← Chapters

အခန်း (၁၁၈)

Vol. 10 Ch. 118

အခန်း (၁၁၈)

Vol. 10 Ch. 118

စစ်သားဇနီးများသည် ဖေး အိမ်သို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်ရန် တဖြည်းဖြည်း ရောက်ရှိလာကြသည်။ အလှဆင်မှုများကို မြင်သောအခါ သူတို့သည် ဖေး မိသားစု၏ ရက်ရောမှုကို ချီးကျူးကြပြီး လုနန်ကို ချီးမွမ်းစကားများဖြင့် ရေလွှမ်းမိုးစေခဲ့ရာ သူမသည် ကျေးဇူးတင်စွာ လက်ခံကာ ပြန်ပြောလိုက်သည်။

"ဒါက ကျွန်မတို့ ဒီမှာ ပထမဆုံးနှစ်ဆိုတော့ ဒီလိုလုပ်တာ သင့်တော်ပါတယ်"

နှစ်သစ်ကူးပြီးနောက် တစ်လကျော်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ လုနန်သည် အလုပ်စတင်တော့မည်ဖြစ်ပြီး၊ ရှောင်ရှသည် ငါးလနီးပါးရှိနေပြီဖြစ်သည်။ လုနန်နှင့် အန်တီဝူတို့သည် သူမအား ညဘက်နို့တိုက်ခြင်းမှ ဖြတ်ရန် ဆွေးနွေးခဲ့ကြသည်၊ အဘယ်ကြောင့်ဆိုသော် လုနန်သည် နေ့ဘက်တွင် အလုပ်လုပ်နိုင်ရန် ညဘက်တွင် ကောင်းမွန်စွာ အနားယူရန် လိုအပ်သောကြောင့်ဖြစ်သည်။

သို့သော်လည်း ဝါဒဖြန့်ချိရေးဌာနမှ ရဲဘော်များသည် လုနန် ကလေးနို့တိုက်နေသေးသည်ကို သိကြသည်။ လုနန် သည် ဝါဒဖြန့်ချိရေးဌာနတွင် အလုပ်လုပ်မည်ဟူသော တိကျသောအဖြေကို ရရှိပြီးနောက် သူတို့သည် သူမကို နှစ်သိမ့်ကာ စိတ်မပူရန်နှင့် အလုပ်ပြန်မဆင်းမီ သူမ၏ ကျန်းမာရေးကို ဂရုစိုက်ရန် ပြောကြားခဲ့ကြသည်။

လုနန်သည် သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ဘယ်တော့မှ နောက်ပြောင်မည်မဟုတ်ပေ။ သူမသည်လည်း သူမ၏ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီးမှ အလုပ်စတင်လိုသဖြင့် သူမသည် မလောဘဲ နှစ်သစ်ကူးပြီးနောက် နောက်ထပ်နှစ်လ အနားယူခဲ့သည်။

ဝါဒဖြန့်ချိရေးဌာနမှ ရဲဘော်များက ဖေး အိမ်သို့ ကိုယ်တိုင်ကိုယ်ကျ သတင်းစကားပါးရန် လာရောက်ခဲ့ကြောင်း ကြားသိရသော ဟူမေ့သည် စိတ်ပျက်အားငယ်သွားခဲ့သည်။ သို့သော်လည်း သူမသည် လုနန်၏ ဝါဒဖြန့်ချိရေးဌာနတွင် အလုပ်လုပ်မည်ဟူသော အစောပိုင်းပြောဆိုချက်များသည် ကြွားဝါခြင်းမျှသာမဟုတ်ကြောင်း သဘောပေါက်သွားသည်။ ထိုစကားတို့သည် အမှန်တကယ်ဖြစ်ခဲ့သည်။ သူမသည် မနာလိုဝန်တိုစိတ်များ ဖြစ်ပေါ်လာပြီး မူလတန်းကျောင်းတွင် ဆရာမအဖြစ် ဝင်ကိုဝင်ရမည်ဟု သစ္စာပြုခဲ့သည်။

သို့သော် သူမသည် တင်းကျပ်သောသူတစ်ဦးဖြစ်ပြီး ပြောင်းလွယ်ပြင်လွယ်မရှိပေ။ သူမသည် အဆင့်ဆင့် လေ့လာရန်သာ သိသည်။ ကံအားလျော်စွာ ယခုတစ်ကြိမ် ကျောင်းအုပ်ကြီး၏ မေးခွန်းများသည် ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိခဲ့သည်။ သူမသည် မေးခွန်းများ၏ ထက်ဝက်ကို ဖြေဆိုရန် အလွန်ကြိုးစားခဲ့ရပြီး နောက်ဆုံးမိနစ်တွင်မှ စာမေးပွဲဖြေဆိုရန် ညှပ်ထည့်ခံရသော အခြားမိန်းကလေးတစ်ဦးကို ရှုံးနိမ့်ခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော အိပ်မက်များ ပျက်သုဉ်းသွားခဲ့ပြီး၊ ပြန်လည်လေ့ကျင့်မှုကာလ ကြာမြင့်ခဲ့ပြီးနောက်တွင်ပင် ဟူမေ့သည် စိတ်ပျက်မှုများဖြင့် နစ်မွန်းကာ ဖျားနာသွားခဲ့သည်။ ပြန်လည်ကောင်းမွန်လာပြီးနောက် သူမသည် ဘယ်သူ့ကိုမှ မျက်နှာမပြရဲဘဲ အိမ်တွင်ပုန်းအောင်းကာ နေ့ရက်များကို ကုန်ဆုံးခဲ့သည်။ သူမသည် လုနန်နှင့် စစ်ခရိုင်မှ လူများက သူမကို ရယ်မောနေကြမည်ဟု ခံစားခဲ့ရသည်။

ဟူမေ့သည် အလွန်အမင်း စိုးရိမ်ပူပန်လွန်းနေခဲ့သည်။ လုနန်သည် သူမအကြောင်းကို လုံးဝပင် မစဥ်းစားခဲ့ပေ။

မကြာမီတွင် မတ်လသို့ ရောက်ရှိလာပြီး လုနန်၏ လျှို့ဝှက်ဥယျာဉ်သည် မြုံနေခြင်းမရှိတော့ပေ။ ပန်းများနှင့် အရွက်များ ရှင်သန်ကြီးထွားလာပြီး အစိမ်းရောင်အပင်များသည် ဥယျာဉ်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ စစ်မှန်သော လျှို့ဝှက်ခိုလှုံရာတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့သည်။ ပန်းများသည် အပြိုင်အဆိုင် ပွင့်လန်းကြပြီး ဥယျာဉ်ကို လှပစွာ အလှဆင်ထားသည်။

နှင်းဆီပန်းများနှင့် ပီအိုနီပန်းများ အစုလိုက်အပြုံလိုက်သည် နံရံများနှင့် နွယ်ပင်စင်များပေါ်သို့ တက်ရောက်ကာ မြေပြင်ပေါ်သို့ ရေတံခွန်ကဲ့သို့ စီးကျနေသည်။

ညင်သာသောလေပြေလေး တိုက်ခတ်လာသောအခါ၊ ၎င်းနှင့်အတူ မွှေးကြိုင်သောရနံ့များကို သယ်ဆောင်လာခဲ့သည်။

မြေပြင်နိမ့်နိမ့်တွင် ပေါက်ရောက်သော မြေဖုံးပင်များသည် ကော်ဇောကဲ့သို့ စိမ်းစိုတောက်ပနေသည်။ နောက်ထပ်ရက်အနည်းငယ်ကြာသောအခါ ကော်ဇောပေါ်တွင် ခရမ်းရောင်နှင့် ပန်းရောင်ပန်းပွင့်ငယ်လေးများ ပွင့်လန်းလာပြီး၊ အဝေးမှကြည့်လျှင် ရင်သပ်ရှုမောဖွယ်ကောင်းသော မြူဆိုင်းပြီး အိပ်မက်ဆန်သည့် အငွေ့အသက်ကို ဖန်တီးပေးခဲ့သည်။

လုနန်သည် ဥယျာဉ်ကို ရှင်းလင်းရန် ဖေးကျန့်ကို အလုပ်များစွာဖြင့် ညွှန်ကြားခဲ့သည်။ ဥယျာဉ်သည် ကျယ်ဝန်းပြီး လှပသော်လည်း၊ တစ်ခုတည်းသော အားနည်းချက်မှာ အပင်များကို ရေလောင်းခြင်းနှင့် ရှင်းလင်းခြင်းတွင် ကြိုးစားအားထုတ်ရခြင်းပင်ဖြစ်သည်။

တစ်နေ့တွင် ရာသီဥတုသာယာပြီး နေ့လည်စာစားပြီးနောက် လုနန်သည် ပန်းများကို ရေလောင်းရန် အပြင်သို့ ထွက်သွားခဲ့သည်။ ဥယျာဉ်တွင် ဖေးကျီအန်း တောင်များပေါ်မှ သယ်ဆောင်လာသော စမ်းရေရှိပြီး ရေပိုက်တပ်ဆင်လိုက်ပါက ရက်ရက်ရောရော ဖြန်းပက်နိုင်ခဲ့သည်။

ဖေးကျန့်သည် နံနက်စောစောကတည်းက ထွက်သွားခဲ့ပြီး သူသည် တစ်စုံတစ်ယောက်ကို ကြိုရန် မြို့သို့ သွားနေသည်ဟု ပြောခဲ့သည်။ သူ မည်သူ့ကို တွေ့ဆုံမည်ကို မေးသောအခါ သူက လျှို့ဝှက်စွာဖြင့် ပြောရန် ငြင်းဆန်ခဲ့သည်။

အချိန်ကို တွက်ချက်ကြည့်လျှင် သူ မကြာမီ အိမ်ပြန်ရောက်သင့်ပြီဖြစ်သည်။

ပန်းများရေလောင်းပြီးနောက် လုနန်သည် ရှောင်ရှကို ချီထုတ်ရန် အထဲသို့ ဝင်သွားပြီး ရှောင်ဟွိုက်နှင့် အန်တီဝူ တို့ကို ဥယျာဉ်တွင် လေကောင်းလေသန့်ရှူရန် သူမနှင့်အတူ လာရောက်ပူးပေါင်းရန် ခေါ်လိုက်သည်။

ဒီလောက်လှပသောဥယျာဉ်နှင့် သာယာသောရာသီဥတုရှိနေပါလျက် ဒီအလှအပကို မခံစားဘဲနေလျှင် နှမြောစရာကောင်းပေလိမ့်မည်။ လုနန်သည် ဤဥယျာဉ်ကို ဖန်တီးရန် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပြီး ဒါသည် တန်ဖိုးထားခံရထိုက်သည်။

မိသားစုသည် ဥယျာဉ်ထဲတွင် ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ ရှောင်ပိုင်သည် ပန်းခင်းများထဲသို့ ပြေးဝင်ကာ လိပ်ပြာများကို လိုက်ဖမ်းနေသည်။ ရံဖန်ရံခါတွင် သူသည် ပန်းအချို့ကို မတော်တဆ နင်းမိနိုင်သောကြောင့် ရှောင်ဟွိုက်သည် သူ့နောက်မှ အနီးကပ်လိုက်ပါကာ အပင်များကို မဖျက်ဆီးရန် သင်ကြားပေးနေခဲ့သည်။

လုနန် ပြုံးလိုက်သည်။ ရှောင်ပိုင်သည် ရှောင်ဟွိုက်၏ စကားများကို နားလည်သည်ဟု သူမ မကြာခဏ ခံစားရသည်။

"အာ… "

ရှောင်ရှသည် လုနန်၏ လက်မောင်းများကြားမှ သူမ၏ နူးညံ့သော လက်ငယ်လေးများကို ဆန့်တန်းကာ အကိုင်းပေါ်တွင် နိမ့်ကျစွာ ချိတ်ဆွဲနေသော ပန်းရောင်ပန်းတစ်ပွင့်ကို ဖမ်းရန် ကြိုးစားနေသည်။

အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် နောက်ဆုံးတွင် သူမသည် ပန်းလေးကို ဖမ်းမိသွားပြီး ပန်းကို သူမ၏ လက်ထဲတွင် ကိုင်ကာ တခစ်ခစ်ရယ်မောလိုက်သည်။

ရုတ်တရက် အဝင်ဝမှ တံခါးဖွင့်သံ ပဲ့တင်ထပ်လာပြီး လုနန် လှည့်ကြည့်လိုက်သည်။

တောင်ပေါ်ပန်းများ အစွမ်းကုန်ဖူးပွင့်နေချိန်တွင် သူမသည် ပန်းများကြားထဲ၌ ပြုံးနေလေသည်။

ရှန့်ကျီမင်သည် ခြံတံခါးအပြင်ဘက်တွင် ရပ်နေရင်း သူ့ကို ပြန်ကြည့်နေသော လုနန်ကို လှမ်းကြည့်လိုက်ရာ သူ့နှုတ်ခမ်းထက်တွင်လည်း အလားတူအပြုံးတစ်ခု ဖြစ်ပေါ်နေသည်။

“ဝင်ခဲ့လေ၊ ဘာလို့ တံခါးဝမှာ ကြောင်တောင်တောင် ရပ်နေတာလဲ။”

ဖေးကျန့်သည် ရှန့်ကျီမင်၏ ပခုံးကို ပုတ်လိုက်ပြီး သူ့ကို ခြံထဲသို့ ခေါ်ဆောင်သွားသည်။

ရှန့်ကျီမင်သည် သူ့အပြုံးကို ထိန်းချုပ်လိုက်ပြီး ဖေးကျန့် နောက်သို့ လိုက်၍ ခြံထဲသို့ ဝင်လာခဲ့သည်။

“အစ်မ နန်နန်၊ အဘွား ဝူ ပြန်တွေ့ရတာ ဝမ်းသာပါတယ်”

ရှန့်ကျီမင်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။ သို့သော် ဤအပြုံးသည် တံခါးဝတွင် ရပ်နေစဉ်က အပြုံးနှင့် အနည်းငယ် ကွာခြားနေသဖြင့် ဖေးကျန့် မျက်မှောင်ကြုတ်သွားမိသည်။

အန်တီဝူသည် ရှန့်ကျီမင်ကို မြင်သောအခါ အံ့အားတသင့် အသက်ရှူလိုက်မိသည်။ ရှောင်ဟွိုက်သည်လည်း အန်တီဝူ၏ အံ့အားသင့်မှုကို ပျော်ရွှင်စွာ “အိုး!” ဟု အော်လိုက်ရာ ဖေးကျန့်က သူ့ကို မျက်စိမှိတ်ပြလိုက်သည်။

“ရှန့်ကျီမင်?” လုနန်သည် အံ့အားသင့်သလို အံ့အားမသင့်သလိုလည်း ဖြစ်နေသည်။ ရှန့်ကျီမင်သည် ဝတ္ထုထဲမှ ဒုတိယဇာတ်လိုက်ဖြစ်ပြီး ဇာတ်လိုက်၏ သေအတူရှင်မခွဲ လက်တွဲဖော်ဖြစ်သည်။ ဇာတ်လိုက် ကျေးလက်ဒေသသို့ သွားသောအခါ သူသည်လည်း မကြာမီပင် လိုက်ပါသွားခဲ့သည်။

သို့သော် ရှန့် နှင့် ဖေး မိသားစုတို့ အချင်းများပြီးနောက် ရှန့်ကျီမင်းးသည် ဖေးကျန့် နောက်သို့ လိုက်ရန် ရွေးချယ်ခဲ့ခြင်းက လုနန်ကို အံ့အားသင့်စေခဲ့သည်။

ရှန့်ကျီမင်သည် သူ၏ နူးညံ့သိမ်မွေ့သော အမူအရာကို ဆက်ထိန်းသိမ်းထားခဲ့သည်။

“ဟုတ်ကဲ့၊ ကျွန်တော် ဘွဲ့ရပြီး ကျေးလက်ကိုသွားဖို့ စာရင်းပေးခဲ့တယ်။ ကျွန်တော်က အနီးအနားက ချင်ရွှေတပ်ရင်းမှာပါ။”

“ဘာ!” လုနန်က အော်လိုက်သည်။ အဘယ်ကြောင့် ရှန့်ကျီမင်က ကျေးလက်ဒေသသို့ အရင်သွားရသူ ဖြစ်သွားရသနည်း။

ဖေးကျန့်သည် လုနန်က ရှန့်ကျီမင် ကျေးလက်သို့ သွားရသည့်အကြောင်းရင်းကို နားမလည်ဟု ထင်သောကြောင့် ရှင်းပြလိုက်သည်။

“ပေကျင်းက အရမ်းရှုပ်ထွေးနေတယ်။ ရှန့် မိသားစုက လူတော်တော်များများကို ရန်စထားတော့ ကျီမင်က ပြဿနာရှောင်ဖို့ ထွက်လာတာ။”

ဤအကြောင်းပြချက်မှာ ယုတ္တိရှိပေသည်။ အမြော်အမြင်ကြီးပြီး ဆုံးဖြတ်ချက် ပြတ်သားသူများသည် အများအားဖြင့် မငြိမ်မသက်မှုများ မစတင်မီကတည်းက သူတို့၏ လွတ်မြောက်ရာလမ်းကြောင်းများကို စီစဉ်ထားလေ့ရှိသည်။ သူတို့သည် သူတို့၏ အလားအလာကောင်းသော အနာဂတ်များကို စွန့်လွှတ်ကာ ကျေးလက်ဒေသသို့ သွားခြင်း သို့မဟုတ် အခွင့်အရေးကောင်းကို စောင့်ဆိုင်းရန် တိတ်ဆိတ်သောနေရာတစ်ခုတွင် အခြေချနေထိုင်ခြင်းတို့ကို လုပ်တတ်ကြသည်။

ရှန့် မိသားစု ကျဆုံးပြီး ဖေး မိသားစု တောင်ပိုင်းသို့ ပြောင်းရွှေ့သွားသောအခါ ရှန့်ကျီမင်သည် ပေ့ကျင်းတွင် ရန်သူများဝန်းရံလျက် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် သူသည် ရှုပ်ထွေးမှုများကို ရှောင်ရှားပြီး သူ၏အနာဂတ်ကို ရှာဖွေရန် တောင်ပိုင်းသို့ ထွက်ခွာလာခြင်းက ပို၍အဓိပ္ပာယ်ရှိပေသည်။

သို့သော် ရှန့်ကျီမင်သည် သူ့မိဘများနှင့်အတူ ရှိနေသင့်သည်ဟု လူတိုင်းက ထင်ကြပေမည်။

သို့သော် မူရင်းဇာတ်လမ်းတွင် ရှန့်ကျီမင်သည် ဖေးကျန့် ထံသို့ ပြေးလာခဲ့သည်ကို သတိရမိသောအခါ လုနန် ရယ်ချင်စိတ် ဖြစ်သွားသည်။ အမှန်စင်စစ် သူတို့သည် သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။

“အမြန်ဝင်၊ အမြန်ဝင်။ ရှောင်ရှန့်၊ ဒီည ဒီမှာပဲနေလိုက်။ အဘွား ဝူက မင်းအတွက် ဝက်သားပေါင်း ချက်ကျွေးမယ်။”

လူတိုင်း နှုတ်ဆက်ပြီးနောက် အန်တီဝူသည် ရှန့်ကျီမင်ကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။

လုနန်သည် ရှောင်ရှကို ဖေးကျန့် ထံသို့ လွှဲပေးလိုက်သည်။

“မင်း သူ့ကို အရင် အထဲခေါ်သွားလိုက်။ ငါ ပန်းသွားခူးလိုက်ဦးမယ်။”

ဖေးကျန့် သည် သူမကို မလိုလားစွာ လက်ခံလိုက်သော်လည်း စိတ်ထဲတွင်မူ ဝမ်းသာနေသည်။ သူသည် ရှောင်ရှကို သူ့ပခုံးပေါ်တွင် ဂရုတစိုက် အနားယူစေလိုက်သည်။ နူးညံ့အိစက်သော ရှောင်ရှ သည် နှုတ်ခမ်းသပ်လိုက်ပြီး သူမကိုင်ထားသော ပန်းပွင့်ငယ်လေးကို ဖေးကျန့်၏ အင်္ကျီထဲသို့ ပစ်ထည့်လိုက်သည်။

ဖေးကျန့် ဒေါသထွက်ဟန်ဆောင်လိုက်သည်။ “မလောက်လေးမလောက်စား ကောင်မလေး၊ မင်း ဘာလုပ်လိုက်တာလဲ။”

ရှောင်ရှသည် ခေါင်းစောင်းလိုက်ပြီး သူမ၏ လက်သေးသေးလေးဖြင့် ဖေးကျန့်၏ မျက်နှာနှင့် ပါးစပ်ကို ရိုက်လိုက်သည်။

ဖေးကျန့် - “…”

“မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့။ မလောက်လေး မလောက်စားလေးကများ ငါက မင်းရဲ့ အစ်ကိုကြီးနော်! မင်းရဲ့ အစ်ကိုကြီးကို ရိုက်တယ်ဟုတ်လား။ မင်း၊ မင်း ကျေးဇူးမသိတတ်တဲ့ ကောင်မလေး!”

တုံ့ပြန်သည့်အနေဖြင့် ရှောင်ရှသည် ခေါင်းကိုလွှဲကာ ပါးစပ်က ပေါက်ပေါက်ဖောက်နေသည်။

ဖေးကျန့်သည် သူမ၏ ခေါင်းကို ပြန်လှည့်စေပြီး လေးနက်စွာ ပြောလိုက်သည်။

“နောက်တစ်ခါ ငါ့ကို ထပ်ရိုက်ရင် နောက်ဘယ်တော့မှ မင်းကိုမချီတော့ဘူး!”

ရှန့်ကျီမင်က ပြုံးစစဖြင့် ပြောလိုက်သည်။ “တစ်ယောက်ယောက်က သူ့ကို တာ့ကျီ လို့ ပြောခဲ့တယ်မဟုတ်လား။”

ဖေးကျန့် က နှာမှုတ်လိုက်သည်။ “မင်းအလုပ် မင်းလုပ်စမ်းပါ။”

ကုရှောင်ဟွိုက်သည် လူကြီးလေးတစ်ယောက်ကဲ့သို့ လက်နောက်ပစ်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“ညီမလေးက အစ်ကိုကြီးပြောတာကို နားမလည်ဘူး၊ စကားလည်း မပြောတတ်သေးဘူး။ အစ်ကိုကြီးက တော်တော်တုံးတာပဲ။”

ဖေးကျန့်က သူ့ကို ဘေးစောင်းကြည့်လိုက်သည်။ “ဘယ်သူက တစ်နေ့လုံး ရှောင်ပိုင် ကို တရားဟောနေလဲ မသိဘူးနော်။”

ကုရှောင်ဟွိုက်က ပြန်ပြောလိုက်သည်။ “ရှောင်ပိုင်က ကျွန်တော်ပြောတာ နားလည်တယ်။”

ဖေးကျန့်က ငြင်းခုံလိုက်သည်။ “ညီမလေးကလည်း ငါပြောတာ နားလည်တာပဲ။”

ရှန့်ကျီမင်သည် စကားမပြောနိုင်တော့ဘဲ ဖေး ညီအစ်ကိုနှစ်ယောက်၏ ကလေးဆန်ပြီး အဓိပ္ပာယ်မရှိသော ရန်ဖြစ်မှုတွင် ဝင်မပါရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ဤမိန်းကလေးငယ်သည် ရှောင်တာ့ကျီဟု ခေါ်ထိုက်ပေသည်၊ အကြောင်းမှာ သူမကြောင့် ဤညီအစ်ကိုနှစ်ယောက် ရန်ဖြစ်နေသည်ကို သူ၏ဘဝတွင် မြင်တွေ့ခွင့်ရခဲ့သောကြောင့် ဖြစ်သည်။

သူသည် ဥယျာဉ်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ဥယျာဉ်ထဲတွင် လုနန်သည် ကတ်ကြေးနှင့် ဝါးခြင်းတောင်းတစ်လုံးဖြင့် ပန်းများခူးနေသည်။ နှင်းဆီပန်းများနှင့် ရာသီအလိုက်ပန်းများ အလွန်များပြားနေသဖြင့် သူမ မခူးပါက ဥယျာဉ်ထဲတွင် ညှိုးနွမ်းသွားပေလိမ့်မည်။

လုနန်သည် လက်တွေ့ကျသူဖြစ်ပြီး ထိုပန်းတွေကို အလဟဿ မဖြစ်စေလိုပေ။ သူမသည် ဒီပန်းများကို အကောင်းဆုံး အသုံးချရန် ရည်ရွယ်ထားသည်။

သူမသည် သီချင်းတအေးအေး ညည်းရင်း ပန်းဖူးအချို့ကို ခူးကာ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ မပွင့်သေးသော ပန်းဖူးများကို အခြောက်လှန်းပြီး နှင်းဆီလက်ဖက်ရည် ပြုလုပ်နိုင်သည်။

နှင်းဆီလက်ဖက်ရည်သည် အမျိုးသမီးများအတွက် အထူးသဖြင့် အလှအပနှင့် အိပ်စက်ခြင်းကို အားပေးသည့် အကျိုးကျေးဇူးများအတွက် လူသိများသည်။ နှင်းဆီလက်ဖက်ရည်ကို ပုံမှန်သောက်သုံးခြင်းဖြင့် နှလုံးကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို အစိုဓာတ်ထိန်းပေးနိုင်သည်။

ရက်အနည်းငယ်အကြာက လုနန်နှင့် အန်တီဝူတို့သည် ပန်းများစွာခူးပြီး ပြတင်းပေါက်ဘောင်ပေါ်တွင် အခြောက်လှန်းထားခဲ့သည်။ ယခုအခါ ဖူးငုံနေသော အဖူးများကို မြင်သောအခါ သူမသည် နောက်ထပ်အနည်းငယ် ထပ်မခူးဘဲ မနေနိုင်တော့ပေ။

ပန်းခူးပြီးနောက် လုနန်သည် သူမ၏ခြင်းတောင်းနှင့်အတူ ဧည့်ခန်းသို့ ပြန်လာသော်လည်း အတွင်း၌ မည်သူမျှ မရှိသည်ကို တွေ့လိုက်ရသည်။ အန်တီဝူသည် မီးဖိုချောင်မှ သစ်သီးပန်းကန်တစ်ချပ်ကို သယ်ဆောင်လာပြီး လုနန်က မေးလိုက်သည်။

“မွေးစားအမေ၊ လူတွေ ဘယ်ရောက်သွားကြလဲ။”

“သူတို့က အပေါ်ထပ်က ရှောင်ကျန့် ရဲ့ အခန်းထဲမှာ။ ရှောင်ရှန့်က သူစိမ်းမှမဟုတ်တာ။ သူရောက်တာနဲ့ ဖေးကျန့် က အပေါ်ထပ်ကို ဆွဲခေါ်သွားတာပဲ။ ငါ သူတို့ကို သစ်သီးသွားပေးလိုက်ဦးမယ်။” အန်တီဝူက ပြောလိုက်သည်။

လုနန်သည် ခြင်းတောင်းကို ချလိုက်ပြီး ဧည့်ခန်းထဲရှိ ကလေးပုခက်လည်း ပျောက်နေသည်ကို သတိပြုမိလိုက်သည်။ “သူတို့ ရှောင်ရှကိုပါ ခေါ်သွားကြတာလား။”

အန်တီဝူက ရယ်မောလိုက်သည်။ “သူတို့ ကလေးထိန်းပေးတာကို နင် မပျော်ဘူးလား။”

လုနန် တိတ်ဆိတ်သွားသည်။ သူမသည် အမှန်တကယ် ပျော်ရွှင်သော်လည်း ဖေးကျန့်သည် ဟွိုက်ဟွိုက်ကို သဘောကျရုံသာမက ရှောင်ရှကိုပါ အလွန်ချစ်ခင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဒါက ဖေးကျန့်သည် ကလေးများကို အတော်လေး သဘောကျသည်ဟူသော သူမ၏ အစောပိုင်း သံသယကိုသာ အတည်ပြုပေးလိုက်သည်။

အန်တီဝူသည် သစ်သီးပန်းကန်နှင့်အတူ အပေါ်ထပ်သို့ တက်သွားစဉ် လုနန်သည် ပန်းများထိုးရန် အိမ်တဝိုက်မှ ပန်းအိုးအမျိုးမျိုးကို ရှာဖွေနေသည်။ အရောင်ရင့်သော မြေအိုးတစ်လုံးကို ရွေးချယ်ပြီးနောက် သူမသည် နှင်းဆီပင်စည်မှ ဆူးများနှင့် အရွက်အများစုကို ညှပ်ထုတ်ပြီး ကြည့်ကောင်းစေရန် အိုးထဲတွင် အမြင့်အနိမ့်အလိုက် စီစဉ်ထိုးလိုက်သည်။

လုနန်သည် ပန်းအလှဆင်ပညာကို တစ်ခါမျှ မသင်ယူဖူးသောကြောင့် သူမ၏ နည်းလမ်းသည် အလွန်ပေါ့ပေါ့ပါးပါးနိုင်သော်လည်း တမူထူးခြားသော ကျက်သရေရှိနေသည်။ သူမသည် သူမ၏လက်ရာကို ခဏတာ သဘောကျစွာ ကြည့်ရှုပြီးနောက် ကျန်သည့်ပန်းများကို ညှပ်ကာ ခြင်းတောင်း၏ ဘေးတစ်ဖက်တွင် စုပုံထားပြီး ခြင်းတောင်းကို အဝင်ဝရှိ ဖိနပ်စင်ပေါ်တွင် တင်ထားလိုက်သည်။

သူမ ပြီးစီးသွားသည်နှင့် တံခါးခေါက်သံကို ကြားလိုက်ရသည်။

“အိမ်မှာ ဘယ်သူရှိလဲ။”

လုနန် တံခါးဖွင့်ပြီး အပြင်သို့ ထွက်လိုက်သည်။ သူမသည် ခြံဝမှတစ်ဆင့် ကြည့်လိုက်ရာ သူမ မသိသော အမျိုးသမီးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ခြံတံခါးချက်ကို ဖွင့်ပေးပြီးနောက် သူမသည် ထိုအမျိုးသမီးငယ်ကို မေးလိုက်သည်။ “မင်းက ဘယ်သူလဲ။”

အမျိုးသမီးငယ်သည် ကြောင်တောင်တောင်ဖြင့် ရပ်နေပြီး ခဏအကြာမှ သတိပြန်ဝင်လာသည်။ လုနန် အကြိမ်ပေါင်းများစွာ ခေါ်ပြီးနောက်မှသာ ထိုအမျိုးသမီးသည် မျက်တောင်ခတ်ကာ သတိပြန်လည်လာသည်။

ထိုအမျိုးသမီးမှာ ဒါရိုက်တာလန်၏ သမီး လီလီဖြစ်သည်။ သူမ၏စိတ်ထဲတွင် လုနန်ကို အံ့ဩတကြီး ကြည့်နေမိသည်။ လီလီသည် တရားဝင်ပညာရေး မရှိသောကြောင့် သူမကို ဖော်ပြရန် လှပသော စကားလုံးများ ရှာမတွေ့နိုင်ပေ။ သူမ စုစည်းနိုင်သော နာမဝိသေသနများမှာ “လှတယ်”၊ “ချောတယ်” နှင့် “ကြည့်ကောင်းတယ်” တို့သာ ဖြစ်သည်။

သူမသည် အမှန်တကယ်ပင် လှပပြီး အခွံခွာထားသော ကြက်ဥ၏ ကြည်လင်သော အသားအရေကဲ့သို့ နူးညံ့လှသည်။ သူမ၏ မျက်နှာအသွင်အပြင်မှာ ပြည့်စုံလွန်းသည်၊ နှာတံစင်းစင်း၊ မျက်လုံးလှလှနှင့် ပါးစပ်သေးသေးလေး ရှိသည်။ သူမ၏ ဆံပင်မှာ ထူထဲနက်မှောင်ပြီး ကိုယ်လုံးကိုယ်ပေါက်မှာ သွယ်လျသော်လည်း ရင်သားမှာမူ ပြည့်ဖြိုးလှသည်။ သူမ၏ အစိတ်အပိုင်းတိုင်းသည် အံ့မခန်းလှပသည်။ အပြစ်အနာအဆာ တစ်စက်မျှ ရှာမတွေ့နိုင်ပေ။

ယနေ့သည် လီလီ အတွက် တကယ့်ကို မျက်စိပွင့်သွားစေသော နေ့တစ်နေ့ဖြစ်သည်။ လက်ထောက်တပ်ရင်းမှူးဖေး၏ မိသားစုတွင် နတ်သမီးလေးတစ်ပါး ရှိသည်ဟု လူတွေပြောကြသည်မှာ အပိုမဟုတ်ကြောင်း သူမသိလိုက်ရသည်။

“လူချင်းယှဉ်ရင် ကိုယ့်ကိုယ်ကို အားငယ်မိပြီး ပစ္စည်းချင်းယှဉ်ရင် လွှင့်ပစ်ချင်စိတ်ပေါက်တယ်”

လီလီသည် တိတ်တဆိတ် ညည်းညူလိုက်သည်။ တူညီသော အစားအစာကို စားသုံးကြီးပြင်းလာသူတစ်ဦးသည် ပညာတတ်ရုံသာမက အိမ်ထောင်ရေးပါ ကောင်းမွန်နိုင်သည်မှာ မည်သို့ ဖြစ်နိုင်သနည်းဟု သူမ တွေးမိသည်။

“ရှင့်ကို ရဲဘော် လုနန်လို့ ခေါ်ရမှာပဲနော်”

လီလီက နွေးထွေးစွာ ပြုံးလျက် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

“ကျွန်မက လီလီ ပါ၊ ရှင့်ရဲ့ အိမ်နီးချင်း၊ ဘေးအိမ်မှာ နေတာပါ။ အိမ်မှာ အလုပ်များနေလို့ ရှင့်ကို လာမတွေ့ဖြစ်တာ။”

ဘေးအိမ်? လုနန် သူမညွှန်ပြရာဘက်သို့ ကြည့်လိုက်ရာ ဒါရိုက်တာလန်၏ အိမ်ဖြစ်ကြောင်း သိလိုက်ရသည်။

All Chapters