Mirror Novel MyanmarMIRRORNOVEL← All Novels
ကျင့်ကြံဖို့ရန်ပိုက်ဆံမရှိ

ကျင့်ကြံဖို့ရန်ပိုက်ဆံမရှိ

No Money to Cultivate Immortality?

10 chapters· Ongoing· ★ 8.6
ActionFantasyMartial ArtsSchool LifeSci-fiSupernaturalXianxia

ရှေးခေတ်တုန်းကဆိုရင် ဉာဏ်အလင်းပွင့်တဲ့သူတွေဆိုတာ မြူတွေဆိုင်းနေတဲ့ ဂူထဲမှာ တရားထိုင်ရတာမျိုးဖြစ်သည်။ သို့သော်လည်း ကွမ်ရှုမြို့တော်မှာတော့ ဉာဏ်အလင်းပွင့်ခြင်းက ကံကြမ္မာ အတိုးနှုန်း ၂၉.၉ ရာခိုင်နှုန်းနှင့် စိတ်စွမ်းအင်ချေးငွေယူရတာမျိုးပင်။ စိတ်ဝိညာဉ်အမြစ် အစားထိုးတာတွေကိုတော့ အရစ်ကျပေးချေစနစ်ဖြင့် ပေးချေလို့ရ၏။ အသက်ရှူသွင်း၊ ရှူထုတ်တဲ့ နည်းစနစ်များကို ပိုက်ဆံနှင့်ဝယ်ယူမှသာ သင်ယူခွင့်ရနိုင်သည်။မင်းရဲ့ ချီကတ်နဲ့ မပေးဆောင်နိုင်ရင် မင်းရဲ့ ပထမဆုံးသွေးကြောလည်း ပွင့်လာမှာမဟုတ်။ ထိုနေရာမျိုးမှာ ပိုက်ဆံတစ်ပြားမှမရှိတဲ့ ဆင်းရဲသား ကျောင်းသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ကျန်းယုရဲ့ဝိညာဉ် ရောက်ရှိသွားတဲ့အခါ…. ရက်စက်ကြမ်းတမ်းတဲ့ လောကကြီးကို သူရင်ဆိုင်လိုက်ရ‌လေသည်။ စိတ်ဝိညာဉ် အကြွေးနစ်နေကာ သူ့ခန္ဓာကိုယ်ကို အကြွေးရှင်များ အပိုင်းပိုင်းခုတ်ရန် ရက်ပေါင်း သုံးဆယ်သာ လိုတော့သည်။ ထို့ကြောင့် ကျန်းယုတစ်ယောက် အသက်ဆက်ရှင်ဖို့အတွက် နှလုံးခုန်တိုင်း စီးပွားရှာရတော့၏။ လမ်းကြားထဲမှာ သူရဲ့ တိုက်ခိုက်မှုတွေကို တိုက်ရိုက်ထုတ်လွှင့်တယ်။ အတန်းချိန်တွေမှာ မှောင်ခိုနတ်လက်နက်ပစ္စည်းတွေကို ရောင်းတယ်။ မနက်ဖြန်အတွက် မသေမျိုးကျင့်ကြံဆေးပြားကို ဝယ်နိုင်ဖို့ တိုက်ပွဲတွေကြားမှာတောင် စပွန်ဆာသဘောတူညီချက်တွေကို ညှိနှိုင်းခဲ့တယ်။ ထိုသို့ဖြင့် ဘာမှမရှိတဲ့ ကျောင်းသားတစ်ယောက်ဘဝကနေ သူတော်စင်ကျောင်းတော်သားတစ်ယောက်အဖြစ် တဖြည်းဖြည်း မြင့်တက်လာခဲ့ကာ သူ့အတန်းဖော်တွေကို အမှုန့်ဖြစ်အောင် ကြိတ်နိုင်တဲ့ ပစ္စည်းတွေကိုပါ သူဖန်တီးလာနိုင်ခဲ့တော့တယ်။ အမဲလိုက်နေကြတဲ့ ငွေချေးဂိုဏ်းများ ၊ စာမေးပွဲခန်းထဲက သေရေးရှင်ရေးတိုက်ပွဲများ၊ မျှော်လင့်ချက်တွေကို စားသုံးနေတဲ့ လွှမ်းမိုးနိုင်သူတွေရဲ့စီးပွားရေးစနစ်……။

Chapters (10)