။ ထိုမျက်နှာသွင်ပြင်ကိုကြည့်ရုံဖြင့် အင်တာနက်ဆယ်လီနောက်တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။

"အချစ်လက်မှတ်တွေနဲ့ တန်းစီနေသလိုပဲ"

ကျန်းမုန့်လောင်သည် မိန်းကလေးနှစ်ယောက်၏ ခြိမ်းခြောက်မှုကို လုံးဝစိတ်မပူပေ။ လူတွေသိသွားတော့ရော ဘာဖြစ်လဲ။ သူသာ အလိုရှိသည်ဆိုပါက ဥရောပတော်ဝင်မင်းသမီးတစ်ပါးကပင် သူ့အိပ်ရာထဲဝင်အိပ်ဖို့ ဆန္ဒရှိပေလိမ့်မည်။ အင်တာနက်ဆယ်လီနှစ်ယောက်ကတော့ စကားထဲထည့်ပြောနေစရာပင် မလိုချေ။ သူ့အနေနှင့် ယခုလိုနိမ့်ကျသောနည်းဗျူဟာများကို မလိုအပ်ပေ။

ဤသတင်းက ရှာဖွေမှုအများဆုံးစာရင်းထဲ ရောက်သွားလျှင်တောင် အခြေအမြစ်မရှိသည့် အကြောင်းအရာများကို မည်သူကမှယုံကြည်မည်မဟုတ်ပေ။

ညသန်းခေါင်အချိန်ကြီးမှာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်၏ အခန်းထဲသို့ ရောက်လာခြင်း၏ရည်ရွယ်ချက်ကို ဦးနှောက်ရှိသူတိုင်း သဘောပေါက်နိုင်သည်။ လူတွေကလည်း ငတုံးများမဟုတ်ကြပေ။ အများဆုံးရှိလှ ပေါ်ထွက်လာသောဇာတ်လမ်းများကိုကြည့်ရင်း အတင်းအဖျင်းပြောနေကြရုံသာ ရှိသည်။

"ကလစ်"

ကျန်းမုန့်လောင် တံခါးဖွင့်လိုက်သည်။

"အထဲဝင်ပြီး ထိုင်ပါဦး"

ကျန်းမုန့်လောင်က တံခါးဖွင့်ပေးလိုက်ပြီး ဖြစ်ပျက်နေသမျှအရာအားလုံးမှာ သဘာဝကျပြီး ယခုလိုအခြေအနေမျိုးကို သူ အကြိမ်ပေါင်းများစွာ ကြုံဖူးနေသည့်အလား ဆိုဖာပေါ်တွင် အေးအေးလူလူထိုင်ချလိုက်သည်။

"ဒီမှာဘာတွေဖြစ်နေတာလဲ"

ယခုမှရောက်လာသည့် အင်တာနက်ဆယ်လီခမျာ ဇာတ်လမ်းတစ်ခုလုံး ကြိုတင်ပြင်ဆင်ထားသော်လည်း သူ(မ) ဘာမှမပြောရသေးခင်မှာပင် ကျန်းမုန့်လောင်၏တုံ့ပြန်ပုံကြောင့် ခေါင်းခြောက်သွားရသည်။

"သူက တကယ့်ကို ဘာမှမသိတဲ့ နလပိန်းတုံးလူချမ်းသာတစ်ယောက်ပဲ"

ထိုအင်တာနက်ဆယ်လီက အထင်သေးဟန် အပြုံးတစ်ခုကို လှစ်ဟပြလိုက်လေသည်။ သူ့လိုလူချမ်းသာတစ်ယောက်ကို ကိုင်တွယ်နိုင်မည့် အလွယ်ကူဆုံးနည်းလမ်းကို သူတို့ ကောင်းစွာသိထားသည်။

"မဟုတ်ဘူး။ နောက်တစ်ယောက်ရှိတယ်"

ကျန်းမုန့်လောင်က သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

"တစ်ယောက်ယောက်များ ဒီကိုရောက်နှင့်နေတာလား"

ထိုအင်တာနက်ဆယ်လီအမျိုးသမီးခမျာ အံ့အားသင့်ဟန်အမူအရာတစ်ခု ပြသလာသည်။ ကျန်းမုန့်လောင် ဘာကြောင့် အေးအေးဆေးဆေးဖြစ်နေသလဲဆိုသည်ကို သူ(မ) သဘောပေါက်လိုက်သည်။ သူ့ရဲ့ရွှေရောင်အိမ်ကြီးထဲမှာ ဖုံးကွယ်ထားသောအလှပဂေးလေး ရှိနေသည်သာ။

အံ့အားသင့်သွားပြီးနောက်တွင်မူ သူ(မ) တည်ငြိမ်မှုပြန်ရသွားပြီဖြစ်၏။ ဟုတ်ပေသည်။ ကျန်းမုန့်လောင်က ဘယ်သူမို့လို့လဲ။ ကမ္ဘာ့အချမ်းသာဆုံးလူကပင် သူ့ကို လေးစားရသည်။

ထို့ပြင် ဤတစ်ခေါက်တွင် သူသည် "Three-Body"ရုပ်ရှင်၏ ရင်းနှီးမြှုပ်နှံသူဖြစ်နေသောကြောင့် ပွင့်ပွင့်လင်းလင်းပြောရပါက သူသာ ဆန္ဒရှိလျှင် ရုပ်ရှင်ထဲရှိ သရုပ်ဆောင်ရွေးချယ်ရေးမှာ သူ့အနေနှင့် ​ပြောရေးဆိုခွင့်ရှိပေသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ရဲရဲဝံ့ဝံ့ပေးဆပ်နိုင်သူများကတော့ ယနေ့ညတွင် သူ့အခန်းထဲသို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို ရှာကြလိမ့်မည်ဖြစ်ရာ ဤနေရာတွင် တစ်စုံတစ်ယောက်ရောက်နှင့်နေခြင်းမှာ မထူးဆန်းလှပေ။

သို့သော် ကျန်းမုန့်လောင်၏အပြုအမူကို ကြည့်ကြည့်ပါက သူသည် တစ်စုံတစ်ယောက်ကို ရွေးချယ်ဖို့ လိုလားဟန်မတူပေ။ အဖွဲ့လိုက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် စီစဉ်နေလေသလား။

အခွင့်အရေးကို ဆုပ်ကိုင်လိုက်ရုံပင်။ ဤအခွင့်အရေးကိုသာ သူ(မ)ရလိုက်မည်ဆိုပါက အုပ်စုလိုက်ဆိုတော့ရော ဘာဖြစ်သေးလဲ။ ယခုလိုအခွင့်အရေးမျိုးကို လိုချင်သော်လည်း မရနိုင်သူများ အများကြီးရှိပေသည်။ ယနေ့ညအဖို့ ဤဝမ်တာ့ဟိုတယ်မှာ တည်းခိုခွင့်ရသောကြောင့်သာ သူတို့ ဤနေရာကို အရောက်လာနိုင်ခဲ့ခြင်းပင်။

"ဒေါက် ဒေါက်"

ခဏအကြာတွင် တံခါးခေါက်သံတစ်သံကို ထပ်ကြားလိုက်ရသည်။

"သောက်ကျိုးနည်း..မာကျောက်ကစားလို့တောင်ရနေပြီ"

ကျန်းမုန့်လောင်က တံခါးကို ထပ်ဖွင့်ပေးလိုက်သည်။

"အမြွာတွေလား။ စိတ်ဝင်စားစရာပဲ"

"မစ္စတာကျန်း.. ကျွန်မတို့က.."

"ညီမလေးလည်း ရောက်နေတာလား"

...

"ဒေါက် ဒေါက် ဒေါက်..."

"နောက်တစ်ယောက်ပဲ။ နောက်ထပ်လူနည်းနည်းသာ ထပ်ရောက်လာရင် ဆန်းကြယ်လူသတ်ဂိမ်းတောင် ကစားလို့ရပြီ"

...

"ဒေါက် ဒေါက်"

"ပြိုင်ပွဲဝင်အမှတ်စဉ်ရှစ်"

...

"ဒေါက် ဒေါက်"

"ငါတို့ အခုဆိုရင် ဝံပုလွေဂိမ်းကိုတောင် စားပွဲလူအပြည့်နဲ့ ကစားလို့ရပြီ"

...

"ဒေါက် ဒေါက် ဒေါက်"

"ငါ့အခန်းက ဒီနေ့ အင်တာနက်ဆယ်လီများစုဝေးရာနေရာကြီးဖြစ်နေပြီလား"

...

"သောက်ကျိုးနည်း.. ယောကျ်ားတစ်ယောက်က ဘာလို့ရောက်လာတာလဲဟ။ စိတ်မဝင်စား...သေစမ်း.. ဘာလို့ မင်းဖြစ်နေတာလဲ"

အခန်းထဲတွင် လူဆယ့်နှစ်ယောက်လောက် စုရုံးရောက်ရှိနေပြီဖြစ်၏။ ဤတစ်ခေါက်တွင်မူ သူ တံခါးဖွင့်လိုက်သောအခါ ဝမ်လင်က တံခါးနားမှာ ရပ်နေလေသည်။

"နှောင့်ယှက်မိသွားရင် တောင်း..တောင်းပန်ပါတယ်"

ဝမ်လင်ခမျာ ထိတ်လန့်အံ့သြဖွယ်မြင်ကွင်းကို မြင်ပြီးနောက် လန့်ဖျပ်သွားလေသည်။ သူ အနည်းငယ်လွန်ကောင်းလွန်သွားနိုင်သော်လည်း ယခုလောက်အထိများပြားလှသောလူများကို တစ်ခါမှမကြုံဖူးချေ။ ယခုနေသာ ဓာတ်ပုံရိုက်ခံလိုက်ရလျှင် သတင်းထူးတစ်ပုဒ် ဖြစ်သွားပေလိမ့်မည်။

"သောက်ကျိုးနည်း.. မင်းက ဒီလောက်လူတွေအများကြီးကို ကိုင်တွယ်နိုင်တယ်ပေါ့"

ဝမ်လင်ခမျာ အံ့သြမှင်တက်မှုကြောင့် ရေရွတ်လိုက်မိသည်။

"ဆက်လုပ်.. မင်းအတွက် စောင့်ကြည့်ပေးထားဖို့ ငါ လူတစ်ယောက်လွှတ်လိုက်မယ်။ မင်းက ဒီလိုစိတ်လှုပ်ရှားမှုမျိုးကို သဘောကျတာလား"

"ငါ...."

ကျန်းမုန့်လောင် ချက်ချင်းဆိုသလို ပြောစရာစကားများ ပျောက်ရှသွားရသည်။

"သူတို့ကို ငါခေါ်ထားတာမဟုတ်ဘူးကွ။ ငါရှင်းပြတာနားထောင်ဦး"

....

All Chapters