အမှောင်ထုကို ကျော်ဖြတ်ရှင်သန်ပြီး အလင်းရောင်ကို ရှာဖွေပါ....။ မှန်သည်၊ မှားသည်ဟူ၍ မရှိဘဲ သင်သည် မည်သည့်ဘက်တွင် ရပ်တည်နေသနည်း ဆိုသည့်အပေါ်၌သာ မူတည်ပေသည်။ နတ်ဘုရားတစ်ပါး ဖြစ်လာမလား၊ ဒါမှမဟုတ် လူသားတစ်ယောက်အဖြစ်ပဲ နေမလား။ သူတော်စင် ဖြစ်မလား၊ ဒါမှမဟုတ် လူဆိုးတစ်ယောက် ဖြစ်မလား။ လူသားတွေ ပိုင်ဆိုင်ထားတဲ့ အဆင့်မြင့်ဆုံး လက်နက်ဆိုတာ တကယ်တော့ ဘာများလဲ...။ ကပ်ဘေးကြီးတစ်ခု ကျရောက်ပြီးနောက်မှာတော့ ကမ္ဘာကြီးဟာ နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ပြီး လူသားမျိုးနွယ်ဟာလည်း မင်းမဲ့စရိုက်ဆန်ဆန် ရှင်သန်နေထိုင်ခဲ့ကြရတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ လူ့အဖွဲ့အစည်းဟာ ပြန်လည်နိုးထလာခဲ့ပြီး လူသားတွေဟာ ခိုင်ခံ့တဲ့ ခံတပ်မြို့ကြီးတွေနဲ့ မြို့ပြင်အစွန်းက လူနေရပ်ကွက်တွေမှာ အခြေချလာကြတယ်။ သန်မာသူက ရှင်သန်ပြီး အားနည်းသူက ဖယ်ရှားခံရမယ့် ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ခေတ်ဆိုးကြီးထဲမှာ လူသားတွေဟာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု ကင်းမဲ့လာပြီး ကိုယ်ကျိုးရှာလာခဲ့ကြတယ်။ ဒီလို ခေတ်ကာလထဲမှာပဲ လူလားမြောက်လာခဲ့တဲ့ ရန်ရှောင်စုဟာ သူ့ဘဝအတွက် သူကိုယ်တိုင်ပဲ ရုန်းကန်တိုက်ပွဲဝင်ခဲ့ရတယ်။ ဒါပေမဲ့ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တစ်ခုအပြီးမှာတော့ သူဟာ ထူးခြားဆန်းကြယ်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတော့တယ်။ "ဒီကမ္ဘာကြီးက မျက်ရည်တွေကို အယုံအကြည်မရှိဘူး။" ဆိုတဲ့ စကားကို လက်ကိုင်းထား၊ သူတော်စင်မဖြစ်လို၊ လူဆိုးလည်း မဖြစ်လို၊ မိမိကိုယ်ကိုယ် ဗဟိုပြု၊ လူသားဆန်မှုကို ထိန်းသိမ်းရင်း ဉာဏ်နီဉာဏ်နက်များစွာနဲ့ ခေတ်ဆိုးကြီးကို သူဘယ်လိုဖြတ်သန်းမလဲဆိုတာ....။

