Mirror Novel MyanmarMIRRORNOVEL← All Novels
သမီးဖြစ်သူကိုအလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း

သမီးဖြစ်သူကိုအလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း

Transmigrated as the Ex-Wife of the Villain Who Dotes on His Daughter

29 chapters· Completed· ★ 8.2
DramaRomanceSlice of LifeSupernatural

ကျန်းရို ထိုအမျိုးသားကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်က စစ်ကြောရေးအခန်းထဲ၌ ဖြစ်၏။ မျှော်လင့်ချက် ကင်းမဲ့နေဟန် ပေါက်နေသော်လည်း တိတ်ဆိတ်ငြိမ်သက်နေမှုအောက်၌ အန္တရာယ်ငွေ့များ ကိန်းအောင်းနေကာ ကြက်သီးထဖွယ် ကောင်းလှသည်။ ခက်ထန်စူးရှသော မျက်ဝန်းအစုံရှိပြီး နှုတ်ခမ်းထောင့်စွန်းတွင်မူ လှောင်ပြုံးတစ်ခု တွဲခိုနေ၏။ အသက်လေးဆယ်ကျော် အရွယ်သို့ ရောက်နေပြီဖြစ်၍ မျက်ဝန်းထောင့်များတွင် အရေးအကြောင်းများ ရှိနေသော်လည်း ထိုအရာများက သူ၏ ခန့်ညားသော ရုပ်ရည်သွင်ပြင်ကို ဖုံးကွယ်မထားနိုင်ချေ။ သူသာ လူငယ်အရွယ်တုန်းကဆိုလျှင် မည်မျှတိုင် ရုပ်ရည်ချောမောပြေပြစ်မည်မသိ။ ထိုသူ၏အမည်က လီရှောင်း...။ ရဲတပ်ဖွဲ့က ဆယ့်တစ်နှစ်တိုင်တိုင် ခြေရာခံ လိုက်ဖမ်းနေခဲ့ရသော သူတစ်ဦး ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူကိုယ်တိုင် အဖမ်းခံရန် အလင်းဝင်လာခဲ့၏။ ဆက်၍ ပုန်းရှောင်မနေချင်တော့ဟန် တူသည်။ မိဘဆွေမျိုးများ၏ အမြင်တွင် ကျန်းရိုက အလွန်လိမ္မာရေးခြားရှိပြီး အသိဉာဏ်ကြွယ်ဝသော ကလေးမလေးတစ်ဦး ဖြစ်သည်။ သူမဘဝတစ်လျှောက်လုံး ဖီဆန်ခဲ့ဖူးသည့် တစ်ခုတည်းသော အရာမှာ တက္ကသိုလ်ဝင်ခွင့်လျှောက်စဉ်က ရဲတက္ကသိုလ်သို့ လျှို့ဝှက်စွာ လျှောက်ထားခဲ့ခြင်းပင် ဖြစ်လေသည်။ သို့သော်လည်း ကျောင်းတော်ကြီးထဲသို့ ရောက်ရှိသွားပြီးနောက်တွင်မူ ရဲဇာတ်လမ်းများကို ကြည့်ကာ ရဲအလုပ်အပေါ် အထင်ကြီးအားကျခဲ့ဖူးသော သူမ၏ စိတ်ကူးယဉ်အိပ်မက်များမှာ ပင်ပန်းလွန်းသော လေ့ကျင့်ရေးများ၊ ပြင်းထန်သော သင်ခန်းစာများကြောင့် ပြိုကျပျက်စီးသွားခဲ့ရသည်။ သို့အတွက်ကြောင့် ကျောင်းပြီးပါက နိုင်ငံ့ဝန်ထမ်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ကြိုတင်ရည်ရွယ်ထားခဲ့၏။ လီရှောင်းနှင့် ကျန်းရို ဆုံတွေ့ခဲ့ရခြင်းက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။ ကျောင်းမှ တာဝန်ချထားမှုအရ ဤအမှုတွင် သူမက အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ရခြင်း ဖြစ်၏။ ဤအဖြစ်အပျက်က သူမ၏ သာမန်ဘဝလေးထဲမှ မကြာမီ မေ့ပျောက်သွားမည့် ဖြတ်လျှောက်ခန်းတစ်ခုမျှသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သည်။ အလုပ်လုပ်ရင်း လူကြီးမိတ်ဆွေများ စီစဉ်ပေးသည့်သူနှင့် တွေ့ဆုံ အိမ်ထောင်ပြုပြီး သားသမီးများ မွေးဖွားကာ ဘဝကို ဆက်လက်လျှောက်လှမ်းသွားရမည်ဟု တွေးထားခဲ့မိသည်။ သို့သော်လည်း တစ်နေ့ သူမ အိပ်ရာမှ နိုးထလာချိန်တွင် လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က အခြားယောက်ျားတစ်ယောက်နှင့် ခိုးရာလိုက်ပြေးသွားသော လီရှောင်း၏ဇနီးဟောင်းအဖြစ်သို့ ရောက်ရှိနေခဲ့၏။ ကျန်းရို ကုတင်ပေါ်တွင် ထိုင်နေရင်း သူမ၏ ဖောင်းမို့နေသော ကိုယ်ဝန်ဗိုက်လုံးလုံးကြီးကို ငုံ့ကြည့်ကာ နားမလည်နိုင်စွာ တိတ်ဆိတ်နေမိတော့သည်။

Chapters (29)

Vol. 1 Ch. 1-3အခန်း (၁-၃)Vol. 1 Ch. 4-6အခန်း (၄-၆)Vol. 1 Ch. 7-9အခန်း (၇-၉)Vol. 1 Ch. 10-12အခန်း (၁၀-၁၂)Vol. 1 Ch. 13-15အခန်း (၁၃-၁၅)Vol. 2 Ch. 16-18အခန်း (၁၆-၁၈)Vol. 2 Ch. 19-21အခန်း (၁၉-၂၁)Vol. 2 Ch. 22-24အခန်း (၂၂-၂၄)Vol. 2 Ch. 25-27အခန်း (၂၅-၂၇)Vol. 2 Ch. 28-30အခန်း (၂၈-၃၀)Vol. 3 Ch. 31-33အခန်း (၃၁-၃၃)Vol. 3 Ch. 34-36အခန်း (၃၄-၃၆)Vol. 3 Ch. 37-39အခန်း (၃၇-၃၉)Vol. 3 Ch. 40-42အခန်း (၄၀-၄၂)Vol. 3 Ch. 43-45အခန်း (၄၃-၄၅)Vol. 4 Ch. 46-48အခန်း (၄၆-၄၈)Vol. 4 Ch. 49-51အခန်း (၄၉-၅၁)Vol. 4 Ch. 52-54အခန်း (၅၂-၅၄)Vol. 4 Ch. 55-57အခန်း (၅၅-၅၇)Vol. 4 Ch. 58-60အခန်း (၅၈-၆၀)Vol. 5 Ch. 61-63အခန်း (၆၁-၆၃)Vol. 5 Ch. 64-66အခန်း (၆၄-၆၆)Vol. 5 Ch. 67-69အခန်း (၆၇-၆၉)Vol. 5 Ch. 70-72အခန်း (၇၀-၇၂)Vol. 5 Ch. 73-75အခန်း (၇၃-၇၅)Vol. 6 Ch. Extra 2-3.7အခန်း (အချပ်ပို၂-၃.၇)Vol. 6 Ch. Extra 3.8-Endအခန်း (အချပ်ပို ၃.၈-သိမ်း)Vol. 6 Ch. 76-78အခန်း (၇၆-၇၈)Vol. 6 Ch. 79-80-Extra 1အခန်း (၇၉-၈၀-အချပ်ပို ၁)