Mirror Novel MyanmarMIRRORNOVEL← All Novels
အန္တရဟိတ

အန္တရဟိတ

Deep Sea Embers

20 chapters· Ongoing· ★ 8.8
ActionAdventureComedyFantasyHorrorMysteryPsychologicalSupernatural

တစ်ရက်မှာတော့ ကျိုးမင်တစ်ယောက် သူ့တိုက်ခန်းလေးထဲမှာ နိုးထလာတော့ တိုက်ခန်းရဲ့ပြတင်းပေါက်တွေ တခုမှ ဖွင့်မရတာကို သတိထားမိသွားတယ်။ လျှပ်စစ်နဲ့ရေပါပြတ်သွားခဲ့ပေမဲ့ ထူးဆန်းတာက လျှပ်စစ်မရှိဘဲ မီးလုံးနဲ့ကွန်ပျူတာက ဖွင့်လိုရနေတာပါ။ သေချာအောင် ပလက်ကြိုးကိုဖြုတ်ကြည့်တော့လည်း မီးလုံးနဲ့ကွန်ပျူတာက ပိတ်မသွားခဲ့ဘူး။ ပြတင်းပေါက်တွေကိုဖွင့်လိုမရတော့ပေမဲ့ တိုက်ခန်းရဲ့တံခါးတစ်ချပ်ကတော့ ဖွင့်လိုရနေတယ်။ အဲ့ဒီတံခါးကိုဖွင့်ကြည့်လိုက်တော့ ကြီးမားတဲ့မြူထုကြီးက ဆီးကြိုနေတာပါ။ အရဲစွန့်ပြီး မြူရဲ့အလွန်အထိ သွားလိုက်ရင်တော့ သင်္ဘောတစ်စီးပေါ်ရောက်သွားတာကို သတိထားမိလိုက်တယ်။ ကျိုးမင်တယောက်ဘာလိုဒီလိုထူးဆန်းတဲ့အခြေအနေမှာ ပိတ်မိနေတာလဲ။ သူဘာဖြစ်သွားတာလဲ စတာတွေကို စိတ်ဝင်စားဖွယ်ရယ် ဖတ်ရှုရမှာပါ။ ဘာသာပြန်သူ၏အမှာ ။ ။ ‌lord of mysteries webnovel ကို ကြိုက်တဲ့သူတွေဆိုရင် ဒီစာစဉ်ကိုလည်း သဘောကျကြဖိုများပါတယ်။ ဇာတ်လမ်းအမျိုးအစားက mystery ဆန်ဆန်ဖြစ်တာမလို တစ်ခန်းပြီးတစ်ခန်းဇာတ်လမ်းက ဆွဲခေါ်သွားမှာဖြစ်တဲ့အပြင် world building ပိုင်းမှာလည်း ဖြည်းဖြည်းချင်းဖတ်ရင်း အရသာရှိတာကိုခံစားရလာမှာပါ။

Chapters (20)