ယဲ့ချန်ဆိုသူက ချောက်ထဲပြုတ်ကျပြီး အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းရောက်ရှိလာခဲ့သူတစ်ယောက်။ ကောင်းကင်တာအိုရဲ့ တုံ့ပြန်မှုဒဏ်ကြောင့် သူ့မျက်စိနှစ်ဖက်စလုံး အလင်းကွယ်ခဲ့ရတယ်။ မျက်စိမမြင်တဲ့အတွက် သူဘယ်ရောက်နေလဲ မသိခဲ့သူတစ်ယောက်။ ကူးပြောင်းသူတို့ ထုံးစံအတိုင်း "ဧကရာဇ်ဆရာသခင်စနစ်"ဆိုတဲ့ ရွှေလက်ချောင်းလေးရလိုက်တယ်။ ဒါ့ကြောင့် သူ့ကိုကယ်တင်ခဲ့တဲ့ တောင်ပေါ်ရွာလေးမှာပဲ အခြေချပြီး ရွာကကလေးတွေအတွက် စာသင်ကျောင်းလေး ဖွင့်နေခဲ့တယ်။ အဲ့လိုနဲ့ သူက ရှေးဟောင်းကျမ်းစာတွေ၊ ကဗျာလင်္ကာတွေ၊ ဝတ္ထုတွေ ဒဏ္ဍာရီပုံပြင်တွေကို သင်ကြားပေးတော့တယ်။ ဒါပေမယ့် သူမသိလိုက်တာက သူနေတဲ့နေရာက လူ့ပတ်ဝန်းကျင်မဟုတ်သလို သူ့တပည့်တွေကလည်း လူသားတွေ မဟုတ်ခဲ့ဘူးဆိုတာပဲ။ သူ သင်ကြားပေးတာကို ခံယူရင်း တပည့်တွေအားလုံးက နတ်ဆိုးဘုရင်တွေနဲ့ နတ်ဘုရားသားရဲတွေ ဖြစ်လာခဲ့တယ်။ ဝိညာဉ်စွမ်းအင်များ အမှန်တကယ် နိုးထလာခဲ့ပြီး နတ်ဘုရားတွေလည်း ပြန်လည်ရောက်ရှိလာကြတယ်။ သက်ရှိပေါင်းစုံက ကျူးကျော်လာကြသလို တစ္ဆေသရဲတွေနဲ့ မိစ္ဆာတွေကလည်း သောင်းကျန်းပြီး နဂါးတိုင်းပြည်တစ်ခုလုံး အန္တရာယ် ကြုံတွေ့နေရချိန်တွင်... တောင်ပေါ်ရွာလေးထဲမှ လူငယ်တစ်ယောက် ထွက်ပေါ်လာတယ်။ သူက နတ်ဆိုးဧကရာဇ်ယဲ့ချန်ရဲ့ တပည့်တွေကို ဦးဆောင်ကာ လောကဓာတ်ကို အောင်နိုင်စေခဲ့ပြီး တစ်နိုင်ငံလုံးကို အင်မော်တယ်အဆင့်သို့ တက်လှမ်းစေခဲ့တယ်။

