Mirror Novel MyanmarMIRRORNOVEL← All Novels
အရုဏ်မကြိုသော ညနက်ယာဉ်

အရုဏ်မကြိုသော ညနက်ယာဉ်

The Bus that Never Stop

20 chapters· Ongoing· ★ 7.8
HorrorMystery

မွေးရပ်ဇာတိမြေကို ပြန်ပြီး အနားယူဖို့ ကြံရွယ်ထားတဲ့ လင်းမူဟာ ထူးဆန်းတဲ့ အဝေးပြေးဘတ်စ်ကားကြီးတစ်စင်းပေါ်မှာ လိုက်ပါစီးနင်းလာခဲ့တယ်။ ပထမတော့ ဘာမှမစဉ်းစားခဲ့ဘဲ စားစရာရှိတာစား၊ သက်တောင့်သက်သာနေရင်း ကားပေါ်မှာ အိပ်စက်အနားယူခဲ့တယ်။ ဒါပေမယ့် ပြန်နိုးလာတဲ့အချိန်မှာတော့ အရာရာ ပြောင်းလဲသွားခဲ့ပြီ။ ဆန်းကြယ်တဲ့ ကစားပွဲတွေ တစ်ခုပြီးတစ်ခု ရောက်ရှိလာသလို၊ ကျောချမ်းစရာ ဇာတ်လမ်းတွေလည်း တစ်ပုဒ်ပြီးတစ်ပုဒ် ရောက်ရှိလာခဲ့တယ်။ ဘတ်စ်ကားပေါ်မှာ အဓိကကျတဲ့ စည်းမျဉ်းစည်းကမ်းက တစ်ချက်ပဲရှိတယ်။ အနိုင်ရသူက ကားပေါ်မှာ ဆက်နေခွင့်ရပြီး ရှုံးနိမ့်သူတွေကတော့ ကားပေါ်ကနေ ဆင်းပေးရမယ်...။ ဒါပေမဲ့ ဘတ်စ်ကားပေါ်က ဆင်းလိုက်ရတဲ့လူတွေကို ဘယ်လိုအရာမျိုးတွေ စောင့်ကြိုနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ညဉ့်နက်သန်းခေါင်ရဲ့ အမှောင်ထုကြားမှာ အဆုံးမဲ့ကစားပွဲတွေ စတင်လာခဲ့ပြီ။ လျှို့ဝှက်ချက်ကိုယ်စီနဲ့ ကစားသမားတွေ အသက်ကိုရင်းပြီး ကစားပွဲတွေကို ရင်ဆိုင်နေရချိန်... ညနက်ယာဉ်ကတော့ နေ့အလင်းရောင်ကို ရှာမတွေ့နိုင်သေးဘဲ အမှောင်ထုကို ထိုးခွင်းပြီး ခရီးဆက်နေခဲ့လေတယ်။

Chapters (20)